𝑻𝒉𝒂𝒓 𝑻𝒉𝒂𝒓

  • Home
  • 𝑻𝒉𝒂𝒓 𝑻𝒉𝒂𝒓

𝑻𝒉𝒂𝒓 𝑻𝒉𝒂𝒓 I' am no pro ��

08/11/2022

ြမဲမယ်လို့တွေးထားခဲ့တဲ့ 😊
လက်တစ်စုံဟာ ကျနော်🥺
ထင်သလောက် မ ြမဲခဲ့ဘူး🥺💔

01/11/2022

ကိုယ်ချစ်ရတဲ့သူကို 🤍
"တစ် ြခားလူနဲ့ ဘယ်တော့မှ မနိူင်းယှဉ်ပါနဲ့ "

𝑷𝒆𝒓𝒇𝒆𝒄𝒕 ✰
27/09/2022

𝑷𝒆𝒓𝒇𝒆𝒄𝒕 ✰

ရော့ခ်နဲ့အတူနေထိုင်သူ(သို့မဟုတ်)ဖော်ကာ(ငါ့ကို မုန်းရင် မုန်းပါ ငါ့ဂီတကို မထိ ခိုက်နဲ့ဆိုပြီး ပြင်းထန်တဲ့ဂီတစိတ်ဓာတ်တွေနဲ...
24/06/2022

ရော့ခ်နဲ့အတူနေထိုင်သူ(သို့မဟုတ်)ဖော်ကာ

(ငါ့ကို မုန်းရင် မုန်းပါ ငါ့ဂီတကို မထိ ခိုက်နဲ့ဆိုပြီး ပြင်းထန်တဲ့ဂီတစိတ်ဓာတ်တွေနဲ့ ယုံ ကြည်ရာကိုဆုပ်ကိုင်ပြီး ဂီတလမ်းကြောင်းကို ဝင် ရောက်လာတဲ့ နယ်မြို့လေးတစ်မြို့က ထိန်မင်း ဇော် ဆိုတဲ့လူငယ်လေးတစ်ယောက်က အခုဆိုရင် ဂီတလောကမှာဖော်ကာဆိုတဲ့နာမည်နဲ့ Wanted Band ကို ဖွဲ့စည်းပြီး လူငယ် ပရိ သတ်ကြားမှာ သူ့ရဲ့ သီချင်းတွေနဲ့ ထိုးဖောက်နေရာယူခဲ့ပါတယ်။

သူက ၂ဝဝ၃ ခုနှစ်မှာ Wanted Band ကို ဖွဲ့ စည်းခဲ့ပြီး ၂ဝဝ၄ ခုနှစ်မှာတော့ ရောင်ခြည်ဆိုတဲ့Solo Album ကိုလည်းထွက်ရှိခဲ့ပါတယ်။ Nirvana အဖွဲ့ရဲ့ ဟန်တွေလွှမ်းမိုးနေတဲ့ သူ့ရဲ့ရောင်ခြည်အခွေက ပရိသတ်ကြားမှာသိပ်ပြီးတော့မပျံ့နှံ့ခဲ့ပါဘူး။ ဒါပေမဲ့ ပွဲ တော် လိုက်ဖ်ရှိုးအခွေမှာ သူပါဝင်သီဆိုခဲ့တဲ့ ငါ့ ဂီတငါ့ဗီဇ သီချင်းနဲ့ ၂ဝဝ၇ မှာရော့ခ်အဖွဲ့တွေ စုပေါင်းပြီး ထွက်ရှိလာတဲ့ ဘာလာလာ အခွေထဲက တို့ အတူသီချင်းတွေက ပရိသတ်ရင်ထဲကို ရောက် ရှိခဲ့ပါတယ်။ အဲဒီနောက် ၂ဝဝ၉ခုနှစ်မှာ သူ့ရဲ့ ဒုတိယSolo Album လို့ပြောရမယ့် ငါ့ဂီတ ငါ့ဗီဇအခွေကတော့ လူငယ်ထုကြားမှာအရောင်း ရသွက်တဲ့သီချင်းစာရင်းမှာပါဝင်ခဲ့ ပါတယ်။ အဲဒီ နောက်မှာတော့ Wanted အဖွဲ့ ပါဝင်တဲ့ ရှိုးပွဲ တွေကလည်း လူစည်ခဲ့သလို သမိုင်းသစ် (၁)၊ အးဆေးပဲ စတဲ့အတွဲအခွေတွေဟာလည်း လူငယ်ထုပါးစပ်ဖျားမှာ ရေပန်းစားခဲ့ပါတယ်။

