The Akyab Post

The Akyab Post Akyab Post is set up to represent the voices and situations of diverse communities living in Rakhine.

The Akyab Post is a joint media enterprise that was established on April 23, 2023 and is managed by a group of experienced and inspiring individuals with backgrounds in journalism and writing. It is set up to represent the voices and situations of diverse communities living in Rakhine.

◾️မင်းပြားမြို့နယ်မှာ အေအေတပ်ဖွဲ့ဝင်များသေဆုံးဆိုကာ ပုံအဟောင်းသုံးပြီး သတင်းမှားဖြန့်  22 Sep 2025Fact-checkThe Akyab Po...
22/09/2025

◾️မင်းပြားမြို့နယ်မှာ အေအေတပ်ဖွဲ့ဝင်များသေဆုံးဆိုကာ ပုံအဟောင်းသုံးပြီး သတင်းမှားဖြန့်

22 Sep 2025
Fact-check
The Akyab Post/ The Red Flag

ရခိုင်ပြည်၊ မင်းပြားမြို့နယ်၊ အမ်းသားရွာက စာသင်ကျောင်းမှာ စခန်းချနေကြတဲ့ အေအေတပ်ဖွဲ့ဝင်တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အေအေတပ်ဖွဲ့ဝင် ၂၅ ဦးသေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ပုံနဲ့တကွ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက်ရှိပါတယ်။

Facebook လူမှုကွန်ရက်မှာ ရခိုင်ဒေသနဲ့ ပတ်သက်ပြီး သတင်းတုသတင်းမှားတွေ အမုန်းစကားတွေ ဖြန့်လေ့ရှိကြတဲ့ “ARF Burmese” page ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ “မင်းပြားမြို့နယ်၊သတင်းပေးပို့ချက်များအရ မင်းပြားမြို့နယ် အမ်းသားရွာရှိ စာသင်ကျောင်းအတွင်း AA အကြမ်းဖက်များ ခိုအောင်းနေသည်ကို သိရှိပြီး လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း AA အကြမ်းဖက်သားစု ခဲဝါ စုစုပေါင်း ၂၅ ယောက် သေဆုံးခဲ့ကြောင်း ဒေသခံများထံမှ အတည်ပြုသတင်းများရရှိသည်။ သေဆုံးသူများထဲတွင် AA အဖွဲ့ဝင် အဆင့်မြင့် တချို့လည်း ပါဝင်ကြောင်း ထပ်မံသိရပြီး၊ အဖွဲ့ဝင်အချင်းချင်း အချင်းဆိုင်သတင်းပေးပို့မှုများကြောင့် စစ်တပ်ဘက်မှ တိကျစွာ ရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။ တိုက်ခိုက်ခံရသည့် အမှတ်တိုင်မှာ မဟာဗျူဟာဆိုင်ရာနေရာတစ်ခု ဖြစ်ပြီး AA အဖွဲ့ဝင်များစွာ ခိုလှုံနေရာ အဖြစ် အသုံးပြုနေခဲ့ကြောင်း သတင်းရယူနိုင်ခဲ့သည်။ ARF Burmese 20.9.2025 ” (မူရင်းအရေးအသား) ဆိုပြီးတော့ ဓာတ်ပုံနဲ့တကွ ဖြန့်ချိထားပါတယ်။

📌 “ARF Burmese” page ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ - https://archive.ph/DDF96

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post စစ်ဆေးထားတဲ့ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေပိုင်းအထိ reaction ပေးသူ ၁၈၇ ဦးနဲ့ comment ပေးသူ ၇ ဦးနဲ့ Share ပြုလုပ်သူ ၂၅ ဦးထိရှိပြီးတော့ Facebook လူမှုကွန်ရက်မှာ သတင်းတုသတင်းမှားတွေ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

Facebook လူမှုကွန်ရက်မှာ ပျံ့နေတဲ့ မင်းပြားမြို့နယ်မှာ အေအေတပ်ဖွဲ့ဝင်များကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ဆိုတဲ့ ပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ ခုနှစ် မတ်လ ၆ ရက်နေ့မှာ စစ်ကောင်စီဖက်ကန မင်းပြားမြို့နယ်၊ အမ်းသားကျေးရွာက စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ ထိခိုက်ပျက်စီးခဲ့တဲ့ ပုံအဟောင်းတွေကို သုံးပြီးတော့ သတင်းတုသတင်းမှား ဖြန့်ခဲ့တာကို တွေ့ရပါတယ်။​

▪️သတင်းစိစစ်ချက်

Facebook လူမှုကွန်ရက်မှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

“ARF Burmese” page ကနေ စက်တင်ဘာလ ၂၀ ရက်နေ့မှာ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse Image search tools တွေနဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ နိုင်ငံတကာသတင်းဌာနကြီးတစ်ခုဖြစ်တဲ့ RFA ကနေ “မင်းပြားမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ပျက်စီး” ဆိုတဲ့ သတင်းမှာပါရှိတဲ့ ပုံတွေဖြစ်နေတာကို တွေ့ရပါတယ်။

“မင်းပြားမြို့နယ် အမ်းသားစံပြရွာကို မတ်လ ၆ ရက်နေ့ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စာသင်ကျောင်း အပါအဝင် လူနေအိမ်တချို့ခဲ့တာဖြစ်ပြီးတော့၊ ပျက်စီးခဲ့တဲ့ မင်းပြားမြို့နယ် အမ်းသားစံပြကျေးရွာ အခြေခံပညာ မူလတန်းကျောင်းအား ၂၀၂၄ ခုနှစ်၊ မတ်လ ၇ ရက်နေ့က တွေ့ရစဉ်” ဆိုပြီးတော့ RFA ကနေ ပုံနဲ့တကွ ရေးသားဖော်ပြထားပါတယ်​။

🔗 RFA ရဲ့ သတင်းအပြည့်အစုံ - ​​ https://bitly.cx/hKOzA

မင်းပြားမြို့နယ် အမ်းသားစံပြရွာကို မတ်လ ၆ ရက်နေ့ည ၁၁ နာရီခွဲခန့်မှာ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ဆိုတဲ့ သတင်းကို ရခိုင်ဒေသအခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Arakan Bay News ကနေ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ စာသင်ကျောင်းအပျက်အစီး ဓာတ်ပုံနဲ့တကွ ရေးသား ဖော်ပြထားပါတယ်။

🔗 Arakan Bay News ရဲ့ သတင်းအပြည့်အစုံ - https://bitly.cx/v43n

ဒီသတင်းကိုပဲ ရခိုင်ဒေသအခြေပြု သတင်းမီဒီယာဌာနတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာကနေ “မင်းပြား အမ်းသားရွာကို စစ်ကောင်စီမှ ထပ်မံ၍ဗုံးကြဲတိုက်ခိုက်၊ စာသင်ကျောင်းအပါအဝင် လူနေအိမ်တစ်ချို့ပျက်စီး” ဆိုပြီးတော့ ၂၀၂၄ ခုနှစ် မတ်လ ၇ ရက်နေ့မှာ သတင်းရေးသား ဖော်ပြထားပါတယ်။

