ရခိုင့်ဆရာတော်များ၏ တရားဒေသနာတော်များ

  • Home
  • Myanmar
  • Sittwe
  • ရခိုင့်ဆရာတော်များ၏ တရားဒေသနာတော်များ

ရခိုင့်ဆရာတော်များ၏ တရားဒေသနာတော်များ Page မူရင်မကြီးကို Like / Follow လုပ်ထားကြပါ တရားသောအသိဖြင့် ငြိမ်းချမ်းကြပါစေ အထူးသဖြင့် ရခိုင်ဆရာတော်များ​၏ တရာတော်များကိုသာ တင်ပေးပါမည်။

10/09/2025

Page ထဲမှ တရားဖိုင် ဗွီဒီယိုဖိုင်များရှာနည်း Share လုပ်နည်းပါ

10/08/2025

ဝဋံသကာဘွဲ့ရ ဦးဃောသိတာလင်္ကာရာဘိဝံသအား ဘွဲ့ဆက်ကပ်လှူဒါန်းကြပုံ အကျဥ်းချုပ်

10/08/2025

ဝဋံသကာဘွဲ့ရ ဂုဏ်ပြုပူဇော်ပွဲ

10/08/2025

ပရိယတ္တိဂုဏ်ပြုပူဇော်ပွဲ အနာဂါတ်မှာ ထွန်းတောက်လာမယ့် ရခိုင့် ပရိယတ္တိအကျော်အမော် သံဃာတော် ရဟန်းတော်များအား #ရခိုင့်ဆရာတော်များတရားဒေသနာတော်များ ဖိဘုတ်Page ကနေ ဂုဏ်ပြုပူဇော် ဖော်ပြအပ်ပါသည်။
#အရှင်သူရိယာလင်္ကာရာသကျသီဟဘိဝံသ

08/08/2025

ရခိုင်ပြည် နယ်လှည့်ဓမ္မကထိကအကျော် ဘဒ္ဒန္တကောသလ္လ(ခေါ်) ဓါးပိုင်ဆရာတော်ပျံလွန်

ဩဂုတ် ၇/ ၂၀၂၅

ရခိုင်ပြည်၊ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်မှာရှိတဲ့ ကောသလ္လရာမ ကျောင်းတိုက်မှာ သီတင်းသုံးနေထိုင်တဲ့ ရခိုင်ပြည် နယ်လှည့်ဓမ္မကထိကအကျော် ဘဒ္ဒန္တကောသလ္လ(ခေါ်) ဓါးပိုင်ဆရာတော် ပျံလွန်တော်မူသွားပြီလို့ သိရပါတယ်။

ဆရာတော်ကြီးဟာ နှလုံးသွေးကြောကျဉ်းရောဂါနဲ့ ဩဂုတ် ၃ ရက်နေ့၊ ညနေ ၇ နာရီ ၁၅ မိနစ်လောက်မှာ ပျံလွန်မူသွားခဲ့တာပါ။

"ဆရာတော်ကြီးက နှလုံးသွေးကြောကျဉ်းပြီး ပျံလွန်တော်မူတာ။ ဆေးရုံကိုရောက်တာနဲ့ ဘယ်လောက်မှမကြာဘူး။ ပျံလွန်တော်မူပြီ။ ကျောင်းမှာလည်း ပူတယ်ဆိုပြီး သီးသန့်ဓနိမိုးထားတဲ့ ကျောင်းဆောင်အငယ်တစ်ခုမှာ သီတင်းသုံးနေထိုင်တယ်။ အဲဒါကြောင့် အအေးပတ်ပြီးနေမကောင်းတာလည်းပါတယ်"လို့ မြောက်ဦးမြို့ခံတစ်ယောက်က ပြောပါတယ်။

ဆရာတော်ကြီးဟာ သုံးလလောက် နာမကျန်းဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။

ပျံလွန်တော်မူချိန်မှာ သက်တော် (၄၉)နှစ်၊ ဝါတော် ၂၅ ဝါရှိပြီဖြစ်ပါတယ်။

ဆရာတော်ကြီးရဲ့ ကြွင်းကျန်ရစ်တဲ့ ရုပ်ကလပ်တော်ကို ဩဂုတ်လ ၅ ရက်နေ့က မြောက်ဦးမြို့မှာ မီးသင်္ဂြိုဟ်ခဲ့တယ်လို့လည်း သိရပါတယ်။

