shwe yoon

shwe yoon Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from shwe yoon, Tachileik.

26/08/2024
25/07/2024

အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။ သူများကို မထိခိုက်သရွေ့ သင်ပျော်ရွှင်ရာကို လုပ်ပါ။

တချို့တွေက ပျော်ရွှင်မှုကို အသက်အရွယ်နဲ့ ကန့်သတ်ထားကြတယ်။

ဒီအရွယ်တွေက ပျော်ရမယ့်အရွယ်မဟုတ်တော့ဘူး။ ဒီအရွယ်က ရည်းစားထားရမယ့် အရွယ်မဟုတ် တော့ဘူး။ ဒီအရွယ်က အိမ်ထောင်ပြုရမယ့်အရွယ်မဟုတ်တော့ဘူး။ ဒီအရွယ်က ဘောင်းဘီဝတ်ရမယ့်အရွယ် မဟုတ်တော့ဘူး။ ဒီအရွယ်က အလုပ်လုပ်နေရမယ့်အရွယ်မဟုတ်တော့ဘူး။ ဒီအရွယ်က ခရီးတွေလျှောက်သွားပြီး ဖလန်းဖလန်းထနေရမယ့်အရွယ်မဟုတ်တော့ဘူး။

တကယ်တော့ အရွယ်ဆိုတာ လူတွေက ကန့်သတ်တာပါ။ ဘယ်အရွယ်မှာ ဘာလုပ်ရမယ်လို့ ဘယ်သူ ကမှ ကန့်သတ်ပေးထားတာမရှိပါဘူး။

ပျော်ရွှင်မှုကို အရွယ်တစ်ခုကပဲ အပိုင်သိမ်းထားခွင့်ရှိတာမဟုတ်ပါဘူး။

အသက် ၂ဝ အရွယ် သူများပျော်နေချိန်မှာ တချို့တွေက အသက်မရှူနိုင်အောင် ရုန်းကန်ခဲ့ကြရတယ်။ ပျော်ရွှင်မှုလေး ခံစားခွင့်ရဖို့ ဘဝကို မောပန်းတကြီးတည်ဆောက်နေခဲ့ကြရတယ်။ အဆင်ပြေလာချိန်မှာ အသက် ၃ဝ ရောက်နေပြီ။ အသက် ၄ဝ တန်းရောက်နေပြီ။ ပျော်လို့ရတဲ့အချိန်မှာ ပျော်ရွှင်မှုကို ခံစားခွင့်ရတယ်။

သူများကို မထိခိုက်ဘူးဆိုရင် ဒါဟာ သူ့အတွက် မျှတတဲ့အခွင့်အရေးပါ။

ဒါကြောင့် သူများကို မထိခိုက်ဘူးဆိုရင် အသက်အရွယ်ကို ဂရုမစိုက်ပါနဲ့။ ပျော်ရွှင်မယ်ထင်တာ လွတ်လွတ်လပ်လပ်လုပ်ပါ။ ဘာလို့လဲဆိုတော့ သင်ကလည်း သူများတွေလိုပဲ ပျော်ရွှင်မှုနဲ့ ထိုက်တန်လို့ပါ။

Address

Tachileik

Website

Alerts

Be the first to know and let us send you an email when shwe yoon posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share