IamPearl

IamPearl Enjoy my contents.. 🫶

Negative vibe ရှိတဲ့လူတွေနဲ့ကြုံဖူးလားး???သူတို့အဆင်မပြေကြောင်းတွေ သူတို့မပျော်ရွှင်ကြောင်းတွေ သူတို့ရဲ့အခတ်အခဲတွေပဲ လာလ...
09/06/2025

Negative vibe ရှိတဲ့လူတွေနဲ့ကြုံဖူးလားး???

သူတို့အဆင်မပြေကြောင်းတွေ သူတို့မပျော်ရွှင်ကြောင်းတွေ သူတို့ရဲ့အခတ်အခဲတွေပဲ လာလာပြောပြီး....

သူတို့ပျော်နေရင်တော့ကိုယ်တောင်မသိလိုက်ရဘူး ဆိုတဲ့ အသိမိတ်ဆွေတစ်ယောက်ဘ၀ထဲမှာရှိနေပြီဆိုရင်တော့ အဲဒီလူနဲ့ခပ်၀ေး၀ေးမှာနေဖို့လိုအပ်နေပါပြီ....

Energy တွေကကူးစက်တတ်ပါတယ် မကောင်းတတ်လို့နားထောင်ပေးအကြံညာဏ်တွေပေးလိုက်ရရင်တောင် ကိုယ့်ဆီမှာဒီ negative energy ကြီးကကျန်နေခဲ့တတ်ပါတယ်။

ခတ်ခတ်ခဲခဲတည်ဆောက်ယူထားရတဲ့စိတ်အကြည်ဓာတ်လေးကို သူတို့ကြောင့်လုံး၀အပျက်မခံပါနဲ့နော် ....

9.6.25

လူအများမသိသေးတဲ့ ကြောင်လေးတွေအကြောင်း ၅ ချက်... မင်မင်ကကြောင်ချစ်သူဖြစ်တာကြောင့် ကြောင်ချစ်သူလေးတွေရော၊ ကြောင်တွေအကြောင်...
04/06/2025

လူအများမသိသေးတဲ့ ကြောင်လေးတွေအကြောင်း ၅ ချက်...

မင်မင်ကကြောင်ချစ်သူဖြစ်တာကြောင့် ကြောင်ချစ်သူလေးတွေရော၊ ကြောင်တွေအကြောင်း စိတ်ဝင်စားသူတွေအတွက်ပါ လူသိနည်းသေးတဲ့ ကြောင်လေးတွေရဲ့ ထူးခြားတဲ့အချက် ၅ ချက်ကို ဖော်ပြပေးလိုက်ပါတယ်-

👉 ကြောင်တွေဟာ အချိုအရသာကို မခံစားနိုင်ပါဘူး
ကြောင်တွေဟာ အသားစားသတ္တဝါတွေဖြစ်ပြီး အသားကိုသာ အဓိကစားသုံးတာကြောင့် အချိုအရသာကို ခံစားနိုင်တဲ့ မျိုးဗီဇ (genes) ကင်းမဲ့ပါတယ်။ ဒါကြောင့် ကြောင်တွေဟာ ချိုတဲ့အစားအစာတွေကို စိတ်မဝင်စားကြပါဘူး။

👉 သူတို့ရဲ့ နှာခေါင်းပုံစံဟာ လူတွေရဲ့ လက်ဗွေရာလို ထူးခြားပါတယ်
လူတွေမှာ လက်ဗွေရာ (fingerprint) တစ်ဦးနဲ့တစ်ဦးမတူဘဲ ထူးခြားသလို ကြောင်လေးတွေမှာလည်း သူတို့ရဲ့ နှာခေါင်းအရေပြားပေါ်က အကွက်အစင်းပုံစံတွေဟာ တစ်ကောင်နဲ့တစ်ကောင် မတူညီဘဲ ထူးခြားပါတယ်။ ဒါဟာ သူတို့ရဲ့ ကိုယ်ပိုင်လက္ခဏာ (unique identifier) တစ်ခုပါပဲ။

