ကီမာလူငယ္မ်ား

ကီမာလူငယ္မ်ား This page is not business service . It share knowledge for youth.

My favorite line of the day! သင့်ရဲ့အသံကိုကြင်နာမှုအတွက်ပဲအသုံးပြုပါ။သင့်ရဲ့နားကို စာနာသနားမှုအတွက်ပဲနားထောင်ပေးပါ။သင့်ရ...
27/03/2024

My favorite line of the day!

သင့်ရဲ့အသံကိုကြင်နာမှုအတွက်ပဲအသုံးပြုပါ။

သင့်ရဲ့နားကို စာနာသနားမှုအတွက်ပဲနားထောင်ပေးပါ။

သင့်ရဲ့လက်တွေကို ချို့တဲ့သူတွေကိုမစဖို့ရန်အတွက်
အသုံးပြုပါ။

သင့်ရဲ့ စိတ်ကို အမှန်တရားအတွက်ပဲဖြစ်စေပါ။

သင့်ရဲ့နှလုံးသားကို ချစ်ခြင်းမေတ္တာ အတွက်ပဲဖြစ်စေပါ။

Credit

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ *************************************(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။စကားကို လက်လ...
17/03/2024

စောင့်ထိန်းအပ်သော လူမှုကျင့်ဝတ်များ
*************************************

(၁) ဘယ်လောက်ပဲ ချစ်ခင်ရင်းနှီးပါစေ။
စကားကို လက်လွယ်စပယ် မပြောပါနဲ့။
ခံစားတတ်တဲ့ ဝေဒနာဆိုတာ
လူတိုင်းမှာ ရှိပါတယ်။

(၂) ဘယ်လောက်ပဲ မုန်းတီးနေပါစေ။
အခြားသူရဲ့ပုဂ္ဂိုလ်ရေးကို နှိမ့်ချစော်ကား
တာမျိုး မပြုလုပ်ပါနဲ့။

လေးစားမှုဆိုတာ လူတိုင်းနဲ့ထိုက်တန်သလို
မိမိကိုယ်တိုင်နဲ့လည်း ထိုက်တန်ပါတယ်။

(၃) ဘယ်လောက်ပဲ သဘောကောင်းတဲ့သူနဲ့
တွေ့ပါစေ အခွင့်အရေးကို တဆုံးမနှိုက်ပါနဲ့။
မိမိကိုယ်ကိုယ် ထိန်းသိမ်းတတ်ပါစေ။ အခွင့်
အရေးသမားကို လူတိုင်းက ရွံ့မုန်းကြပါတယ်။

(၄) ဘယ်လောက်ပဲ အလကားရနေပါစေ။
မိမိရသင့်တဲ့ အတိုင်းအရှည် ပမာဏကို
အသိစိတ်နဲ့ ဆင်ခြင်တတ်ပါစေ။ သိက္ခာ
တရားဆိုတာ မွေးမြူသင့်ပါတယ်။

(၅) ဘယ်လောက်ပဲ အခက်အခဲပြဿနာနဲ့
ကြုံရပါစေ မိမိကိုယ်ပိုင် အစွမ်းအစနဲ့ အရင်
ဖြေရှင်းတတ်ပါစေ။ အကူအညီကို အလွယ်
တကူ လိုချင်တဲ့သူ မဖြစ်ပါစေနဲ့။

(၆) ဘယ်လောက်ပဲ ရိုးသားတဲ့လူကို
တွေ့ပါစေ။ သင့်အကျိုးအမြတ်အတွက်
အသုံးမချပါနဲ့။

ရိုးသားမှုဆိုတာ အရည်အသွေးတစ်ခုဖြစ်ပြီး
အခြားသူအတွက် ဖြစ်တည်နေတာ မဟုတ်
ပါဘူး။

(၇) ဘယ်လောက်ပဲ အင်အားကြီးမားတဲ့သူ
သင်ဖြစ်နေလည်း အလွယ်တကူ အနိုင်ကျင့်
ချင်တဲ့ စိတ်ဓာတ်မျိုး မမွေးပါနဲ့။