လက်ရှိမှာ ပရိသတ်ရဲ့လက်ခံမှုကို ရရှိနေတဲ့ ဖော်ကာ လျှောက်လှမ်းခဲ့တဲ့ ဂီတလမ်းက ပန်းခင်း လမ်းတော့ မဟုတ်ခဲ့ပါဘူး။ သူကျင်လည်ခဲ့တုန်းက ပရိသတ် ၅ဝ လောက်သာရှိတဲ့ ရှိုးပွဲတွေမှာလည်း သူ့ရဲ့ ကြိုးစားမှု အားမလျှော့ဘဲနဲ့ သူယုံကြည်တဲ့ ဂီတကို ဗီဇစိတ်အမှန်နဲ့ ဖော် ထုတ်ပြသခဲ့သူ တစ်ယောက်ပဲဖြစ်ပါတယ်။ ဂီတ စိတ်ဓာတ်နဲ့ ဗီဇ တွေပြင်းထန်တဲ့ဖော်ကာကို PTL Stodio မှာ တွေ့ဆုံပြီး သူ့ ဂီတသူ့ဗီဇနဲ့ သူဖြတ်သန်းခဲ့တဲ့ ခရီး ရှည်အကြောင်း ကို ပြောဖြစ်ခဲ့တာကတော့

ကျွန်တော်တို့ ၂ဝဝ၃ နှစ်ဆန်းပိုင်းလောက် မှာ Wanted Bandကို စဖွဲ့ခဲ့တယ်။ ၂ဝဝ၄ လောက်မှာ ရောင် ခြည် ဆိုတဲ့အခွေ လုပ်ဖြစ် တယ်။ အဲဒီတစ်ခွေ လုံးက ကိုယ်ပိုင်သံစဉ် တွေပဲ။ ကိုယ်ပိုင် သံစဉ်ဆိုပေမယ့် လည်း အဲဒီတုန်း ကNirvana ဟန်တွေ တစ်ခွေလုံးပါတယ်။ တော်တော်ကြီးကိုဆင်နေတယ်။ အခက် အခဲတွေကတော့ အများကြီးပဲ။ O.D ဆိုလည်း Bass တီးရင်းနဲ့ကြားထဲမှာ စိတ်ဓာတ် ကျပြီး တောင်ကြီးပြန်သွားသေးတယ်။ ပြီးမှပြန်ဝင် လာတာ။ နယ်က တက်လာပြီးလုပ်ရတဲ့ အခက်အခဲတွေ၊ ပရိုဂျူဆာမရှိလို့ တိုင်ပတ်ခဲ့ တာတွေ အများကြီးပေါ့။ ဒါပေမဲ့ ကံကောင်း တယ်ပြောရ မယ်။ ၂ဝဝ၄ တုန်းက အခွေထွက် တုန်းကလည်း ပရိုဂျူဆာရသွားတယ်။