👉 ကြောင်တွေဟာ သူတို့အရွယ်ရဲ့ ၇၀% ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးပါတယ်
ကြောင်တွေဟာ တစ်ရက်ကို ပျမ်းမျှ ၁၃ နာရီကနေ ၁၆ နာရီအထိ အိပ်စက်လေ့ရှိပါတယ်။ ဒါဟာ သူတို့ရဲ့ ဘဝသက်တမ်းတစ်လျှောက်လုံးရဲ့ ၇၀% လောက်ကို အိပ်စက်ခြင်းနဲ့ ကုန်ဆုံးစေတာဖြစ်ပါတယ်။ သူတို့ရဲ့ အိပ်ချိန်များခြင်းက စွမ်းအင်ချွေတာဖို့နဲ့ အမဲလိုက်ဖို့အတွက် လိုအပ်တဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းဖို့ ဖြစ်ပါတယ်။

👉 ကြောင်တွေဟာ ရေကို မကြိုက်ရတဲ့ အကြောင်းရင်းရှိပါတယ်
ကြောင်အများစုဟာ ရေကို မကြိုက်ကြပါဘူး။ ဒါဟာ သူတို့ရဲ့ ကိုယ်သင်းနံ့ကို ဖုံးကွယ်သွားစေပြီး သားကောင်တွေကို အမဲလိုက်ရာမှာ အခက်အခဲဖြစ်စေတယ်လို့ ယူဆကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ အမွေးတွေ ရေစိုသွားတဲ့အခါ လေးလံပြီး မသက်မသာဖြစ်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

👉 ကြောင်တွေဟာ မျက်လုံးချင်းဆုံကြည့်ခြင်းကို ရန်လိုမှုအဖြစ် မှတ်ယူကြပါတယ်
လူတွေမှာ မျက်လုံးချင်းဆုံကြည့်တာက ယုံကြည်မှုနဲ့ ခင်မင်မှုကို ပြသပေမယ့် ကြောင်တွေအတွက်တော့ မျက်လုံးချင်းတိုက်ရိုက်ဆုံကြည့်တာဟာ ရန်လိုမှု ဒါမှမဟုတ် စိန်ခေါ်မှုအဖြစ် မှတ်ယူလေ့ရှိကြပါတယ်။ ဒါ့ကြောင့် ကြောင်လေးတွေကို ချစ်ခင်ကြောင်းပြသချင်ရင် မျက်တောင်တဖြည်းဖြည်း မှိတ်ပြတာ (slow blink) က ပိုပြီးသင့်လျော်ပါတယ်။
ဒီအချက်တွေထဲက ဘယ်အချက်က သင့်ကို အံ့အားသင့်စေဆုံးလဲ??

ယူတို့သတိထားမိတဲ့ကြောင်လေးတွေရဲ့ ထူးခြားမှုလေးတွေကိုလည်း comment မှာရေးခဲ့အုံးနော် 🙋‍♀️

page နဲ့ အလုပ်လုပ်သူတိုင်း ဒီပုံလေးထဲကအတိုင်းမြင်ဖူးကြမှာပါBusiness suit app ထဲက မိမိတင်ထားတဲ့ post ရဲ့အောက်မှာ...
02/06/2025

page နဲ့ အလုပ်လုပ်သူတိုင်း ဒီပုံလေးထဲကအတိုင်းမြင်ဖူးကြမှာပါ

Business suit app ထဲက မိမိတင်ထားတဲ့ post ရဲ့အောက်မှာ "See insights and ads" ထဲကို၀င်ကြည့်လိုက်ရင်ဒါလေးကိုတွေ့နိုင်ပါတယ်

ဒီနေ့တော့ဒီပုံလေးထဲက Views, Reach, Interaction, Link clicks တို့အကြောင်းကိုရှင့်ပြပေးပါမယ်ရှင်

Views
Views က ဒီ post ကို စုစုပေါင်းဘယ်နှစ်ကြိမ်ကြည့်ခဲ့လဲဆိုတာပြတဲ့အရေအတွက်ဖြစ်ပါတယ်
လူတစ်ယောက်တည်းကဒီ post ကိုအကြိမ်ကြိမ်ကြည့်ရင်လည်း သူကြည့်တဲ့အရေအတွက်အတိုင်း views ထဲမှာပေါင်းတွက်ပါတယ်

