14/08/2025
ဘာရယ်တော့ မဟုတ်ပါဘူး
ချစ်ခြင်းမေတ္တာအကြောင်းပါ
တကယ်တော့ ချစ်ခြင်းဆိုတာ အတ္တ တစ်ခုပါပဲ
မမြင်ရတဲ့ အရာအပေါ်မှာ စွဲလန်းမှု / အာရုံခံစားမှုနဲ့အတူ ပြွတ်သိပ်ထည့်ထားတဲ့ ၊
ဘ၀ရှင်သန်နေတဲ့ ကာလမှာ တကူးတက သယ်ပိုးထားနေတဲ့အရာကြီး တစ်ခုသာသာပါပဲ
( အချစ်အပေါ် ကျနော့်ရဲ့ရှုမြင်ချက်) ။ ဘ၀သက်တမ်းတစ်ခုလုံးမှာ အစဉ်အမြဲ ကြိုးစားအားထုတ်နေစရာမလိုဘဲ တဖက်သားအကျိုးလိုလားတာ မေတ္တာ လို့ကျနော် ခွဲခြားချင်ပါတယ် ။
အများကိုချစ်တဲ့ ချစ်ခြင်းမေတ္တာ ၊ တယောက်တည်းကို ချစ်တဲ့ချစ်ခြင်းမေတ္တာ
ဒီချစ်ခြင်း မေတ္တာ နှစ်ခုမှာ တစ်ခုကို ရွေးချယ်ရမယ် ဆိုရင် ဘာကိုစွန့်လွှတ်မလဲ
တခုပေါ်တခု မှီခိုနေတဲ့ သဘာ၀မှာ တစ်ခုလွဲချော်သွားတာနဲ့ အားလုံး ပျက်စီးသွားနိုင်တယ် ဆိုတာ အချိန်မှီပြင်ဆင်ခြင်းမရှိရင် နှစ်ခုလုံးက အလိုအလို ပျက်စီးသွားမယ် ။