28/06/2023
လေတိုက်ပျင်းတဲ့နေ့ရက်ထဲကလိပ်ပြာ |
ကလောင်စုံဝတ္ထုတိုစုစည်းမှု
_ _ _ _ _ _ _ _ _ _ _ _ _
ပုံမှန်ဆို ကျနော်ဟာ ဝတ္ထုရှည်တွေကို အင်မတန်သဘောကျပြီး တစိမ့်စိမ့်နဲ့စိတ်ရှည်လက်ရှည်ဖတ်တတ်သူပါ။ ဒီတလောကျ အာရုံတွေကလည်း စုစည်းမရတာနဲ့ လုံးချင်းတွေဆိုလည်း သိပ်မကောက်ကိုင်ဖြစ်။ ဟိုဟိုသည်သည် တိုတိုထွာထွာစုစည်းထားတာမျိုးလေးတွေပဲ စိတ်ပြေလက်ပျောက်ဖတ်ဖြစ်ရင်း ဒီစာအုပ်က ကျနော့်လက်ထဲကိုရောက်လာခဲ့တယ်။
ထွေထွေထူးထူးရယ်မဟုတ်ဘဲ ကျနော်လှန်ကြည့်လိုက်မိတဲ့အခါ ပထမဆုံးစသဘောကျမိတာကတော့ အကြောင်းအရာ၊ ရေးဟန်၊ ပုံစံတွေ မတူတဲ့ စာရေးဆရာတော်တော်များများကို စုစည်းထားတာဖြစ်ပါတယ်။ တကယ်တော့ ကျနော်တို့ လက်ရှိရောင်းရတဲ့ ဝတ္ထုစာအုပ်တွေကိုကြည့်လိုက်ရင် အရေးအသားပုံစံက နှစ်ခုကွဲနေတာတွေ့ရပါမယ်။ သမားရိုးကျထိထိရှရှရေးတဲ့ဇာတ်လမ်းလေးတွေရယ်၊ နိမ်ိတ်ပုံအဓိပ္ပာယ်တွေနဲ့ခေတ်ပြိုင်အရေးအသားတွေရယ်။ ပုံမှန်ဆိုရင် ဒီလိုမတူတဲ့နှစ်မျိုးကို စာတစ်အုပ်တည်းမှာတွေ့ရလေ့မရှိဘူး။ ဒါပေမယ့် ဒီမှာ ကျနော်တွေ့တယ်။ ဒီလို ပေါင်းစပ်ရောယှက်မှုမျိုးတွေကို ကလောင်စုံစုစည်းမှုတွေမှာ တောင့်တနေခဲ့မှန်း ကျနော့်ဘာသာတောင် သတိမထားခဲ့မိတာတော့အမှန်ပဲ..။
နောက်တစ်ချက် ကျနော် သဘောကျသွားတာက တစ်ပုဒ်စီရဲ့ ရှေ့မှာ စာရေးဆရာတွေရဲ့ biography တွေ ထည့်ပေးထားတာကိုပါပဲ။ ဒီလိုတစ်ခါတည်း စာနဲ့တွဲပြီးသိလာရတာဟာ စာကိုဖန်တီးပေးသူတွေနဲ့ ကျနော်တို့ကြား ပိုရင်းနှီးသက်ဝင်သွားစေတယ်။ ကျနော်မသိခဲ့တဲ့စာရေးသူတွေကိုပါရင်းနှီးကျွမ်းဝင်ပြီး ကျနော် ဆက်သိမှတ်မိနေဦးတော့မှာပဲ..။
ကျနော့်အတွက်တော့ ဒီစာအုပ်ဟာ ကိုယ်ပေးလိုက်ရတဲ့တန်ဖိုးနဲ့ ရလိုက်တာနဲ့ တကယ် အတော်ဖတ်ရတန်တယ်လို့ခံစားရတယ်။ ၃၀၀၀ ကျပ်တည်းနဲ့ ကျနော်လိုချင်တဲ့ အရသာမျိုးစုံကို ကျနော်မြည်းစမ်းလိုက်ရပါတယ်။ ဒီစာအုပ်ကိုထုတ်ဝေသူရော၊ ပါဝင်တဲ့စာရေးသူတော်တော်များများကိုရော ကျနော်မသိပါဘူး။ အမှတ်တမဲ့နဲ့ စိတ်တိုင်းကျမိသွားတဲ့စာအုပ်မို့ ပြန်ညွှန်းလိုက်ရတာဖြစ်ပါတယ်။
_ _ _ _ _ _ _ _ _ _ _ _ _
ပါဝင်သော စာရေးသူများ 💬
▪️စုမီအောင်
▪️စံပယ်ဖြူနု
▪️ဇော်လူစိမ်း
▪️ဏောလင်းသစ်
▪️ထွန်းဝေမြင့်
▪️နေမျိုး
▪️ပြည့်
▪️မယ်မွှေး
▪️မြကျေး
▪️ရေအေး
▪️လူရောင်လွင်
▪️ဝေယံဘုန်း
▪️သူဝေး
▪️သော်တာအေးလဲ့
▪️သစ်နေမိုး
▪️သွေး (စစ်ကိုင်း)
▪️ဟန်ဆန်း
▪️အေးမင်းစော
➖➖➖➖➖➖➖
📌 ဆက်သွယ်မှာယူရန်📌
_ _ _ _ _ _ _ _ _ _ _ _ _
📩 Page cb
☎️ 09409146151
🚚 ကလော၊ အောင်ပန်း Cash on Delivery ပါ။ အခြားမြို့တွေကတော့ ငွေကြိုလွှဲစနစ်ဖြစ်ပြီး ကားနဲ့ဖြစ်ဖြစ်၊ စာတိုက်ကနေဖြစ်ဖြစ်ပို့ပေးပါတယ်။ 🤎
🏙️📣 ရန်ကုန်ဆိုရင်တော့ Book Street - စာအုပ်လမ်း မှာရနိုင်ပါတယ်။ delivery နဲ့လည်းပို့ပေးပါတယ်။
_ _ _ _ _ _ _ _ _ _ _ _ _
#လေတိုက်ပျင်းတဲ့နေ့ရက်ထဲကလိပ်ပြာ #ကလောင်စုံ #ဝတ္ထုတိုစုစည်းမှု #ကွန်းခိုရာ