Reach
Reach က ဒီ post ကို လူဘယ်နှစ်ယောက်မြင်တွေ့ခဲ့လဲဆိုတာပြတဲ့အရေအတွက်ပါ
လူတစ်ယောက်ကဒီ post ကို ၁၀ကြိမ်ကြည့်ခဲ့တယ်ဆိုရင်တောင် reach ထဲမှာတော့တစ်ကြိမ်ပဲပေါင်းပေးမှာဖြစ်ပါတယ်

Interactions
Interactions ကတော့ ဒီ post ကိုလူတွေကြည့်ရုံသက်သက်မဟုတ်ဘဲ တုန့်ပြန်မှုတစ်ခုခုလုပ်သွားတဲ့အရေအတွက်ကိုဆိုလိုပါတယ်
ဘယ်လိုတုန့်ပြန်မှုတွေလဲဆိုတော့ reaction ပေးတာ, comment ရေးတာ, share လုပ်တာ, link နှိပ်တာ စတာတွေပဲဖြစ်ပါတယ်
သင့်ရဲ့ content မှာ Link တစ်ခုပါထည့်ပေးထားတယ်ဆိုရင် Link clicks နေရာမှာ Link ကိုနှိပ်ခဲ့တဲ့အရေအတွက်အတိုင်းပေါ်နေမှာပါ

ဒီလောက်ဆိုရင်တော့ နားလည်သွားလောက်ပြီထင်ပါတယ်နော်
သိတဲ့သူများပေမဲ့မသိသေးတဲ့သူလေးတွေလည်းရှိတာမို့ မင်မင်သိသလောက်လေးမျှ၀ေပေးဖြစ်ပါတယ်ရှင်

သာယာအေးချမ်းတဲ့နေ့လေးဖြစ်ပါစေနော်

Content writing နဲ့ Copywriting ဘာတွေ ကွာခြားလဲ??? ဒစ်ဂျစ်တယ်ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်ကိုယ်တော် လုပ်ကိုင်သူတွ...
31/05/2025

Content writing နဲ့ Copywriting ဘာတွေ ကွာခြားလဲ???

ဒစ်ဂျစ်တယ်ခေတ်မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်ကိုယ်တော် လုပ်ကိုင်သူတွေအတွက် Content နဲ့ Copy ဆိုတဲ့ စကားလုံးနှစ်လုံးဟာ အမြဲလိုလို ကြားနေရတဲ့ အသုံးအနှုန်းတွေပါ။

အများစုက ဒီနှစ်ခုကို အတူတူပဲလို့ ထင်တတ်ကြပေမဲ့ တကယ်တမ်းကျတော့ ရည်ရွယ်ချက်၊ ရေးဟန်နဲ့ အကျိုးရလဒ်တွေမှာ သိသိသာသာ ကွာခြားမှုတွေ ရှိပါတယ်။

ဒါဆို Content နဲ့ Copy က ဘာတွေများ ကွာခြားတာလဲ???

Content ဆိုတာ ဘာလဲ???

Content ဆိုတာက audience ကို အသိပညာပေးဖို့၊ သတင်းအချက်အလက်တွေ မျှဝေဖို့၊ ဖျော်ဖြေဖို့ ဒါမှမဟုတ် တန်ဖိုးတစ်ခု ပေးဖို့ ရည်ရွယ်ပြီး ရေးသားထားတာမျိုးပါ။
Content ရဲ့ အဓိက ရည်ရွယ်ချက်က audience နဲ့ ရေရှည်ဆက်ဆံရေး တည်ဆောက်ဖို့၊ ယုံကြည်မှုရရှိဖို့နဲ့ အသိအမြင်တွေ ပေးဖို့ပါပဲ။ Content က တိုက်ရိုက် ရောင်းချဖို့ ထက် audience ကို အကျိုးပြုဖို့နဲ့ ဆွဲဆောင်ဖို့ကို ပိုပြီး ဦးစားပေးပါတယ်။