ဒီကနေ့ အင်အားကြီးမားသူဟာ နောင်
တစ်နေ့မှာ အင်အား ပျောက်ဆုံးသွားနိုင်လို့ပါ။
သံသရာဆိုတာ လည်ပတ်နေပါတယ်။

(၈) ဘယ်လောက်ပဲ အတွေးအခေါ်တွေ ဆန့်
ကျင်ဖက် ဖြစ်နေပါစေ။ ကိုယ်ပဲ မှန်နေတယ်
လို့ မထင်ပါနဲ့။ မကျင့်သုံးနိုင်ရင် ပယ်လိုက်ပါ။

အခြားသူရဲ့ အတွေးအခေါ်ထဲ သင်လည်း
မနေနိုင်သလို သူလည်း နေမှာမဟုတ်ပါဘူး။

(၉) သင်ဘယ်လောက်ပဲ ထူးချွန်ထက်မြက် နေပါစေ
တခြားသူကို ညံ့ဖျင်း တုံးအတယ်လို့
အလွယ်တကူ မှတ်ချက်မပေးပါနဲ့။

နောက်ခံအခြေအနေဆိုတာ တသမတ်တည်း
ရရှိနိုင်တာ မဟုတ်လို့အရည်အချင်းတွေ
ကွဲပြားနေတာကို သတိပြုမိပါစေ။

(၁၀) မိမိကြိုက်နှစ်သက်တဲ့ လူ အရာဝတ္ထု
အတွေးအခေါ် အခြေအနေ တစ်ခုကို မိမိ
ဘာသာ စိတ်ကြိုက် နှစ်သက်ခွင့်ရှိပါတယ်။
ဒါပေမယ့် သူတစ်ပါးကြိုက်နှစ်သက်တဲ့အရာ
တွေကိုတော့ ကဲ့ရဲ့ရှုတ်ချပြီး သင်ကြိုက်တဲ့
အရာတွေကို ဂုဏ်တင်ပြီး ပြောတာမျိုးတော့မဖြစ်သင့်ပါ။

PhotoCredit
CreditToOriginalUploader

ဖတ်ရတာနဲ့ တန်ပါတယ်-----------------------------------တော်ရုံနဲ့ပြိုလဲသွားတတ်ဖို့ မင်းမိဘတွေက   ပျိုးထောင်ပေးခဲ့တာမှ  မဟု...
06/01/2024

ဖတ်ရတာနဲ့ တန်ပါတယ်
-----------------------------------
တော်ရုံနဲ့ပြိုလဲသွားတတ်ဖို့ မင်းမိဘတွေက
ပျိုးထောင်ပေးခဲ့တာမှ မဟုတ်ပဲ။
မျက်ရည်တွေခဏခဏကျပြပြီး လောကကြီးကို
စိတ်ကုန်နေရတဲ့အကြောင်း depressionတွေ
ခဏခဏ ဝင်ပြနေလို့ ဖြစ်ပါ့မလား။

မပျော့ညံ့ပါနဲ့ ။
မာကျောတတ်အောင် ကြိုးစားပါ။ ။

ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက် ၊
မနာလို စကားဒဏ်တွေ
အကဲ့ရဲ့ ဒဏ်တွေကို ခံနိုင်ရည်ရှိအောင် နေစေချင်တယ်
မင်းဘာပဲလုပ်လုပ် အကောင်းပြောမှာ မဟုတ်တဲ့
ပတ်ဝန်းကျင်ရဲ့ အတိုက်အခိုက်တွေကြားမှာ
မင်း ရည်မှန်းချက်တွေကိုပဲ အာရုံစိုက်စေချင်တာ။

ဟင့်အင်း . . . မလိုပါဘူး။
လူတိုင်းကို အမြဲပြုံးပြပေးနေဖို့ မလိုဘူး။
တစ်ချို့ လူတွေ အတွက်က ခပ်တည်တည်နေခြင်းနဲ့ပဲ
အဆင်ပြေတယ်။

