Sayar UTS

Sayar UTS Offshore Oil & Gas

Adverb typesက ၉ မျိုးမဟုတ်ဘူးဗျ၁၈ မျိုးရှိတယ်Adverb, Adverbial phrase နဲ့ Adverbial clause ဆိုပြီး Type တခုချင်းစီမှာ ခွ...
17/12/2024

Adverb typesက ၉ မျိုးမဟုတ်ဘူးဗျ
၁၈ မျိုးရှိတယ်
Adverb, Adverbial phrase နဲ့ Adverbial clause ဆိုပြီး Type တခုချင်းစီမှာ ခွဲ ရေး နိုင်သေးတယ်
Manner
Place
Time
Frequency
Degree
Special
Interrogative
Relative
Adverbial Noun
Focusing
Purpose
Reason
Result
Contrast
Comparison
Condition
View point or Disjunct
Conjunctive or Conjuncts

23/10/2024

⚛ others, the other, the others ➡➡➡ pronouns

others ဆိုတာက အခြားလူ၊ တိရစ္ဆာန်၊ အရာဝတ္ထု တွေ ကို ယေဘူယျ (Generally) ပြောရာမှာသုံးတဲ့ pronoun ဖြစ်သည်

She never thinks about others.
He lost the job along with hundreds of others.

other တလုံးတည်း ကို pronoun အ​ဖြစ် မသုံးပါ

the other ကို ပြောသူ နာသူ သိပြီးသား အရာ ကို pronoun အနေနဲ့ ပြောရာမှာသာ သုံးတယ်

A: Here is the plier.
B: It is no good. Where is the other?

the others ဆိုတာ က တော့ the other ရဲ့ အများကိန်းပေါ့

What about the others? You should consider about them as well.

⚛ each other, any other, one another ➡➡➡ pronouns

They looked at each other.
The fellows blamed each other.

This method is preferable to any other.
The park, more than any other, showcases many wonderful flower plants.

We helped one another.
The two men carefully tried to avoid one another.
As brothers, they mirror one another in face.
The buses left one after another.

23/10/2024

⚛ other ➡➡➡ determiner

Uncount နဲ့ plural noun တွေ ရှေ့မှာ သုံးတယ်

other information, other books, other houses, any other places, some other countries

Singular noun တွေ ရှေ့မှာ သုံးရင် တော့ နောက်ထပ် determiner တခု မဖြစ်မနေ ထည့်ရတယ်

my other car, the other tree, his other dog, no other student, one other thing, another cup

⚛ another ➡➡➡determiner

Singular noun နှင့်သာသုံးနိုင်သည်

another= an + other
an+other car= another car
an+ other park= another park

another park ဆိုရင်တခြားပန်းခြံတခု (ဘယ်ဟာဖြစ်ဖြစ်)

the other park ဆိုရင် တခြား ပန်းခြံ တခု ဘဲ ( ပြောသူ နာသူ သိပြီးသားတခု)

အောက်ပါအတိုင်း မသုံးရပါ
other dog, other car, other tree ✖

⚛ another (additional) နောက်ထပ် ➡➡➡determiner

I am thinking about staying another two weeks. (=two more weeks)
We need another three chairs.​
(=three more chairs)

But အရေအတွက် အတိအကျ မပြောနိုင်ရင် some more ကိုသုံးပါ

Would you like some more coffee?
I need some more nails.

23/10/2024
22/10/2024

🏵 ပိုပြီး ကြိုက်တယ်၊ ပိုပြီး လိုချင်တယ်/ စားချင်တယ်/ သောက်ချင်တယ်/ ကြည့်ချင်တယ် စသဖြင့်ဦးစားပေး မှု ကို ပြောချင်ရင် would rather နဲ့ prefer/ would prefer ကို သုံးပါတယ်

🥇 Would rather🥇

🏵 Spoken english မှာ အသုံးများတယ်

Specific preference အခြေအနေမှာ ပို သုံးတယ်

Modal verb တွေ လိုဘဲ နောက်က infinitive လိုက်ရတယ်

I would rather go by taxi.
I'd rather stay home.

