02/08/2025
စစ်ကောင်စီအသစ်ဖွဲ့လိုက်တဲ့ ပြည်နယ်အစိုးရ အဖွဲ့မှာ ပလက်ဝမှ ဝန်ကြီးတစ်ဦး ဆက်လက်ပါဝင်ပြီး တစ်ဦး ပါဝင်လာခြင်းမရှိ
စစ်ကောင်စီအသစ်ဖွဲ့လိုက်တဲ့ ပြည်နယ်အစိုးရ အဖွဲ့မှာ ပလက်ဝမှ ဝန်ကြီးတစ်ဦး ဆက်လက်ပါဝင်ပြီး တစ်ဦး ပါဝင်လာခြင်းမရှိ
=========
သြဂုတ် ၁ ရက်၊ ၂၀၂၅။
Zalen
စစ်ကောင်စီရဲ့ အသစ်ပြန်လည်ဖွဲ့စည်းလိုက်တဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ထဲမှာ ပလက်ဝမြို့ နယ်က ဝန်ကြီးတစ်ဦး ဆက်လက်ပါဝင်ခွင့်ရပြီး တစ်ဦးဟာ ပါဝင်လာတာ မတွေ့ရပါဘူး။
စစ်ကောင်စီက မနေ့ ဇူလိုင်လ ၃၁ ရက်က အ ရေးပေါ်ကာလကို ဖျက်သိမ်းလိုက်ပြီး နိုင်ငံ တော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော် မရှင် အဖွဲ့သစ်ကို ဖွဲ့စည်းခဲ့ပါတယ်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ရဲ့ အသစ်ပြန်လည် ဖွဲ့စည်းလိုက်တဲ့ ချင်းပြည်နယ် အစိုးရအဖွဲ့ထဲမှာ ဝန်ကြီးတချို့ ပြောင်းလဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး စစ်ကောင်စီရဲ့ ချင်း ပြည်နယ်အစိုးရဖွဲ့မှာ ပါဝင်တဲ့ ဦးစိန်ထွန်းလှဟာ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် ထပ်မံ ပါ ဝင်ခွင့်လာတာတွေ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာမသိမ်းမီက ချင်းပြည် နယ်မှာ ချင်းတိုင်းရင်းသားအများစုနေထိုင်တဲ့ပြည်နယ်ဖြစ်တဲ့အတွက် တိုင်းရင်းသားရေးရာဝန်ကြီးဟူ၍ သီးသန့်ထားရှိရန် မလိုအပ်ခဲ့ပါ။
သို့သော် စစ်တပ်က အာဏာသိမ်းပြီး ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်အစိုးရအဖွဲ့မှာ တိုင်းရင်းသားရေးရာဝန်ကြီးဆိုတာကို စတင်ထည့်သွင်းလာတာ ဖြစ်ပါတယ်။
ဦးစိန်ထွန်းလှဟာ ရခိုင်ပြည်နယ် ပညာရေး ဒုညွန်ကြားရေးမှူး အငြိမ်းစားဖြစ်သလို သူဟာ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ရွာမရပ်ကွက်ဇာတိဖြစ်ပြီး ရခိုင်လူမျိုးဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ အရင်က ချင်းပြည်နယ် သယံဇာ တဝန်ကြီးဖြစ်တဲ့ ဦးကျော်ငြိမ်းဟာ လက်ရှိ အ သစ်ဖွဲ့စည်းလိုက်တဲ့ ပြည်နယ်အစိုးရအဖွဲ့မှာ ပါဝင်လာတာမတွေ့ရပါဘူး။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး ချင်းပြည် နယ်အစိုးရအဖွဲ့မှာ ပလက်ဝမြို့နယ်က ဦးကျော်ငြိမ်းနဲ့ ဦးစိန်ထွန်းလှတို့ဟာ ဝန်ကြီးတွေဖြစ်လာကြတာပါ။
သတင်း - ခူမီး
#စစ်ကောင်စီ #ချင်းပြည်နယ် #အစိုးရ