Chin Media Network

Chin Media Network To share News, Photos, Articles concerning Chin State, Myanmar .

မြေပြင်ရှိ စစ်ဘေးရှောင်အချို့၏ ပြောကြားချက်များအရ ဇီဝသွင်ပြင်အချက်အလက်ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းမျာ...
18/03/2026

မြေပြင်ရှိ စစ်ဘေးရှောင်အချို့၏ ပြောကြားချက်များအရ ဇီဝသွင်ပြင်အချက်အလက်ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ် ရှောင်တိမ်းခြင်းများ ရှိနေခဲ့သည်။ အဓိကအားဖြင့် မိမိတို့၏ အချက်အလက်များ လုံခြုံမှုရှိမရှိနှင့် စစ်ကောင်စီထံသို့ ရောက်ရှိသွားမည်ကို စိုးရိမ်ကြခြင်း ဖြစ်သည်။
https://chinworld.org/2026/03/%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%99%e1%80%ae%e1%80%87%e1%80%ad/

ရေးသားသူ - DonBosco အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရ ပြည်ထဲရေးဌာန (Home Department) ၏ မတ်လ (၈) ရက်နေ့ နောက်ဆုံးထုတ်ပြန်ချ...

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းထားတဲ့ ဒီအမှုတွဲထဲမှာ စိတ်မကောင်းစရာ အထောက်အထားတွေ အခိုင်အလုံ ပါဝင်နေပါတယ်။ အဲဒ...
16/03/2026

ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က တင်သွင်းထားတဲ့ ဒီအမှုတွဲထဲမှာ စိတ်မကောင်းစရာ အထောက်အထားတွေ အခိုင်အလုံ ပါဝင်နေပါတယ်။ အဲဒီထဲမှာ ၇ လသား ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးကို ခင်ပွန်းဖြစ်သူရှေ့မှာတင် အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ ဖြစ်စဉ်၊ သတင်းထောက်တစ်ဦးနဲ့ ၁၃ နှစ်အရွယ် ကေးငယ်တစ်ဦးအပါအဝင် လူ ၁၀ ဦးကို လက်ပြန်ကြိုးတုပ်ပြီး လည်လှီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ပါဝင်ပါတယ်။

ဒါ့အပြင် ဆေးရုံတစ်ခုကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ဆေးဝန်ထမ်းတွေနဲ့ လူနာတွေ သေဆုံးခဲ့ရတဲ့အပြင် ခရစ်ယာန် ဘုရားကျောင်းတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တဲ့ အချက်တွေကို CHRO က ခိုင်ခိုင်မာမာ တင်ပြထားတာ ဖြစ်ပါတယ်။



DonBosco အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ်တဲ့ တီမော(Timor Leste ) နိုင်ငံကတရားရုံးမှာ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကနေ မြန်မ....

မြေပြင်စစ်ရေးမှာ အကြီးအကျယ် အထိနာလာတဲ့ စစ်ကော်မရှင်ဟာ ဝေဟင်သာလွန်အင်အားကို အလွန်အကျွံ အသုံးပြုလာနေပြီး ပိုမိုရက်စက်ကြမ်း...
15/03/2026

မြေပြင်စစ်ရေးမှာ အကြီးအကျယ် အထိနာလာတဲ့ စစ်ကော်မရှင်ဟာ ဝေဟင်သာလွန်အင်အားကို အလွန်အကျွံ အသုံးပြုလာနေပြီး ပိုမိုရက်စက်ကြမ်းကြုတ်တဲ့ “Double-tap” နည်းဗျူဟာကိုပါ သုံးစွဲလာတယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က ထောက်ပြပါတယ်။
https://chinworld.org/2026/02/%e1%80%9b%e1%80%bd%e1%80%b1%e1%80%b8%e1%80%80%e1%80%b1%e1%80%ac%e1%80%80%e1%80%ba%e1%80%95%e1%80%bd%e1%80%b2%e1%80%a1%e1%80%9c%e1%80%bd%e1%80%94%e1%80%ba-%e1%80%81%e1%80%bb%e1%80%84%e1%80%ba%e1%80%b8/

ရေး - DonBosco ချင်းပြည်နယ်အတွင်းမှာ စစ်ကော်မရှင်ဟာ နိုင်ငံရေးအရ တရားဝင်မှုရရှိဖို့အတွက် ရွေးကောက်ပွဲကို ပုံစံအ....

ယခုအခါ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ၏ Biometric ကောက်ယူမှုသည် ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးတော့မည် ဖြစ်သည...
15/03/2026

ယခုအခါ မီဇိုရမ်ပြည်နယ်ရှိ မြန်မာစစ်ဘေးရှောင်များ၏ Biometric ကောက်ယူမှုသည် ရာခိုင်နှုန်းပြည့်နီးပါး ပြီးစီးတော့မည် ဖြစ်သည်။ သို့ရာတွင် ဤအချက်အလက်များကို ဒုက္ခသည်များအတွက် တရားဝင် နေထိုင်ခွင့်နှင့် ထောက်ပံ့မှုများအတွက် အသုံးပြုမည်လော၊ သို့မဟုတ် ၎င်းတို့၏ လှုပ်ရှားသွားလာမှုကို ကန့်သတ်၍ စောင့်ကြည့်ထိန်းချုပ်ရန်အတွက်သာ အသုံးပြုမည်လောဆိုသည့် အချက်မှာမူ ဆက်လက် စောင့်ကြည့်ရမည့် အခြေအနေတွင် ရှိနေသည်။

https://chinworld.org/2026/03/%e1%80%95%e1%80%bc%e1%80%ae%e1%80%b8%e1%80%85%e1%80%ae%e1%80%b8%e1%80%95%e1%80%bc%e1%80%ae%e1%80%96%e1%80%bc%e1%80%85%e1%80%ba%e1%80%9e%e1%80%8a%e1%80%b7%e1%80%ba-%e1%80%99%e1%80%ae%e1%80%87%e1%80%ad/

ရေးသားသူ - DonBosco အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရ ပြည်ထဲရေးဌာန (Home Department) ၏ မတ်လ (၈) ရက်နေ့ နောက်ဆုံးထုတ်ပြန်ချ...