🏵 Noun 2 ခု ​မှာ ဘယ်ဟာ ကို ပို ဦးစားပေးချင်တယ်ဆိုတာ ပြချင်ရင် အလယ်မှာ than ကိုသုံး

I'd rather have wine than beer.
She'd rather teach adult students than young learners.

🏵 Verb 2 ခု မှာ လည်း than ကိုသုံး

He would rather email the manager than call her.
I get tired so I 'd rather eat out than cook dinner tonight.

🏵 တယောက်ယောက်ကို လုပ်စေချင်/ မလုပ်စေချင်တာ ဆိုရင် နောက်က Subject + V2 နဲ့ ​​ရေးရတယ်
ဒါ​​ေပ မဲ့ Present အခြေအနေကိုဘဲ ဖော်ပြတာပါ

I'd rather you went now.
He'd rather I did not tell anybody.

🏵 Noun 2 ခု ၊ Verb 2 ခု နှိုင်းယှဥ်ရင် အပေါ်ကလိုဘဲ than ကို သုံးတယ်

She'd rather I bought a house than a car.
He'd rather she worked here than went oversea.

🏵 နောင်တရတယ်ဆိုရင်တော့ would rather နောက်မှာ (have + V3) ကိုသုံးပေါ့

I'd rather have applied for the job.
ငါအဲ့ဒီအလုပ်ကို လျှောက်ခဲ့ ရမှာ ကွာ (အခု အလုပ်က မစွံ)

She'd rather have not married him.
သူမ အဲ့ လူကို လက် မထပ် ခဲ့ ရရင် ကောင်းမှာ လို့ တွေးနေမိ

09/08/2024
06/08/2024

Long time no see! 😘😘

ဂရု တွေ မှာ ​ရေးရင် တော်တော်နဲ့ တင်မပေးဘူးဗျ၊

ပြီးတော့ စိတ်မပါ တာကြောင့်လည်း မရေးဖြစ်တာ 😒

လေ့လာကြည့်ပါအုန်း 🤔

🏵🏵🏵🏵🏵🏵🏵🏵🏵🏵

Both, either, neither အကြောင်း မှားတတ်တာလေး တွေဘဲ ကွက် ပြောထားတယ်

နှစ်ယောက်လုံး ဒီမှာ မရှိပါ

Both of them are not here. ✖

Neither of them are here.✔

သူမ က မွေးချင်းမောင်နှမ နှစ်ယောက် လုံးနဲ့ မတည့်ဘူး

She doesn't get on with both of her siblings.✖

She doesn't get on with either of her siblings.✔

ငါ ဆရာ နှစ်ယောက်လုံးကို မကြိုက်ဘူး

I don't like both teachers.✖

I don't like either teacher.✔

(အငြင်း ဝါကျ ဆိုရင် not either သို့မဟုတ် neither နဲ့ ရေးရပါမယ်)

ဒါပေမဲ့

နှစ်ခု စလုံး မယူဘူး၊ တခုဘဲ ယူမှာ

I will not take both of them, Mom. I will take only one.✔

Send a message to learn more

Work it (or) work things - လိမ္မာ ပါးနပ်စွာ ကြံစည် ဆောင်ရွက်သည်John, can you work it so we can take a free ride?John ရေ၊...
18/01/2024

Work it (or) work things - လိမ္မာ ပါးနပ်စွာ ကြံစည် ဆောင်ရွက်သည်

John, can you work it so we can take a free ride?
John ရေ၊ ကား အလကားစီးလို့ရအောင် ကြံပါအုန်းလားကွာ

Tom worked things so that we can go into the premises and watch the match for free.
Tom အကြံအဖန်လုပ်တတ်လို့ ကျနော်တို့ ဝင်းထဲ ဝင်ပြီး ပွဲ အလကား ကြည့်ခဲ့ ရတယ်