နယ်လှည့်ဓမ္မကထိကအကျော်ဖြစ်တော်မူတဲ့ ဆရာတော်ကြီးဟာ ရခိုင်ပြည်နယ်လုံးဆိုင်ရာ ပညာရေးကွန်ရက်အဖွဲ့ဝင် ဆရာတော်တစ်ပါးလည်းဖြစ်ပါတယ်။

ဆရာကြီးပျံလွန်သွားတဲ့အပေါ် ဆရာတော်နဲ့ ခင်မင်ရင်းနှီးတဲ့ ဦးဇင်းဦးအာရက္ခက "အခုလို ဓမ္မကထိက ဆရာတော်တပါး ပျံလွန်တော်မူတယ်လို့ ကြားရတာ အနာဂါတ်အာရက္ခပြည်အတွက် တန်ဖိုးရှိတဲ့ ဆုံးရှုံးမှုတခုလို့ ပြောချင်ပါတယ်"လို့ မိန့်ပါတယ်။

ဆရာတော်ကြီးရဲ့ တပည့်၊ တကာတွေကလည်း ဆရာတော်ပျံလွန်တော်မူတဲ့အပေါ် နှမြောတသနဲ့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဝမ်းနည်းကြောင်း ဖော်ပြထားကြပါတယ်။

ဆရာတော်ကြီးဟာ ရခိုင်ပြည်အနှံ့အပြားမှာ တရားတော်တွေဟောကြားတော်မူခဲ့ပြီး ဓါးပိုင်ဆရာတော်လို့ လူသိများ ထင်ရှားပါတယ်။

04/08/2025

ယခုအခါ ဒေ ဖိဘုတ်Page မှာ ဟိကတ်တေ Admin များ လိုင်းမသုံးရေ အကောက်တိများလာရေအတွက်နန့် တရားဖြန့်ဝေလိုသူများအား Admin ခန့်အပ်သွားပါမည်။

04/08/2025

မိမိ၏စိတ်ကို နေရာတစ်ခုမှာထားပြီး အမြဲတမ်းစောင့်ကြည့် သိပေးနေဖို့တတ်မှ စိတ်ချမ်းသာပါမည်

04/08/2025

ဥစ္စာစုထား ထိုက်သူဖို့
ခန္ဓာစုထား မြေကြီးဖို့
ဘာဝနာစုထား သံသရာဖို့

ကောင်းမှုတွေများများစုထားမှ သံသရာ Bonus တွေ ရမှာပါ

04/08/2025

တရားတိကို မိမိဖုန်းထဲသို့ ဒေါင်းဆွဲနည်း

04/08/2025

အထင်ကရဆရာတော်ကြီးတွေပျံလွန်တော်မူတဲ့သတင်း နာမည်ကြီးတွေ ကွယ်လွန်တဲ့သတင်းတွေပဲကြားနေရတော့ မိမိအလှည့်လည်းမကြာတော့ပါဘူး မသေခင် တရားရအောင် ကြိုးစားအားထုတ်ကြပါလို့ တိုက်တွန်းပါရစေ

"ဦးဘုန်း=စစ်တွေ (ကံပြင်ဆရာတော်)အကြောင်း တစိတစောင်း"~ပေါက်တောမြို့နယ်၊ ကံပြင်ဆရာတော်အရှင်ကောဝိဒ (ဦးဘုန်း=စစ်တွေ) ပျံလွန...
02/05/2024

"ဦးဘုန်း=စစ်တွေ (ကံပြင်ဆရာတော်)အကြောင်း တစိတစောင်း"