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးကြေမွပျက်စီးခဲ့ပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၀နှစ်ကနေ ၂၅နှစ်ကြားလူငယ်လေးတွေဖြစ်ပ...
15/03/2026

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်တစ်လုံးကြေမွပျက်စီးခဲ့ပါတယ်။ သေဆုံးသူတွေဟာ အသက် ၁၀နှစ်ကနေ ၂၅နှစ်ကြားလူငယ်လေးတွေဖြစ်ပါတယ်။
ကလေးမြို့ကနေ တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းတွေဟာ ယင်းရွာအနီးတောထဲမှာ ပုန်းခိုနေကြပြီး စစ်ကောင်စီက မကြာခဏလေကြောင်းဗုံးကြဲခဲ့ပါတယ်။

အာဏာသိမ်းပြီး ၅ နှစ်ရှိလာချိန်မှာ ဒေသခံချင်းလူထုဟာ ရေဒီယို၊ ရုပ်သံနဲ့ အွန်လိုင်းသတင်းတွေကို အသံကျယ်ကျယ် ဖွင့်ပြီး နားမထေ...
15/03/2026

အာဏာသိမ်းပြီး ၅ နှစ်ရှိလာချိန်မှာ ဒေသခံချင်းလူထုဟာ ရေဒီယို၊ ရုပ်သံနဲ့ အွန်လိုင်းသတင်းတွေကို အသံကျယ်ကျယ် ဖွင့်ပြီး နားမထောင်ရဲကြသလို ကိုယ့်မြို့ရပ်ကွက်နဲ့ တခြားဒေသက သတင်းတွေကို အိမ်နီးနားချင်းနဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ အချင်းချင်းသာ မေးမြန်း၊ ဖလှယ်ရဲပြီး အခုက မပြောရဲ၊ မဆိုရဲ၊ မသွားရဲ မလုပ်ရဲနဲ့ စိတ်ကျဉ်းကြပ်တယ်လို့ ပြောပါတယ်။

“သတင်းတောင် လွတ်လွပ်လပ်လပ် နားမထောင်ရဲဘူး။ အခုက မီးကမလာ၊၊ လိုင်းကလည်း ခဏခဏ ပျက်ဆိုတော့ ဘာမှကို မသိရဘဲ ဟိုအရင်ခေတ်က ကျမတို့ ငယ်ငယ်က ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်၊၊ ဘုမသိ၊ ဘမသိပေါ့” လို့ သက်လတ် ပိုင်းချင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

https://www.facebook.com/KhonumthungBurmese/posts/pfbid02yMByjZ8C3wHnC2txfbbKAU8p1ZqigxB93aUsPbh3pMZvS5GMuKpgXKobpQbFSttul

သတင်းအမှောင်ထဲက ချင်းပြည်နဲ့ ရှင်သန်ရပ်တည်ရေး ရုန်းကန်နေရတဲ့ ဌာနေ နားမျက်စိတွေ

ခိုနူမ်းသုန်သတင်း၊ ၇ ဇန်နဝါရီလ ၂၀၂၆

(006SV)

စစ်အာဏာသိမ်းပြီးနောက် တော်လှန်ရေး အားကောင်းတဲ့ ချင်းပြည်မှာ ဖုန်းနဲ့ အင်တာနက်လိုင်းတွေ စနစ်တကျနဲ့ ဖြတ်တောက် ခံရမှုကြောင့် ချင်းလူထုရဲ့ သတင်းသိပိုင်ခွင့်ဟာ ပမာဏကြီးမားစွာ ဆုံးရှုံးနေရပါတယ်။

ကျန်မားရေး၊ လူမှုဖူလုံရေး အပါအဝင် အသက်အန္တရာယ်နဲ့ လုံခြုံရေးဆိုင်ရာ သတင်းအချက်အလက်တွေ အချိန်မီ မရရှိခြင်းက ထူထပ်တဲ့ တောတောင်တွေထဲရှိ ဒေသဌာနေချင်းလူမျိုးတွေဟာ သတင်းအမှောင်ကာလနဲ့ ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့ နေရခြင်း ဖြစ်ပါတယ်။

စစ်တပ်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဌာနေချင်းသတင်းဌာနတွေကို နိုင်ငံတဝန်းက တခြားမီဒီယာတွေ နည်းတူ ရန်သူ သဖွယ် ဆက်ဆံလာပြီး ပစ်မှတ်ထားကာ ဖမ်းဆီးထောင်ချမှုတွေ လုပ်လာတဲ့အတွက် ချင်းတောင်မှာ သတင်းလွတ်လပ်ခွင့်နဲ့ သတင်းသိပိုင်ခွင့် ဆိတ်သုဉ်းသွားတယ်လို့ ချင်းသတင်းဌာန အယ်ဒီတာတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းပြီး ၅ နှစ်ရှိလာချိန်မှာ ဒေသခံချင်းလူထုဟာ ရေဒီယို၊ ရုပ်သံနဲ့ အွန်လိုင်းသတင်းတွေကို အသံကျယ်ကျယ် ဖွင့်ပြီး နားမထောင်ရဲကြသလို ကိုယ့်မြို့ရပ်ကွက်နဲ့ တခြားဒေသက သတင်းတွေကို အိမ်နီးနားချင်းနဲ့ ယုံကြည်ရတဲ့ မိတ်ဆွေ အချင်းချင်းသာ မေးမြန်း၊ ဖလှယ်ရဲပြီး အခုက မပြောရဲ၊ မဆိုရဲ၊ မသွားရဲ မလုပ်ရဲနဲ့ စိတ်ကျဉ်းကြပ်တယ်လို့ ပြောပါတယ်။

“သတင်းတောင် လွတ်လွပ်လပ်လပ် နားမထောင်ရဲဘူး။ အခုက မီးကမလာ၊၊ လိုင်းကလည်း ခဏခဏ ပျက်ဆိုတော့ ဘာမှကို မသိရဘဲ ဟိုအရင်ခေတ်က ကျမတို့ ငယ်ငယ်က ဘဝကို ပြန်ရောက်သွားသလို ခံစားရတယ်၊၊ ဘုမသိ၊ ဘမသိပေါ့” လို့ သက်လတ် ပိုင်းချင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