I worked it to get a half day off by bluffing the manager.
ငါ မန်နေဂျာကို ပုံပြောပြီးနေ့တဝက် ခွင့်ရအောင် ဖန်တီးခဲ့တယ်

🏵 Idioms ဆိုတာ က တော့ အများကြီး ရှိတာပေါ့ အကုန်လုံးအလွတ်ရဖို့ မှတ်မိဖို့ဆိုတာ မလွယ်ပါ၊ ဒီတော့ အသုံးများတာ၊ မိမိရဲ့ နေ့စဥ...
17/01/2024

🏵 Idioms ဆိုတာ က တော့ အများကြီး ရှိတာပေါ့
အကုန်လုံးအလွတ်ရဖို့ မှတ်မိဖို့ဆိုတာ မလွယ်ပါ၊ ဒီတော့ အသုံးများတာ၊ မိမိရဲ့ နေ့စဥ် ဘဝမှာ အသုံးဝင်တဲ့ ဟာလေးတွေ မှတ်ထားနိုင်ဖို့ ဘဲ လိုအပ်တယ်

🏵 တခုခု ကို ပိုင်ပိုင်နိုင်နိုင် မလုပ်နိုင်တာ မမှီမကမ်း၊ ဖြစ်တာကို out of sb's depth လို့ သုံးတယ်

I was out of my depth in the job in the first three months and was really depressed.

အလုပ်မှာ ပထမဆုံး ၃ လလောက် က မလုပ်နိုင် မကိုင်နိုင်၊ မလုပ်တတ် မကိုင်တတ် ဖြစ်ခဲ့တယ်၊ အရမ်းစိတ်ဓာတ်ကျစရာပေါ့

ကမ်းခြေမှာ ရေကူးတဲ့အခါ အရပ်မမှီတဲ့ ရေနက်ထဲ မသွားဖို့ ဘယ်လို ​ပြောမလဲ

Don't go out of your depth, son. You can't swim very well.
အရပ်မမှီတဲ့ ရေနက်ထဲ မသွားနဲ့ သား၊ မင်းရေကောင်းကောင်းကူးတတ်တာ မဟုတ်ဘူး

🏵 အရမ်းအလုပ်များတာကို up to sb's ears/neck/eyes/ eyeballs in sth လို့ သုံးတယ်

I am up to my ears in homework.

She is up to her neck in housework.

He is up to his eyes in chores.

16/01/2024

Long time no see! 😇

အဝတ်အစားတွေ ကျပ်နေလို့ ပြန်ကျယ်အောင်လုပ်တာကို let out လို့ သုံးပါတယ်

I have gained weight a bit recently so my trousers need to be let out.

Mom is busy letting out some suits of my younger brother.

အဝတ်အစားတွေ ပြန်ကျဥ်း တာကျတော့ take in လို့ သုံးတယ်

This coat needs to be taken in a little bit at the elbow.

She went to a tailor and had her dress taken in to give it a more fitted look.

25/12/2023

🏵 နားလည် လွယ်အောင် လွယ်ကူတဲ့ ဝါကျတွေ နဲ့ ရေးထားပါတယ်

A: I like KFC fried chicken.
B: I like it, too.
(or) So do I. (Inversion)
(or) Me too.

A: He is tired.
B: I am, too.
(or) So am I. (Inversion)
(or) Me too.

A: Tom has read the book.
B: Dave has, too.
(or) So has Dave. (Inversion)

A: I don't like that movie.
B: I don't like it, either.
(or) Neither do I. (Inversion)
(or) Nor do I. (Inversion)
(or) Me neither.

A: I am not happy about it.
B: I am not, either.
(or) Neither am I. (Inversion)
(or) Nor am I. (Inversion)
(or) Me neither.

A: She has not finished.
B: He hasn't, either.
(or) Neither has he.
(or) Nor has he.

