12/10/2025
နယ်စပ်မှာ နှစ်ဖက်ယုံကြည်မှုတွေ ပိုဆိုးဝါးမလာအောင် ARSA နှင့် RSO အကြမ်းဖက်အဖွဲ့အား အထောက်အကူပြုပေးနေသော BGB အရာရှိအချို့ကို အရေးယူဆောင်ရွက်ပေးဖို့ ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရကို ULA/AA ထပ်မံတိုက်တွန်း
၁၂ အောက်တိုဘာ ၂၀၂၅ Lay Wadi Media
ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း၌ ယာယီစခန်း၊အခြေစိုက်စခန်းများ တည်ဆောက်ထားကာ အာရက္ခ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကို ဖြတ်ကျော်ပြီး အာရက္ခနယ်မြေဒေသအတွင်း အကြမ်းဖက်လှုပ်ရှားမှုများ ဆောင်ရွက်လာနေတဲ့ အစ္စလာမ်မစ်စစ်သွေးကြွအစွန်းရောက် ARSA နှင့် RSO အကြမ်းအဖွဲ့အား တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်သော်လည်းကောင်း၊ ကူညီထောက်ပံ့ပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့မှ
BGB အရာရှိအချို့ကို ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေနဲ့ အရေးယူဆောင်ပေးဖို့ အရက္ခိုင်အမျိုးသားအဖွဲ့ချုပ် / အာရက္ခတပ်တော် (ULA/ AA) က ယမန်နေ့ အောက်တိုဘာ ၁၁ ရက်က ထပ်မံ တိုက်တွန်းပြောဆ်ိုလိုက်ပါတယ်။
မွတ်ဆလင် လက်နက်ကိုင် ARSA ၊RSO စစ်သွေးကြွ အကြမ်းဖက်အဖွဲ့သည် ၎င်းတို့ အခြေပြုထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း စခန်းများမှတစ်ဆင့် နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာပြီး အာရက္ခဒေသ မောင်တောမြောက်ပိုင်းက AA ရဲ့ လုံခြုံရေးကင်းစခန်းများကို လာရောက်ပစ်ခတ်ခြင်း၊ ဘင်္ဂလားဒေ့ရှ် ဘက်ခြမ်းကနေ လက်နယ်ငယ်များဖြင့် ခြိမ်းခြောက်ပစ်ခတ်ခြင်းနှင့် အစ္စလာမ်ဘာသာဝင်များမဟုတ်တဲ့ ဒေသခံ အရပ်သား ပြည်သူများအား ပြန်ပေးဆွဲ ဖမ်းဆီးခေါ်ဆောင်ခြင်းနှင့် အလောင်းဖျောက်သတ်ဖြတ်ခြင်းများကိုလည်း ယခင်ထက် ပိုမိုလုပ်ဆောင်လာနေကြောင်း သိရပါတယ်။
ယင်းသို့ ARSA ၊ RSO စစ်သွေးကြွ အစွန်းရောက်အကြမ်းဖက်အဖွဲ့၏လှုပ်ရှားမှုကို အကျင့်ပျက် BGB အရာရှိအချို့က ငွေးကြေးအကူအညီထောက်ပံ့နေခြင်း၊အာရက္ခတပ်တော်AA နဲ့ ဖြစ်ပွားသည့်တိုက်ပွဲအတွင်း ဒဏ်ရာရသေဆုံးတဲ့ ARSA အလောင်းများကို ဝိုင်းကူထမ်းပို့ပေးခြင်း၊ ဆေးဝါးကုသပေးခြင်း၊ ရိက္ခာနှင့် လက်နက်ခဲယမ်းများကို ထောက်ပို့ပေးခြင်းတို့အပြင် အကြမ်းဖက်အဖွဲ့များအပေါ် ဦးဆောင်မှုပေးကာ လုံခြုံရေးယူပေးခြင်း၊ ဝေဟင်ကင်းထောက်ပေးခြင်း၊ ရေဒါစနစ် များကို အသုံးပြု၍ စစ်ရေးဆိုင်ရာအချက်အလက်များ ပံ့ပိုးကူညီပေးခြင်းတို့ကို ပြုလုပ်ပေးပြီး ARSA ၊ RSO
အကြမ်းဖက်အဖွဲ့များနှင့်အတူ သွယ်ဝိုက်၍ တိုက်ပွဲဝင်လျက်ရှိနေကြောင်းလည်း သိရသည်။
အဆိုပါ အကြမ်းဖက်အားပေး BGB အရာရှိအချို့ကို
" ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရအနေဖြင့် အရေးယူထိန်းကျောင်းမှုမရှိဘဲ ယခင်အတိုင်း ဆက်လက် လွှတ်ပေးထားမည်ဆိုပါက နှစ်ဖက်နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေး၊ ဆက်ဆံရေးနှင့် နှစ်ဖက်ယုံကြည်မှုတို့ကို ဆိုးဝါးစွာ ထိခိုက်လာနိုင်ပြီး နှစ်ဖက်တင်းမာမှု ယခုထက်မြင့်မားမလာစေရန်အတွက် ဘင်္ဂလားဒေ့ရှ် ကြားဖြတ်အစိုးရမှ ယခုလတ်တလော နယ်စပ်၌ ဖြစ်ပျက်နေသော အစ္စလာမ်မစ်အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက် ARSA၊ RSO အကြမ်းဖက်အဖွဲ့များ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းမှ အာရက္ခဒေသအတွင်းသို့ ဝင်ရောက်၍ စစ်ရေးလှုပ်ရှားနေမှုများကို အမြန်ဆုံး ဟန့်တားပေးရန်နှင့် ပါဝင်ပတ်သက်နေသော အကျင့်ပျက် BGB ဝန်ထမ်းများကို အမြန်ဆုံး ထိန်းကျောင်းပေးရန် " အာရက္ခတပ်တော် AA ဘက်က တိုက်တွန်း ပြောဆိုထားလည်းဖြစ်သည်။
ARSA၊RSO ၊ARA ၊RIM စတဲ့ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ အကြမ်းဖက်အဖွဲ့များ၏ တိုက်ခိုက်
မှုကြောင့် ၂၀၂၄ ခုနှစ် ဇွန်လ ကနေ ၂၀၂၅ ခုနှစ်အောက်တိုဘာ ၁၀ ရက်နေ့အထိ AA တပ်ဖွဲ့ဝင် အချို့နှင့် စေတနာ့ဝန်ထမ်း
အပါအဝင် ဒေသခံအရပ်သားပြည်သူ ၅၀ ဝန်းကျင်ထိသတ်ဖြတ်ခံထားရသည်။
ဓာတ်ပုံ / လူမှုကွန်ရက်
#မောင်တော #အစ္စလာမ်မစ်စစ်သွေးကြွ #အာရက္ခပြည်