၂၁ ရာစုရဲ့ အေအိုင်ခေတ်ထဲမှာ နိုင်ငံရဲ့ အနောက်ဖက်စွန်းက တောတောင်ထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကာ ဖွံ့ဖြိုးမှု နည်းပါးတဲ့ ချင်းပြည်နယ်မှာ ဖုန်းနဲ့ အင်တာနက် ဖြတ်တောက်မှုကြောင်း ဌာနေလူထုဟာ သတင်း ရပိုင်ခွင့် ၇၀ မှ ၉၀ ရာခိုင်နှုန်း အထိ ဆုံးရှုံးနေတယ်လို့ အသံအဖွဲ့မှ တာဝန်ရှိသူက ပြောပါတယ်။

၂၀၂၁ မတ်- ဧပြီလမှစတင်ပြီး ချင်းပြည်နယ်က မြို့နယ်တချို့မှာ ဖုန်းလိုင်း၊ ဖုန်းအင်တာနက်၊ ဝိုင်ဖိုင်ကွန်ယက်တွေကို ၄ နှစ်နီးပါး ဆက်တိုက်၊ အလှည့်ကျ စနစ်တကျ ဖြတ်တောက်ခံနေရပြီးသာဖြစ်ပါတယ်။

မင်းတပ်၊ ထန်တလန်၊ မတူပီ၊ ပလက်ဝစတဲ့ မြို့နယ်တချို့မှာဆိုရင် အချိန်အတော်ကြာ လုံးဝ Blackout (သတင်းနဲ့ ဆက်သွယ်ရေး အမှောင်ချခံရခြင်း) ဖြစ်နေတဲ့ ကာလတွေ ရှိခဲ့တယ်လို့ အသံအဖွဲ့က ပြောပါတယ်။

အသံ- လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်လှုပ်ရှားမှုအဖွဲ့အပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက ချင်းပြည်နယ်က အခြေအနေ တွေကို အဲဒီလို တွေ့ရှိရတယ်လို့ ဆိုပါတယ်။

“ချင်းပြည်နယ်မှာ ဖုန်း–အင်တာနက် ဖြတ်တောက်မှုဟာ စစ်ရေးအတွက်သာမက ချင်းလူထုရဲ့ သတင်းသိရှိပိုင်ခွင့်၊ အသက်ရှင်ရေး၊ လူ့အခွင့်အရေးတွေကို စနစ်တကျ ဖျက်ဆီးနေတဲ့ နိုင်ငံရေးလက်နက်တစ်ခု ဖြစ်နေပါပြီ” လို့ အသံအဖွဲ့၊ အမှုဆောင် ဒရိုက်တာ မဇက်ပီက ပြောပါတယ်။

အာဏာမသိမ်းမီက ဌာနေချင်းမီဒီယာတွေဟာ သတင်းလွတ်လပ်ခွင့် အတိုင်းအတာတစ်ခုအထိ ရရှိခဲ့ပြီး ချင်းမီဒီယာတွေရဲ့ ဦးဆောင်မှုနဲ့ အစိုးရအဖွဲ့ဝင်တွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ ပါဝင်တဲ့ Talkshow စကားဝိုင်းတွေကို အလျင်သင့်သလို ပူးပေါင်းလုပ်ဆောင်ကာ အချင်းချင်းကြား ယုံကြည်မှုတွေ ရှိနေခဲ့ပါတယ်။

ချင်းမီဒီယာတွေဟာ ကိုယ်အခြေစိုက်ရာဒေသအသီးသီးမှာ ရုံးခန်းတွေဖွင့်ပြီး နေ့စဉ်သတင်းစာ၊ အပတ်စဉ်နဲ့ လစဉ် ဂျာနယ် စာစောင်တွေ ထုတ်ဝေရင်း သတင်းဝန်ဆောင်မှုကို လည်ပတ်နိုင်ခဲ့ပါတယ်။ အွန်လိုင်း၊ ရေဒီယို ပေါ်ကနေလည်း နေ့စဉ်သတင်း၊ ရုပ်သံတွေကို ဒေသချင်းဘာသာစကားအစုံနဲ့ လွတ်လပ်စွာ ထုတ်လွှင့် နိုင်ခဲ့ပါတယ်။

ချင်းမီဒီယာအသိုင်းအဝိုင်းနဲ့ ဒေသခံ CJ သတင်းသမားတွေအတွက် စွမ်းဆောင်ရည်သင်တန်းနဲ့ သတင်းမီဒီယာသင်တန်းတွေကို ချင်းတောင်မှာ လွတ်လွတ်လပ်လပ် သင်တန်းပေးနိုင်ခဲ့ပါတယ်။

အာဏာမသိမ်းမီက ချင်းမီဒီယာကွန်ယက်အဖွဲ့ဝင် ၁၆ ဖွဲ့ခန့် ရှိပြီး အဆိုပါအဖွဲ့တွေဟာ ပြန်ကြားရေးဝန်ကြီးဌာနကနေ တရားဝင် မှတ်ပုံတင် လိုင်စင်ရထားပါတယ်။ ချင်းမီဒီယာကွန်ယက်အဖွဲ့ဝင် မဖြစ်သေးတဲ့ ဌာနတွေနဲ့ပါ ပေါင်းရင် ချင်းသတင်းဌာန ၂၀ ဝန်း ကျင်ရှိခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ချင်းသတင်းဌာနတွေရဲ့ ထက်ဝက်ခန့်ဟာ သတင်းလုပ်ငန်း ရပ်နားသွားပါတယ်။

သတင်းသမားတွေရဲ့ အသက်အန္တရာယ် လုံခြုံရေးသာမက ဒီဂျစ်တယ်စောင့်ကြည့်ခံရမှုကြောင့် ဒေသခံတွေနဲ့ သတင်းရင်းမြစ် တွေကပါ သတင်းပေးဖို့ တွန့်ဆုတ်၊ ကြောက်ရွံ့လာပါတယ်။