🏵 either ကို British English က အိုက်သား
US English က အီးသား

🏵 neither ကိုBritish English မှာ နိုက်သား
US မှာ နီးသား လို့ အနီးစပ်ဆုံးအသံတွေ ထွက်ပါတယ်

21/12/2023

🔷 ပညာဒါန

🏵 နိုင်ငံခြားကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်ခဲ့သော ဆရာ မှ
စမ်း/တောင် ရပ်ကွက်၊ စမ်းချောင်း မြို့နယ် တွင်

🏵 English ကို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်လိုသူများအတွက် English Grammar သင် ပေးပါမည်၊ နောက်ပိုင်းတွင် 4 skill သင်ပါမည်

🏵 ပညာအရည်အချင်း ၈ တန်း နှင့် အထက် ကျောင်းသား ကျောင်းသူများ နှင့် အခြားစိတ်ဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ပါသည်

🏵 သင်တန်းကြေး - Free
မှတ်စု စာအုပ် နှင့် ေဘာပင် သာ ယူခဲ့ပါ

🏵 မိဘအုပ်ထိန်းသူ ကိုယ်တိုင် လာရောက်အပ်နှံရမည်

🏵 သင်တန်းစည်းကမ်းများ ကို လိုက်နာ နိုင်ရမည်

🏵 တက်လိုသူများ CB သို့ ဆက်သွယ်ပါ

23/10/2023

❤ Second Conditional

🔶 If + V2 >>>>>> would + V1 🔶

🔷 V2 ဆိုတာနဲ့ simple past tense ကိုဘဲ ပြေးမြင် ကြတာဘဲ မဟုတ်လား 😏

🔷 simple past တင်မက past continuous tense ကိုလည်းသုံးနိုင်တယ်

🔷 စွမ်းဆောင်နိုင်မှု (Ability) ကိစ္စ တွေမှာ would နေရာမှာ could ကို သုံးနိုင်တယ်

🔹 It is raining, so I will not go for a stroll.

အခု မိုးရွာနေတယ်၊ ဒါကြောင့် ငါ လမ်း​လျှောက် မထွက်တော့ဘူး

🔹 If it weren't raining, I would go for a stroll.

အခုနေ မိုးမရွာရင် ငါ လမ်းလျှောက်ထွက် မှာကွ

🔹 He is studying. Therefore, he will not come with us.

သူ စာကျက်နေတယ်၊ ဒါကြောင့် တို့နဲ့ အပြင်လိုက် မှာမဟုတ်ဘူး

🔹 If he were not studying, he would come with us.

သူ စာ မကျက်​ေနရင် တို့နဲ့ အပြင် လိုက်လာ မှာဘဲ

🔹 She is using the vacuum cleaner, so she can't hear the phone ring.

သူမ က ဖုန်စုပ်စက် သုံးနေတယ်၊ ဒါကြောင့် ဖုန်းသံမကြားဘူး

🔹 If she were not using a vacuum cleaner, she could hear the phone ring.

သူမသာ ဖုန်စုပ်စက် သုံးမနေရင် ဖုန်းသံကြားမှာဘဲ

🔷 Unreal situation မဟုတ်သော်လည်း request တွေမှာ အောက်ပါအတိုင်း

🔶 If + could/would + V1 >>> would + V1

ပုံစံ ဖြင့် ယဥ်ကျေးစွာ ​​သုံးစွဲကြပါတယ်

🔹 I would be glad if you could help me lift the box.

🔹 I would be obliged if you would keep this to yourself.

🔹 I would be most grateful if you could send us a reply as soon as possible.

