
30/07/2025
ကိုယ့်ကိုယ်ကိုယ် သဘောကျမိဆုံးအချက်က
လူတိုင်းကို ခွင့်လွှတ်ပေးနိုင်တာကိုပဲ။
လူတစ်ယောက်ကို စိတ်ဆို:ပြီးရင်
ခွင့်လွှတ်ပေးဖို့ပဲ အမြဲတွေးတယ်။
လက်စာ:ချေမယ်၊ ပြန်ခံစာ:ရအောင်လုပ်မယ်ဆိုတာထက်
ငါသူ့ကို ဘယ်လိုခွင့်လွှတ်ရင်ကောင်းမလဲ။
သူ့ကို ခွင့်လွှတ်နိုင်ဖို့ဘယ်လိုလုပ်ရမလဲဆိုတာပဲ
အမြဲတွေးပေးနေတာ။
ခွင့်လွှတ်နိုင်တဲ့သူမှာ
ပူလော-င်ခြင်းတွေဆိုတာ မရှိဘူး။
ခွင့်လွှတ်တယ်ဆိုတာ လူတိုင်းမလုပ်နိုင်တဲ့ကိစ္စမို့
ကိုယ့်ကိုယ်ကိုယ် အဲ့အချက်ကို သဘောကျဆုံးပဲ။