နိုင်ငံတဝန်းက တခြားသတင်းဌာနတွေကဲ့သို့ ချင်းတောင်က ချင်းသတင်းဌာနတွေဟာလည်း အာဏာ သိမ်းမှုနဲ့အတူ စစ်တပ်ရဲ့ မတရားစောင့်ကြည့်၊ ဖမ်းဆီး၊ ထောင်ချမှုတွေကြောင့် ပြည်ပနဲ့ လွတ်မြောက်နယ်မြေတွေကို တိမ်းရှောင်ပြီး အခက်အခဲစိန်ခေါ်မှု မျိုးစုံနဲ့ သတင်းလုပ်ငန်းတွေ ပြောင်းရွှေ့လုပ်ကိုင်ရပါတယ်။

ချင်းသတင်းမီဒီယာအသိုင်းအဝိုင်းက လူသားအရင်းအမြစ်တချို့ပါ ဆုံးရှုံးမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ချင်းသတင်းဌာနတစ်ခုက တာဝန်ခံအယ်ဒီတာတစ်ဦးက ပြောပါတယ်။

“ချင်းသတင်းဌာတွေလည်း ပြည်တွင်းမှာ ဆက်ပြီး၊ လုံခြုံရေးအရ နေလို့မရတော့ဘူး၊၊ တချို့ သတင်း လုပ်ငန်းကို ရပ်တန့်လိုက် ရတယ်၊ အများစုက ပြည်ပ/နယ်စပ်ဘက်ကို ထွက်ပြေးတိမ်းရှောင်ကြရတယ်၊ တချို့ ချင်းတော်လှန်ရေးထဲ ဝင်ရောက်ကြ တယ်ပေါ့လေ။ သတင်းမီဒီယာလုပ်ငန်းကို ဘယ်သူကမှ ကောင်းကောင်းမွန်မွန် မလုပ်နိုင်ကြတော့ဘူး” လို့ သူကပြောပါတယ်။

ချင်းသတင်းသမားတွေထဲမှာ Khonumthung သတင်းဌာက သတင်းထောက်တစ်ဦးဟာ စစ်ကော်မရှင်ရဲ့ ဖမ်းဆီးခံထားရပြီး လက်ရှိကလေးအကျဉ်းထောင်မှာ အကျဉ်းကျခံနေရပါတယ်။ အာဏာသိမ်းပြီး တစ်နှစ်ခန့်အကြာ ၂၀၂၂ ဇန်နဝါရီလ ၈ ရက်က လည်း မတူပီမြို့နယ်ထဲမှာ Khonumthung အယ်ဒီတာချုပ်ဟောင်း ချင်းဝါရင့်သတင်းသမား ပူးသွီဒင်းဟာ စစ်တပ်ရဲ့ ဖမ်းဆီး၊ သတ်ဖြတ်ခြင်း ခံခဲ့ရပါတယ်။

⏹️သတင်းတု၊ သတင်းမှားတွေနဲ့ တူမီးတော်လှန်ရေး

ချင်းမျိုးနွယ်စု အများအပြား ရှိတဲ့ ချင်းတောင်ပေါ်မှာ ကိုယ့်မျိုးနွယ်စု ဘာသာစကားနဲ့ တင်ဆက်တဲ့ သတင်းဌာနတွေရဲ့ ထက် ဝက်ခန့်ဟာ အာဏာသိမ်းပြီးနောက်ပိုင်းမှာ မီဒီယာလုပ်ငန်းကို ဆက်လည်ပတ်ဖို့ ခက်ခဲ့ပြီး ရပ်ဆိုင်းသွားကြပါတယ်။

တဖက်မှာ ပြည်ပရောက် ချင်းလူမျိုးတွေက အာဏာသိမ်းအပြီး တူမီးတော်လှန်ရေးနဲ့အတူ ဆိုရှယ်မီဒီယာမှာ ချင်းသတင်းဌာန စာမျက်နှာတွေ တစ်ခုပြီး တစ်ခုထူထောင်မှုတွေ ရှိလာပါတယ်။ အရေအတွက် အတိအကျ မသိနိုင်ပါဘူး။

သတင်းမီဒီယာအမည်ခံထားတဲ့ ပေစ့်အတုတွေလည်း အများအပြား ပေါ်ထွက်လာပြီး Monetization (ဝင်ငွေရှာဖွေမှု)ကို အခြေ ခံတဲ့ Clickbait (လူစိတ်ဝင်စားတဲ့ ခေါင်းစဉ်အတု) တွေနဲ့ သတင်းတု၊ သတင်းမှားတွေကို ချင်းအသိုင်းအဝိုင်းရဲ့ ဆိုရှယ်မီဒီယာမှာ ပိုတွေ့မြင်လာရတယ်လို့ ချင်းဝေါလ်သတင်းဌာနက အယ်ဒီတာဖြစ်သူ Salai Hung Tun Gei က ပြောပါတယ်။

တူမီးတော်လှန်ရေးရဲ့ ၃ နှစ်နီးပါးအကြာ ချင်းတော်လှန်ရေးအင်အားစုတွေကြား ချင်းလဲန်းကောင်စီနဲ့ ချင်းညီနောင်အဖြစ် အပြန် အလှန်ပစ်ခတ်မှုတွေအထိ အကွဲအပြဲဖြစ်သွားပြီးနောက် သက်ဆိုင်ရာအဖွဲ့က လော်ဘီတွေဟာ မီဒီယာအမည်ခံတဲ့ သတင်းပေစ့်တွေ ပိုမိုတည်ထောင်လာမှုကို တွေ့လာရတယ်လို့ ချင်းမီဒီယာအသိုင်းအဝန်းက ပြောပါတယ်။

ဆိုရှယ်မီဒီယာခေတ်မှာ ဆိုရှယ်မီဒီယာပေါ်က တချို့ချင်းသတင်းမီဒီယာတွေဟာ သတင်းစာပညာနဲ့ သတင်းမီဒီယာကျင့်ဝတ် တွေကို မသိနားမလည်သလို၊ လေ့လာမှုလည်း မရှိဘဲ လော်ဘီသတင်းစာမျက်နှာအဖြစ် တင်ဆက်မှုတွေ ဖြစ်ပွားလာတယ်လို့ ချင်းသတင်းဌာန အယ်ဒီတာတွေက ပြောပါတယ်။

