ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

  • Home
  • Myanmar
  • Tachileik
  • ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ သတင်းများစုစည်းမှု

28/08/2025
28/08/2025
ယနေ့(၂၀-၈-၂၀၂၅)ရက်နေ့၊နေ့လည်(၁၂)နာရီအချိန်တွင် ရှမ်းအရှေ့၊ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်း၊အတွင်းရေးမ...
20/08/2025

ယနေ့(၂၀-၈-၂၀၂၅)ရက်နေ့၊နေ့လည်(၁၂)နာရီအချိန်တွင် ရှမ်းအရှေ့၊ပြည်နယ်ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်း၊အတွင်းရေးမှူး ဦးစိုင်းကျော်လှနှင့်ဘဏ္ဍာရေးမှူး ဒေါ်နန်းနော်တို့သည် ကျိုင်းတုံမြို့၊ကက်သလစ်သာသနာပြုကျောင်းတိုက်၌ (၁၈-၈-၂၀၂၅)ရက်နေ့က ပျံလွန်တော်မူသည့် သက်တော်(၉၈)နှစ်ရှိဆရာတော်ကြီး အာဗြာဟန်သန်း(ငြိမ်း) အား သွားရောက်လွမ်းသူ့ပန်းခွေချ ဂါရဝပြုခဲ့ပါသည်။
ထို့နောက် လက်ရှိသာသနာပိုင်ဆရာတော်ကြီး ဂျွန်စောယောဟန်အားတွေ့ဆုံဂါရဝပြုနှုတ်ဆက်၍ဆရာတော်ကြီးမှတည်ခင်းဧည့်ခံသည့်နေ့လည်စာကိုအတူတကွသုံးဆောင်ခဲ့ကြပါသည်။

17/08/2025
(၁၆/၈/၂၀၂၅ )ရက်နေ့၊နံနက်(၀၉၂၀)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥ...
16/08/2025

(၁၆/၈/၂၀၂၅ )ရက်နေ့၊နံနက်(၀၉၂၀)နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဌဒေါက်တာလင်းဇော်ထွန်းဦးဆောင်သောအဖွဲ့ပြည်နယ်ကော်မတီဝင်များ၊ကျိုင်းတုံခရိုင်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးတို့လိုက်ပါလျှက် မိုင်းယန်းမြို့နယ်၊မိုင်းလွေစံပြကျေးရွာသို့ ရောက်ရှိခဲ့ပြီး မိုင်းယန်းခရိုင်နှင့်မြို့နယ်ပါတီကောင်မတီဝင်များနှင့်ပါတီစည်းရုံးရေးမှူးများကိုတွေ့ဆုံခဲ့ပါသည်။တွေ့ဆုံပွဲတွင်ဒေါက်တာလင်းဇော်ထွန်းမှ လက်ရှိနိုင်ငံတော်​၏အခြေအနေများ၊ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များရှင်းလင်းပြောကြားခဲ့ပြီး စည်းရုံးရေးမှူးများမှမိမိတို့ရပ်ရွာလိုအပ်ချက်များကိုတင်ပြခဲ့ပါသည်။ပြည်နယ်ပါတီဥက္ကဋ္ဌမှတင်ပြချက်များအပေါ်ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ဆက်လက်တင်ပြပေးရမည့်ကိစ္စရပ်များကို ခရိုင်/မြို့နယ်ကော်မတီဝင်များကလိုအပ်သည့်ရုံးလုပ်ငန်းကိစ္စရပ်များကိုဆောင်ရွက်ပေးရန်နှင့်ရေမြောင်းဖောက်လုပ်ရန်အတွက် ဘက်ဟိုးဌားရမ်းနိုင်ရန် ကျပ်သိန်း(၂၀)အားလှူဒါန်းပေးခဲ့ပြီးတွေ့ဆုံပွဲကို (၁၁:၃၀)နာရီအချိန်တွင်အောင်မြင်စွာ ရုတ်သိမ်းခဲ့ပါသည်။

ယနေ့ (၁၅-၈-၂၀၂၅)ရက်နေ့၊နံနက်(၁၀:၄၅)အချိန်တွင် တာချီလိတ်ခရိုင်၊တာလေမြို့ အ.ထ.ကကျောင်းတွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ခို...
15/08/2025