~ပေါက်တောမြို့နယ်၊ ကံပြင်ဆရာတော်အရှင်ကောဝိဒ (ဦးဘုန်း=စစ်တွေ) ပျံလွန်တော်မူလားယာဆိုရေ သတင်းကို Ashin Eainda KA အကောင့်ပိုင်ရှင်က သူ၏Fbစာမျက်နှာမှာ ကံပြင်ဆရာတော်အသုံးပြုခရေ U Bhone Sittwe Fb အကောင့်နန့် Tag တွဲပနာ တကာ/မတိကို အသိပီးထားစာကို တွိလိုက်ရလို့ အံသြလွန်ကာ ငဲ့မှိုင်ကျလားရပါရေ။ စာရွီးသူနန့် ကံပြင်ဆရာတော်စာ Fbလောကမှာ နှစ်အင်တန်အများကြာ ရင်းနှီးချစ်ခင်လာကတ်တေပိုင် အပြင်လောက၌လည်း တရားဟောလားယင့် ရွေပြည်တန်ထက်မှာ စကားလက်ဆုံပြောကာ အနာဂတ်ရခိုင်ပြည်သာသနာကို ဇာပိုင်ဇာပိုင် တိုးတက်အောင်လုပ်ဆောင်သင့်ကြောင့် ဆွေးနွေးခဖူးရေ ရဟန်းညီနောင်များ ဖြစ်ကတ်ပါရေ၊ သူ ဂိလာနဖြစ်လို့ ဆီးရုံကို တက်နီရရေလို့လည်း မကြားမိပါ၊ သိလည်း မသိလိုက်ပါ၊ သူကိုယ်တိုင်လည်း Fbထက်မှာ အသိမပီးခပါ။

~စာရွီးသူစာ ဦးဘုန်း=စစ်တွေ(ကံပြင်ဆရာတော်)ပျံလွန်တော်မူလားစာကို သိသိချင်ပင် ကံပြင်ဆရာတော်၏ သက်ဟိဘဝက ပြုလုပ်ခရေ အမျိုးသားရီး၊ ဘာသာရီးတိကို တရိပ်ရိပ်နန့် ဥဏှောက်ထဲမှာ ထင်လာပနာ ကံပြင်ဆရာတော်အတွက် တကာ/မများ သိဟိစီဖို့နန့် နောင်လာနောင်သားများ အတုယူအားကျစီဖို့ ကံပြင်ဆရာတော်၏အကြောင်းကို သိသလောက် မှတ်တမ်းတင် ဂုဏ်ပြုဖို့ စိတ်ကူးဖြစ်လာကေလည်း စာရွီးသူကိုယ်တိုင် ဗှုံးခိုတွင်းထဲကို တနားတခါ ဝင်ပြီးနီရလို့ အသက်လုနီရရေအချိန် ဖြစ်နီရေအတွက် မှတ်တမ်းမတင်နိုင်ခပါ၊ ယေပင်ယေကေလည်း "ဂုဏ်ပြုထိုက်သူကို အချိန်နန့်တပြေးညီ ဂုဏ်ပြုရမည်"ဟု ပညာရှင်များ မိန့်ဆိုခရေအတိုင်း ဗှုံးတွင်းထဲမှ မှတ်တမ်းတင်ရခြင်းဖြစ်ပါရေ။