“သူတို့ page တွေ လူတွေ စိတ်ဝင်စားအောင် Like & Follower များများရဖို့အတွက် မဟုတ်မမှန်သတင်းတွေ၊ အတင်းအဖျင်း တွေ၊ သတင်းမှားတွေကို ဖြန့်ကြတာ တွေ့ရပါတယ်။ ဒါကြောင့် ချင်းတော်လှန်ရေးမှာရော ချင်းလူ ထုကြားမှာပါ အမုန်းစကား တွေပိုများလာပါတယ်။ ဒါက ချင်းတော်လှန်ရေးအတွက် အနှောက်အယှက်တွေ ဖြစ်စေသလို လူထုကိုလည်း သတင်းမှန်ပေးတဲ့ နေရာမှာ အခက်အခဲအများကြီး ကြုံရပါတယ်” လို့ ချင်းသတင်းဌာနရဲ့ တာဝန်ခံ အယ်ဒီတာတစ်ဦးက ပြောပါ တယ်။

ဆိုရှယ်မီဒီယာပေါ်မှာ သတင်းဌာနအမည်ခံ ပေစ့်တွေနဲ့ လော်ဘီပေစ့်တွေဟာ သတင်းတု၊ သတင်းမှားတွေ၊ အမုန်းစကားတွေကို နိုင်ငံရေးလက်နက်သဖွယ် အသုံးပြုလာမှုက ချင်းလူ့အဖွဲ့အစည်းနဲ့ ချင်းတော်လှန်ရေးအဖွဲ့အစည်းတွေအတွင်း ယုံကြည်မှုကို ပိုပျက်စီးစေပြီး မီဒီယာ စစ်စစ်တွေရဲ့ ကဏ္ဍကို မှေးမှိန်စေတယ်လို့ ချင်းမီဒီယာနဲ့ အရပ်ဖက်အဖွဲ့ အစည်းအသိုင်းအဝိုင်းက ပြောပါတယ်။

ချင်းသတင်းဌာနတွေဟာ သတင်းမှား၊ သတင်းတုတွေ လျော့ချဖို့ အမုန်းစကားတွေ လျော့ချဖို့ လုပ်ဆောင်နေတာတွေ ရှိပါတယ်။ Factchecking တွေ၊ သတင်းမီဒီယာပညာပေးလုပ်ငန်းတွေ လုပ်ပြီး သတင်းအမှားတွေ ဖော်ထုတ်တာမျိုး ရှိခဲ့ပေမယ့် ရေရှည် လုပ်နိုင်ဖို့က ငွေကြေးနဲ့ လူသားအရင်းအမြစ် လိုအပ်နေတယ်လို့ သိရပါတယ်။

“အမုန်းတရားပြန့်ပွားမှုက တကယ်က မြေပြင်မှာ ရှိနေတဲ့ လူတွေရဲ့ သိမှုနဲ့ မြေပြင်နဲ့ အလှမ်းကွာပြီးတော့ ဥပမာ - ချင်းတောင်နဲ့ ကလေးမြို့နဲ့လောက်တောင်မှ ကွာသွားပြီးဆိုရင် သတင်းအချက်အလက် မရတော့ရင် ဟိုမှာ ဘာဖြစ်နေလဲဆိုတာ မသိတော့ဘူး။ တော်လှန်ရေးတပ်ဖွဲ့တွေ ကြားထဲမှာလည်း ဘယ်လိုဖြစ်နေသလဲဆိုတာလည်း မသိဘူး။ သို့သော် တဖက်မှာက ပြည်ပရောက် နေတဲ့ အုပ်စုတွေက သူတို့ ကြားတဲ့ စကားတစ်ခွန်၊ သူတို့ ထင်မြင်တဲ့ စကားတစ်ခွန်နဲ့ ပြန်ပြီးတော့ အမုန်းပွားတဲ့ ကိစ္စတွေ အရမ်းကြီးဖြစ်လာတယ်။ အမုန်းတရားဖြန့်ဝေတာတွေ ဖြစ်လာတယ်။ ဒါတွေက ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူတွေက သူ့ဒေသမှာ ရှိတဲ့ အဖွဲ့အစည်းတွေနဲ့ အဆင်ပြေနေတဲ့တိုင်အောင် တဖက်မှာက ဒီလိုမဟုတ်ပါဘူးဆိုပြီး ဒီဝါဒဖြန့်နေတဲ့ အုပ်စုတွေဘက်ကို ရောက်သွားတယ်”ဟု Chin Civil Movement အဖွဲ့က ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ချင်းမီဒီယာတွေအနေနဲ့ တကယ်မြေပြင် သတင်းအမှန်တွေနဲ့ ပြည်ပရောက်နေတဲ့ နိုင်ငံရေး Scammer တွေအပါအဝင် သတင်းတု၊ သတင်းမှားတွေကို ဖော်ထုတ်တင်ပြမှုတွေ ပိုလုပ်သင့်တယ်လို့ ဆိုပါတယ်။

တဖက်မှာလည်း အရေးပေါ်သတင်း (စစ်ရေး၊ လေကြောင်းတိုက်ခိုက်မှု၊ ရွေ့ပြောင်းရမယ့်သတင်း)၊ ကျန်းမာရေး၊ လူသားချင်း စာနာမှု အကူအညီသတင်း၊ နိုင်ငံရေး အခြေအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု သတင်းတွေကို စနစ်တကျ ဖျက်ဆီးခံနေရတဲ့ ချင်းပြည်တွေ သတင်းအချက်အလက် ပိုမိုလက်လှမ်းမီအောင် ချင်းသတင်းဌာနတွေ ပို့လုပ်သင့်တယ်လို့ ဆိုပါတယ်။