ယနေ့ (၁၅-၈-၂၀၂၅)ရက်နေ့၊နံနက်(၁၀:၄၅)အချိန်တွင် တာချီလိတ်ခရိုင်၊တာလေမြို့ အ.ထ.ကကျောင်းတွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ခိုင်ဖြိုးပါတီဥက္ကဌဒေါက်တာလင်းဇော်ထွန်းနှင့်ဇနီးတို့မှကျောင်းသူ/သားနှင့်ဆရာ/မ (၉၆၀)ဦးအတွက် တစ်ဦးလျှင် စာအုပ်(၆)အုပ်၊ပေတံနှင့်ဘောပင်(၂)ချောင်းစီ စုစုပေါင်း ကျောင်းသုံးဗလာစာအုပ်(၄၅၀)ဒါဇင်၊ဘောပင်နှင့်ခဲတံ၊ပေတံ(၉၆၀)ချောင်းစီ ပေးအပ်လှူဒါန်းခဲ့ပြီးပိုက်ကျော်​​ခြင်းကစားသည့်ကျောင်းသားလူငယ်များအားခြင်းလုံးနှင့်စာရေးကိရိယာများထောက်ပံ့ပေးအပ်ခဲ့ပြီး၊ ဆရာ/ဆရာမ များ အတွက် ငွေကျပ်(၂ )သိန်းနှင့်ဘတ်ငွေ(၂၀၀၀)ထောက်ပံ့လှူဒါန်းပေးခဲ့ပါသည်။
ထို့နောက်တာလေအ.ထ.ကတွင် ကျောင်းဆရာ/မ လိုအပ်ချက်နှင့်ကျောင်းအတွက် လိုအပ်ချက်များကိုမေးမြန်း၍သက်ဆိုင်ရာသို့တင်ပြတောင်းခံပေးမည်ဖြစ်ကြောင်းရှင်းပြပေးခဲ့ပါသည်။

ယနေ့(၁၃-၈-၂၀၂၅)ရက်နေ့နံနက်(၁၀)နာရီချိန်တွင် မိုင်းတွမ်းတောင်ပေါ် အူဖူဒေ့အခါကျေးရွာတွင်ကျင်းပသည့်(၁၅)ကြိမ်မြောက် အခါရိုးရ...
14/08/2025

ယနေ့(၁၃-၈-၂၀၂၅)ရက်နေ့နံနက်(၁၀)နာရီချိန်တွင် မိုင်းတွမ်းတောင်ပေါ် အူဖူဒေ့အခါကျေးရွာတွင်ကျင်းပသည့်(၁၅)ကြိမ်မြောက် အခါရိုးရာ ရဲဖူအားဖွေဒါန်းစီး ပွဲတော် သို့ တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်စိုးလှိုင်နှင့်ရှမ်းပြည်နယ်ဝန်ကြီးများ၊ဟိုတယ်ခရီးညွှန်ချုပ်နှင့်ဟိုတယ်နှင့်ခရီးသွားအသင်းတို့မှတာဝန်ရှိသူများ၊စစ်ဘက်နယ်ဘက်မှတာဝန်ရှိသူများ၊ဒေသခံတိုင်းရင်းသားအဖွဲ့များနှင့်ရှမ်းအရှေ့ပြည်ခိုင်ဖြိုးပြည်နယ်ပါတီဥက္ကဋ္ဌဒေါက်တာလင်းဇော်ထွန်းတို့တက်ရောက်ဆင်နွှဲခဲ့ကြပါသည်။
ပွဲတော်အခမ်းအနားဆိုင်းဘုတ်ကိုတိုင်းမှူးနှင့်ပြည်နယ်ဝန်ကြီးများ၊ကျေးရွာအကြီးအကဲတို့ကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးတာဝန်ရှိသူများကဆုတောင်းစကားပြောကြား၍အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး တိုင်းရင်းသားပေါင်းစုံယဉ်ကျေးမှုအဖွဲ့များကသီဆိုဖြေဖျော်ခဲ့ပြီးအခမ်းအနားကို နေ့လည်(၁)နာရီတွင်ရုတ်သိမ်းခဲ့ပါသည်။

(၁၃-၈-၂၀၂၅)ရက်နေ့၊နံနက်(၁၀)နာရီအချိန်တွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်း၊ပါတီဗဟိုက...
13/08/2025