♥ Conditionals 🏵 If + V1, >>>>>>> will + V1 ငယ်ငယ်တုန်းကသင်ခဲ့ရတာပေါ့၊🔶 အမြဲတမ်း အဲ့လိုသုံးရမှာလား 😏🔷 Tense တွေ ကို အခြေ...
22/10/2023

♥ Conditionals

🏵 If + V1, >>>>>>> will + V1

ငယ်ငယ်တုန်းကသင်ခဲ့ရတာပေါ့၊

🔶 အမြဲတမ်း အဲ့လိုသုံးရမှာလား 😏

🔷 Tense တွေ ကို အခြေအနေန​ဲ့ ကိုက်ညီအောင်သုံးရပါမယ်

🏵 Zero conditional

အမြဲတမ်း မှန်ကန်တဲ့ အကြောင်းကိစ္စ ( universal truth) တွေမှာ if clause မှာရော၊ result clause မှာရော (simple present tenses) ကို သုံးရပါတယ်၊
zero conditional လို့ ခေါ်ပါတယ်

Water freezes if the temperature reaches 0 °C.

If water boils, it becomes steam.

Plants die if there is no water supply.

🏵 Imperative in Offers

ကလေးတွေ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဆိုရင် can, could, will, would တွေ မထည့်ဘဲ အလွန် ဆုံး please ဘဲ ထည့်ပြီးပြောကြတယ်၊ မဟုတ်လား

If you need help, feel free to call me on my cell.

Please meet me here if we get separated.

ယဥ်ကျေးလိုရင်တော့ affirmative sentence
ဆိုတော့ကာ will အစား can ကိုသုံးပေါ့

If you need help, you can call me on my cell.

🏵 Polite request

If you will follow me, I will show you his room. ( if you follow me အစား ယဥ်ကျေးအောင် if you will/would follow me လို့ သုံးပါတယ်)

🏵 Definite future situation

အနာဂတ်မှာ ကျိန်းသေဖြစ်လာမယ်လို့ သိသွားတဲ့ အကြောင်းအရာတွေမှာ if နောက် မှာ will သုံးနိုင်တယ်

If Ali won't be here tomorrow, we had better postpone the party.

If the price will go down in a few months, I am going to wait.

🏵 Criticizing bad habits

မကောင်းတဲ့ အမူအကျင့်တွေကို ဝေဖန်ရာမှာ ''မင်းဒီလို လုပ်နေရင်တော့၊ ဒီလို ပြောနေရင်တော့'' လို့ ဆိုလိုရာမှာ if နောက် မှာ will သုံးပါတယ်

If you will smoke like this, you will have a serious health problem sooner rather than later.

If she will talk such rubbish, she will be shunned by friends and family alike.

🏵 Results

ဒီလို ရလဒ် ဖြစ်မယ်၊ ဒီလို ရလဒ်ရမယ် ဆိုရင်တော့ စသည်ဖြင့်​ ပြောလိုရင် if နောက် မှာ will သုံးပါတယ်

I will give you some money if it will help you set up your own business.

I will accept your decision if it will make you feel good.

19/10/2023

🏵 No matter what/who/which/how/ where/when

🏵(1) adverbial clauses များတွင် conjunction အဖြစ်သုံးခြင်း
no matter what= whatever
no matter who = whoever
no matter how = however
no matter where = wherever
no matter when = whenever

No matter what I say, he always does what he wants. =
Whatever I say, he always does what he wants.

No matter who you meet in the village, you can ask for help.=
Whoever you meet in the village, you can ask for help.

You can come back home, no matter what the time is.=
You can come back home whatever time it is.

The plant did not survive, no matter how careful she was. =
The plant did not survive however careful she was.

The dog always follows him, no matter where he goes.
The dog always follows him wherever he goes.

🏵 (2) Adverbial phrase များတွင်သုံးခြင်း

Clause to Phrase ပုံစံပြောင်းခြင်း

''Whatever the weather is'' ဟူသော clause တွင် be ဖြုတ်၍ ''whatever the weather'' ဟု phrase ပုံစံ သုံးလေ့ ရှိသည်

Whatever your problems are > whatever your problems

Whatever its colour is > whatever its colour

ထို phrase များတွင်လည်း whatever နေရာတွင် ''no matter what'' ကို phrasal preposition အဖြစ် အစားထိုးသုံးနိုင်သည်

Whatever the weather, they have to run around the field five times every morning.
No matter what the weather, they have to run .....