ချင်းပြည်နယ်မှာ ဒေသခံချင်းလူထုတွေ သတင်းအချက်အလက် လက်လှမ်းမီနိုင်ဖို့ Offline information networks ဖွဲ့စည်းပြီး လုပ်လို့ ရသလို ရပ်ကွက်/ကျေးရွာအဆင့် စတဲ့ သတင်းပို့စနစ် နဲ့ အရေးပေါ် သတင်း signal system ထားရှိခြင်းမျိုး လုပ်နိုင် တယ်လို့ အသံအဖွဲ့က မဇက်ပီက ပြောပါတယ်။

“အခြားနည်းပညာ အသုံးချတာ ဥပမာ Satellite phone / Starlink (ရနိုင်သမျှ)Radio (FM, shortwave)၊ USB, memory card နဲ့ သတင်းမျှဝေတာမျိုးတွေ။ သက်သေစုဆောင်းရေးလုပ်သင့်တယ်။ ဖြစ်စဉ်နေ့စွဲ၊ နေရာ၊ အချိန် မှတ်တမ်းတင်ပြီး အင်တာနက် ရတဲ့အချိန်မှာ ပြန်ပို့နိုင်အောင် သိမ်းထားတာမျိုး လုပ်နိုင်တယ်” လို့ မဇက်ပီက ပြောပါတယ်။

ဟားခါးမြို့ခံအမျိုးသားတစ်ဦးကတော့ အာဏာသိမ်းပြီး ၅ နှစ်ရှိလာချိန်မှာ လိုင်းနဲ့ အင်တာနက်ဖြတ်တောက်ခံရချိန်မှာ သတင်း အချက်အလက်တွေကို ပုံမှန် လက်လှမ်းမမီတော့ဘူးလို့ ပြောပါတယ်။

သတင်းအချက်အလက် သိလိုရင်လည်း ကိုယ်သိတဲ့ မိတ်ဆွေအချင်းချင်းသာ လိုက်မေးရပြီး ကိုယ့်ဘေးနားမှာ စစ်တပ်က လူတွေ ရှိ၊ မရှိကို မသိနိုင်တဲ့အတွက် အပြောအဆို ဆင်ခြင်ရပြီး လွတ်လပ်စွာ သိပိုင်ခွင့် ပျောက်ဆုံးသွားတယ်လို့ ချင်းပြည်သူတချို့က ပြောပါတယ်။

“ဘာမှကို မသိရဘဲ ဟို အရင်ခေတ် ကျမတို့ ငယ်ငယ်တုန်းက ဘဝ ပြန်ရောက်သွားသလို ခံစားရတယ်။ ဘုမသိ ဘမသိပေါ့” လို့ ဒေသခံချင်းအမျိုးသမီးတစ်ဦးက ပြောပါတယ်။

Website Link>>>https://tinyurl.com/yk8udmud

Website>>>https://khonumthung.org/
Telegram>>>https://t.me/khonumthungmediagroup
Youtube>>>https://www.youtube.com//videos

https://chinworld.org/2026/02/interview-with-chro/
01/03/2026

https://chinworld.org/2026/02/interview-with-chro/

"The Military Commission must immediately cease using the ASEAN principle of 'non-interference' as a shield to conceal their crimes. No one is above the law, and when the time comes, no policy can hide or excuse them from the accountability they must face for their actions." An exclusive interview w...

https://chinworld.org/2026/02/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%9b%e1%80%be...
01/03/2026

https://chinworld.org/2026/02/%e1%80%85%e1%80%85%e1%80%ba%e1%80%80%e1%80%b1%e1%80%ac%e1%80%ba%e1%80%99%e1%80%9b%e1%80%be%e1%80%84%e1%80%ba%e1%80%a1%e1%80%94%e1%80%b1%e1%80%94%e1%80%b2%e1%80%b7-%e1%80%9e%e1%80%b0%e1%80%90/

"စစ်ကော်မရှင်အနေနဲ့ သူတို့ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့အတွက် 'ပြည်တွင်းရေးဝင်မစွက်ဖက်ရ' ဆို....

27/09/2025

"အမုန်းစကားကြောင့် စည်းလုံးမှုအတားအဆီးများ"
ဆွေးနွေးမည့်သူများ -
(1) Sayama Ghung Yaung - Politician
(2) Salai Mang Hre Lian - Program Manager ( Chin Human Right Organization)
(3) Saya Toe Zaw Lat

13/09/2025

"အမုန်းစကားကြောင့် စည်းလုံးညီညွတ်မှု အတားအဆီးများ"
Guest Speakers:
(1) Tin Zar Aung (Founder of Myanmar Women in Media (MWiM)
(2) Salai Mang Om (Member of Leading Committee, Chinland Council)

ငြိမ်းချမ်းရေး ကာတွန်း/ပိုစတာဒီဇိုင်း/ပန်းချီပြိုင်ပွဲ •••••••••••••••••••••••••••••••••••••••ပြိုင်ပွဲခေါင်းစဉ် - ချင်း...
12/08/2025

