TharrawaPyay News

TharrawaPyay News သာယာဝတီခရိုင်နှင့် ပြည်ခရိုင်အတွင်းမှ ထူးခြားသတင်းများကို ယခုပေ့မှ ဖော်ပြသွားပါမည်

သာယာဝပြည်သတင်းမီဒီယာမိက်ဆက်
~~~~~~~~~~~~~~~~~~~~~

မြန်မာနိုင်ငံ၌ စစ်တပ်က အာဏာသိမ်းယူခဲ့သည့် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၁ရက်နေ့မှစတင်ကာ ပြည်သူလူထုအား စစ်တပ်မှဖမ်းဆီးရိုက်နှက်သတ်ဖြတ်ခဲ့ပြီး အဆိုပါဖြစ်စဉ်များကို နိုင်ငံအနှံ့မှပြည်သူများနှင့် ကမ္ဘာ့နိုင်ငံများသိရှိဖို့ ရေးသားဖော်ပြနေကြသည့် သတင်းထောက်များအား ဖမ်းဆီးထောင်ချကာ သတင်းအမှောင်ချဖို့ ကြိုးစားခဲ့ကြ၍ ပဲခူးတိုင်းအနောက်ခြမ်းရှိ သာယာဝတီခရိုင်နှင့် ပြ

ည်ခရိုင်အတွင်းမှ ဒေသတွင်းသတင်းများ ဖော်ပြနိုင်ခြင်းမရှိခဲ့ပေ။

ထိုကဲ့သို့ သတင်းအမှောင်ချခံထားရသည့် သာယာ၀တီခရိုင်နှင့် ပြည်ခရိုင်အတွင်းမှ သတင်းများကို လူငယ်(CJ)များပေးပို့ချက်များနှင့် သာယာဝပြည်သတင်းဌာန၏ သတင်းသမားများနှင့် ပူးပေါင်းရေးသားတင်ပြသွားမည်ဖြစ်ပါသည်။

သာယာဝပြည်သတင်းဌာနအနေဖြင့် သတင်းမီဒီယာလုပ်ငန်းစိတ်ပါဝင်စားသူလူငယ်များမှဦးဆောင်တည်ထောင်ထားပြီး သာယာ၀တီခရိုင်အခြေစိုက် Tharyarwaddy 8 Cityနှင့် ပဲခူးတိုင်းအခြေစိုက် Time Han Thar သတင်းဌာနကိုလည်း မိတ်ဖက်မီဒီယာအနေနဲ့ အဆိုပါသတင်းဌာနနှစ်ခုမှ သတင်းများကို ဖော်ပြပေးသွားပါမည်။

နွေဦးတော်လှန်ရေး မအောင်မမြင်သေးသ၍ ကျွန်တော်တို့ သာယာ၀ပြည်မှ ဆက်လက်ရေးသားသွားမည်ဖြစ်ပြီး သာယာဝတီခရိုင်၈မြို့နယ်နှင့် ပြည်ခရိုင်၆မြို့နယ်အတွင်းမှ မြေပြင်သတင်းများကို ပြည်သူများအနေဖြင့် ကျွန်တော်တို့၏ ဖေ့ဘွတ်မက်ဆင်ဂျာမှ ယုံကြည်စိတ်ချစွာပေးပို့နိုင်ပြီး သာယာဝပြည်သတင်းဌာန၏ တည်ထောင်သူအယ်ဒီတာအဖွဲ့မှ စိစစ်တည်းဖြတ်ကာ ပြန်လည်ဖော်ပြပေးသွားမည်ဖြစ်ပါကြောင်း အသိပေးတင်ပြအပ်ပါသည်။

=======================
TharrawaPyay News 8၏ သတင်းများကို အောက်ပါတယ်လီဂရမ်ချန်နယ်တွင်လည်း ၀င်ရောက်ဖက်ရူနိုင်ပါတယ်👇👇👇

https://t.me/tharrawapyaynews


Address

Pyay

Alerts

Be the first to know and let us send you an email when TharrawaPyay News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TharrawaPyay News:

Shortcuts

Share