09/12/2021
Hacker ဆိုတာ Hacker ပါပဲ။
H,A,C,K,E,R ဆိုပြီး တစ်လုံးစီပေါင်းပြီး ဖြစ်လာတာလုံးဝမဟုတ်ပါ။
USA (United State of America)
UNICEF (United Nations International Children Emergency Fund)
UNDP (United Nations Development Programme)
စသည်ဖြင့် စကားလုံးတွေရဲ့ အစစာလုံးကို ပေါင်းစပ်ပြီး ဖန်တီးထားတဲ့ စကားလုံးတွေကို Acronym (အာ့ခရိုနမ်) မြန်မာလိုဆိုရင်တော့ အစစာလုံးများကို ပေါင်းစုရေးသားထားသော ပုဒ်အစု လို့ ပြောရမည်လား မသိပါ။ (မြန်မာလိုအဓိပ္ပါယ် သေချာမပြောတတ်လို့ပါ)
ဒီစာကို ရေးရခြင်းက အောက်ပါအတိုင်း အဓိပ္ပာယ် ရတဲ့ post တစ်ခုကြောင့်ပါ။ ဘာရေးထားလဲဆိုတော့
****************************
"မြန်မာပြည်မှာ H, A, C, K, E, R, ဆိုတဲ့ တစ်လုံးချင်းစီရဲ့ အရှည်ကိုမသိပဲ Hacker အမည်ခံနေကြတာများတယ်။
H - Hide IP
A - Aim Victim
C - Crack Encrypt
K - Kill Into Database
E - Enter Into Database
R - Return Anonymous
ဒီလို စာလုံး ၁ လုံးချင်းစီရဲ့ အဓိပ္ပါယ်ကိုမသိဘဲ အလွယ်တကူ Hacker လို့ခံယူနေကြတယ်"
*****************************
စသည်ဖြင့် ရေးထားတဲ့ Post တစ်ခု ကျွန်တော် ဖွင့်ပေးထားတဲ့ Fb Group တစ်ခုမှာ တက်လာတဲ့အတွက် ပြန်ရှင်းပြလိုရင်းနဲ့ ရေးပါတယ်။
ဘယ်သူ့ကိုမှ အပုပ်ချလိုရင်း မရှိ။ စော်ကားလိုခြင်း အရှက်ရစေလိုခြင်းအလျဉ်းမရှိပါ။ မသိဘဲ စာဖတ်ပြီး ဗဟုသုတရှာသူတွေသာ အဲလို အမှန်တိုင်းမပြောဘဲ တမင်ခွတိုက်ထားတာတွေကို ဖတ်ပြီး အမှန်တရားနဲ့ ဝေးကွာသွားမှာစိုးတဲ့အတွက် ဒီ Post ကို ရေးပါတယ်။
(မဟုတ်မမှန်တဲ့ အသိမျိုး မပေးကြပါနဲ့လား)
USA (United State of America)
UNICEF (United Nations International Children Emergency Fund)
UNDP (United Nations Development Programme)
NSA (National Security Agency)
စသည်ဖြင့် စကားလုံးတွေသည် အထက်မှာ ကျွန်တော်ဆွေးနွေးခဲ့တဲ့ Acronym တွေ ဖြစ်ပါတယ်။ Word မဟုတ်ပါ။
Acronym ဖြစ်သည့်အတွက် Punctuation အရ စာလုံး အသေးရေးခွင့်မရှိပါဘူး။
ဥပမာ - USA ကို Usa (or) usa လို့ မရေးရပါဘူး။ ရေးရင် မှားပါတယ်။ Acronym မို့လို့ပါ။
Hacker (or) hacker (or) HACKER
ဘယ်လိုရေးရေး ရတဲ့ စကားလုံးတွေကျတော့ Acronym မဟုတ်တဲ့အတွက်ပါ။ Word တွေမို့လို့ပါ။
Acronym မှာ အက္ခရာ တစ်လုံးချင်းစီမှာ သီးခြား စကားလုံးတစ်ခုစီ ရှိပါတယ်။
Word မှာ အက္ခရာတစ်လုံးစီအတွက် သီးသန့် အဓိပ္ပာယ် လုံးဝလုံးဝ မရှိပါဘူး။
ဒါဆိုရင်
H - Hide IP
A - Aim Victim
C - Crack Encrypt
K - Kill Into Database
E - Enter Into Database
R - Return Anonymous
ဆိုတာတွေ ဘယ်ကလာသလဲ ဆိုတာ ထပ်ရှင်းပြပါမယ်။
ဥပမာ
TEACHER ဆိုပါစို့။
T = Talented
E = Excellent
A = Adorable
C = Charming
H = Humble
E = Encouraging
R = Responsible
ဟူ၍လည်းကောင်း
TEACHER
T = Tolerant
E = Energetic
A = Awesome
C = Caring
H = Helper
E = Excellent
R = Responsible ဟူ၍လည်းကောင်း
အခြားကွဲပြားသော ပုံစံများဖြင့်လည်းကောင်း
ဆက်စပ်ဖော်ပြရေးသားထားတာတွေကို တွေ့နိုင်ပါတယ်။
တကယ်တော့ Teach = သင်ပေးသည် မှ
Teacher = သင်ကြားပေးသူ (ဆရာ) ဆိုတဲ့ အဓိပ္ပါယ် ဆင့်ပွားလာခြင်းပါ။
Teacher သည် word ပါ။
အထက်ပါပုံစံလိုမျိုး Acronym style ရေးထားခြင်းက ဆရာ/မ တွေရဲ့ ဂုဏ်ပုဒ်ကို တစ်လုံးစီနဲ့ ကိုယ်စားပြုချီးမွမ်းခြင်းမျိုးသာ ဖြစ်ပါတယ်။
အတတ်လည်းသင်၊ ပဲ့ပြင်ဆုံးမ
သိပ္ပမချန်၊ ဘေးရန်ဆီးကာ
သင့်ရာအပ်ပို့ ဆရာတို့
ကျင့်ဖို့ဝတ်ငါးဖြာ
ဆိုတဲ့ ဆရာ့ကျင့်ဝတ်လို ဂုဏ်ပုဒ်မျိုးကို တစ်လုံးစီမှာ လျှောက်လိုက်ထည့်ခြင်းသာရှိပြီး
Hacker ဆိုတာ USA တို့ UNDP တို့ UNICEF တို့လို အတိုကောက်တွေ ပေါင်းစုပြီး ဖြစ်လာတဲ့ စကားလုံး (Acronym) လုံးဝလုံးဝ မဟုတ်ပါကြောင်း
Hacker တွေ ပြုမူတတ်တဲ့ သဘောတရားအချို့ကို အမွှမ်းတင် ဖော်ပြကြခြင်းသာဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါတယ်ခင်ဗျာ
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ..........
Crd... Sir Khit Min Nyo