ငြိမ်းချမ်းရေး ကာတွန်း/ပိုစတာဒီဇိုင်း/ပန်းချီပြိုင်ပွဲ
•••••••••••••••••••••••••••••••••••••••
ပြိုင်ပွဲခေါင်းစဉ် - ချင်းငြိမ်းချမ်းရေး
ပြိုင်ပွဲအခြေခံစည်းကမ်းများ
••••••••••••••••••••••••••
၁။ အသက်၊ နယ်ပယ် ၊ ကျား/မ ကန့်သတ်
ချက်မရှိပါ။
၂။ တစ်ဦးချင်း (သို့မဟုတ်) အဖွဲ့လိုက် ဝင်ရောက်
ယှဉ်ပြိုင် နိုင်ပါသည်။
ပြိုင်ပွဲအချိန်ဇယား နှင့် ပေးပို့ရန်လိပ်စာ
•••••••••••••••••••••••••••••••••••
၁။ နောက်ဆုံးထားလက်ခံမည့် ရက်စွဲ
September 12 2025(Dead line date)
ပြိုင်ပွဲ ရလဒ်ကြေညာချိန် October 12 2025
၂။ အွန်လိုင်း မက်ဆင်ဂျာ Voices in peace page messenger Voices In Peace (သို့) [email protected] သို့ပေးပို့ရန်
၃။ မည်သည့် Artworks အမျိုးစားမဆို Online
Platform ဖြင့်ကိုက်ညီမည့် File အမျိုးအစား Resolution ကောင်းရန်လိုအပ်ပါသည်။
၄။ ပါဝင်သူ ကလောင်အမည်နှင့် အနုပညာလက်ရာ
ပုံ၏ (ခေါင်းစဉ်)Title ပါဝင်ရမည်။
ဆုကြေးနှင့် ဆုရရှိမှုသတ်မှတ်ချက်
••••••••••••••••••••••••••••••••
ဆုအမျိုးအစား (၆) ခု ……
၁။ ပထမဆု - ၄၀၀၀၀၀ ကျပ်
ဒုတိယဆု - ၃၀၀၀၀၀ ကျပ်
တတိယဆု - ၂၀၀၀၀၀ ကျပ်
မူရင်း page (Voices in Peace) တွင် (Share + Reaction) အများဆုံး (၃) ဆု
၁၀၀၀၀၀ ကျပ်စီ နှင့် ဂုဏ်ပြုအသိအမှတ်လက်မှတ်
၂။ ကလောင်ရှင်တစ်ဦးသည် မိမိလက်ရာ တစ်ခုမကပြိုင်ပွဲဝင်နိုင်သော်လဲ ဆုရရှိပါကလက်ရာတစ်ခုသာ
ဆုအဖြစ်သတ်မှတ်ပေးသွားပါမည်။
အနုပညာ ဖန်တီးမှု စည်းကမ်းချက်များ
••••••••••••••••••••••••••••••••••••
၁။ ငြိမ်းချမ်းရေး၊ လူမှုစည်းလုံးညီညွတ်မှု၊ ပဋိပက္ခတားဆီးရေး စသည့် ပင်မအကြောင်းအရာအား
ဦးတည်၍ ထိမိသော ဖန်တီးပုံဖော်မှုဖြစ်ရမည်။
၂။ ငြိမ်းချမ်းရေးနှင့် သွေဖယ်လမ်းလွဲသော မတော်တဆန်၊ မုန်းတီးမှုဖြစ်စေသောအကြောင်းအရာများ ပယ်ဖျက်ခံရမည်။
၃။ ဆုရ လက်ရာအနုပညာအား ပြိုင်ပွဲကျင်းပသူများ
က ပြည်သူ့အကျိုးအတွက် အသုံးပြုခွင့်ရှိသည်။
၄။ ပါဝင်သူများသည် မိမိတို့၏ မူရင်းလက်ရာများကိုသာ တင်သွင်းရမည်။ Copy rights ဆိုင်ရာ တစ်စုံတ
ရာကိစ္စရပ်များဖြစ်ပေါ်လာပါက ကာယကံရှင်နှင့်သာ
သက်ဆိုင်ပါမည်။
၅။ ဆုရွှေးချယ်ရေးဆိုင်ရာ တစ်စုံတစ်ရာအကြောင်း
အရာကိစ္စရပ်များ ဖြစ်ပေါ်လာပါက ပြိုင်ပွဲကြီးမှုးကျင်ပရေး ကော်ပမတီ၏ ဆုံးဖြတ်ချက်သာဖြစ်မည်။
ပြိုင်ပွဲကျင်းရခြင်း၏ ရည်ရွယ်ချက်များ
+++++++++++++++++++++
၁။ ချင်းငြိမ်းချမ်းရေးအား စကားလုံးများဖြင့် မပြောပြတတ်သူများ/ အခွင့်မရကြသူများအတွက် ပုံများအရုပ်များဖြင့် ဖော်ပြနိုင်ကြစေရန်။
၂။ ပြည်သူများ၏ ငြိမ်းချမ်းရေးလိုလားမှုအား အနုပညာ လက်ရာများမှ တဆင့် သက်ဆိုင်ရာ ပုဂ္ဂိုလ်များထံ ကြားသိစေရန်။
၃။ ပိုုထိရောက်သော သတင်းစကား
Massage ပြန့်ပွါး စေရန်
VIP (Voices in peace)
အနုပညာပြိုင်ပွဲကျင်းပရေး
ကော်မတီ (၂၀၂၅)
>> မကြာမီ ငြိမ်းချမ်းရေးကဗျာဖိတ်ခေါ် ပြိုင်ပွဲအတွက်လည်း ထပ်မံ ကြော်ငြာ သွားမည်ဖြစ်သည်

ဟားခါးမြို့မှာ လူငယ် ၄၀ ၀န်းကျင် ဖမ်းဆီးခံရပြီးနောက် ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်များ စိုးရိမ်
05/08/2025

ဟားခါးမြို့မှာ လူငယ် ၄၀ ၀န်းကျင် ဖမ်းဆီးခံရပြီးနောက် ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်များ စိုးရိမ်

ဟားခါးမြို့မှာ လူငယ် ၄၀ ၀န်းကျင် ဖမ်းဆီးခံရပြီးနောက် ပြန်မလွတ်လာသေးတဲ့အတွက် မိသားစုဝင်များ စိုးရိမ်

ဩဂုတ်လ ၅ ရက်။

ဟားခါးမြို့ပေါ်က လူငယ် ၄၀ ၀န်းကျင် ဩဂုတ်လ (၃) ရက်နေ့ တနင်္ဂနွေနေ့၊ နေ့လည်ပိုင်းက စစ်ကောင်စီတပ်များရဲ့ အဖမ်းခံရပြီးနောက် ညပိုင်းမှာ မြို့တွင်း‌ ပစ်ခတ်မှု၊ လက်နက်ကြီးပေါက်ကွဲမှုများဖြစ်ပွားမှုကြောင့် ဖမ်းဆီးခံလူငယ်များ လက်ရှိအချိန်အထိ ပြန်လည်မလွတ်မြောက်သေးတာကို ဒေသခံမိဘပြည်သူများအနေနဲ့ စိုးရိမ်လျက်ရှိတယ်လို့ ‌ဟားခါးဒေသခံများကပြောပါတယ်။