သီချင်း တွေကလည်း လက်ထဲမှာ ဗြောင်းဆန်နေတော့ သူငယ်ချင်းတစ်ယောက်ကထုတ်ပေးတာ။ ကျွန်တော်က ဂီတပဲ ဝါသနာပါတာဆိုတော့ ပညာရေးဆိုလည်း ခုထိပထမနှစ်ပဲရှိသေး တယ်။ စာမေးပွဲဖြေတဲ့ အချိန်ရီကောဒင်း ဝင် နေလို့မေ့သွားတာနဲ့ ဘာနဲ့ ပထမနှစ်ကကို မတက်သေးဘူး။ ဒီဂီတအလုပ်ကို လုပ်မယ် ဆိုပြီး ရန်ကုန်ကိုလာတော့လည်း အိမ်က မတားဘူး။ ဒါပေမဲ့ အိမ်ကို အခွေထုတ်ပေး ဖို့မပူဆာခဲ့ဘူး။ ကျွန်တော်ငတ်နေတဲ့အချိန်၊ လမ်းဘေးမှာ အိမ်မရှိ ယာမရှိသွားနေတဲ့ အချိန်တွေမှာတောင် အိမ်ကိုမပြောခဲ့ဘူး။ သတိရလို့လမ်းဘေးဖုန်းကနေပြီး ဖုန်းဆက်ရင် အမေ သားအဆင်ပြေတယ်။ ဘာမှမဖြစ်ဘူး ပေါ့။ ဒါပေမဲ့ အဲဒီတုန်းက ကြုံတဲ့နေရာမှာ အိပ်နေတဲ့ဘဝ။ သူငယ်ချင်းအိမ်တွေတက် နေ၊ ပရိုဂျူဆာတွေရဲ့ အခန်းတွေမှာ လိုက်နေ အဲဒီလိုကလေတွေတော့ တော်တော်ရိုက်ဖူး တယ်။ ကျွန်တော် ၂ဝဝ၅ ခုနှစ်လောက်က စိတ်ဓာတ်အရမ်းကျသွားပြီး နယ်ပြန်သွား ပြီး ပဉ္ဇင်းဝတ်တယ်။ ဘုန်းကြီးလည်း ထွက်ရော မနေနိုင်ဘူး။ ရန်ကုန်ပြန်ရောက်လာတယ်။

ရောက်ပြီးတစ် ရက်နှစ် ရက်လောက်နေတော့ ရွှေတိဂုံဘုရားမှာ ဘုရားဖူးနေတုန်း ဖုန်းဝင် လာတယ်။ ကိုသားကြီး(ဒွေး)ဆီက သီချင်း လာအပ်တယ်။ အဲဒီမှာ ကျွန်တော်အရမ်းယုံ ကြည် သွားတယ်။ ကောင်းတာလုပ်ရင်ကောင်း တာဖြစ်မယ်ပေါ့။ အဲဒီမှာပြန်ပြီး စိတ်ပြန်တက် ကြွလာတယ်။ အစက ကိုသားကြီးက ကျွန် တော့်ကို အခွေထုတ်ပေးဖို့၊ သူ့ရုပ်ရှင်ကား တွေအတွက် သီချင်းရေးတဲ့လူတစ်ယောက် အဖြစ် ပြင်ဦးလွင်မှာ သူနဲ့အတူလိုက်နေသေး တယ်။ ပြန်လာရင် အခွေထုတ်မယ်ပေါ့။ ဒါ ပေမဲ့ပြန်လာတော့ ကိုသားကြီးဆုံးသွားတယ်။ နယ်ကိုပြန်သွားတယ်ဆိုတာက ကိုယ့်ကိုယ် ကိုယ် ယုံကြည်မှုနည်းသွားတာတို့ ဘာတို့ အဲဒီလိုမျိုးတွေနဲ့ စိတ်ဓာတ်တွေကျပြီး ပြန် သွားတာ။