(၁၃-၈-၂၀၂၅)ရက်နေ့၊နံနက်(၁၀)နာရီအချိန်တွင်ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပြည်
ခိုင်ဖြိုးပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်း၊ပါတီဗဟိုကော်မတီဝင်ဦးဝီလ်ဆင်မိုး၊ပြည်နယ်ပါတီကော်မတီဝင်ဦးစိုင်းညွန့်ဝင်း၊မိုင်းဆတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးစိုင်းခတ္တိယ၊မိုင်းဆတ်မြို့နယ်ပါတီဥက္ကဋ္ဌ ဦးစိုင်းမိုးဇော်ဦး၊မိုင်းတုံခရိုင်ပါတီဥက္ကဌဦးစောမူးလာနှင့်ခရိုင်ပါတီကော်မတီဝင်များ မြို့နယ်ဥက္ကဌဦးစိုင်းခမ်းထွန်းနှင့်
ပါတီကော်မတီဝင်များသည်မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ် ၊ဟိုပန်ကျေးရွာအုပ်စု ၊
မယ်လွဲကျေးရွာ၊စမ်းသီတာ(၅)မိုင်ရွာ၊စမ်းသီတာ(၆)မိုင်ကျေးရွာတို့မှ ပါတီဝင်အင်အား(၁၅၀)ခန့်တို့နှင့်တွေ့ဆုံပွဲကျင်းခဲ့ပြီး ပထမဦးစွာ ပြည်နယ်ပါတီဥက္ကဌမှ လက်ရှိနိုင်ငံရေးအခြေအနေများ၊ လာမည့်ရွေးကောက်ပွဲတွင် မဲပေးရမည့်စနစ်များအားရှင်းလင်းပြောကြားပြီး ဗဟိုပါတီကော်မတီဝင်ဦးဝီလ်ဆင်မိုးမှ မိတ်ဆက်ပြီးလားဟူဘာသာဖြင့်ရှင်းပြခဲ့ပါသည်။ဆက်လက်၍တက်ရောက်လာသောပါတီဝင်များမှ ကျေးရွာအလိုက်လိုအပ်ချက်များတင်ပြကြရာ ရှမ်းအရှေ့ပါတီဥက္ကဌဒေါက်တာလင်းဇော်ထွန်းမှ သက်ဆိုင်ရာဌာနနှင့်ချိတ်ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းများကိုကော်မတီဝင်များမှဆောင်ရွက်ပေးရေးနှင့် ပြည်နယ်ဥက္ကဋ္ဌဒေါက်တာလင်းဇော်ထွန်းနှင့်ဦးဝီဆင်မိုးတို့မှ စမ်းသီတာ(၅)မိုင်ရွာဘုရားကျောင်းအဝင်လမ်းခင်းရန် ကျပ်သိန်း(၃၀)၊စမ်းသီတာ(၆)မိုင်ရွာရေသွယ်ယူရန်အတွက်ရေပိုက်ဖိုး(၁၀)သိန်းကျပ်၊မယ်လွဲကျေးရွာရေရရှိရေးအတွက်(၁၀)သိန်းကျပ်တို့ကိုပေးအပ်ထောက်ပံ့ခဲ့ပြီးတွေ့ဆုံပွဲကို(၁၁:၃၀)အချိန်တွင်ရုတ်သိမ်းခဲ့ပါသည်။
ထို့နောက် မိုင်းတုံမြို့နယ်ပါတီရုံးတွင် ခရိုင်နှင့်မြို့နယ်ကော်မတီဝင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲအလွန်နီးကပ်နေပြီဖြစ်၍အချိန်ဇယားရေးဆွဲတာဝန်ခွဲဝေကာစည်းရုံးရေးကာလမတိုင်မီဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကိုတတ်နိုင်သမျှဌာနဆိုင်ရာများနှင့်ချိတ်ဆက်၍အမြန်ဆုံးဆောင်ရွက်ပေးသွားကြရန်မှာကြားခဲ့ပါသည်။

(၁၂.၈.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ်ကျတီကျေးရွာအုပ်စု၊ရွာ...
12/08/2025