"ဦးဘုန်း= စစ်တွေနန့် အမျိုးသာရီး"
~~~~~~~~~~~~~~~~~~~~~~~~~~~
~ဦးဘုန်း=စစ်တွေစာ ရဟန်းတော်တပါး ဖြစ်လင့်ကစား ရခိုင်ပြည်နိုင်ငံရီး မကောင်းရေကာလဖြစ်လို့ မိမိ၏လူမျိုးများကို အများသားရီးစိတ်တိ ဖြစ်လာအောင် Fb Live ကနီ မကြာမကြာ ဆိုဆုံးမလိ ဟိပါရေ၊ သူ၏ ဆိုဆုံးမမှုစာ ရဟန်းတပါးပီပီ ဝိနည်နန့် မငြိအောင် ပရိယာယ်ကြွယ်ဝစွာ ပြောဆိုဆုံးမလိ ဟိပါရေ။တချို့ရဟန်းတော်များဆိုကေ အမျိုးသားရီး၊နိုင်ငံရီး၊ ပရဟိတရီး စရေ လူမှုကိစ္စများကို လုပ်ဖန်များလာရေအခါ လူစိတ်တိပေါက်ပနာ ဘာသာရီးကိုတောင် ပုတ်ခတ်စော်ကားလာစာတိ ဟိကေလည်း ဦးဘုန်း=စစ်တွေကတော့ကေ ယင်းပုံံစံမျိုးဖြစ်လားစာကို မတွိိရသဖြင့် စာရွီးသူမှာ အတိုင်းထက်အလွန်ကြည်ညိုချစ်ခင်မိပါရေ။

"ဦးဘုန်း=စစ်တွေနန့် ပရဟိတအရီး"
~~~~~~~~~~~~~~~~~~~~~~~~~~~~
~ဦးဘုန်း=စစ်တွေစာ ပရဟိတအရီးများကိုလည်း ဘေးဖယ်ထားတတ်သူ တပါးမဟုတ်ပီပီ စစ်တွေမြို့၊သံဃရာဇာဆရာတော်ကြီး ဦးဆောင်တည်ထောင် ဖွင့်လှစ်ထားရေ "ရင်ခွင့်ရိပ်"ပရဟိတအထက်တန်းကျောင်း၌လည်း နာယကဆရာတော်တပါးအဖြစ် တာဝန်ထမ်းဆောင်ကာ ဆရာ/မများနန့် တပည့်ကျောင်းသူ/သားများကိုလည်း သြဝါဒသာရဏီယများဖြင့် ဆိုဆုံးမ စောင့်ရှောက်ခရေ ဆရာတော်တပါးလည်း ဖြစ်ပါရေ။

"ဦးဘုန်း=စစ်တွေနန့် ဘာသာ သာသနာအရီး"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ဦးဘုန်း=စစ်တွေစာ ရခိုင်ပြည်က တကာ/မတိကို အမျိုးသားရီးအသိ ဟိအောင်သာမက ဘာသာရီးအသိ ဟိအောင်လည်း နယ်လှည့်တရားဟောခရေ ဓမ္မကထိက ဆရာတော်တပါး ဖြစ်ပါရေ။ ယင်းဆရာတော်၏ တရားတော်များကို Videoမှတ်တမ်းအဖြစ် Fbမှာ မတွိရကေလည်း ပရိတ်ကြီး (၁၁)သုတ်ကိုတော့ကေ သူ၏ Fbအကောင့်မှာ တင်ပီးထားစာကို တွိရပါရေ။

"ဦးဘုန်း=စစ်တွေနန့် ကံပြင်ရွာသာသနာ"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ဦးဘုန်း=စစ်တွေစာ ပေါက်တောမြို့နယ်၊ကံပြင်ဘုန်းတော်ကြီးကျောင်း၌ ဇာနှစ်က ဝါဆိုပနာ သီတင်းသုံးခရေဆိုစာကို စာရွီးသူ တိတိကျကျ မသိရကေလည်း (၃)နှစ်လောက်သာ သီးတင်းသုံးခသည်ဟု စာရွီးသူ ယူဆမိပါရေ၊ ကံပြင်ဘုန်းတော်ကြီးကျောင်း၌ နှစ်အနည်းငယ်သာ သီတင်းသုံးခပါသော်လည်း ယင်းရွာ၌ အများသူတကာ ခရီးလားအဆင်ပြေဖို့အတွက် "လေးဝတီ ဘုတ်ဆိပ်တံတား"တခုကို သင်္ကြန်ကာလတရားဟောလို့ ရဟိထားရေ နဝကမ္မ (၁၀)သိန်းကျော်ကို မတည်ပနာ ရွာသူ/သားများ၏အကူအညီအပါအဝင် လေးဝတိီဖွား ရခိုင်သူ/သားများထံမှ အလှူခံကာ ပြီးစီးအောင် လုပ်ဆောင်နိုင်ခရေပိုင် ကံပြင်ဘုန်းတော်ကြီးကျောင်းအတွင်း၌လည်း Fbထက်မှ တကာ/မတိဘားမှ အလှူငွေဖြင့် ""အမည်ဟိ စေတီတဆူကိုလည်း တည်ထားပူဇော်နိုင်ခပါရေ။ 2023မိုခါ မုန်တိုင်းကြောင့် ပျက်စီးလားရေ ကျောင်းဆောင်များကိုလည်း လေးဝတီဖွား တကာ/မများ၏အကူအညီ၊ ရွာသူ/သားများ၏ အကူအညီများဖြင့် ပြန်လည်ပြုပြင်နိုင်ခစာကို တွိဟိရပါရေ။