အချစ်နဲ့ ပတ်သက်တဲ့ မင်းခံစားချက်ကိုလည်း
ထိရှ မလွယ်စေချင်ဘူး။
မင်းကို မချစ်တဲ့သူကို အတင်းအကျပ်
တွယ်ကပ်နေတော့ရော
ဘာတွေများ ပြောင်းလဲသွားနိုင်တာ မို့လို့လဲ ။
ဖြစ်နိုင်ရင် ခံစားချက်ကို ရှေ့တန်းမတင်ပဲ
ထိန်းချုပ်တတ်စေချင်တယ် ။

ဘယ်သူ့ကိုမှ အယုံမလွယ်ပါနဲ့။
(မင်းရဲ့ ဒူးကတောင် ယုံလို့မရဘူး)
ကိစ္စတိုင်းမှာ ပါးရည်နပ်ရည် ရှိတတ်အောင်
မင်းကို မပိန်းစေချင်ဘူး။

လူတွေအာရုံစိုက်လာအောင် လုပ်ယူနေဖို့မလိုဘူးကွာ။
ထိပ်ဆုံးကိုသာ ရောက်အောင်တက်ပြလိုက်။
မင်းကို လူတိုင်းမြင်မှာပါ ။

Credit : original writer
&
Photo

လစာများများရချင်ရင်           -+-+-+-လစာ (၁)သိန်းရတဲ့ ဝန်ထမ်းကို အလုပ်ရှင်ကမေးတယ်။ လစာကိုကျေနပ်လားလို့။ ဝန်ထမ်းက မကျေနပ်...
29/12/2023

လစာများများရချင်ရင်
-+-+-+-
လစာ (၁)သိန်းရတဲ့ ဝန်ထမ်းကို
အလုပ်ရှင်ကမေးတယ်။ လစာကို
ကျေနပ်လားလို့။

ဝန်ထမ်းက မကျေနပ်ဘူးပြောတယ်။

အလုပ်ရှင်ကလဲပြောတယ် ။
သူလဲမကျေနပ်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ သူ့ဝန်ထမ်းကို (၁)သိန်းလေးပဲ ပေးရလို့တဲ့။

အလုပ်ရှင်က (၃)သိန်းပေးချင်ပေမယ့် ဝန်ထမ်းက (၃)သိန်းနဲ့တန်ဖိုးညီတဲ့ လုပ်အားမှ ပြန်မထွက်လာတာ။

ဘယ်အလုပ်ရှင်မဆို ကိုယ့်ဆီလုပ်နေတဲ့ ဝန်ထမ်းကို လစာများများပေးပြီး ခန့်ထားချင်တာက (၁၀၀)မှာ (၉၀)ကျော်က ဒီအတိုင်းပါပဲ။

ဒါကြောင့် ဝန်ထမ်းများအနေနဲ့ salary များများလိုချင်ရင် ကိုယ့်ရဲ့ ability ကို မြင့်သထက်မြင့်အောင် ကြိုးစားကြပါ ။

လစာ များများရတဲ့ အလုပ်ကိုပြောင်းဖို့ ကြိုးစားဖို့ထက် ကိုယ့်ရဲ့ ability ကိုမြင့်အောင် ကြိုးစားကြပါ။

ability မြင့်လာရင် salary ဆိုတာ နောက်က လိုက်လာမှာပါ။ ငွေကြေးကို အရင်မရှာပါနဲ့။

စွမ်းဆောင်ရည်နဲ့ အောင်မြင်မှုကို အရင်ရှာပါ။ ငွေကြေးဆိုတာ နောက်ကလိုက်လာပါလိမ့်မယ်။


;

Address

Sittwe

Telephone

+959975756939

Website

Alerts

Be the first to know and let us send you an email when ကီမာလူငယ္မ်ား posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကီမာလူငယ္မ်ား:

Share