ဥပမာ Blog Post (ဘလော့ပို့စ်တွေ), Articles (ဆောင်းပါးတွေ), How-to Guides (လက်တွေ့လမ်းညွှန်ချက်တွေ), Videos (ပညာပေးသို့မဟုတ် ဖျော်ဖြေရေး ဗီဒီယိုများဗီဒီယိုများတွေ), Infographics (ရှင်းပြချက်ပါတဲ့အချက်အလက်ပုံတွေ), Social Media Posts (လူမှုကွန်ရက် ပို့စ်တွေ)

Content ကနေတစ်ဆင့် လူကြီးမင်းတို့ရဲ့လုပ်ငန်းအပေါ် audience ရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ပြီး အနာဂတ်မှာ ဝယ်ယူသူအဖြစ် ပြောင်းလဲလာနိုင်အောင် လမ်းခင်းပေးပါတယ်။

Copywriting ဆိုတာ ဘာလဲ???
Copy ဆိုတာကတော့ ပရိသတ်ကို တစ်ခုခု လုပ်ဆောင်ဖို့ (Action ယူဖို့) တိုက်တွန်းဖို့ ရည်ရွယ်ပြီး ရေးသားထားတာမျိုးပါ။

Copy ရဲ့ အဓိက ရည်ရွယ်ချက်က တိုက်ရိုက် ရောင်းချဖို့၊ Sign-up လုပ်ခိုင်းဖို့၊ ဖုန်းခေါ်ဆိုခိုင်းဖို့ ဒါမှမဟုတ် သတ်မှတ်ထားတဲ့ လုပ်ဆောင်ချက်တစ်ခုကို လုပ်စေဖို့ ဖြစ်ပါတယ်။ ဒါကြောင့် Copy က တိုက်ရိုက်ကျပြီး စကားလုံးတိုင်းမှာ ရောင်းချလိုစိတ်နဲ့ တိုက်တွန်းလိုစိတ်တွေ ပါဝင်နေပါတယ်။

ဥပမာ Advertisements (ကြော်ငြာတွေ), Sales Posts (ရောင်းချရေး post တွေ), Email Marketing (အီးမေးလ်ကမှတစ်ဆင့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုအကြောင်း ပြောပြပြီး ဝယ်ယူရန် တိုက်တွန်းခြင်း), Call-to-Action (CTA) Buttons: "ယခုပဲ ဝယ်ယူပါ"၊ "အခမဲ့ စမ်းသုံးကြည့်ပါ" စသည်ဖြင့် လုပ်ဆောင်ချက်တစ်ခုကို တိုက်တွန်းခြင်း, Product Descriptions (ထုတ်ကုန်ဖော်ပြချက်တွေ ထုတ်ကုန်ရဲ့ အားသာချက်တွေကို မီးမောင်းထိုးပြပြီး ဝယ်ယူရန် ဆွဲဆောင်ခြင်း)

Copy က စာဖတ်သူရဲ့ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်ချက်ချမှုကို လှုံ့ဆော်ပေးပြီး ချက်ချင်းလက်ငင်း ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ အဓိကထားပါတယ်။
ကိုယ့်လုပ်ငန်းရဲ့ ရည်မှန်းချက်အပေါ် မူတည်ပြီး Content ဒါမှမဟုတ် Copy ကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

Audience ကို ပညာပေးချင်တယ်၊ ယုံကြည်မှု တည်ဆောက်ချင်တယ်၊ မိမိလုပ်ငန်းကို အသိအမှတ်ပြုစေချင်တယ်ဆိုရင် Blog Post တွေ၊ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ စတဲ့ Content တွေကို ဖန်တီးပါ။
ကိုယ့်ရဲ့ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကို ချက်ချင်းရောင်းချချင်တယ်၊ ပရိုမိုးရှင်းတစ်ခုကို မြှင့်တင်ချင်တယ်၊ လူတွေကို Sign-up လုပ်ခိုင်းချင်တယ်ဆိုရင် ကြော်ငြာ Copy တွေ၊ Sales Page Copy တွေ၊ CTA တွေကို အသုံးပြုပါ။