🔗 Narinjara သတင်းဌာနရဲ့ သတင်းအပြည့်အစုံ - https://bitly.cx/8FRei

သတင်းဌာနတွေရဲ့ ဖော်ပြချက်တွေအရ မင်းပြားမြို့နယ် အမ်းသားကျေးရွာကို စစ်ကောင်စီလေကြောင်း တိုက်ခိုက်တာကြောင့် ပျက်စီးခဲ့တာဟာ ၂၀၂၄ ခုနှစ မတ်လ ၆ ရက်နေ့ဖြစ်ပြီးတော့ အပျက်အစီးတွေဟာ စာသင်ကျောင်းနဲ့ အရပ်သားတွေရဲ့ နေအိမ်တွေဖြစ်နေတာကို တွေ့ရပါတယ်။

▪️ သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေ နိုင်ငံတကာသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ ယခင်က ပုံအဟောင်းကို သုံးပြီးတော့ သတင်းတုသတင်းမှားဖြန့်ခဲ့တာကို တွေ့ရပါတယ်။

ယခင်ကလည်း ဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် အေအေဖက်ကနေ ပြည်သူလူထုရဲ့ အိုးအိမ်နဲ့ ပိုင်ဆိုင်မှုတွေကို ဖျက်ဆီးပါတယ်ဆိုပြီးတော့​ ရေးသားဖြန့်ဝေခဲ့ကြပါတယ်။​

ARF Burmese page ဟာလည်း ယခင်ကလည်း သတင်းတုသတင်းမှားတွေနဲ့ အမုန်းစကားတွေကို ဖြန့်ခဲ့တာကြောင့် Akyab Post ဖက်ကနေ သတင်းတုသတင်းမှားဖြစ်ကြောင်း စီစစ် စစ်ဆေးခဲ့ပါတယ်။

✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking factcheck - https://www.facebook.com/watch/?v=735302166023053

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီး၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစိစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web - https://myanmarfactcheckingnetwork.org/

Fb - https://www.facebook.com/myanmarfactcheckingnetwork

22/09/2025

◾️ ကျောက်ဖြူ မင်းတပ်တောင်စခန်းကို စစ်ကော်မရှင်တပ်မှနေ ထိန်းချုပ်ဆိုကာ သတင်းအမှားဖြန့်

20 Sep 2025
Fact-check
Akyab Post/ MPA/ The Red Flag

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်ရှိ မင်းတပ်တောင်စခန်းကို စစ်ကော်မရှင်တပ်က ပြန်လည်ထိန်းချုပ်ရရှိ ထားကြောင်း စစ်လော်ဘီများက သတင်းအမှားဖြန့်ဝေလျက်ရှိသည်။

စစ်တပ်လော်ဘီ “U Kyaw Soe Oo” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၁၈ရက် နံနက်အစောပိုင်းတွင် “ကျောက်ဖြူမြိုနယ် မင်းတပ်တောင်ကို တပ်မတော် ပြန်လည် ထိန်းချုပ် ရရှိသွားကြောင်းပါ”ဟု (မူရင်းရေးသား ချက်အတိုင်း) ဖြန့်ဝေထားသည်။

ထိုသို့ ဖြန့်ဝေထားသော အကြောင်းအရာကို စက်တင်ဘာ ၁၉ရက် ညပိုင်းအထိ ဖတ်ရှုသူ ၁၉,၀၀၀ကျော်၊ Like and react ပေးသူ ၈၀၀ ကျော်ရှိပြီး အခြားသော လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေထားကြသည်။

သတင်းအမှားလင့်ခ်များ

📌 U Kyaw Soe Oo - https://archive.ph/V371b
📌 Snow Queen - https://archive.ph/ht8Yd
📌 Ye Yint Htet - https://archive.ph/moIXk

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို Myanmar Fact-checking Network၏ အဖွဲ့ဝင် မီဒီယာဖြစ်သော MPA နှင့် Akyab Post ကို ပူးပေါင်း၍ အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရသည်။

▪️ သတင်းစီစစ်ချက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ မင်းတပ်တောင်ရွာတွင်ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေအား သိရှိနိုင်ရန် Google တွင် “ကျောက်ဖြူ မင်းတပ်တောင် တိုက်ပွဲ” ဟု ရေးသားရှာဖွေရာ ရခိုင်ပြည်နယ်သတင်းဌာန များက သတင်းရေးသားဖော်ပြထားကြသည်။

Narinjara TV News က စက်တင်ဘာ ၁၅ရက်တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်အတွင်းအာရက္ခတပ်တော် (AA) နှင့် စစ်ကော်မရှင်တို့အကြား ဖြစ်ပွားနေသော တိုက်ပွဲသည် ပိုမိုပြင်းထန်လာပြီး စစ်ကော်မရှင်ဘက် က အကျအဆုံး များနေကြောင်း၊ စက်တင်ဘာလ ဒုတိယအပတ်အတွင်း စစ်ကား ၅ စီးဖြင့် အမှတ်(၃၂)ရဲ တပ်ရင်းကို လက်နက်အင်အား၊ လူအင်အားများ ဖြည့်တင်းခဲ့သည်ဟုမြေပြင်စစ်ရေးသတင်းအရင်းအမြစ် ကို မေးမြန်း၍ သတင်းဖော်ပြထားသည်။

🔗 သတင်းလင့်ခ် - https://bitly.cx/K25rJ

Western News သတင်းဌာနက စက်တင်ဘာ ၁၈ရက် နံနက် ၁၁နာရီကျော်တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ နယ် အမှတ် ၃၂ ရဲတပ်ရင်းအနီးတွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ကြား တိုက်ပွဲများ ဆက် လက်ဖြစ်ပွားနေကြောင်း၊ ကျောက်ဖြူတိုက်ပွဲမှာ စစ်ကောင်စီဖက်က အကျအဆုံး အများအပြားနှင့် အထိနာလျက်ရှိကြောင်း သတင်းရင်းမြစ်များကို မေးမြန်း၍ သတင်းဖော်ပြထားသည်။

🔗 သတင်းလင့်ခ် - https://bitly.cx/lJHc

ဆက်လက်ပြီး Western News က စက်တင်ဘာ ၁၉ရက် နံနက် ၁၁နာရီကျော်တွင် ရခိုင်ပြည်၊ ကျောက်ဖြူမြို့ နယ်တွင် အာရက္ခတပ်တော် AA နှင့် ဖြစ်ပွားနေသော တိုက်ပွဲများ၌ အောင်ပွဲရနေကြောင်း စစ်ကောင်စီ လော်ဘီများက လူမှုကွန်ရက်စာမျက်နှာများတစ်ဆင့် ဓါတ်ပုံနှင့်တကွ ဝါဒဖြန့်နေကြောင်း သတင်းရေးထား သည်။