ဒါပေမဲ့ မနေနိုင်ပါဘူး။ အဲဒါ ကြောင့်လည်း ဒီအခြေအနေထိလုပ်မြဲလုပ်နေ ဆဲပဲ။ မအောင်မြင်လည်း ဆက်လုပ်နေဦးမှာ ပဲ။ ရောင်ခြည်အခွေထွက်ပြီး စိတ်ဓာတ် ကျပြီး ပြန်သွားပြီးတော့ ဒီလောကထဲကို ပြန်ရောက် လာတာက ငါ့ဂီတငါ့ဗီဇဆိုတဲ့ သီချင်းနဲ့ ပြန် ရောက်လာတယ်။ အမှတ်တရပေါ့နော်။ အမှတ်တရပြောပြမယ်။ တကယ်က အဲဒီ အခွေထဲမှာ (ပွဲတော်အခွေ)ထဲမှာ ကျွန်တော့် ငါ့ဂီတငါ့ဗီဇသီချင်းမပါဘူး။ ကျွန်တော်ကို မခေါ်ဘူး။ ကျွန်တော်နဲ့ ဒရမ်မာနှစ်ယောက် သားဖက်ပြီး ငိုဖူးတယ်။ အဲဒီပန်းဖလက်ကိုတွေ့ လိုက်တော့ အဖွဲ့ ၅ဝ ကျော်လောက်ပါတယ်။ ကျွန်တော်တို့အဖွဲ့မပါဘူး။ ကျွန်တော့်တို့ကို မခေါ်ဘူး။ အဲဒီမှာIdiots ကရေမွန်က ပွဲ လုပ်တဲ့လူကိုပြောတယ်။Wanted လည်း ထည့်ရမယ် ဘာညာပေါ့။ အဲဒါနဲ့ ပရိုဂျူဆာ က ရှိုးမှာတော့ဆိုခွင့်ရမယ်။ အခွေထဲမှာတော့ မပါဘူးလို့ပြောတယ်။အဲဒါနဲ့ ကျွန် တော်ကလည်း ပိုက်ဆံမ ရရင်နေဆိုရရင် ပြီး တာပဲ ဆိုပြီးဆိုတယ်ပေါ့။ သွား ပြီး သီချင်းတိုက် တဲ့နေ့ ကျတော့မှ အဲဒါ လုပ်တဲ့ လသာက ကိုအံ့ကူနဲ့ ပရိုဂျူဆာက ကြည့်ပြီးတော့ ဒီအဖွဲ့မပါဘူးလား။ ဒီအဖွဲ့ ထည့်ရမယ်ဆိုပြီး နက်ဖြန်ရိုက်မယ်ဆို ဒီနေ့လို မျိုးမှာပါသွားတယ်။ ပြီးတော့ ကြော်ငြာက လည်း ကျွန်တော့်သီချင်း နဲ့ ဖြစ်သွားတယ်။ ကျွန်တော့်တို့ကိုလည်း အနုပညာကြေးပြန် ပေးတယ်။ အဲဒါလုံးဝအမှတ်တရဖြစ်တယ်။

အခွေထဲမှာထည့်မတွက်ထားတဲ့လူတစ်ယောက် အနေနဲ့ပြန်ပြီးတော့ အသုံးဝင်သွားတယ်ပေါ့။ အမှတ်တရဖြစ်တာပေါ့။ အဲဒါကြောင့် ကျွန် တော့်အခွေကို အဲဒီသီချင်းမပါဘဲနဲ့ ငါ့ဂီတ ငါ့ဗီဇဆိုပြီး ပြန်ပေးလိုက်တယ်။ ဒီလောကကို ပြန်ဝင်လာတဲ့အချိန်မှာဒီသီချင်းလေးက ကျွန် တော့်အတွက် အားတစ်ခုပဲ။ အမြဲတမ်းလည်း ဘဝမှာအမှတ်ရနေမယ့် သီချင်းလေးတစ်ပုဒ် ပါပဲ ဆိုပြီး ပြောပြခဲ့ပါတယ်။

ရှိုးတွေနဲ့ပတ်သက်ပြီးတော့ ဖော်ကာနဲ့ ပြောဖြစ်တာက ကျွန်တော်ပထမဆုံးစပြီးရှိုး ဆိုတာက ၂ဝဝ၃ အောက်တိုဘာမှာ မြောက် ဥက္ကလာက ကရင်နှစ်သစ်ကူးပွဲဘောလုံးကွင်း ကြီးထဲမှာဆိုတာ။ အမှတ်တရပါပဲ။ ရယ် လည်းရယ်ရတယ်။ ကျွန်တော်ကကြောက်ပြီး ဒူးတွေတောင်တုန်နေတာ။ တစ်ခါမှလည်း ရှိုး မတက်ဖူးဘူး။ ကံဆိုးချင်တော့ အသစ်တွေက အကုန်ပြီးသွားပြီ။ ကျွန်တော်တို့ကို မေ့သွား တယ်။ ဦးဘိုဘိုဟန်ဆိုပြီးပြီ။ ပြီးတော့ အပိတ် က ထူးအယ်လင်းနဲ့ မီးမီးခဲ။ အဲဒီအချိန်မှာ သူတို့ကအောင်မြင်နေတဲ့လူတွေ ကျွန်တော် က အဲဒီကြားထဲရောက်နေတာ။ ညကြီးက လည်းညဥ့်နက်နေပြီ။ ရှေ့ကဆဲတဲ့လူတွေ လည်းဆဲ၊ အားပေးတဲ့လူလည်းပေးပေါ့။ အဲဒီ အချိန်မှာ ကျွန်တော်တို့အဖွဲ့က ညဝတ်စုံကြီး တွေနဲ့ စင်ပေါ်တက်လာတာ။ စင်ပေါ်ရောက် တော့ ဗြောင်းဆန်ပြီးတော့ မိုက်တွေပြုတ် ကျ ဝုန်းဒိုင်းနဲ့ ပျော်ဖို့လည်းကောင်းတယ်။ကြောက် လည်းကြောက်တယ်။ စဆိုတဲ့သီချင်းက ရောင်ခြည်အခွေမှာပါတဲ့ သားမိုက်ဆိုတဲ့ သီချင်း။ ကျွန်တော့်သူငယ်ချင်း တစ်ယောက် ဆက်ပေးလို့ဆိုဖြစ်တာ။ ပိုက်ဆံတော့မရဘူး ပေါ့လို့ပြောပါတယ်။