"ဦးဘုန်း=စစ်တွေနန့် ခေါင်းဆောင်ကောင်း"
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~ဦးဘုန်း=စစ်တွေစာ ရပ်ရွာသူ/သားများအပေါ်၌လည်း အင်မတန်မှ ခေါင်းဆောင်ကောင်း ပီသလှပါရေ၊ တခါကဆိုကေ ကံပြင်ရွာဥက္ကဋ္ဌဟောင်းဖြစ်သူတယောက် စစ်တွေကို လားလို့ ALPအဖွဲ့က ဖမ်းဆီးပြီး သိန်း (၃)ရာပီးမှ ပြန်လွတ်ပီးမေဟု ဆိုလာသဖြင့် ဦးဘုန်း=စစ်တွေကိုယ်တိုင်နောက်ပါကျောင်းတကာကြီးများနန့် လားရောက်ကာ ပြန်လည်လွတ်မြောက်အောင် လုပ်ဆောင်နိုင်ခရေအတွက် ရွာသူ/သားများအပေါ်၌လည်း ခေါင်းဆောင်ကောင်း ပီသသူ တပါးဖြစ်ပါရေ။

နိဂုံး
~~~~
~အထက်ပါတင်ပြခရေအကြောင်းအရာတိစာ ဦးဘုန်း=စစ်တွေအကြောင်းကို စာရွီးသူ သိသလောက် တင်ပြရခြင်းပါ၊ စာရွီးသူ မသိထားရေအကြောင်းအရာပေါင်းများစွာလည်း ဟိနိုင်ဖို့စာ မြီကြီးလက်ခတ် မလွဲနိုင်ပါ၊ သက်တော်အားဖြင့် (၃၃) ဝါတော် (၁၃)ဝါရ အနီဖြင့် ဒေမျှလောက် များပြားရေ အမျိုးဘာသာ သာသနာအရီးတိကို ထမ်းဆောင်ခရေဆရာတော်စာ 1/5/2023 ၂နာရီ ၁၅ မိနှစ်မှာ ရန်ကုန်မြို့၌ (၉၆)ပါးသော ရောဂါဝေဒနါဖြင့် အတုမဟိဗုဒ္ဓတောင်မှ မလွန်ဆန်နိုင်ခရေ သီခြင်းတရားကြောင့် ပျံလွန်တော်မူလားရပါရေ။ ဦးဘုန်း= စစ်တွေပျံလွန်တော် မူလားခြင်းစာ ကံပြင်ရွာသာမက ရခိုင်တမျိုးသားလုံးအတွက် ဆုံးရှုံးမှုတရပ်ဖြစ်ပါကြောင့် အလီးအနက်ရွီးသားဂုဏ်ပြု မှတ်တမ်းတင်လိုက်ရပါရေ။

ဆရာတော် U Bhone Naing U Bhone Sittwe ဘုရား ကောင်းရာသုဂတိသို့ လားပါစီ။

ပစ်တိုင်းထောင် ဆရာတော် မင်းပြားမြို့ 2/5/2024

15/04/2024

သင်္ကြန်ကာလအတွင်း မိမိရို့အိမ်၌ နာယူရန်အလိုငှာ ပစ်တိုင်းထောင်ဆရာတော်၏ တရားတော်များ ဟောကြားအပ်သော "စိတ်ကိုဆုံးမ နိဗ္ဗာန်ရ တရားတော်"ကို နိဗ္ဗာန်ကို ရည်မှန်းတောင်းတပနာ တင်ပီးလိုက်ရပါရေ။

YouTube
https://youtu.be/od3Tb35Ktws?si=vDNh9h4S5ZBdMMAb

Address

မင်းဂံဆင်းလမ်း
Sittwe

Telephone

+959795590594

Website

Alerts

Be the first to know and let us send you an email when ရခိုင့်ဆရာတော်များ၏ တရားဒေသနာတော်များ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရခိုင့်ဆရာတော်များ၏ တရားဒေသနာတော်များ:

Share

Category