🔗 သတင်းလင့်ခ် - https://bitly.cx/bJ18r

ဒီသတင်းနဲ့ ဆက်စပ်လို့ မြန်မာဒေသတွင်း သတင်းမီဒီယာတွေဖြစ်ကြတဲ့ Mizzima၊ DVB နဲ့ “သံလွင်ခက်” သတင်းဌာနတွေမှာလည်း ကျောက်ဖြူတ်ိုက်ပွဲမှာ ပြင်းထန်နေတာကြောင့် စစ်ကောင်စီနဲ့ အေအေဖက်ကနေ ထိပ်တိုက်တိုက်ပွဲဖြစ်နေတယ်ဆိုတဲ့ သတင်းကို ရေးသားဖော်ပြထားကြပါတယ်။​

🔗 Mizzima - https://bitly.cx/JEZx3
🔗 DVB - https://bitly.cx/GgSDD
🔗 “သံလွင်ခက်” - https://bitly.cx/2PrZd

▪️ သုံးသပ်ချက်

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အာရက္ခတပ်တော်(AA) နှင့် စစ်ကော်မရှင်တပ်တို့ ဖြစ်ပွားနေသော တိုက်ပွဲသည် ပြင်းထန်လျက်ရှိပြီး၊ စစ်တပ်ဘက်က အကျအဆုံးများနေကြောင်း ဒေသခံသတင်းရင်းမြစ်များ ကို မေးမြန်း၍ သတင်းဌာနများက သတင်းဖော်ပြထားသည်။

စစ်ကော်မရှင်တပ်ထောက်ခံသော ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေထားသော “မင်းတပ်တောင်စခန်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်” ဟု ရေးသားထားခြင်းသည် လိုရာဆွဲရေးသားထားသော သတင်းအမှားဖြစ်သည်။

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး နယ်မြေစိုးမိုးသိမ်းပိုက်မှု ရရှိရန် အပြန်အလှန် တိုက်ခိုက်နေလျက်ရှိသည်။

စစ်မြေပြင်သတင်းများသည် အချိန်နှင့် တပြေးညီ နယ်မြေသိမ်းပိုက် စိုးမိုးမှုရှိနိုင်ပြီး ယုံကြည်စိတ်ချရသော သတင်းဌာနများက သတင်းများကို ဖတ်ရှု၍ အတည်ပြုချက်ရယူနိုင်ပါသည်။

ယနေ့ခေတ် အင်တာနက်အခြေပြု ဆိုရှယ်မီဒီယာများတွင် သတင်းအတု၊ သတင်းအမှားများ ပျံ့နှံ့လျက်ရှိ သည်။ သတင်းအကြောင်းအရာတစ်ခုကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ်တကူ လက်ခံ၊ ယုံကြည်၊ မျှဝေ ခြင်းများ အလျင်စလို မပြုလုပ်ရန် လိုအပ်ပါသည်။

ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြ နေသော သတင်းမီဒီယာများတွင် ရှာဖွေဖတ်ရှု့သင့်ပါသည်။

Myanmar Fact-Checking Network အဖွဲ့ဝင်များ အချက်အလက် စစ်ဆေးထားသော သတင်းများကို အောက်ဖော်ပြပါ လင့်ခ်များမှတဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

ဝက်ဘ်ဆိုဒ်လင့် – https://myanmarfactcheckingnetwork.org/
Facebook လင့် – https://www.facebook.com/myanmarfactcheckingnetwork

#တိုက်ပွဲ #ရခိုင် #ကျောက်ဖြူ

17/09/2025

◾️လူမျိုးရေး ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံံ့ဆော်နေကြတဲ့ ဝါဒဖြန့်ချန်နယ်များ

17 Sep 2025
Akyab Post/ The Red Flag/ Lagon Eain/ MFCN

လူမျိုးရေး၊ ဘာသာရေးလို အကဲဆက်တဲ့ကိစ္စတွေကို အသုံးချပြီးတော့ ပဋိပက္ခဖြစ်အောင် သွေးထိုး လှုံ့ဆော် ဝါဒဖြန့်တဲ့ နည်းနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်တာဟာ ခေတ်အဆက်ဆက် အာဏာရှင်တွေ လုပ်လေ့လုပ်ထ ရှိတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။

မြန်မာနိုင်ငံလို လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ယှဉ်တွဲနေထိုင်ကြတဲ့နိုင်ငံမှာ လူမျိုးရေးနဲ့ ဘာသာရေးကို အသုံးချပြီး ပဋိပက္ခဖြစ်အောင် ဝါဒဖြန့်ချိမှုတွေဟာ လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ရှိခဲ့ပါတယ်။

အခုရက်ပိုင်း social media မှာ လူမျိုးရေး ဘာသာရေးနဲ့ ဆက်နွယ်ပြီးတော့ ပဋိပက္ခတွေဖြစ်အောင် လှုံဆော်ရေးသားထားကြတဲ့ အကြောင်းအရာတွေကို စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေကနေ အင်တိုက်အားတိုက်နဲ့ ဖြန့်ဝေနေကြပါတယ်။

ဒီနေ့မှာတော့ MFCN ၏ အဖွဲဝင်ဖြစ်တဲ့ AKP, LEG, TRF တို့ကနေ ပူးပေါင်းပြီး ရေးသားထားတဲ့ “ရခိုင်ဒေသမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်နေကြတဲ့ ဝါဒဖြန့်ချန်နယ်တွေ" အကြောင်းကို တင်ဆက်ပေးသွားပါမယ်။

◾️ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများကို အေအေမှ အတင်းအဓမ္မ လူသစ်စုဆောင်းထားသူများဟု သတင်းမှားဖြင့်ဝါဒဖြန့် Akyab ...
13/09/2025

◾️ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူများကို အေအေမှ အတင်းအဓမ္မ လူသစ်စုဆောင်းထားသူများဟု သတင်းမှားဖြင့်ဝါဒဖြန့်

Akyab Post/ The Red Flag/ MFCN
Fact-check
13 Sep 2025

ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ Thazin Oo ချန်နယ်ကနေ စက်တင်ဘာလ ၁၃ ရက်နေ့မှာ “အခု အေအေ အကြမ်းဖက်သင်တန်းစခန်းတိုက်ခိုက်ခံရတဲ့ အချိန်မှ အေအေ အကြမ်းဖက်အဖွဲ့က လူသစ်အဖြစ်အတင်းအဓမ္မစုဆောင်းခဲ့တဲ့ အသက်မပြည့်သေးတဲ့ လူငယ်လူရွယ်တွေရဲ့ မှတ်တမ်းပုံတွေနဲ့ ဝါဒဖြန့်ထားတာမှာကြည့်ရင် အရမ်းကိုသိသာပါတယ်အေအေ အကြမ်းဖက်အဖွဲ့က ထုတ်ပြန်ထားတဲ့ ပုံတွေထဲကနဲ အသက်တွေကိုကြည့်ရင် ယောကျ်ားလေးတွေဟာ အသက် ၁၇ အရွယ်နဲ့မိန်းကလေးတွေထဲမှာဆိုရင် ၂၁ နှစ်အရွယ်တွေပါဝင်ပါတယ်။ ဒီလူငယ်လူရွယ်တွေဟာ မကြာသေးခင်က အေအေ အကြမ်းဖက်အဖွဲ့ရဲ့ အတင်းအဓမ္မ လူသစ်စုခြင်းခံရတဲ့သူတွေချည်းပဲဖြစ်ပါတယ်” ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။