သူဖြတ်သန်းခဲ့ဖူးတဲ့့Underground ဂီတလောကရဲ့ အကြောင်းကလည်း စိတ်ဝင် စားစရာပါ။ အခု့Underground ကတော့ ကြည့် တဲ့ပရိသတ်ပိုများလာတယ်။ ကျွန်တော်တို့ တုန်းက အောက်မှာ လူ ၅ဝ၊ ၁ဝဝ လောက်နဲ့ လည်း ဖျော်ဖြေဖူးတယ်။ Mainstream ပေါ် ကို ချက်ချင်းကြီးရောက်လာတဲ့ လူတွေလည်း ရှိသလို့Underground ကို ဖြတ်သန်းပြီးမှ ရောက်လာတဲ့လူတွေလည်းရှိတယ်။ တကယ် လုပ်ပြီးတော့ Mainstream ပေါ်ရောက် လာတဲ့ လူတွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့့Underground ကိုလည်း ဖြတ်သန်း ဖူးတယ်။Mainstream မှာလည်း ခန့်ခန့် ကြီးနေနိုင်မယ် ဆို ရင် တော့ အတိုင်းထက် အလွန်ပေါ့။ ခေတ်က ပရိုဂျူ ဆာ ရှားပါးလာ တာလည်း ပါတယ်။ ဒါပေမဲ့ တကယ်စိတ် ရှိလက်ရှိ မလုပ်ဘဲနဲ့ နိုင်ငံခြား ပဲကျောင်းသွား တက်မယ်တို့၊ တခြားအလုပ်ပဲလုပ်တော့မယ် တို့ဆိုပြီး စိတ်လျှော့လိုက်ရင်တော့ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒီဟာမှ ဒီဟာပဲဆိုပြီး ဇောက်ချ လုပ်မယ်ဆိုရင်တော့တစ်နေ့မဟုတ် တစ်နေ့ဖြစ်လာမယ်လို့ယုံကြည်ပါတယ်။ ဒုက္ခ ခံနိုင်ရင်ပေါ့ လို့ပြောလာတဲ့ ဖော်ကာရဲ့ စကားအတိုင်းအခုဆိုရင်Wanted က Mainstream မှာအခိုင်အမာရပ်တည်နေနိုင် ပါပြီ။

ဒီရော့ခ်ဂီတနဲ့ပတ်သက်ပြီးတော့ရော့ခ် ကိုလည်း ထင်ယောင်ထင်မှားဖြစ်အောင် ဘယ်တော့မှ မလုပ် ဘူး။ ရော့ခ် ဂီတကိုသိက္ခာ ကျအောင်လည်းမလုပ်ဘူး။ ပေါ်ပင်ကတော့ ခဏပါပဲ။ ကိုရွှေဂျော်ဂျော်က ကျွန်တော့်ကို ပြောဖူးသလိုပေါ့။ ရေထဲမှာ မျောလာတဲ့ အထဲမှာ အမှိုက်တွေ၊ ဒိုက်တွေရော၊ ကျွန်း သစ်တွေရောအကုန်ပါတယ်ပေါ့။ ဒါပေမဲ့ ကမ်းကိုရောက်တဲ့အချိန်မှာ အမှိုက်တွေက အရင်ရောက် တယ်။ ရေတိုက်စား ရင်တော့ အဲဒီ အမှိုက်တွေက ပြန်ပါသွားတယ်။ ကျွန်း သစ်တွေကတော့ကြာတယ်။ ဒါပေမဲ့ ရောက် လာရင် အဲဒီကျွန်းသစ်က အရမ်းကိုတန်ဖိုး ရှိမယ်ဆိုတာသိသာတယ်။ အဲဒီတော့ ကျွန် တော်တို့လည်း အဲဒီကျွန်းသစ်တုံးတွေလိုပဲ ဘယ်တော့မှ တန်ဖိုးမလျော့အောင်နေ တယ်။ နောက်ထပ်တခြားဂီတတွေပေါ်လာ ရင်လည်း ကျွန်တော်သွား တဲ့လမ်းကြောင်း အတိုင်း ရော့ခ်ခေါင်းစဉ်အောက်မှာပဲရှိနေမှာ ပါ။

