28/02/2023
Text & Display ၂ ခုကို တကယ်ရော ခွဲတတ်ပြီလား?????
များသောအားဖြင့် ကျွန်တော်တို့ Display Typeface သို့ Font ဆိုပြီး ပြောလိုက်ရင် Headline လိုနေရာမျိုးမှာ သုံးတဲ့ Bold ဖြစ်တဲ့ Font တွေ... စာလုံးပုံစံထူထူကြီးတွေကိုပဲ မြင်တတ်ကြပါတယ်။ အဲ့လို ခွဲခြားတာက လုံးဝမှားနေတဲ့အချက်ပါ။
ဒီနေရာမှာ ကျွန်တော်တို့ မှန်တယ်လို့သိထားပြီးမှားနေတဲဲ့အချက်တစ်ခုပြောပြပါမယ်။ အထူးဖြင့် Display ဆိုတဲ့ စာလုံးပါ။ Display Typeface တွေကို အပေါ်မှာပြောခဲ့သလို ခွဲခြားလို့မရပါဘူး။
-----------
ဒါဆို Display နဲ့ Text ကို ဘယ်လို ခွဲကြမလဲ...
အရိုးရှင်းဆုံး ခွဲခြားနည်းက Display နဲ့ Text ၂ ခု ရဲ့ အသုံးပြုတဲ့ Platform သို့ Channel ပေါ်မူတည်ပြီး ခွဲတာပါ။
Text Typeface တွေကို Printing, Layout Design အထူးသဖြင့် Printing ပြုလုပ်မယ့် အချိန်မှာ သုံးဖို့ အသင့်တော်ဆုံး Typeface အမျိုးအစားပါ။
Display Typeface ကတော့ Digital Platform နဲ့ Devices တွေ ဖြစ်တဲ့ ဥပမာ TV, Mobile & PC Devices တွေမှာ အသုံးပြုဖို့ သင့်တော်တဲ့ Typeface အမျိုးအစားပါ။
-----------
တစ်ချို့ Premium Typeface တွေမှာ Font ကို Display နဲ့ Text ဆိုပြီး ၂ မျိုး
ခွဲထားပါတယ်။
Typeface ရဲ့ အဓိက အနှစ်သာရဖြစ်တဲ့ မူလ စာလုံးဖွဲစည်းပုံ မပျောက်သွားပဲ...Display နဲ့ Text အသုံးပြုမယ့် နယ်ပယ်အလိုက် ခွဲခြားတာပါ။
ဒါဆို Display နဲ့ Text အသုံးတွေနဲ့ ခွဲခြားနည်းတွေ...ဆက်ပြောပြပေးပါမယ်။
နမူနာအနေနဲ့ တင်ထားတဲ့ပုံကို ကြည့်လို့ရပါတယ်။
01. Spacing & Kerning
Text - Print ထုတ်တဲ့ အချိန် Spacing အရမ်းကပ်ပြီး မှင်တွေပြန့်ပြီး စာလုံးတွေ ရောတာမျိုးမဖြစ်အောင် Spacing ကို Printed Proof ဖြစ်တဲ့ထိ ညှိထားတာကို သတိထားမိပါလိမ့်မယ်။
Display - Digital Platform တွေဖြစ်တဲ့ Electronic Device တွေရဲ့ Display ပေါ်မှာ အဓိက အသုံးပြုတာဖြစ်တဲ့ အတွက် Spacing ကို Tight ပိုဖြစ်အောင် ညှိထားတာမျိုးတွေ့ရပါတယ်။
..........
02. x-height
Text တွေရဲ့ x-height က များသောအားဖြင့် ပုံမှန်ရှိသင့်တဲ့ Standard x-height ကိူ သူံးသလိုမျိုး အချို့ Text Typeface တွေက x-height ပိုမြင့်လေ့ရှိပါတ်။
Display ရဲ့ x-height ကတော့ Text - x-height ထက် လျှော့ ပြီး ဆွဲထားလေ့ရှိတတ်ပါတယ်။
..........
03. Contrast aka Thickness of Stroke or Stem
စာလုံးတွေရဲ့ Stroke သို့ Stem အထူအပါးပေါ်မူတည်ပြီးလည်း Text နဲ့ Display ကို ခွဲလို့ရပါတယ် ပုံမှန် Regular Stroke Weight က Display အတွက်ဆို တကယ့်ကို မသိမသာသေး လျှော့ပြီး သုံးလေ့ရှိပါတယ်။
Text နဲ့ Display 2 ခု ရဲ့ Stroke အထူအပါး အအနည်းငယ်ကွာတာသေချာ သတိထားကြည့်ရင် မြင်ပါလိမ့်မယ်။
...........
04. Optical Size aka Aperture
Aperture လို့ခေါ်တဲ့ Counter Space တွေကို Display နဲ့ Text မှာ မတူအောင် ညှိထားတဲ့အချက်ကို ကြည့်ပြီး ခွဲခြားလို့ရပါတယ်။ Lowercase စာလုံးတွေ ဖြစ်တဲ့ e, r, a, c စတဲ့စာလုံးတွေကို ပုံထဲက Display နဲ့ Text ၂ မှာ ဘာတွေ ကွာခြားမှုရှိလဲ မြင်အောင်ကြည့်ကြည့်ပါ။
အခြေခံအားဖြင့်.... Display နဲ့ Text ကို အခု ကျွန်တော်ပြောပြတဲ့အချက်တွေကို ကြည့်ပြီးပဲ ခွဲခြားလို့ရပါတယ်။
ဒီနေ့တော့ ဒီလောက်ပါပဲ...
ေလးစားလျှက်
MMTYPE