📌 Thazin Oo - https://archive.ph/UtWlT

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post စစ်ဆေးထားတဲ့ စက်တင်ဘာလ ၁၃ ရက်နေ့ ညနေပိုင်းအထိ ဝင်ရောက်ဖတ်ရှုသူ ၁၁၆၀၀ ကျော်ထိရှိပြီးတော့ reaction ပေးသူ ၄၁၀ ဦးနဲ့ comment ပေးသူ ၁ ဦးထိရှိပြီးတော့ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာလည်း သရက်တပင်ကျေးရွာက ကိုယ်ပိုင်အထက်တန်းကျောင်းကို စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှု ကိစ္စနဲ့ ပတ်သက်လို့ နေပြည်တော် နဲ့ Facebook လူမှုကွန်ရက် ARF Burmese page ကလည်း သတင်းတုသတင်းမှားတွေ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

📌 ARF Burmese - https://archive.ph/Kd0g0
📌 နေပြည်တော် - https://archive.ph/4UXuk

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်ဆိုပြီး ဖြန့်ချိနေတာကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ သေဆုံးသူတွေဟာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေသာဖြစ်နေပြီးတော့ ကိုယ်ပိုင်အထက်တန်းကျောင်းမှာ တက်ရောက်နေကြတဲ့ ကျောင်းသားတွေသာဖြစ်ကြတာကို တွေ့ရပါတယ်။

▪️ သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေဖြစ်တယ်ဆိုတဲ့ ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

Google မှာ ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရလို့ရိုက်ရှာကြည့်တဲ့အခါမှာ ရခိုင်ဒေသ အခြေပြု သတင်းဌာနတစ်ခုဖြစ်တဲ့ Development Media Group (DMG) ကနေ စက်တင်ဘာလ ၁၃ ရက်နေ့မှာ “ကျောက်တော် ဗုံးကြဲခံရမှုတွင် ကျောင်းသားအပါအဝင် သေဆုံးသူ ၂၂ ဦးနှင့် ဒဏ်ရာရသူ ၂၆ ဦးရှိလာ” လို့ ရေးသားဖော်ပြထားပါတယ်။

DMG သတင်းဌာနရဲ့ ရေးသားဖော်ပြချက်တွေအရ “သရက်တပင်ကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံး ၂ လုံး လာရောက်ကြဲချခဲ့သဖြင့် ကျေးရွာရှိ ပညာပန်းခင်းကိုယ်ပိုင်ကျောင်းအနီး ကျောင်းသားအိပ်ဆောင်သို့ ကျရောက်ပေါက်ကွဲခဲ့သည်။ အဆိုပါ ဗုံးကြဲမှုကြောင့် ကနဦးအနေဖြင့် ကျောင်းအနီး အိပ်ဆောင်အပြင် အနီးအနားရှိ နေအိမ်များမှ ဒေသခံနှင့် ကျောင်းသား/သူများအပါအဝင် ၁၇ ဦး ပွဲချင်းပြီး သေဆုံးကာ ၃၁ ဦး ဒဏ်ရာရရှိခဲ့သည်။ ယင်းနောက် အရေးပေါ်ဆေးကုသမှုခံယူခဲ့သည့် ဒဏ်ရာရှိသွားသူများအနက် ၅ ဦးမှာ ထပ်မံ သေဆုံးသွားသဖြင့် ယနေ့ နေလည်ပိုင်းအချိန်ထိ သေဆုံးသူ ၂၂ ဦးအထိ ရှိလာနေခြင်းဖြစ်သည်။” လို့ ဖော်ပြထားပါတယ်။

🔗 DMG သတင်းဌာနရဲ့ သတင်းအပြည့်အစုံ - https://bitly.cx/v38k

ဒါ့အပြင် The Irrawaddy သတင်းဌာနကလည်း “စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သောကျောင်းသား၊ကျောင်းသူ ၁၉ ဦးရှိပြီး အသက်အငယ်ဆုံး ၁၅ နှစ်မှ အသက်အကြီး ဆုံး ၂၁ နှစ်အထိပါဝင်ကာ အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ်အရွယ်ကျောင်းသားအများဆုံးဖြစ်၍ Grade-8 မှ Grade-12 တို့တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူများဖြစ်သည်။ အဆိုပါ သေဆုံးသူ ၁၉ ဦးတွင် ကျောင်းသူ ၂ ဦးပါဝင်ပြီး ၁၇ ဦးမှာကျောင်းသားများဖြစ်ကာ ဒဏ်ရာရရှိသောကျောင်းသား ၊ကျောင်းသူ နှင့် ဒေသခံ ၂၂ ဦးထိရှိသည်” လို့ စက်တင်ဘာလ ၁၃ ရက်နေ့က သတင်းမှာ ဖော်ပြထားပါတယ်။​

🔗 The Irrawaddy သတင်းဌာနရဲ့ သတင်းအပြည့်အစုံ - https://bitly.cx/ZoGPF

နောက်ထပ် အပြည်ပြည်ဆိုင်ရာ ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF) ကနေလည်း စက်တင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်တော်ဗုံးကြံခံရမှုတွင် သေဆုံးခဲ့သောကျောင်းသား၊ကျောင်းသူ ၁၉ ဦးရှိပြီး အသက်အငယ်ဆုံး ၁၅ နှစ်မှ အသက် အကြီးဆုံး ၂၁ နှစ်အထိပါဝင်ကာ အသက် ၁၆ နှစ်နှင့် အသက် ၁၇ နှစ်အရွယ်ကျောင်းသားအများဆုံးဖြစ်၍ Grade-8 မှ Grade-12 တို့တွင် ပညာသင်ယူနေကြသော ကျောင်းသား ကျောင်းသူများ ဖြစ်ပြီး နေအိမ်၊ ကျောင်းနဲ့ ရပ်ကွက်တွေကို ကာကွယ်ဖို့ ရည်ရွယ်ထားတဲ့ နေရာတွေမှာ ကလေးတွေ အသက် ဆုံးရှုံးနေကြပါတယ် လေကြောင်းတိုက်ခိုက်မှုအတွက် အလွန်အမင်းစိုးရိမ်ပူပန်နေမိတယ်လို့” ထုတ်ပြန်ထားပါတယ်။

🔗 Unicef ရဲ့ ထုတ်ပြန်ချက်အပြည့်အစုံ - https://bitly.cx/pxnzI

ဒါ့အပြင် စက်တင်ဘာ ၁၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် သရက်တပင်က ကိုယ်ပိုင်အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေသေဆုံးတယ်ဆိုတဲ့ သတင်းကိုပဲ ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DMG နဲ့ မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ The Irrawaddy၊ DVB၊ Myanmar Now၊ MPA၊ Mizzima နဲ့ နိုင်ငံတကာသတင်းဌာနဖြစ်ကြတဲ့ BBC နဲ့ Al JAZEERA သတင်းဌာနတွေကနေ ရေးသားဖော်ပြထားကြပါတယ်။

