
11/07/2025
အမြင့်မကြောက်ပဲ ၊ အမြင့်ကြိုက်တဲ့သူတွေရှိလား❓
ခုပုံထဲကလို အစွန်အဖျားတွေဆိုရင် အတော်များများက ကြောက်ပြီးမသွားရဲကြဘူး။ ကြည့်ရုံနဲ့တင် ဒူးတုန်တယ် ၊ ရင်တွေတုန်တယ်ပေါ့။ ဒါပေမယ့် အဲလိုအစွန်အဖျားတွေ ၊ အမြင့်တွေဆိုရင် တက်ကြည့်လိုက်ရမှ ၊ ချောင်းကြည့်လိုက်ရမှဆိုတဲ့ ကိုယ့်လိုလူတွေကသပ်သပ်ကိုရှိတယ်။
ခုဒီပုံဆိုရင် အဲဒီကျောက်အစွန်းလေးပေါ်မှာ သွားထိုင်ချင်လို့ကို ဘန်ကောက်ကနေ ဖူးခက် ၊ ဖူးခက် ကနေ Krabi ၊ Krabi ကနေမှ (၂) နာရီခွဲလောက်တောင်တက်ပြီးကိုသွားကြည့်တာ။ ဒီလိုမကြောက်တတ်တာ အန္တရာယ်တော့များပေမယ့် အဲလိုအရာသာကိုတော့တကယ်ကြိုက်တယ်။
ကျွန်တော့်လို အစွန်အဖျားတွေကို သဘောကျတဲ့သူတွေရှိလား? ရှိရင် ပုံလေးနဲ့တကွပြောသွားပါဦး
#မသေခင်ကမ္ဘာကြီးကိုကြည့်သွားမယ်_ကျောပိုးအိတ်လေးလွယ်ပြီးတော့
Yours in Adventure
Saw Ko Oo (Backpacker’s Notes)