Whatever the cause, they have lost everything.
No matter what the cause, they have lost everything.

You have me to turn to whatever trouble you may find.
You have me to turn to, no matter what trouble you may find.

🏵 သို့သော်...
အပေါ်က ဥပမာတွေ အတိုင်း conjunction အနေနဲ့၊ phrase အနေနဲ့ဘဲ သုံးရပါတယ်၊ Noun clause အ​ဖြစ် Subject, Object နေရာ တွေမှာ သုံးလို့မရပါ

You can order whatever you like.✅
whatever you like — Noun clause as Object
You can order no matter what you like.❌

Whoever you sent is fine with us. ✅
Whoever you sent — noun clause as Subject
No matter who you sent is fine with us.❌

I don't care whenever you do the job.✅
whenever you do the job — noun clause as object
I don't care no matter when you do the job.❌

🏵''No matter'' ကတော့ Never mind/ Don't worry (ကိစ္စမရှိ) ဆိုတဲ့ အဓိပ္ပါယ် ရတယ်

A: Oh! I have forgot my pen.
B: No matter, I have a spare one. Here you are.

🏵''No matter what'' တလံုးတည်း ကိုတော့ ဘာဖြစ်ဖြစ် ဆိုတဲ့ အဓိပ္ပါယ်န​ဲ့ သုံးလို့ရပါတယ်

I won't leave you, no matter what.
We will try to reach the top of the mountain, no matter what.

18/10/2023

🏵 သက်ရှိများအတွက် ''Which'' အသုံး

🔶 Which နဲ့ What မှာ which ကို အများထဲက ဘယ်ဟာလဲ ဆိုတာကို သိချင်လို့ မေးမြန်းတဲ့ အခါ သုံးပါတယ်၊ What ကတော့ ယေဘုယျ သဘောမေးတာပေါ့

🔶 မေးစရာရှိတာက which ကို သက် မဲ့ အရာဝတ္ထု တွေ အတွက်ဘဲ သုံးတာလား?

🔷 သက်ရှိတွေ အတွက်လည်းသုံးပါတယ်

🏵 Pronoun 'Which'

Which is your son?
Which of us will do washing today?
The twins are so alike that I can't tell which is which.

🏵 Determiner 'Which'

Which teacher do you like most?
Which student is chosen for the training?
He asked which girls are going to the church.

🔶 Who နဲ့ What တို့ ဖြင့်မေးခွန်းမေးခြင်း

Subject ကို မေးရင် အနည်းကို ဆိုလိုတာဖြစ်စေ၊ အများကို ဆိုလိုတာ ဖြစ်​ေစ singular verb ကိုသုံးရပါတယ်

Who is coming to the gathering?
Joe, Rita, Andy, Mee Mee.
Who are coming to the gathering?❌

Who is going to do overtime tomorrow?
John, Mike, Peter and me.
Who are going to do overtime tomorrow?❌

Who was at the party?
Jue, Thin Thin, and Moe.
Who were at the party? ❌

What is in the box?
Beads, coins and gems.
What are in the box? ❌

What happens? or What is happening?
Kathy is crying; Jim is jumping; Amy is screaming.
What happen? or What are happening? ❌

Complement ကို ဆိုလိုရင်တော့ အနည်းကိန်းဆိုရင် singular အများကိန်းဆိုရင် plural verb ကို ထုံးစံအတိုင်းသုံးရမှာပေါ့

🔹Who are those kids?
Those kids are medical students.

🔹What is this?
This is a stone. ( Con Air movie ဇာတ်ဝင်ခန်းတခုမှ) 😏

🔹What are these small chips?
These chips are from the computer you broke.

Address

Pyinmana

Website

Alerts

Be the first to know and let us send you an email when Sayar UTS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share