09/02/2026
ယောင်္ကျားချင်းလက်ထပ်လို့ ကမ္ဘာကြီးပျက်စီးသွားသလား။
မိန်းမချင်း လက်ထပ်လို့ ကမ္ဘာကြီးဟာ ရပ်တန့်သွားသလား။
လိင်တူလက်ထပ်လိုက်လို့ ကမ္ဘာမြေကြီးဟာ ယိုင်နဲ့မသွားဘူး။
စိမ်းလန်းတဲ့ ဘယ်အခြမ်းမှလဲ လိင်တူအချစ်ကြောင့် ခြောက်သွေ့မသွားနိုင်ဘူး။
လူနှစ်ယောက်အတူအိုမင်းကြတဲ့အခါ ကမ္ဘာမြေကြီးကလက်ခုပ်တီး။
ပန်းတွေပွင့်တယ်။ ပင်လယ်ရေလည်းကုန်ခမ်းမသွားသလို ကောင်းကင်ကြီးလဲ မှောင်မိုက်မသွားဘူး။ လူအချင်းချင်း ချစ်ကြတာပဲ "ဖိုနဲ့မ" ပဲကွာတာပါ။
ချစ်ခြင်းမေတ္တာကြောင့် ကြွေကျရတဲ့ မျက်ရည်တိုင်းဟာလည်း အရောင်အတူတူပါပဲ။
လူသားတစ်ယောက်ကို လူသားတစ်ယောက်က မြတ်မြတ်နိုးနိုး ချစ်ခွင့်ရတာဟာ စကြဝဠာရဲ့ အလှပဆုံးသောဆုလာဘ်ပါ။ ဒီအလှတရားကို လိင်အင်္ဂါ ခွဲခြားမှုတွေနဲ့ ညစ်ညမ်းအောင် လုပ်ဖို့ မထိုက်တန်ပါဘူး။
သဘာဝတရားက ပန်းတွေကို အရောင်စုံပွင့်လန်းခွင့်ပေးထားသလို နေမင်းကလဲ ပန်းလေးတွေကို အရောင်မခွဲခြားဘဲ အလင်းပေးပါတယ်။
လူသားတွေရဲ့ ချစ်ခြင်းမေတ္တာကိုလည်း သက်တန့်ရောင်စုံ ခြယ်သခွင့်ရှိပါတယ်။
လူနှစ်ယောက်ရဲ့ လက်ချင်းချိတ်ထားမှုဟာ ကမ္ဘာမြေကြီးကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေပါဘူး။
ကိုယ်တိုင် လျှောက်လှမ်းနေတဲ့ လမ်းမဟုတ်ရင်တောင်၊ အခြားသူရဲ့ လမ်းထက်မှာ ပွင့်နေတဲ့ ပန်းလေးတွေကို အသိမှတ်ပြုပေးတာဟာ အမြင့်မြတ်ဆုံး လူသားဆန်မှုပါပဲ။
လောကကြီး ပျက်စီးတာဟာ လိင်တူချင်းချစ်လို့မဟုတ်ဘူး၊ ကိုယ်နဲ့မတူတာကို လက်မခံနိုင်တဲ့ အမုန်းတရားတွေကြောင့်ပဲ။