ထိရောက်တဲ့ မားကတ်တင်း ဗျူဟာတစ်ခုအတွက် Content နဲ့ Copy နှစ်ခုစလုံးကို ဟန်ချက်ညီညီ အသုံးပြုဖို့ လိုအပ်ပါတယ်။ Content က ပရိသတ်ကို ဆွဲဆောင်ပြီး ၊ Copy ကတော့ နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး လုပ်ဆောင်ဖို့ တိုက်တွန်းတာဖြစ်ပါတယ်။
လူကြီးမင်းတို့ရဲ့ လုပ်ငန်းအတွက် ထိရောက်တဲ့ Content နဲ့ စွဲဆောင်မှုရှိတဲ့ Copy တွေကို ရေးသားဖို့ လိုအပ်တယ်ဆိုရင် ကျွန်မဆီမှာ Content Writing နဲ့ Copywriting Services တွေကို အပ်နှံနိုင်ပါတယ်ရှင်။

အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် Digital Marketing ရဲ့အရေးပါမှု.. လက်ရှိနည်းပညာအလျင်အမြန်တိုးတက်လာတဲ့ခေတ်မှာ အသေးစားစီး...
25/05/2025

အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် Digital Marketing ရဲ့အရေးပါမှု..

လက်ရှိနည်းပညာအလျင်အမြန်တိုးတက်လာတဲ့ခေတ်မှာ အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် Digital Marketing ဆိုတာ မဖြစ်မနေအသုံးပြုရမယ့်တစ်စိတ်တစ်ပိုင်းဖြစ်လာပါပြီ။ အွန်လိုင်းပေါ်မှာပဲစျေး၀ယ်ရတာကြိုက်တဲ့ customer တွေကြောင့် ၊ ရိုးရိုး Traditional Marketing နည်းလမ်းတွေကမထိရောက်နိုင်တော့ပါဘူးနော်။ ဒါ့ကြောင့် လုပ်ငန်းရှင်တွေဟာ Digital Marketing ကို အမြန်ဆုံးလေ့လာအသုံးချဖို့လိုအပ်နေပါပြီ။

Digital Marketing မှာ Social Media Marketing, Content Marketing, SEO (Search Engine Optimization), Email Marketing စတာတွေလည်း ပါဝင်ပါတယ်။ ဥပမာ page တစ်ခုထောင်ပြီး ဖောက်သည်နဲ့အမြဲချိတ်ဆက်နေတာက ကိုယ့်ရဲ့ product ကို လူသိများစေပါတယ်။ ဒီနည်းလမ်းက သေးငယ်တဲ့ကုမ္ပဏီတွေ အတွက် စျေးသက်သာပြီး အချိန်တိုအတွင်းမှာထူးခြားတဲ့ရလဒ်ရနိုင်တဲ့အကျိုးရှိပါတယ်။

ဒါ့အပြင် Digital Marketing ဟာ Feedback တွေအပေါ်ပြန်သုံးသပ်နိုင်တဲ့ Advantage တွေရှိပါတယ်။ ဥပမာ–ဘာလိုအပ်လဲ၊ ဘယ်အရာကအလုပ်ဖြစ်နေလဲ၊ ဘယ်အရာကတော့ အလုပ်မဖြစ်ဘူးလဲဆိုတာ အချိန်နှင့်တပြေးညီ ချက်ချင်းသိနိုင်ပါတယ်။ ဒီလိုအခွင့်အရေးတွေက အသေးစားစီးပွားရေးလုပ်ငန်းတွေအတွက် ဈေးကွက်တိုးချဲ့ရာမှာ မရှိမဖြစ်လိုအပ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ကတော့ အသေးစားစီးပွားရေးလုပ်ငန်းတစ်ခုအနေနဲ့ Digital Marketing ကို သေသေချာချာအသုံးချတတ်ဖို့လိုပါတယ်။ ဒါဆိုရင်တော့ သင့်ရဲ့လုပ်ငန်းလူသိများလာနိုင်ပြီး အလားအလာရှိတဲ့စီးပွားရေးတစ်ခုအဖြစ် တိုးတက်လာနိုင်ပါတယ်။

ဒီနေ့စျေးထဲမှာကြုံခဲ့ရတာလေးတစ်ခု... ကျွန်မအလုပ်ဆင်းတော့ ပြောင်းဖူးလေးစားချင်တာနဲ့ လမ်းဘေးကအသီးအရွက်ဆိုင်လေးတစ်ဆိုင်မှာ ပ...
22/05/2025

ဒီနေ့စျေးထဲမှာကြုံခဲ့ရတာလေးတစ်ခု...