🔗 The Irrawaddy - https://bitly.cx/TNI2
🔗 DMG - https://bitly.cx/YW2s
🔗 MPA - https://bitly.cx/a2rDk
🔗 Myanmar Now - https://bitly.cx/TRd1g
🔗 DVB - https://bitly.cx/Svup
🔗 Mizzima - https://bitly.cx/AAmQz
🔗 BBC Burmese - https://bitly.cx/oaTKg
🔗 Al JAZEERA - https://bitly.cx/Bg75l

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ စက်တင်ဘာလ ၁၂ ရက်နေ့ကလည်း “ကျောက်တော်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုကာ သတင်းမှားဖြန့်ခဲ့ပြီးတော့ ဒီလို သတင်းတုသတင်းမှားကိုလည်း Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ သတင်းမှားဖြစ်တယ်လို့ စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။​

✅ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact-check အပြည့်အစုံ - https://bitly.cx/aOcHf

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ကျောက်တော်မြို့နယ် သရက််တစ်ပင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာ ရရှိသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေ မဟုတ်ကြဘဲ အသက်မပြည့်ကြသေးတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေသာဖြစ်ကြပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပျက်စီးသွားတဲ့ အဆောက်အဦးဟာလည်း အေအေရဲ့ စခန်းဆိုတဲ့ အချက်အလက်ကို မတွေ့ရှိရပါဘူး။

▪️ သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေရဲ့ ထုတ်ပြန်ချက်တွေ အတည်ပြုချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အာရက္ခတပ်တော် အေအေဖက်ကနေ အတင်းအဓမ္မလူသစ်စုဆောင်းထားတဲ့ လူငယ်တွေမဟုတ်ဘဲ​ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအများစု ပါဝင်နေပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ ကျောင်းသားကလေးသူငယ်တွေကို အေအေဖက်က စစ်သားတွေဆိုပြီး ပုံဖော်ပြီးတော့ သတင်းမှန်တွေ အပေါ်မှာ ဆက်စပ်သတင်းမှားဖြန့်ကာ စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်မှုအပေါ်မှာ ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။​

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသွားတဲ့ ပြည်သူတွေကို အေအေစစ်သားတွေဆိုပြီး လိုသလို ပုံဖော်ပြီး ရေးသားလေ့ရှိပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post

◾️ ကျောက်တော်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုကာ သတင်းမှားဖြန့်Fact-checkAkyab Post/ MPA/...
12/09/2025

◾️ ကျောက်တော်မြို့နယ် လေကြောင်းတိုက်ခိုက်မှုတွင် အေအေတပ်ဖွဲ့ဝင်များ သေဆုံးဆိုကာ သတင်းမှားဖြန့်

Fact-check
Akyab Post/ MPA/ The Red Flag/ MFCN
12 Sep 2025

ရခိုင်ပြည်​ ကျောက်တော်မြို့နယ်က သရက်တစ်ပင်ကျေးရွာကို စစ်ကောင်စီဖက်မှနေ လေကြောင်းတိုက်ခိုက်မှုအတွင်း အေအေတပ်သား ၂၀ ကျော် သေဆုံးတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့လျက် ရှိပါတယ်။​

တယ်လီဂရန်မှာ စစ်ကောင်စီဝါဒဖြန့် ဝါဒဖြန့်ချန်နယ်တစ်ခုဖြစ်တဲ့ “နေပြည်တော်” ချန်နယ်ကနေ စက်တင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်တော်အေအေကိုထပ်မံဗုံးကြဲ၊၂၀ကျော်သေဆုံး ၂၀ ကျော်တိုပြတ်ဖွါဒဏ်ရာရ ကျောက်တော်မြို့နယ်၊ သရက်တစ်ပင်ကျေးရွာ ပညာပန်းခင်း ကိုယ်ပိုင်စာသင်ကျောင်း အေအေစခန်းအား ဗုံးကြဲမှုကြောင့် သေဆုံးတိုပြတ် ထိခိုက်ဒဏ်ရာရများပြားသွားကြောင်း ကနဦး သတင်းရရှိသည်။ ယနေ့ စက်တင်ဘာ၁၂ရက် နံနက်၁နာရီကျော်တွင် အဆိုပါ ကျောင်းသား အေအ အဆောင်အား ဗုံး၂လုံးကြဲချခဲ့ခြင်းဖြစ်သည်။ တိုပြတ်ဒဏ်ရာရရှိသူများထဲတွင် ဒဏ်ရာပြင်းထန် စုတ်ဖွါလန်နေသူများပါဝင်နေပြီးအေအေ အဆောင်၄ဆောင်ထက် မနည်းလည်း ပျက်စီးခဲ့ ကြောင်း သိရသည်။” (မူရင်းအရေးအသား) ဆိုပြီးတော့ ရေးသားဖြန့်ဝေထားပါတယ်။

📌 နေပြည်တော် - https://archive.ph/BnpAP

“နေပြည်တော်” ချန်နယ်ကနေ ဖြန့်ချိထားတဲ့ ပို့စ်ကို Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၁၂ ရက်နေ့အတွင်းမှာ ဝင်ရောက်ဖတ်ရှုသူ 5.1 k ထိရှိပြီးတော့ reaction ပြုလုပ်သူ ၇၇ ဦိးနဲ့ comment ပေးသူ ၅ ဦးထိရှိပြီးတော့ ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

ဒီပို့စ်ကိုပဲ အခြားစစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်ကြတဲ့ View Of Sue၊ “မှိုင်းဝေ”၊ “ဘညွန့်”၊ Ka Ka Han၊ ဟန်ငြိမ်းဦး၊ Ko Thet၊ May Yu Htar Nay၊​ Wesrern 24 News၊ Shwe Myanmar စတဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေနဲ့ ARF Burmese page မှာလည်း လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးသူတွေဟာ အေအေစစ်သားတွေဆိုပြီးတော့ ရေးသားဖြန့်ချိထားကြပါတယ်။

📌 View of Sue - https://archive.ph/RQy6R
📌 မှိုင်းဝေ - https://archive.ph/TT7E9
📌 ဘညွန့် - https://archive.ph/UWMFQ
📌 Ko Thet - https://archive.ph/GG7aN
📌 Ka Ka Han- https://archive.ph/vfBwg
📌 ဟန်ငြိမ်းဦး - https://archive.ph/wip/36DK8
📌 ARF Burmese - https://archive.ph/VbmVL
📌 Shwe Myanmar - https://archive.ph/6ED3o
📌 May Yu Htar Nay - https://archive.ph/NXGIl
📌 Western 24 News - https://archive.ph/c25Vb

ဒီပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာကို စစ်ကောင်စီဖက်ကနေ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေစစ်သားတွေမဟုတ်ဘဲ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေပါဝင်နေပြီးတော့၊ ဗုံးကြဲခံရတဲ့နေရာဟာ စစ်ကောင်စီဝါဒဖြန့် ချန်နယ်တွေမှာ ဖြန့်ထားသလိုမျိုး အေအေစစ်သင်တန်းကျောင်းမဟုတ်ဘဲ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းသာ ဖြစ်နေတာကို စစ်ဆေးအတည်ပြုနိုင်ခဲ့ပါတယ်။

