ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု - Kurdaf

  • Home
  • Myanmar
  • Sagaing
  • ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု - Kurdaf

ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု - Kurdaf ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု(KURDAF)

ခင်ဦးနယ် ဒေသခံ ကာကွယ်ရေး မဟာမိတ် အင်အားစု(KURDAF) အကြား သဘောတူညီချက်
ရက်စွဲ. ၂၀၂၂ မေလ ၁၈ ရက် ။
၁)KURDAF မဟာမိတ်အဖွဲ့ဝင် တော်လှန်ရေး ရဲဘော် ရဲဘက် အချင်းအချင်း မိုင်းဆွဲခြင်း ၊ သတ်ဖြတ်ခြင်း ၊ ဖမ်းဆီးခြင်း ၊ မရှိစေရ ။
အချင်းချင်း လေးစားပြီး အသိအမှတ်ပြု ကြရမည်။ မဟာမိတ်အဖွဲ့ဝင် တစ်ခုခု မှ ပြည်သူ လက်မခံ နိုင်သော မှားယွင်းမှု ၊ ကျူးလွန် မှု ကျူးလွန်ခဲ့သော်
NUG ထံ အဆင့်ဆင့် အစီရင်ခံ တိုင်ကြား ရာတွင်(လ

ိုအပ်ပါက) ပူးပေါင်း ကူညီနိုင်ရမည်။
၂)တော်လှန်ရေး ရဲဘော်များသည် ပြည်သူ ကို ဆက်ကြေး ကောက်ခြင်း ၊ ဖမ်းဆီးခြင်း ၊ သတ်ဖြတ်ခြင်း မရှိစေရ ။
၃) KURDAF မဟာမိတ် အဖွဲ့ဝင်များသည် NUG ကို သစ္စာခံပြီး ၊ NUG မှ ထုတ်ပြန်သော စည်းကမ်းချက်များ ဖြစ်သည့် Codes of Conduct နှင့် ခုခံကာကွယ်စစ် တွင် လိုအပ်သော Chain of Command ကို လိုက်နာကြရပါမည် ။
၄)မဟာမိတ် အချင်းချင်း သတင်း အချက်အလက် များကို စိစစ်ပြီး ၊ သက်ဆိုင်ရာ ကိုယ်စားပြု Page မှ ထုတ်ပြန်ခွင့်ရရန် သတင်းအပြန်အလှန် ယူခွင့်ရှိသည်။
၅) အထက်ပါ အချက်အလက် (၁) (၂) (၃) ကို ကျူးလွန်သည်ဟု သံသယ ရှိသည့်အချိန် မှ စပြီး မဟာမိတ် အဖွဲ့ဝင် အဖြစ်မှ ဆိုင်းငံထားပြီး ၊ ထင်ရှားပါက မဟာမိတ်အဖွဲ့ဝင် အဖြစ်မှ ထုတ်ပယ်ပါမည် ။
အောက်ပါ အဖွဲ့အစည်းများသည် ခင်ဦးနယ် ဒေသခံ ကာကွယ်ရေး မဟာမိတ် အင်အားစု အဖွဲ့ဝင်များ ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
1) Daung Ni (ဒေါင်းနီ)
2) Mine King (မိုင်းဘုရင်)
3) Khin U Dragon (ခင်ဦး နဂါး)
4) Tiger Local PDF Khin U (Tiger)
5) Armed Revolutionary Force K.U (ARF)
6) Khin U Support Organization(KSO)
7) Doh Nyi Naung (ဒို့ညီနောင်)
8) Khin U Warrior Force
9) Narapati Local Guerrilla Revolution Force
ခင်ဦးနယ် ဒေသခံ ကာကွယ်ရေး မဟာမိတ် အင်အားစု(KURDAF)



#မဟာမိတ်
#ခင်ဦး

12/11/2025
ဒီပို့စ်လေးမြင်ရင် အညာဟာ အညာမခံရမှန်း သက်သေပြဖို့ ငွေအသပြာတချို့နဲ့ Page CB m.me/nwayooyaungchisg Link ကိုနှိပ်ပြီး Hi လ...
29/10/2025

ဒီပို့စ်လေးမြင်ရင် အညာဟာ အညာမခံရမှန်း သက်သေပြဖို့ ငွေအသပြာတချို့နဲ့
Page CB m.me/nwayooyaungchisg
Link ကိုနှိပ်ပြီး Hi လိုက်ကြပါဗျို့။

MMK, SGD, THB, USD, SDB, NUGPay ကြိုက်ရာနဲ့ ပေးလို့ရပါတယ်။
အဆင်ပြေရင် RCSနဲ့လည်း ပါဝင်ပေးကြပါလို့။
🙏🙏🙏

