ပြည်သူ့အသံ

ပြည်သူ့အသံ မင်္ဂလာပါ။

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဒုတပ်ရင်းမှူး ၁...
01/10/2024

မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး အဆောက်အအုံ ၂ လုံးထိခိုက်ပျက်စီး

ရန်ကုန်၊ အောက်တိုဘာ ၁

မန္တလေးမြို့၊ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ၁ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့ပြီး အဆောက်အအုံ ၂ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

စက်တင်ဘာလ ၂၉ ရက် နံနက်အစောပိုင်း ၂ နာရီ ၃၀ မိနစ်အချိန်တွင် မန္တလေးမြို့၊ နန်းတွင်း ရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်အတွင်းသို့ Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် Shadow Mandalay အဖွဲ့မှ BWM ၏ Mission 22 အဖြစ် ၁၀၇ မမ ရှော့တိုက်ဒုံး ၆ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်ရန် စုစည်းထားသည့် စစ် သားများ နေထိုင် ရာ ဘားတိုက်အပါအဝင် လပခ တိုင်းရုံးအတွင်း တိုက်ရိုက် ကျရောက်ထိမှန် ပေါက်ကွဲခဲ့ပြီး ဘား တိုက်ထိမှန်ပေါက်ကွဲကြောင့် အကြမ်း ဖက်စစ်တပ်မှ ဒုတပ်ရင်းမှူးအပါအဝင် ၆ ဦးသေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းဒဏ်ရာရရှိသူများ အနက် ၄ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

“မနေ့က သိရသလောက်ကတော့ ဘားတိုက်ကို ၂ လုံးထိတာမှာ စစ်ခွေး ၆ ဦးကျတယ်။ သေတဲ့ ၆ ယောက်ထဲမှာ လပခထဲက ဒုတပ်ရင်းမှူး တစ်ယောက်ပါသွားတယ်၊ ဒဏ်ရာရ အယောက် ၂၀ ထဲမှာ က ၄ ဦးအပြင်းအထန်နဲ့ ဆေးရုံပို့ထားရတယ်လို့ သိရတယ်။ အဆောက်အအုံ ၂ လုံး ထိခိုက်ပျက်စီး တယ်။ အစလွင့်စင်တာတွေက အဆောက်အအုံ ၄ လုံး နံရံတွေ အမိုးတွေပွင့်ထွက်ကုန်သွားတယ်လို့ သိရပါတယ်။ လပခ ကွင်းထဲကျတဲ့ ၂ လုံးကတော့ စစ်ဆင်ရေးကားတွေ ထိခိုက်ပျက်စီးမှုရှိပါတယ်။ ဒီနေ့တော့ နောက်ဆက်တွဲ မကြားမိသေးဘူး” ဟု Brave Warriors for Myanmar (BWM) အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။

၁၀၂၇ ဒုတိယပိုင်းစစ်ဆင်ရေးအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို တော်လှန်ရေး တပ် ဖွဲ့များက သိမ်းပိုက်ပြီး နောက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) သည် စစ်ရှုံး ကောင်စီ ၏ အဓိကအားထားရသော စစ်တိုင်းဌာနချုပ် ဖြစ်လာခဲ့ကြောင်း၊ စစ်ရှုံးကောင်စီသည် ရှမ်းမြောက် စစ်ဆင်ရေးအတွင်း ဆုံးရှုံးခဲ့ရမှုများနှင့် သိက္ခာကျမှုများကို ပြန်လည် အဖတ် ဆယ်ရန် တရုတ်အစိုးရ ၏ အကူအညီဖြင့် မြောက်ပိုင်းအဖွဲ့များကို ထိုးစစ်ရပ်တံ့ရန်ဖိအားပေးရန်ကြိုးစားနေရင်း တပြိုင်နက် တည်းတွင် ရန်နိုင်မင်း စစ်ဆင်ရေးဟု ကြွေးကြော်ပြီး လပခ ၏အင်အားကိုလည်း အစွမ်းကုန် ဖြည့် တင်းထားကြောင်း သိရှိရသည်။

လပခ သည် စစ်ကောင်စီ၏ အရေးကြီးသည့် စစ်တိုင်းဌာနချုပ်ဖြစ်သည့် အတွက် BWM နှင့် မဟာ မိတ် အဖွဲ့ တို့က တော်လှန်ရေး အတွက် အရေးပါသည့် ပစ်မှတ်အဖြစ်ဦးတည် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

