18/11/2022                                                                            
                                    
                                                                            
                                             #တစ်ကိုယ်ကောင်းသမား   
 လောကမှာ 
ကိုယ်ချင်းစာနာစိတ် 
နည်းတဲ့ လူတွေရှိပါတယ်။ 
သူတို့ဟာ သူတစ်ပါးအပေါ် 
ကြင်နာစိတ်အင်မတန် မဲ့တဲ့အပြင် 
ပြောဆိုရတာလည်း ခက်ခဲတဲ့အတွက် 
သူတို့နဲ့ ဆက်ဆံရတာဟာ 
စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ 
လူတစ်ဖက်သားအပေါ်  
စာနာစိတ်နည်းတဲ့အတွက် 
ကိုယ်ပြောတဲ့စကားကို 
အလေးအနက်လည်း 
မထားတတ်ကြပါဘူး။ 
သူတို့ကိုယ်တိုင်က 
ခံစားချက်ဆိုတာကို 
နားမလည်တဲ့အတွက် 
အခြားသူတွေကို 
စိတ်ခံစားချက် ထားလွန်းတယ်လို့  
ထင်တတ်တဲ့သူပါ။ 
 ဒီလိုလူဟာ ကိုယ့်အပေါ်  
ကောင်းတဲ့သူအပေါ်ကိုလဲ 
လိမ်ခဲ့တယ်။ 
ဒါပေမယ့် သူ့အပေါ် 
ပြတ်ပြတ်သားသား 
ဆုံးဖြတ်ချက်ချသွားတဲ့အခါမျိုးမှာ 
အင်မတန် ဒေါသထွက်ပေမယ့် 
သူဘာကြောင့် 
ဒေါသထွက်ရတယ်ဆိုတာ 
သူကိုယ်တိုင်တောင် 
နားမလည်တတ်ပါဘူး။ 
တစ်ဖက်လူကို နားမလည်တဲ့အခါမှာ   
ဝေဖန်မှုတွေနဲ့ ပြောဆိုတတ်ပါသေးတယ်။ 
 သူ့အမှားကို 
ဘယ်တော့မှ ဝန်မခံတတ်ပါဘူး။ 
ကိုယ်ပဲ အမှားလုပ်သလိုမျိုး 
ထင်နေအောင် လုပ်တတ်ပါတယ်။ 
သူ့အမှား ကို 
ကွက်ကွက်ကွင်းကွင်း ချပြရင်လည်း 
ပြီးသွားတဲ့ကိစ္စဟာ 
ပြန်ပြောနေဖို့ ဘာတတ်နိုင်မှာလဲ ဆိုပြီး 
ခေါင်းရှောင်သွားတတ်ပါတယ်။ 
ဒီလို တာ၀န်ယူမှုနည်းတာဟာ 
သူ့ရဲ့လုပ်ရပ်အမှားကို 
ဖုံးကွယ်ချင်တာကြောင့်ဖြစ်ပါတယ်။ 
 သူတစ်ပါးအပေါ်  
ကြင်နာစိတ်နည်းပြီး 
ကိုယ်ချင်းစာစိတ်မရှိတာဟာ 
တစ်ကိုယ်ကောင်းဆန်တဲ့ 
စိတ်ကြောင့်ဖြစ်နေတာပါ။ 
တစ်ကိုယ်ကောင်းဆန်တဲ့သူဆိုတာ 
သူဖို့ပဲ ဂရုစိုက်တတ်ပါတယ်။ 
တစ်ဖက်သားရဲ့ ခံစားချက်ကို 
နားမလည်ဘူးဆိုတာက 
သူတို့ဂရုမစိုက်ကြလို့ ဖြစ်နေရတာပါ။ 
မေတ္တာများစွာဖြင့် "
နှလုံးသားအဟာရဖြစ်စေမည့်စာစုလေးများ 
ပန်းပျိုးလက်