မိဘပြည်သူများရှင်စကစလေကြောင်းရန်ကို အထူးသတိပြုကြပါရှင်။Admin Team
03/03/2025

မိဘပြည်သူများရှင်

စကစလေကြောင်းရန်ကို အထူးသတိပြုကြပါရှင်။

Admin Team

ခင်ဦးနယ် ညောင်ပင်ကြီးစုရွာအား အကြမ်းဖက်စကစမှ ပေါင်(၅၀၀)ဗုံးသီးကြဲချခြင်းကြောင့်ပြည်သူ(၂)ဦး ဒဏ်ရာရ
==========
မတ်လ-၃/၂၀၂၅/တနင်္လာနေ့

စစ်ကိုင်းတိုင်း ၊ရွှေဘိုခရိုင် ၊ခင်ဦးမြို့နယ် အနောက်တောင်ခြမ်း အိမ်ခြေ(၃၀၀)ကျော်ရှိတဲ့ ညောင်ပင်ကြီးစုကျေးရွာအား
အကြမ်းဖက်စကစမှ ယမန်နေ့ည(၂.၃.၂၀၂၅) ညအိပ်ချိန်(၁၂:၃၀)ဝန်းကျင်၌ ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံးသီး (၂)လုံး အကြောင်းမဲ့ လာရောက်ပစ်ချ သွားခဲ့ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်မှုကြောင့် ‌ဗုံးသီးကျရာ အနီးဝန်းကျင်ရှိ အသက်(၇၀)ခန့် အဖိုးအိုလင်မယား(၂)ယောက် ဗုံးသီးအစာမှန်ပြီး အသက်အန္တရာယ်မစိုးရိမ်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

=================================

ပြည်သူများသို့ လေကြောင်းအန္တရာယ်သတိပေးခြင်း
🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨🚨

ကျနော်တို့မြို့နယ်အပါအဝင် စစ်ကိုင်းတိုင်းအတွင်း
မြို့နယ်အများစုတွင် အကြမ်းဖက်စကစဟာ ခြေလျင်စစ်ကြောင်း မလာနိုင်တော့သည့်အလျောက်
လေကြောင်းကိုသာ အားကိုးပြီး ထင်ရာကြားရာမြင်ရာ
ရမ်းသမ်းပစ်ခတ်လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

သို့ပါ၍ ပြည်သူများအနေဖြင့် ယခုကာလသည်
လူစုလူဝေးများ ဖြစ်စေသည့် အလှူပွဲ ပျော်ပွဲရွှင်ပွဲများတက်နိုင်သမျှ ရှောင်စေလိုပါတယ်။

ထို့အပြင် လေကြောင်းအန္တရာယ်ကာကွယ်နိုင်ရန်အတွက်
လည်း အသက်ကယ်ဗုံးခိုကျင်းများ ကျေးရွာတိုင်း (မိသားစုတစ်နိုင်တပိုင်ဗုံးခိုကျင်းများ) တူးထားသင့်ပါကြောင်း အကြံပေးအပ်ပါသည်။