▪️ သတင်းစိစစ်ချက်

စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူတွေဟာ အေအေတပ်သားတွေ ဆိုပြီး ရေးသားဖြန့်ဝေထားတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ google reverse Image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။​

ဝါဒဖြန့်ချန်နယ်ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံတွေကို google reverse image search tool နဲ့ ရှာကြည့်လိုက်တဲ့အခါမှာ ရခိုင်ဒေသတွင်း သတင်းမီဒီယာတစ်ခုဖြစ်တဲ့ Narinjara သတင်းဌာနကနေ စက်တင်ဘာလ ၁၂ ရက်နေ့မှာ “ကျောက်တော်မြို့နယ် သရက်တစ်ပင်ရွာ ပညာပန်းခင်းကျောင်းအား အကြမ်းဖက်လေတပ်က ဗုံးကြဲတဲ့အတွက် ကျောင်းသား၊ ကျောင်းသူ ၁၈ ဦးသေဆုံး၊ ၂၀ ကျော်ဒဏ်ရာရ” ဆိုပြီးတော့ ရေးသားထားပါတယ်။
Narinjara သတင်းဌာနရဲ့ ရေးသားချက်တွေအရ “သရက်တပင်ကျေးရွာမှ ပညာပန်းခင်းကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသား ၁၉ ဦးနှင့် အမြင်သစ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသူ၊ ကျောင်းသားသုံးဦး၊ စုစုပေါင်း ၂၂ ဦးတို့ကို နာမည်နဲ့တကွ ဖော်ပြထားပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ကျောင်းသူ၊ ကျောင်းသားများ အပါအဝင် အနီးအနားမှာရှိတဲ့ နေအိမ်တွေက အရပ်သားတွေအပါအဝင် စုစုပေါင်း ၂ဝ ကျော် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာပြင်းထန်သူများတွင် ဆက်လက်သေဆုံးနိုင်ဖွယ်ရှိသူများ ရှိတယ်လို့ ရေးသားဖော်ပြထားပါတယ်။

🔗 Narinjara သတင်းဌာနရဲ့ သတင်းများ - https://bitly.cx/vtMLm
🔗 Narinjara သတင်းဌာနရဲ့ သတင်းများ - https://bitly.cx/Id3LK

ဒါ့အပြင် ကျောက်တော်မြို့စာသင်ကျောင်း လေကြောင်းတိုက်ခိုက်ခံရဆိုတဲ့ Keywords နဲ့ Google မှာ ရှာကြည့်တဲ့အခါမှာလည်း နိုင်ငံတကာသတင်းဌာနတစ်ခုဖြစ်တဲ့ BBC ကနေ စက်တင်ဘာလ ၁၂ရက်နေ့မှာ “အာရက္ခတပ်တော် (အေအေ) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ရွာက ပညာပန်းခင်း ကိုယ်ပိုင်အထက်တန်းကျောင်း‌ပေါ်ကို ဒီနေ့ စက်တင်ဘာ ၁၂ ရက်၊ မနက် ၁ နာရီ ၅ မိနစ်ခန့်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးနှစ်လုံးကြဲချခဲ့လို့ သေဆုံးသူအရေအတွက် အယောက် ၂၀ အထိရှိလာ” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။

🔗 BBC Burmese - https://bitly.cx/oaTKg

ကျောက်တော်မြို့နယ် သရက်တပင်က ကိုယ်ပိုင်အထက်တန်းကျောင်း လေကြောင်းတိုက်ခိုက်မှု အတွင်းမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေနဲ့ အရပ်သားပြည်သူတွေသေဆုံးတယ်ဆိုတဲ့ သတင်းကိုပဲ ရခိုင်ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ DMG နဲ့ မြန်မာပြည်တွင်း သတင်းဌာနတွေဖြစ်ကြတဲ့ The Irrawaddy၊ DVB၊ Myanmar Now၊ MPA၊ Mizzima စတဲ့ သတင်းဌာနတွေကနေ ရေးသားဖော်ပြထားကြပါတယ်။

🔗 The Irrawaddy - https://bitly.cx/TNI2
🔗 DMG - https://bitly.cx/YW2s
🔗 MPA - https://bitly.cx/a2rDk
🔗 Myanmar Now - https://bitly.cx/TRd1g
🔗 DVB - https://bitly.cx/Svup
🔗 Mizzima - https://bitly.cx/AAmQz

စိတ်ချယုံကြည်ရတဲ့ သတင်းမီဒီယာတွေရဲ့ ရေးသားဖော်ပြချက်တွေအရ ကျောက်တော်မြို့နယ် သရက််တစ်ပင်ကျေးရွာမှာ လေကြောင်းတိုက်ခိုက်ခံရလို့ သေဆုံးတဲ့သူတွေနဲ့ ထိခိုက်ဒဏ်ရာရရှိသူတွေဟာ အေအေတပ်သားတွေ မဟုတ်ကြဘဲ အသက်မပြည့်ကြသေးတဲ့ ကလေးသူငယ်တွေနဲ့ အရပ်သားပြည်သူတွေသာဖြစ်ကြပြီးတော့ လေကြောင်းတိုက်ခိုက်မှုအတွင်းမှာ ပျက်စီးသွားတဲ့ အဆောက်အဦးဟာလည်း အေအေရဲ့ စခန်းဆိုတဲ့ အချက်အလက်ကို မတွေ့ရှိရပါဘူး။

▪️ သုံးသပ်ချက်

စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံံ့နှံ့လျက်ရှိတဲ့ ပို့စ်ကို ဒေသတွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေ၊ ပြည်တွင်းသတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ တိုက်ကြည့်တဲ့အခါ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေမှာ ပျံ့နှံ့နေသလိုမျိုး စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် သေဆုံးတဲ့သူတွေဟာ အာရက္ခတပ်တော်ရဲ့ စစ်သားဖြစ်တယ် ဆိုတာကို မတွေ့ရှိရပါဘူး။

လေကြောင်းတိုက်ခိုက်လို့ သေဆုံးတဲ့ထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေအများစု ပါဝင်နေပြီးတော့ ထိခိုက်ဒဏ်ရာရရှိတဲ့ထဲမှာလည်း အသက်မပြည့်သေးတဲ့ ကလေးငယ်တွေပါ ပါဝင်နေတာကို တွေ့ရပါတယ်။

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေကနေ ဖော်ပြထားတဲ့ ပို့စ်တွေဟာ စစ်ကောင်စီရဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေကို ဖုံးကွယ်ရာမှာ အသုံးချဖို့အတွက် လေကြောင်းတိုက်ခိုက်ခံရမှုအတွင်း ပျက်စီးသွားတဲ့ နေအိမ်တွေနဲ့ အဆောက်အအုံတွေကို အေအေနဲ့ ဆက်စပ်တယ်ဆိုတယ်ပြီးတော့ လိုသလို ပုံဖော်ပြီး ရေးသားနေတဲ့ မှားယွင်းတင်ပြတဲ့ သတင်းမှားအမျိုးအစားသာဖြစ်ပါတယ်။