(၁၂.၈.၂၀၂၅)ရက်နေ့၊နံနက်(၁၀:၀၀)အချိန်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊မိုင်းဆတ်မြို့နယ်ကျတီကျေးရွာအုပ်စု၊ရွာပေါင်း(၃၅)ရွာမှ ကျေးရွာလုံးကျွတ်ပါတီ၀င်အဆိုပြုလွှာပေးအပ်ပွဲအခမ်းအနားကို အစီအစဉ်(၈)ရပ်ဖြင့်ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအခမ်းအနားကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)ပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်း၊ဗဟိုကော်မတီ၀င်ဦးဝိလ်ဆင်မိုး၊ ပြည်နယ်ကော်မတီဝင် ဦးစိုင်းညွန့်ဝင်း၊ပြည်နယ်အရံကော်မတီဝင်ဦးယောဘ၊ မိုင်းဆတ်ခရိုင်ပါတီဥက္ကဌ ဦးစိုင်းခတ္တိယ၊ မြို့နယ်ပါတီဥက္ကဌ ဦးစိုင်းမိုးဇော်ဦး၊ မြို့နယ်အတွင်းရေးမှူး ဒေါ်အယ်လီစိုး၊ မြို့နယ်ကော်မတီဝင် ဦးအောင်မိုးဟိန်း၊ခရိုင်/မြို့နယ်ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာစည်းမှုးများ၊ရုံးအဖွဲ့ဝင်များနှင့် ကျတီကျေးရွာရှိ ရွာသူ/သား စုစုပေါင်းအင်အား(၃၃၅)ဦး တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ရှမ်းပြည်နယ် ပါတီဥက္ကဌ ဒေါက်တာ ဦးလင်းဇော်ထွန်းမှ အဖွင့်အမှာစကားပြောကြားပြီး ယခုကဲ့သို့မိမိတို့ပါတီကိုယုံကြည်စွာ ပါတီဝင်အသစ်များ ဝင်ရောက်ခဲ့သည့်အတွက်ဂုဏ်ယူပါ‌ကြောင်းနှင့်လက်ရှိနိုင်ငံတော်​၏နိုင်ငံရေးအခြေအနေများနှင့်ရွေးကောက်ပွဲကျင်းပမည့်နိုင်ငံတော်​၏အစီအမံများ၊မိမိပါတီမှဒေသဖွံ့ဖြိုးရေးအကျိုးပြုလုပ်ငန်းများကိုကြိုးစားဆောင်ရွက်နေသည့်အခြေအနေများကိုရှင်းလင်းပြောကြားခဲ့ပါသည်။ ဗဟိုကော်မတီဝင် ဦးဝိလ်ဇင်မိုးမှလည်း ရွာသူ/သားများနှင့်ရင်းနှီးပျူငှာစွာ မိတ်ဆက်စကားပြောကြားခဲ့ပါသည်။ထို့နောက် ကျတီကျေးရွာ အုပ်စုတာဝန်ခံ ဦးကီးဒိုမှ ပထမအကြိမ်ပါတီဝင်အသစ် အဆိုပြုလျှောက်လွှာ (၃၁၈)ဦးအား ရှမ်းပြည်နယ် ပါတီဥက္ကဌ ဒေါက်တာလင်းဇော်ထွန်းထံသို့ပေးအပ်ခဲ့ပါသည်။ကျတီကျေးရွာရှိ ရွာသူ/သားများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလိုအပ်ချက်များ ဆွေးနွေးတင်ပြပြီး ပြည်နယ်ဥက္ကဋ္ဌမှဆောင်ရွက်နိုင်သည်များကိုချက်ချင်းဆောင်ရွက်ပေးပြီးဌာနဆိုင်ရာများနှင့်ညှိနှိုင်းရမည့်ကိစ္စများကိုခရိုင်/မြို့နယ်တာဝန်ရှိသူများအားလမ်းညွှန်ပေးခဲ့ပြီးအခမ်းအနားကို နေ့လည်(၁၂:၄၅)အချိန်တွင် အောင်မြင်စွာရုတ်သိမ်းခဲ့ပါသည်။ ထို့နောက် မိုင်းဆတ်ခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးခန်းမ၌ နေ့လည် (၀၁:၂၀)အချိန်တွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)ပြည်နယ်ပါတီ ဥက္ကဌ ဒေါက်တာလင်းဇော်ထွန်းမှ ခရိုင်/မြို့နယ် ဥက္ကဌများ ၊အတွင်းရေးမှူးများ၊ ကော်မတီဝင်များ၊ရပ်ကျေးစည်းမှုးများနှင့်အစည်းအဝေးထပ်မံပြုလုပ်ပြီး ကျတီကျေးရွာရှိ ရွာသူ/သားများမှ တင်ပြလာသော ဒေသလိုအပ်ချက်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဖြည့်စည်းဆောင်ရွက်ပေးကြရန်နှင့် ရွေးကောက်ပွဲတွင်မိမိပါတီအောင်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ရမည့်ကိစ္စများကိုအသေးစိတ်မှာကြားခဲ့ပြီး အစည်းအဝေးအားညနေ(၀၂:၃၅)နာရီ အချိန်တွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Address

Tachileik

Alerts

Be the first to know and let us send you an email when ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ:

Share

Category

ရှမ်းပြည်နယ် အရှေ့ပိုင်း သတင်းစုံ

လူထုအကျိုးပြုလုပ်ငန်းများအား ကိုယ်ကျိုးမဖက် ထမ်းပိုးထမ်းရွက်ပါမည်