ဗုံးခိုကျင်း စနစ်တကျတူးဖော်နိုင်မည့်နည်းလမ်းများအား ထပ်မံဖော်ပြသွားပါမည်။

#ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး

ပုံ-၂၀၂၃ခုနှစ် အကြမ်းဖက်စကစ မီးရှို့ဖျက်ဆီးခဲ့သော ညောင်ပင်ကြီးစုရွာ

သတင်းပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက...
03/10/2024

သတင်းပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာတိုက်ပုံး အစီအစဉ်စတင်လိုက်ပြီး သတင်းပေးပို့ကြရန် တိုက်တွန်း
ရန်ကုန်၊ အောက်တိုဘာ ၁
ပေးပို့သူ၏ အချက်အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖန်တီးထားသည့် အွန်လိုင်း ဖရဲသီး စာ တိုက်ပုံးအစီအစဉ် စတင်လိုက်ပြီဖြစ်ပြီး ဝင်ရောက်ပါဝင်ပေးပို့ကြပါရန် ဖရဲသီးစာတိုက်ပုံး အစီအစဉ် တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဖရဲသီးစာတိုက်ပုံး ဖရဲသီးစာတိုက်ပုံး ဆိုသည်မှာ စစ်ရှုံးကောင်စီ၏ အတွင်းရေးသတင်းများ၊ ဌာန တွင်း သတင်းများ၊ စစ်ရေးသတင်းများ သတင်းအချက်အလက်များစွာကို တော်လှန်ရေး အင်အား စုများထံသို့ လုံခြုံစိတ်ချရသော လမ်းကြောင်းဖြင့် ပေးပို့နိုင်မည့် နည်းပညာတခုဖြစ်ကြောင်း သိရ သည်။
ဖရဲသီးစာတိုက်ပုံးကို Time Zone မတူညီသော ကမ္ဘာ့နိုင်ငံအသီးသီးရှိ IT ပညာဖြင့် သင်ကြား/ လုပ် ကိုင်နေသော မြန်မာကျောင်းသားများမှ IT နည်းပညာဖြင့် ပေါင်းစပ်ထုတ်လုပ်ထားခြင်းဖြစ်သည်။
ဖရဲသီးစာတိုက်ပုံးသည် စစ်ရှုံးကောင်စီ၏ အတွင်းရေးသတင်းများကို တော်လှန်ရေးအင်အား စုများ ထံသို့ အချိန်နှင့်တပြေးညီ ရောက်ရှိသွားအောင် နည်းပညာဖြင့် ချိတ်ဆက်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ ချိတ်ဆက်ထားသဖြင့် စကစ၏ ဝန်ကြီးဌာနတွင်း သတင်းများ၊ အကျင့်ပျက်ဝန်ထမ်းများ၏ သတင်းများ၊ စစ်ရေးသတင်းများနှင့် အခြား အရေးကြီးသတင်းများကိုပါ text, image, video files များကို တခါတည်း ပေးပို့နိုင်အောင် စီစဉ်ချိတ်ဆက်ထားကြောင်း သိရသည်။
“ရုံးတွင်းသတင်းတွေသာမက အရပ်ဘက်သတင်းတွေကို လည်း ပေးပို့နိုင်အောင် ပရိုဂရမ်ရေးဆွဲထား တယ်။ နည်းပညာ အားနည်းသူများအတွက်လည်း လွယ်ကူစွာ သုံးစွဲနိုင်အောင် ထည့်သွင်းရေးဆွဲ ထားတယ်။ ပေးပို့သူ၏ အချက် အလက်၊ တည်နေရာများ ပေါက်ကြားမှုမရှိအောင် ဖရဲသီးစာတိုက်ပုံး မှ ရာနှုန်းပြည့်တာဝန်ယူထားတယ်။” ဟု ဖရဲသီးစာတိုက်ပုံအစီအစဉ်တာဝန်ရှိသူတစ်ဦးက ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ဖရဲသီး စာတိုက်ပုံး နည်းပညာရှင်များသည် PDF တပ်ရင်းတပ်ဖွဲ့များ၊ တော်လှန်ရေးအင်အားစုများ၊ မြေပြင် သပိတ်အဖွဲ့များ၊ ဝန်ကြီးဌာနအသီးသီးမှ CDM ပြုလုပ်ထားကြသော အရာထမ်း၊ အမှုထမ်း များဖြင့် ချိတ်ဆက် ဆောင်ရွက်လုပ်ကိုင်လျက်ရှိပြီး မြန်မာ IT နည်း ပညာရှင်များက တော်လှန်ရေး အတွက် သီးသန့်ဖန်တီးထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
ဖရဲသီးစာတိုက်ပုံး အစီအစဉ်သည် တော်လှန်ရေး၏ အချိုးအကွေ့ တခုအတွက် နည်းပညာဖြင့် ပေါင်း စပ်ကာ အချိန်ကိုက်ထွက်ရှိလာခြင်းဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ပညာသင်ကြားနေသော မြန်မာ IT ကျောင်းသားအများစုသည် စစ်အာဏာသိမ်းမှု စတင်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက တည်းကစ၍ တော်လှန်ရေးအတွက် အရေးပါသော ကဏ္ဏမျိုးစုံတွင် မိမိတို့တတ်ကျွမ်းသော နည်း ပညာဖြင့် ယနေ့အထိ ပါဝင်တော်လှန်လျက်ရှိကြောင်း အသိပေးထားသည်။
ဖရဲသီးစာတိုက်ပုံး အမည်ရ ဝပ်ဆိုဒ် https://thadinpay.com/login (သို့) တယ်လီဂရမ် https://t.me/ThadinpayBot Website and Telegram channel ၂ ခုလုံးမှ ဆက်သွယ်၍ သတင်း ပေးနိုင်ကြောင်း အသိပေးထားသည်။

Address

Khin-U
Sagaing

Website

Alerts

Be the first to know and let us send you an email when ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု - Kurdaf posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု - Kurdaf:

Share