လက်ရှိ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်တိုက်ပြုလုပ်လျက်ရှိပြီးတော့ အရပ်သားပြည်သူတွေအပေါ်မှာ စစ်ရာဇဝတ်မှုနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကို ကျုးလွန်လျက်ရှိပြီးတော့ ဒီကျုးလွန်မှုတွေကို စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေပေါ်ကနေ ရည်ရွယ်ချက်ရှိရှိနဲ့ ဖုံးကွယ်ဖို့ ကြိုးစားလာတာကိုပါ တွေ့ရှိရပါတယ်။

ယခင်ကလည်း စစ်ကောင်စီချန်နယ်တွေကနေ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးရင် ဝါဒဖြန့်တာတွေကိုလည်း Akyab Post ဖက်ကနေ စုံစမ်းဖော်ထုတ်ပြီး ရေးသားနိုင်ခဲ့ပါတယ်။

✅ Akyab Post ဖက်မှ စစ်ဆေးထားသော သတင်းမှား-
https://bitly.cx/ahf2
https://bitly.cx/tdwxm

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက် စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post

◾️ အေအေတပ်ဖွဲ့ဝင်တစ်ဦးကို မူးယစ်ဆေးများနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဖက်မှနေ ဖမ်းဆီးဆိုကာ သတင်းမှားဖြန့်Fact-checkAkyab Post/ The...
08/09/2025

◾️ အေအေတပ်ဖွဲ့ဝင်တစ်ဦးကို မူးယစ်ဆေးများနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဖက်မှနေ ဖမ်းဆီးဆိုကာ သတင်းမှားဖြန့်

Fact-check
Akyab Post/ The Red Flag/ MFCN
8 Sep 2025

မောင်တောမြို့နယ်မှ အာရက္ခတပ်တော် အေအေတပ်ဖွဲ့ဝင် တစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့မှနေ Yaba(WY) မူးယစ်ဆေးပြား ၃၀,၀၀၀ နဲ့ အတူ ဖမ်းဆီးမိတယ်ဆိုပြီးတော့ ရေးသားထားကြတဲ့ ပို့စ်တွေဟာ ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လျက်ရှိပါတယ်။

Facebook လူမှုကွန်ရက်မှာ သတင်းတုသတင်းမှားတွေ ဖြန့်လေ့ရှိတဲ့ ARF Burmese page ကနေ စက်တင်ဘာလ ၆ ရက်နေ့မှာ “မောင်တောမြို့နယ်မှ AA အဖွဲ့ဝင်တစ်ဦးကို BD ရဲတပ်ဖွဲ့က WY နဲ့အတူ ဖမ်းဆီး စက်တင်ဘာ ၆ Sonaichchari ရဲကင်းစခန်းတာဝန်ခံ Inspector Kamrul Islam ဦးဆောင်သော Naikshangchhari ရဲစခန်းက စစ်ဆင်ရေးဆောင်ရွက်ပြီး Yaba(WY)ဆေးပြား ၃၀,၀၀၀ ကို သိမ်းဆည်းရမိခဲ့ပါတယ်။ ရခိုင်ပြည်နယ်၊မောင်တောမြို့နယ် သင်းဘောလှရွာမှ AA အဖွဲ့ဝင်တစ်ဦးကို ဘဂ်လားဒေရှ့် ရဲတပ်ဖွဲ့က ဖမ်းဆီး ထားကြောင်း သိရပါတယ်။ (သောက်ကောင်းကျိုးမပေးတဲ့ မူးယစ်သူပုန်တွေ)” ဆိုတဲ့ စာသားနဲ့အတူ ရေးသားဖြန့်ဝေ ထားပါတယ်။

📌 ARF Burmese Page ကနေ ဖြန့်ထားတဲ့ ပို့စ်အပြည့်အစုံ - https://archive.ph/U2fql

ဒီပို့စ်ကို ဖြန့်ချိထားတဲ့ နေ့ကနေ Akyab Post ကနေ စစ်ဆေးထားတဲ့ စက်တင်ဘာလ ၈ ရက်နေ့အထိ reaction ပြုလုပ်သူ ၃၂၆ ဦးထိရှိပြီးတော့ comment ပေးသူ ၃၄ ဦးနဲ့ Share ပြုလုပ်သူ ၁၅၉ ဦိးထိရှိပြီးတော့ ဖေ့စဘုတ်ဆိုရှယ်မီဒီယာမှာ Arakan Free News page နဲ့ တယ်လီဂရန်က စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဖြစ်တဲ့ Shwe Myanmar နဲ့ ​DI Thameedaw တွေမှာလည်း ဆက်လက်ပြီးတော့ ပျံ့နှံ့လျက်ရှိပါတယ်။

📌 Arakan Free News - https://archive.ph/Fax21
📌 Shwe Myanmar - https://archive.ph/teiAj
📌 DI Thameedaw - https://archive.ph/OWa43

ဒီပို့စ်ကို Myanmar Fact-checking Network အဖွဲ့ဝင်ဖြစ်တဲ့ Akyab Post ကနေ စစ်ဆေးခဲ့လိုက်တဲ့ အခါမှာ မူးယစ်ဆေးရောင်းဝယ်မှုကြောင့် မြန်မာနိုင်ငံသားတစ်ဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့ကနေ ဖမ်းဆီးခဲ့တာပါ။ ပြီးတော့ ဖမ်းဆီးခံရတဲ့ လူငယ်ကို အာရက္ခတပ်တော်ရဲ့ တပ်သားဆိုပြီး တံဆိပ်ကပ်ပြီး စွပ်စွဲရေးသားနေတာကို တွေ့ရှိခဲ့ရပါတယ်။

▪️ သတင်းစိစစ်ချက်

Facebook ဆိုရှယ်မီဒီယာနဲ့ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နှံ့လို့ရှိတဲ့ ပို့စ်မှာပါရှိတဲ့ အကြောင်းအရာတွေကို သိရှိရဖို့ Akyab Post ဖက်ကနေ google advanced search tools နဲ့ Reverse image search tools တွေကို သုံးပြီးတော့ စစ်ဆေးခဲ့ပါတယ်။

ARF Burmese Page ကနေ တင်ထားတဲ့ ပို့စ်မှာပါရှိတဲ့ ပုံကို Reverse image search tools နဲ့ စစ်ဆေးကြည့်လိုက်တဲ့အခါမှာ ဘင်္ဂလားဒေ့ရှ်အခြေပြု Parbatta News ကနေ စက်တင်ဘာလ ၆ ရက်နေ့မှာ “Myanmar national arrested with Yaba in Sonaichary, Naikxyangchhari” ဆိုပြီးတော့ ဘင်္ဂလီဘာသာစကားနဲ့ အတူ ရေးသားထားတာကို တွေ့ရပါတယ်။​

