ပုသိမ်ဓာတ်ပုံအသင်း

ပုသိမ်ဓာတ်ပုံအသင်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပုသိမ်ဓာတ်ပုံအသင်း, Newspaper, Pathein.

29/07/2025

"အမှတ်တရများစွာဖြင့်"
Heaven for you-garden and resort
မိုးရာသီဓာတ်ပုံပြိုင်ပွဲအား
ပုသိမ်ဓာတ်ပုံအသင်းအနေဖြင့်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြသည့် မှတ်တမ်း

#ပုသိမ်ဓာတ်ပုံအသင်း

HeavenForYou မိုးရာသီဓာတ်ပုံ ယှဥ်ပြိုင်သူများထဲတွင် ဓာတ်ပုံကိုကျော်လွင်မိုး ရိုက်ကူးထားခြင်းမရှိသောဓာတ်ပုံအား နာမည် မှား...
26/07/2025

HeavenForYou မိုးရာသီဓာတ်ပုံ ယှဥ်ပြိုင်သူများထဲတွင် ဓာတ်ပုံကိုကျော်လွင်မိုး ရိုက်ကူးထားခြင်းမရှိသောဓာတ်ပုံအား နာမည် မှားယွင်းစွာဖော်ပြခဲ့မှုအတွက် ဓာတ်ပုံ ကိုကျော်လွင်မိုး နှင့် (finest photo studio) အား အနူးအညွတ်တောင်းပန်အပ်ပါသည်။

ပုသိမ်ဓာတ်ပုံအသင်း

မိုးကိုအံတုခဲ့ကြသည့် ပုသိမ်ဓာတ်ပုံအသင်း************************************P.P.AJul 22/25၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့...
22/07/2025

မိုးကိုအံတုခဲ့ကြသည့် ပုသိမ်ဓာတ်ပုံအသင်း
************************************

P.P.A
Jul 22/25

၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၀၆း၃၀ အချိန်မှစတင်ကာ ပုသိမ်မြို့ပေါ်နှင့် မြို့နှင့်အနီးတဝိုက်ရှိ ဓာတ်ပုံဆရာကြီး ၊ ဗွီဒီယိုဆရာကြီးများနှင့် လူငယ်/တက်သစ်စ ဓာတ်ပုံ/ဗွီဒီယို ညီအစ်ကိုမောင်နှမများမှ ပုသိမ်ဓာတ်ပုံအသင်းကို ကိုယ်စားပြုကာ Heaven For You အပန်းဖြေဥယျာဥ်၏ မိုးရာသီဓာတ်ပုံပြိုင်ပွဲအတွက်
သဲထန်နေသောမိုးများကိုအံတုကာ ကြိုးစားရိုက်ကူးမှတ်တမ်းတင်ခဲ့ကြပါသည်။

တက်ရောက်ခဲ့ကြသော ပုသိမ်မြို့ပေါ်နှင့် မြို့နှင့်အနီးတဝိုက်ရှိမြို့များမှ ဓာတ်ပုံဆရာကြီး၊ ဗွီဒီယိုဓာတ်ပုံဆရာကြီးများနှင့်တကွ ဓာတ်ပုံ၊ဗွီဒီယို ညီအစ်ကိုမောင်နှမများ၊ မိတ်ကပ်အလှပညာရှင်များ၊ မော်ဒယ် ညီမလေးများနှင့် မိသားစုဝင်များ၊
Heaven For You အပန်းဖြေဥယျာဥ်မှ တာဝန်ရှိ လူကြီးမင်းများ နှင့် ဝန်ထမ်းများ၊ အဖက်ဖက်မှဝိုင်းဝန်းကူညီပံ့ပိုးကြသော ညီအစ်ကိုမောင်နှမများအားလုံးနှင့် ကျေးဇူးတင်ထိုက်သူအားလုံးကို ကျေးဇူးအထူးတင်ရှိပါသည်။

ပုသိမ်ဓာတ်ပုံအသင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့

အသိပေးအကြောင်းကြားမေတ္တာရပ်ခံခြင်း************************************ဇူလိုင်၂၀/၂၅ဓာတ်ပုံဆရာညီအစ်ကိုမောင်နှမများခင်ဗျာပု...
20/07/2025

အသိပေးအကြောင်းကြားမေတ္တာရပ်ခံခြင်း
************************************
ဇူလိုင်
၂၀/၂၅

ဓာတ်ပုံဆရာညီအစ်ကိုမောင်နှမများခင်ဗျာ
ပုသိမ်မြို့၊ Heaven For You ​ပန်းခြံတွင် ၄င်းတို့၏ပန်းခြံဖြင့် မိုးရာသီဓာတ်ပုံပြိုင်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပါသည်။

ပုသိမ်ဓာတ်ပုံအသင်းအနေဖြင့်
ဓာတ်ပုံဆရာနှင့် မိသားစု သာရေး/နာရေး ကျန်းမာရေးအထောက်အကူပေးနိုင်ရေးဆောင်ရွက်လျက်ရှိရာ

ကျွန်တော်တို့
ပုသိမ်ဓာတ်ပုံအသင်းmember များနှင့် နီးစပ်ရာဓာတ်ပုံဆရာများစုပေါင်းကာ ပုသိမ်ဓာတ်ပုံအသင်း သက်ကြီးဓာတ်ပုံဆရာများကန်တော့ပွဲလုပ်ရန်အတွက်
အဆိုပါမိုးရာသီဓာတ်ပုံပြိုင်ပွဲကို ဝင်ရောက်ယှဥ်ပြိုင်မည်ဖြစ်ပါသည်။

ပုသိမ်ဓာတ်ပုံအသင်းမှ Heaven For You တွင် Photo Model များနှင့်အတူ တစ်နေ့တာလုံး Free ရိုက်ကူးရန် အတွက် ၂၂.၇.၂၀၂၅ ရက်နေ့ တစ်နေ့တာ ဝင်ခွင့်ကင်းလွှတ်ခွင့်နှင့်အတူ သဘောတူညီမူရယူထားပြီဖြစ်ပါသည်။

သို့ပါသောကြောင့် အဆိုပါ မိုးရာသီဓာတ်ပုံပြိုင်ပွဲအား ဝင်ရောက်ယှဥ်ပြိုင်လိုပါက
ကိုအောင်မြတ်စိုး (ဥက္ကဌ) ပုသိမ်ဓာတ်ပုံအသင်း
09422517839 သို့ ဆက်သွယ်ပေးနိုင်ပါရန်
လေးစားစွာဖြင့်အသိပေး ကြောင်းကြား မေတ္တာရပ်ခံအပ်ပါသည်။

ရိုက်ကူးမည့်ရက် - ၂၂.၇.၂၀၂၅ ရက်နေ့
အချိန် - နံနက် ၈ နာရီ
နေရာ - Heaven for you-garden and resort

ပုသိမ်ဓာတ်ပုံအသင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့

Address

Pathein
10014

Website

Alerts

Be the first to know and let us send you an email when ပုသိမ်ဓာတ်ပုံအသင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category