အရမ်းကြီး အဲဒီလိုဖက်ရှင်ကျအောင် လုပ်တဲ့အထဲမှာ ကျွန်တော်တို့ Wanted မပါဘူး။ ကျွန်တော်တို့ ဝတ်တာစားတာနေတာ ထိုင်တာ သီချင်းနားထောင်ရင်သိပါတယ်။ အမှန်အတိုင်းပြောရင် ကျွန်တော်တို့က ဖက် ရှင်လည်းသိပ်ပြီးစိတ်မဝင်စားဘူး။ တောကျ တယ်ပဲခေါ်ရမှာပေါ့။ အခုဆိုရင် ကျွန်တော် တို့ Wanted အနေနဲ့ရော နောက်ပြီးS.I.R Group ကိုလည်း ပရိသတ်တွေလက်ခံအား ပေးကြတဲ့အတွက် အရမ်း ကိုကျေနပ်တယ်။ အရင်တုန်းက ရှိုးဆိုချင်လွန်းလို့ပါဆိုပြီး လမ်း ဘေးဖုန်းကနေဆက်ပြီးပြောခဲ့တဲ့အချိန်တုန်း ကတောင်မှ ဂရုမစိုက်ခဲ့တဲ့လူတွေလည်း အခု လာပြီးပွဲတွေဘာတွေချုပ်တဲ့အတွက် ကျေနပ် ပါတယ်။

ကျွန်တော့်ကိုစင်ပေါ်ကိုဆွဲတင်ပေး ခဲ့တဲ့လူတွေကတော့ အများကြီးပါ။ hiphop တွေနဲ့ တွဲဆိုရတဲ့ပွဲတွေ ဆိုရင်တော့ ကိုယ့်ရော့ခ် သီသန့်ပွဲနဲ့ဆိုရင် အိမ်ကွင်းအဝေးကွင်းတော့ ကွာတာပေါ့။ ဒါပေမဲ့ နိုင်အောင်တော့ ကန် ရမှာပဲ။ အရမ်းကြီးကြီးကျယ်ကျယ် ခံစားချက် ကြီးတော့မရှိပါဘူး။ ခုလက်ခံထားတဲ့ပွဲတွေ တော့ရှိတယ်။ အရောပွဲတွေပေါ့။ ဒါပေမဲ့ ကျွန်တော်တို့နောက်ပိုင်းတော့ သီးသန့်ပွဲတွေ လုပ်သွားဖို့ရှိပါတယ်။ တချို့ပွဲတွေဆို ပရိ သတ်တွေက လာပြောကြတာရှိတယ်။ အား ပေးရတာ အားမရဘူးတို့ဘာတို့ပေါ့။ နောက် ပိုင်းသီးသန့်ပွဲတွေလုပ်သွားဖို့ရှိပါတယ်။ ပြောရရင် တော့ ကျွန်တော်က ရော့ခ် စိတ် ဓာတ်ပြင်း ထန်တဲ့လူ လို့ ပြောလို့ ရ တယ် လို့ ပြောပြ ခဲ့ ပါတယ်။)

ရဲရဲ
popular journal
Music by soul

25/05/2022

♲︎︎︎𝐃𝐨𝐞 𝐋𝐨𝐧𝐞 // အမွန်သိခွင့် 👑

14/05/2022
14/05/2022
18/12/2021

How are you! 😍

16/09/2021

Address


Telephone

+959423265396

Website

Alerts

Be the first to know and let us send you an email when 𝑻𝒉𝒂𝒓 𝑻𝒉𝒂𝒓 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share