ဟားခါးဒေသခံတစ်ဦးက “ တနင်္ဂနွေနေ့မနက်ပိုင်းမှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဆောက်လုပ်ရေးဌာနရဲ့ပြည်နယ်မှုးကိုဖမ်းတယ်လို့သိရတယ်။ မနက်ပိုင်း ဘုန်းကြီးကျောင်းအသွားမှာ အဖမ်းခံရတယ်လို့သိရတယ်။ အဲဒါနဲ့ နေ့လည်ပိုင်းမှာ လူငယ်တွေကို ဟားခါး-ဂန့်‌ဂေါလမ်းမှာ စစ်တပ်တွေက ဆိုင်ကယ်နဲ့ ဖြတ်သွားသူတွေကို ဖမ်းတယ်။ အဲဒီလမ်းမပေါ်မှာရှိတဲ့ လဖက်ရည်ဆိုင်မှာ ထိုင်တဲ့လူငယ်တွေကိုလည်းဖမ်းတာပေါ့။ အစကတော့ ဌာနဆိုင်ရာလူကြီးအဖမ်းခံရတော့ ပြန်လွှတ်ပေးဖို့အတွက်နဲ့ လူငယ်တွေကို စစ်ဆေးဖို့ဖမ်းတာလို့ယူဆရတာပေါ့။ ဒါပေမယ့် ညပိုင်းမှာ တာ၀န်ကျကင်းလှည့်စစ်သားတွေကို မြို့တွင်းမှာ ပစ်ခတ်မှုဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုအထိ ဖြစ်လာတော့ ဖမ်းထားတဲ့လူငယ်တွေအားလုံးကို ပြန်လွှတ်ပေးဖို့ကပိုပြီးအခက် တွေ့တာမျိုးဖြစ်မလားဆိုတာ စဥ်းစားစရာဖြစ်လာတယ်” လို့ပြောပါတယ်။

လူငယ်တွေအဖမ်းခံရချိန်ဟာ တနင်္ဂနွေနေ့ဖြစ်ပြီး ဘုရားကျောင်းဆင်းချိန်ဖြစ်တာကြောင့် ဆိုင်ကယ်နဲ့သွားလာတာ၊ နေ့လည်လဖက်ရည်ဆိုင်ထိုင်တာတွေနဲ့မြို့တွင်းမှာ လူစည်ကားချိန်ဖြစ်ပါတယ်။

ဟားခါး‌ဒေသခံလူငယ်တစ်ဦးက “အဓိကတော့ အရင်က ဟားခါး - ဂန့်‌ဂေါလမ်းမှာ မော်တော်ပီကေ တွေ Surprise Check လုပ်လေ့ရှိတဲ့နေရာမှာစောင့်ပြီးဖမ်းတာပေါ့။ အဲဒီနေရာရဲ့အထက်မှာ ဘုန်းကြီးကျောင်းရှိတယ်။ လမ်းဘေးမှာတင် လဖက်ရည်ဆိုင်လည်းရှိတယ်။ ဆိုင်ကယ်နဲ့ ဂန့်ဂေါလမ်းရပ်ကွက်ဖက်သွားတာ၊ ဟားခါးရှုခင်းသာဖက်နဲ့မြို့ပြင် ဖက်ကိုသွားတာမျိုး သွားချင်ရင်အဲဒီလမ်းမကြီးတစ်ခုပဲရှိတယ်။ လူငယ်တွေဆိုရင် တနင်္ဂနွေနေ့ဘုရားကျောင်းဆင်းပြီဆိုရင် အဲဖက်သွားပြီးလည်ပတ်တာလည်းများတာပေါ့။ အဲဒီကနေ စောင့်ဖမ်းရင် နာရီတစ်ချက်နှစ်ချက်အတွင်း လူဆယ်ကဏန်းကတော့ ခဏပဲ” လို့ပြောပါတယ်။


ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က “ဖမ်းဆီးမှုများဟာ စစ်တပ်က ဒေသတွင်းစားသောက်ဆိုင်တစ်ခုကို ဝင်ရောက်စီးနင်းပြီးနောက် ဖြစ်ပွားခဲ့တာပါ။ အဲဒီတုန်းက ဆိုင်ဝန်ထမ်းတွေနဲ့ ဖောက်သည်တွေကိုပါ ကနဦး ဖမ်းဆီးခဲ့ပါတယ်။ ဒီစစ်ဆင်ရေးဟာ လူအများစုဝေးရာနေရာတွေနဲ့ ဘာသာရေးဆိုင်ရာလှုပ်ရှားမှုတွေကို ပစ်မှတ်ထားပုံရပြီး ဘာသာရေးလွတ်လပ်ခွင့်ကို ဆက်လက်ချိုးဖောက်နေသလို အရပ်သားတွေကို ပိုမိုပစ်မှတ်ထားလာတာနဲ့ပတ်သက်ပြီး စိုးရိမ်စရာတွေကို မြင့်တက်စေခဲ့ပါတယ်” လို့မနေ့ဩဂုတ်လ ၄ ရက်က သတင်းထုတ်ပြန်ထားပါတယ်။

လူငယ်များအဖမ်းခံရပြီးနောက် အဆိုပါညမှာပင် မြို့တွင်း ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့တဲ့အပြင် လက်နက်ကြီးပစ်ခတ်မှုပါဖြစ်ပွားတာကြောင့် အသင်းတော် ပါစတာတစ်ဦး၊ ကလေးအပါအ၀င် အရပ်သားလေးဦး ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်။

Website Link

https://chinworld.org/2025/08/%e1%80%9f%e1%80%ac%e1%80%b8%e1%80%81%e1%80%ab%e1%80%b8%e1%80%99%e1%80%bc%e1%80%ad%e1%80%af%e1%80%b7%e1%80%99%e1%80%be%e1%80%ac-%e1%80%9c%e1%80%b0%e1%80%84%e1%80%9a%e1%80%ba-%e1%81%84%e1%81%80/

Telegram Link

https://t.me/realchinworldmedia/7827

Address

No. 201, 2nd Floor, Boyoke Road
Pyidawtha

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959782115835

Alerts

Be the first to know and let us send you an email when Chin Media Network posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chin Media Network:

Share