ကျွန်မအလုပ်ဆင်းတော့ ပြောင်းဖူးလေးစားချင်တာနဲ့ လမ်းဘေးကအသီးအရွက်ဆိုင်လေးတစ်ဆိုင်မှာ ပြောင်းဖူး၀ယ်တာပေါ့

"ပြောင်းဖူးတစ်ဖူးဘယ်လောက်လဲ" မေးတော့ ဆိုင်ရှင်ရဲ့သားဖြစ်ဟန်တူတဲ့လူက တစ်ဖူး700တဲ့

သူပြောတာကိုဘေးနားကအဖေလုပ်သူကမကြားလိုက်ဘူးထင်ပါရဲ့ တစ်ဖူး800 တဲ့ထပ်ပြောတယ်

700 ပြောတဲ့ကောင်လေးက သူ့အဖေကိုကြည့် ကိုယ်ကလည်းကြည့်နေတော့ 700 နဲ့ယူသွားတဲ့ထပ်ပြောတယ်

အဲတာနဲ့ကိုယ်လည်းတစ်ဖူးယူပြီး 1000 တန်ပေးလိုက်တော့ 200 ပဲပြန်ပေးတယ်

"အယ်ဦးလေး 700 ဆို" လို့ပြောတော့ တစ်ဖူး800ပါ တဲ့ရှင် 🥲

ကိုယ်လည်းပြိုင်မငြင်းတတ်တဲ့သူဆိုတော့ဘာမှပြောမနေတော့ဘဲ ပြန်ပေးတဲ့200ပဲယူပြီးပြန်လာခဲ့လိုက်ပါတယ် နောက်ဒီဆိုင်ဘယ်တော့မှမ၀ယ်တော့ဘူးဆိုတဲ့စိတ်နဲ့ပေါ့

စဥ်းစားမိတာတစ်ခုကလေ အဲဒီဦးလေးသာ မှန်မှန်ကန်ကန်နဲ့ တစ်ဖူး700ရောင်းပေးရင် ကျွန်မလည်းအဲဆိုင်မှာနောက်ထပ်၀ယ်မိအုံးမှာပါ အခုတော့သူတို့ ပိုက်ဆံလေး 100 နဲ့ customer တစ်ယောက်ဆုံးရှုံးတာပေါ့လေ

စီးပွားရေး လုပ်တဲ့အခါမှာမှန်မှန်ကန်ကန်လုပ်ဖို့လည်းလိုအပ်ပါသေးတယ်ရှင် ☘️

ဘာလို့ Content Marketing လုပ်သင့်တာလဲ???ဘာလို့ Content Marketing လုပ်သင့်တာလဲဆိုတာမပြောခင် Content Marketing ဆိုတာဘာလဲအရ...
20/05/2025

ဘာလို့ Content Marketing လုပ်သင့်တာလဲ???

ဘာလို့ Content Marketing လုပ်သင့်တာလဲဆိုတာမပြောခင် Content Marketing ဆိုတာဘာလဲအရင်ပြောပြပါမယ်

Content Marketing ဆိုတာ ကိုယ့်ရဲ့လုပ်ငန်းနဲ့သက်ဆိုင်တဲ့ အသုံး၀င်ပြီး စိတ်၀င်စားစရာကောင်းတဲ့ content တွေကိုဖန်တီးပြီး Target audience ကိုဆွဲဆောင်ခြင်းပဲဖြစ်ပါတယ်

Content marketing လုပ်သင့်တဲ့အကြောင်းတွေကတော့

👉 Brand awareness တိုးစေဖို့
ကိုယ့်ရဲ့ products နဲ့သက်ဆိုင်တဲ့ စိတ်၀င်စားစရာ content တွေကိုဖန်ကိုဖန်တီးမယ်ဆိုရင် ကိုယ့် product ကိုလူများများပိုသိလာစေပါမယ်