Parbatta News ရဲ့ ရေးသားချက်တွေအရ စက်တင်ဘာလ ၆ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒါဘန်မြို့မှာရှိတဲ့ Naiksyangchhari upazila ရဲစခန်းရဲ့ အထူးစစ်ဆင်ရေးတစ်ခုကနေ ဆူနာချီခါရီ ယူနီယံ ရပ်ကွက် အမှတ် (၈) မှ Reju Headmanpara နေရာမှာ မောင်တောမြို့နယ်မှ ရိုဟင်ဂျာလူငယ်တစ်ဦးဖြစ်တဲ့ မောင်နီဦး တန်ချန်းယာကို ယာဘဆေးပြား ၃၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖမ်းဆီးခံရတဲ့ မူးယစ်ကုန်သည်လူငယ်ဟာ ဘင်္ဂလားဒေ့ရှ်ကို မကြာခဏဆိုသလို နယ်စပ်ဖြတ်ကျော် ပြီးတော့ ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ အရောင်းအဝယ်လုပ်နေတာဖြစ်ပြီး ဒေသခံ လူနည်းစု တိုင်းရင်းသားများနှင့် ဆင်တူတယ်လို့ ဖမ်းဆီးထားတဲ့ ရဲအရာရှိ Pushil က ပြောတယ်လို့ Parbatta News က ရေးသားဖော်ပြထားပါတယ်။

🔗 Parbatta News ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် - https://www.parbattanews.com/%e0%a6%a8%e0%a6%be%e0%a6%87.../

ဒါ့အပြင် ဒီသတင်းကိုပဲ ဘင်္ဂလားဒေ့ရှ်အခြေစိုက် နောက်သတင်းမီဒီယာတစ်ခုဖြစ်တဲ့ CHTTimes24 ဆိုတဲ့ သတင်းဌာနကနေ စက်တင်ဘာလ ၆ ရက်နေ့မှာ “Rohingya youth arrested with 30,000 yaba pills” ဆိုပြီးတော့ ဘင်္ဂလီဘာသာစကားနဲ့ ရေးသားထားပါတယ်။

CHTTimes24 ရဲ့ ရေးသားချက်တွေအရ “ ဘန်ဒါဘန်မြို့ Naikshongchhari Upazila အထူးရဲစစ်ဆင်ရေးတွင် ရိုဟင်ဂျာလူငယ်တစ်ဦး ယာဘဆေးပြား ၃၀၀၀၀ နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။” လို့ သတင်းမှာ ဖော်ပြထားပါတယ်။

🔗 CHTTimes24 ရဲ့ သတင်းအပြည့်အစုံကို ဖတ်ရှုရန် - https://chttimes24.com/news-view/7868/

အခြားဘင်္ဂလားဒေ့ရှ်အခြေစိုက်မီဒီယာတွေဖြစ်တဲ့ Banglaralonews နဲ့ sokalerkhobor24 သတင်းဌာနတွေမှာလည်း ဒီသတင်းကိုပဲ ဖော်ပြကြပါတယ်။

🔗 Banglar Alo News ရဲ့ သတင်းအပြည့်အစုံ - https://banglaralonews.com/526576
🔗 Sokalerkhobor24 ရဲ့ သတင်းအပြည့်အစုံ - https://sokalerkhobor24.com/%E0%A6%A8%E0%A6%BE%E0%A6%87.../

ဘင်္ဂလားဒေ့ရှ်အခြေစိုက်သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဖမ်းဆီးခံရတဲ့ ရိုဟင်ဂျာမူးယစ် ကုန်သည်လူငယ်ဟာ မြန်မာနိုင်ငံ မောင်တောမြို့နယ်က ရိုဟင်ဂျာလူငယ်တစ်ဦးသာ ဖြစ်ပါတယ်။​ စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေသလိုမျိုး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ အေအေတပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ မူးယစ်ကုန်သည်ရိုဟင်ဂျာတစ်ဦးသာဖြစ်နေတာကို သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေမှာ တွေ့ရပါတယ်။

▪️ သုံးသပ်ချက်

စိတ်ချယုံကြည်ရတဲ့ သတင်းဌာနတွေရဲ့ ရေးသားဖော်ပြချက်တွေနဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့တဲ့ ပိုစ့်တွေနဲ့ တိုက်ပြီးစစ်ဆေးကြည့်တဲ့အခါမှာ ARF Burmese page အပါအဝင် စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာ ပျံ့နေတဲ့ အေအေတပ်ဖွဲ့ဝင်တစ်ဦးကို မူးယစ်ဆေးများနဲ့အတူ ဘင်္ဂလားဒေ့ရှ်ဖက်မှနေ ဖမ်းဆီးဆိုတာဟာ သတင်းမှန်ပေါ်အခြေခံပြီးတော့ လိုအပ်သလို ပုံဖော်ရေးသားထားတဲ့ Misleading သတင်းမှားသာ ဖြစ်ပါတယ်။

ယခင်ကလည်း စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေဟာ အာရက္ခတပ်တော်နဲ့ ပတ်သက်ပြီးတော့ “အေအေအဖွဲ့ဟာ မူးယစ်ဆေးဝါး အများဆုံးတင်သွင်း ဖြန့်ဖြူးနေတဲ့ အဖွဲ့အစည်းဆိုကာ India OPINDIA ကနေ ဖော်ပြ” ဆိုပြီး စစ်ကောင်စီချန်နယ်တွေကနေ ဝါဒဖြန့်ခဲ့ကြတာတွေရှိပါတယ်။

ဒီလို မူးယစ်ဆေးနဲ့ ပတ်သက်ပြီး Akyab Post ကနေ စစ်ဆေးကြည့်တဲ့အခါမှာလည်း စစ်ကောင်စီချန်နယ်တွေကနေ မူးယစ်ဆေးဝါးနဲ့ ၏ စွပ်စွဲဝါဒဖြန့်ထားတဲ့ အကြောင်းအရာတွေကို ဆက်တိုက်လုပ်ဆောင်နေခဲ့တာကို တွေ့လာရပါတယ်။

✅ မူးယစ်ဆေးဝါးစွပ်စွဲချက်တွေနဲ့ Akyab Post ကနေ စစ်ဆေးထားတဲ့ Debunking Fact Check များ -
https://www.facebook.com/share/v/16q7pLaYqc/
https://www.facebook.com/theakyabpost/posts/536247796110915
https://www.facebook.com/myanmarfactcheckingnetwork/videos/1577519133561481/

လက်ရှိရခိုင်ဒေသတွင်းမှာ ဖုန်း၊ အင်တာနက်လိုင်းအခက်အခဲတွေကြောင့် သတင်းအချက်အလက်စီးဆင်းမှုမှာ နှေးကွေးလျက်ရှိပြီးတော့၊ ရရှိထားတဲ့ သတင်းအချက်အလက်တွေကိုလည်း သေချာစီစစ်ပြီးမှ လက်ခံကြဖို့ တိုက်တွန်းလိုပါတယ်။

စာဖတ်သူတွေအနေနဲ့သတင်းတု/သတင်းမှားဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြု မေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့အစည်း တွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

Myanmar Fact-checking Network အဖွဲ့ဝင်တွေ အချက်အလက်စစ်ဆေးထားတဲ့ သတင်းတွေကို ဒီနေရာမှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

Web - https://myanmarfactcheckingnetwork.org/
Fb - https://www.facebook.com/myanmarfactcheckingnetwork
Post

Address

Min Bar Gyi
Sittwe
95

Website

Alerts

Be the first to know and let us send you an email when The Akyab Post posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Akyab Post:

Share

Category