BWM အဖွဲ့သည် စစ်ရှုံးကောင်စီ၏ လေတပ်များအပြင် တော်လှန်ရေးအတွက် သက်ရောက်မှုကြီးမား သည့် အခြား စစ်ရေးပစ်မှတ်ကြီးများကိုလည်း ရှာဖွေဖော်ထုတ် တိုက်ခိုက်လျက်ရှိရာ တိုင်းစစ်ဌာန ချုပ်များသည် သက်ဆိုင်ရာဒေသ အလိုက်တပ်ရင်းတပ်ဖွဲ့များ၏အမိန့်ပေးစနစ်အတွက် ပင်မစစ်ရေး ဗဟိုချက်များဖြစ်နေသောကြောင့် ရန်သူ၏ Chain of Command ကိုဖြတ်တောက်ဖြိုခွဲရန် ရည်ရွယ် ၍ ယခုကဲ့သို့ တိုင်းစစ်ဌာနချုပ်များကို ရွေးချယ် တိုက်ခိုက်ရခြင်းဖြစ်ကြောင်း အသိပေးထားသည်။

BWM နှင့် မဟာမိတ်အဖွဲ့များအနေဖြင့် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) ကိုတိုက်ခိုက်မှုမှာ ယခုအကြိမ် သည် တတိယမြောက် တိုက်ခိုက်မှုဖြစ်ပြီး ၂၀၂၃ ဒီဇင်ဘာလတွင်တစ်ကြိမ်၊ ၂၀၂၄ စက်တင်ဘာလ ၃ ရက်နေ့တွင်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ တော်လှန်ရေးဟာ နိုင်ဖို့နီးလာနေပါပြီ၊ ပြည်သူအားလုံးအားတင်းထားကြပါ၊ ဆက်လက် ထောက်ခံအားပေးဝန်းရံပေးကြပါလို့ပဲ တိုက်တွန်းချင်ပါတယ်” ဟု BMW အဖွဲ့မှ တာဝန်ရှိသူတစ်ဦး က တိုက်တွန်းပြောဆိုသည်။

30/09/2024
KNLA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖခင်ကို ဖမ်းဆီးဖို့ နအဖစစ်တပ်က ရွာကိုဝင်စီးချိန်မှာ စောကော်ဟာ အသက် ခုနစ်နှစ်ပဲ ရှိပါသေးတယ်။ ...
30/09/2024

KNLA တပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖခင်ကို ဖမ်းဆီးဖို့ နအဖစစ်တပ်က ရွာကိုဝင်စီးချိန်မှာ စောကော်ဟာ အသက် ခုနစ်နှစ်ပဲ ရှိပါသေးတယ်။ ဖခင်ကိုမတွေ့တဲ့အတွက် ဆွေမျိုးသားချင်းတွေကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ပြီး ကိုယ်ဝန်သည်မိခင်ဟာလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပါတယ်။ အဲဒီအချိန်ကစလို့ မိသားစု တကွဲတပြားနေထိုင်ခဲ့ရတဲ့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ကြီးစောကော်ဟာ လက်ရှိမှာလည်း တိုက်ပွဲတွေကြောင့် ဇနီး၊ သမီးတွေနဲ့ ခွဲခွာနေထိုင်ရပြန်ပါတယ်။

တတိယနဲ့ စတုတ္ထအမေဆိုပြီးဖြူဖြူထွေးနဲ့သက်သက်ခိုင်ပါထည့်လိုက်ပီးယော😁
30/09/2024

တတိယနဲ့ စတုတ္ထအမေဆိုပြီး
ဖြူဖြူထွေးနဲ့
သက်သက်ခိုင်ပါထည့်လိုက်ပီးယော😁

😁👍
09/09/2024

😁👍

ရှက်တတ်ဖို့ဆိုတာကလဲ“ကြပ်ပြည့်ဖို့က လိုသေးတယ်”
05/09/2024

ရှက်တတ်ဖို့ဆိုတာကလဲ
“ကြပ်ပြည့်ဖို့က လိုသေးတယ်”

Address

Myaing

Telephone

+959788285788

Website

Alerts

Be the first to know and let us send you an email when ပြည်သူ့အသံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ပြည်သူ့အသံ:

Share