👉 Customer တွေရဲ့ယုံကြည်မှုတွေရမယ်
အရည်အသွေးမြင့်တဲ့ content တွေက customer တွေရဲ့ယုံကြည်မှုကိုပိုမိုရရှိစေပါတယ်
ဥပမာ ( product ရဲ့အသုံးပြုပုံ, product ရဲ့ အသုံး၀င်ပုံအကျိုးကျေးဇူးတွေအကြောင်း content )

👉 Social media engagement ကိုမြှင့်တင်နိုင်မယ်
စိတ်၀င်စားစရာကောင်းတဲ့ content တွေ , shareable content တွေက social media မှာ engagement ကိုတိုးစေနိုင်ပါတယ်

👉 အကုန်အကျသက်သာမယ် , budget save ဖြစ်မယ်
ပုံမှန်ကြော်ကြာတွေနဲ့မတူဘဲ content marketing ရဲ့အားသာချက်တစ်ခုကတော့ budget save ဖြစ်တာပါပဲ

👉 Long-term results ကိုရရှိနိုင်မယ်
Paid ads တွေနဲ့ကြော်ငြာသလိုချက်ချင်းကြီး effective မဖြစ်ပေမဲ့ quality content တွေက real customer တွေရနိုင်ပြီးရေရှည်အတွက်အကျိုးရှိစေပါတယ်

ဒါ့ကြောင့် 2025 မှာ Content Marketing စလုပ်ဖို့လက်နှေးနေလို့မရတော့ဘူးနော်✅

တစ်သောင်းမကျော်တဲ့စျေးနဲ့ professional CV Form တစ်ခုရမယ်ဆိုရင်ရော???ဒီခေတ်ကြီးထဲမှာ အလုပ်လျှောက်တော့မယ်ဆိုရင် မိတ္တူဆိုင...
15/05/2025

တစ်သောင်းမကျော်တဲ့စျေးနဲ့ professional CV Form တစ်ခုရမယ်ဆိုရင်ရော???

ဒီခေတ်ကြီးထဲမှာ အလုပ်လျှောက်တော့မယ်ဆိုရင် မိတ္တူဆိုင်က CV နဲ့ပဲအလုပ်လျှောက်နေလို့မရတော့ပါဘူးနော်🙅‍♀️

သူ့ထက်ငါအပြိုင်ဖြစ်နေတဲ့ခေတ်မှာ အလုပ်ရှင်နဲ့ပထမဆုံးထိတွေ့ရမဲ့ CV Form ကို အကောင်းဆုံးပြင်ဆင်ထားဖို့လိုပါတယ်🙋‍♀️

လှပသေသပ်ပြီး English လိုရေးထားတဲ့ CV Form တစ်စောင်လိုအပ်တယ်ဆိုရင်တော့ မင်မင့်ဆီမှာရနေပါပြီ🤗

စျေးလေးကလည်းပျားရည်ထက်ချိုတာမလို့ နှစ်ခါပြန်စဥ်းစားမနေဘဲ cbသာတန်းလာခဲ့လိုက်တော့နော်🤭

Telegram DM
https://t.me/plk_peace

အမေများနေ့တဲ့ ..... ကမ္ဘာပေါ်မှာရှိတဲ့အမေများအားလုံး ကျန်းမာပါစေကြောင်းဆုတောင်းးး🙏🙏🙏အမေ့ကို ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်း...
11/05/2025

အမေများနေ့တဲ့ .....

ကမ္ဘာပေါ်မှာရှိတဲ့အမေများအားလုံး ကျန်းမာပါစေကြောင်းဆုတောင်းးး🙏🙏🙏

အမေ့ကို ချစ်တယ်ဆိုတဲ့စကားလေးတစ်ခွန်းဖြစ်ဖြစ်ပြောလိုက်နော်☘️

Appreciate Post လေးပါ.... ကျောင်းပြီးလို့ဘွဲ့မယူခင်အချိန်မှာအိမ်မှာနေနေရင်းကျွန်မကိုယ်တိုင်ဘာတွေစိတ်၀င်စားလဲဆိုတာရှာဖွေက...
09/05/2025

Appreciate Post လေးပါ....

ကျောင်းပြီးလို့ဘွဲ့မယူခင်အချိန်မှာအိမ်မှာနေနေရင်းကျွန်မကိုယ်တိုင်ဘာတွေစိတ်၀င်စားလဲဆိုတာရှာဖွေကြည့်ခဲ့ပါတယ်

အဲဒီလိုနဲ့စျေးရောင်းရတာ၀ါသနာပါတဲ့ကျွန်မကတော့ Digital marketing ကိုစိတ်၀င်စားသွားခဲ့ပါတယ်တဲ့ရှင်💁‍♀️

ကျွန်မ Digital marketing အကြောင်းလေ့လာရင်းနဲ့ Digital marketing ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်တဲ့ Content Writing အကြောင်းစိတ်၀င်စားမိသွားပါတယ်

Freelancer တစ်ယောက်အဖြစ်လွတ်လွတ်လပ်လပ်ရပ်တည်ချင်တဲ့ကျွန်မကတော့ Content Writing ကိုလေ့လာဖို့ဆုံးဖြတ်လိုက်ပါတယ်ရှင်🤭

အဲဒါနဲ့သင်တန်းတက်ဖို့တွေးမိပြီးသင်တန်းတွေလိုက်ရှာခဲ့ပါတယ်

သင်တန်းတွေအများကြီးထဲကမှ Review တွေကောင်းတဲ့ YM မှာပဲကျွန်မတက်ဖြစ်ခဲ့ပါတယ် ✅

သင်တန်းစတဲ့အချိန်ကတော့ ကျွန်မဘွဲ့ယူပြီးလို့ရန်ကုန်ရောက်အလုပ်လုပ်နေပါပြီ

အလုပ်တစ်ဖက်နဲ့ assignment တွေရေး၊ သင်တန်းချိန်တွေမလွတ်အောင်လည်းကြိုးစားခဲ့ရပါတယ်

အစ်မတစ်ယောက်ကဆေးခန်းလိုက်ခဲ့ဖို့အကူအညီတောင်းလို့လိုက်သွားရင်းဆိုက်ကားပေါ်မှာသင်တန်းတက်ခဲ့ရတာကတော့အမှတ်တရပါပဲရှင်😁

ဘယ်လိုပဲဖြစ်ဖြစ်ငါဒီသင်တန်းတော့ပြီးအောင်တက်မယ်ဆိုတဲ့စိတ်နဲ့ပဲကျွန်မ Certificate လေးရခဲ့ပါပြီ🍓

လုံး၀ First Step လေးပဲဆိုပေမဲ့ ကျွန်မကိုယ့်ကိုယ်ကို ဂုဏ်ယူပါတယ်

ဒီ Certificate လေးကကျွန်မအတွက် နောက်ထပ်ခြေလှမ်းတွေထပ်လှမ်းဖို့အားအင်တစ်ခုလိုပါပဲ☘️

လေ့လာစရာတွေအများကြီးကျန်နေသေးလို့ဆက်ပြီးတော့လည်းကြိုးစားသွားပါမယ်လို့ကိုယ့်ကိုယ်ကိုကတိပေးရင်းဒီ post လေးကိုအမှတ်တရတင်လိုက်ပါတယ်ရှင်.......

9.5.25
Palae Khin

09/04/2025

တစ်ယောက်ယောက်နဲ့စကားပြောနေရင် အဲလူကို၀င်၀င်ပြီးဖြတ်ပြောတာအရမ်း ethic မရှိတာနော်
ပီးအောင်စောင့်ပီးမှပြောရင်လည်းရပါတယ်
ဘာတွေကိုအရေးကြီးနေမှန်းမသိတာ
တကယ်အဲလိုလူမျိုးတွေကိုလေအထင်မကြီးမဲ့အပြင်အထင်ကိုသေးပါတယ်နော် 🥲

Address

Paungde
Pyay

Website

Alerts

Be the first to know and let us send you an email when IamPearl posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share