Digital Creator Hnin Pwint Wai

Digital Creator Hnin Pwint Wai ကျန်းမာခြင်းသည် လာဒ်ကြီးတစ်ပါးဖြစ်သည်

စိုက် မွေး ချက် စား ရောင်းမယ် ဝယ်မယ်....etc. Plant, grow, cook, eat, sell, buy, etc.

ကဲအနီရောင်အမှတ်ခြစ်ထားတဲ့ကောင်လေးတွေတော့ ဝယ်သွားပါပြီနော် ကြိုက်လွန်းလို့ နောက်ထပ်သုံးကောင်လိုချင်သေးတယ် ပိုက်ပိုက်စုပြီ...
04/08/2026

ကဲအနီရောင်အမှတ်ခြစ်ထားတဲ့ကောင်လေးတွေတော့ ဝယ်သွားပါပြီနော် ကြိုက်လွန်းလို့ နောက်ထပ်သုံးကောင်လိုချင်သေးတယ် ပိုက်ပိုက်စုပြီးပြန်လာဝယ်မယ် တဲ့ ကျေးဇူးပါ ညီမလေးတို့ရေ♥️♥️♥️

အစ်မလိုပဲအကျိုးပေး‌ေစချင်တယ်တဲ့ အကျိုးပေးမှာပါညီမလေးရေ ခုကအစဆိုတော့ သေချာလေး ဂရုစိုက်ပြီးမွေးရင် အ‌ကျိုးပေးပါတယ်နော် အိမ်မှာကျံတဲ့ ထမင်းအကျံလေးတွေကျွေးလည်းစားတယ် ဟင်းချိုအကျံလေးတွေကျွေးရင်‌လည်းအရမ်းကြိုက်တာ အသီးအနှံအစုံစားတယ် အစုံစားတတ်အောင်လည်းကျင့်ထားပေးတာသူတို့လေးတွေကို

အရင်ကဆို လမ်းဘေးမှာပေါက်တဲ့မြက်တွေ အရွက်အပင်တွေကို ရိတ်ပြီး နှုတ်နှုတ်စဉ်းပြီး ဆန်ကွဲနဲ့နယ်ကျွေးတာ အစာအကောင်းစားတွေတောင် ဝယ်မကျွေးခဲ့ရဘူး သူများ‌ေတွလိုကြက်စာအဟမ်လည်း ဝယ်မကျွေးခဲ့ဘူး သဘာဝအသီးအရွက်နဲ့ ဆန်ကွဲပဲအဓိကကျွေးခဲ့တာပါ

အရင်ကဆို‌တရက်ကိုအချိန်မှန်လေးသုံးကြိမ်ကျွေးတာ အရမ်းဝတယ် ခုနောက်ပိုင်းတော့ အချိန်မှန် နှစ်ကြိမ်ပဲကျွေးဖြစ်တော့တယ် ရေလည်းအမြဲမလဲပေးနိုင်လို့ အစာကိုရေထည့်ပြီး အစာနဲ့ရေ တခါတည်းရောနယ်ကျွေးလိုက်တယ်

အချိန်မှန်ဆိုတာကမနက်7နာရီကျွေးမယ်ဆို နေ့တိုင်း7နာရီ ညနေ 2နနာရီကျွေးမယ်ဆို ညနေတိုင်း2နာရီ အချိန်မှန်လေးတော့ကျွေးပါတယ် တရက်သုံးခါကျွေးနိုင်ရင်တော့ သူတို့အတွက်ပိုအဆင်ပြေပါတယ် ပြောင်းတို့ဖွဲနုတို့ အဟမ်တို့ စပါးတို့ ကျွေးနိုင်ရင်တော့ ဒီထက်ပိုဉမယ်ထင်ပါတယ် အဒါတွေတော့သူတို့လေးတွေ မစားခဲ့ရပါဘူး အဒါကြောင့် အရမ်းအကျိုးပေးတဲ့ကြက်တွေလို့ ပြောရတာပါ

04/08/2026

ကြက်ဝယ်မွေးဖို့ကို ‌မဉမှာ‌ေကြာက်တဲ့ ချစ်မိတ်ဆွေများအတွက်

ဝယ်မွေးမဲ့သူတွေကို ပြောချင်တာကလေ ဉကြက်မလေးတွေက ဉပြတ်သွားလည်း ခဏပါပဲ သေချာဂရုစိုက်ပြီး ကျွေးမွေးရင်မကြာပါဘူး ဉပြန်ဉပါတယ်ရှင်

ကျွန်မမွေးလာတဲ့အတွေ့အကြုံအရ ပြောပြတာပါနော် သင်ဆရာမြင်ဆရာ ကြားဆရာတွေဆီကနေလည်း လေ့လာသင်ယူနေရဆဲပါရှင်

ဘတ်ငွေ (200)ကျပ်က စားလိုက်ရင် ခဏလေးပါပဲ ကိုယ်စားမဲ့ထဲက ချွေတာပြီးမွေးလိုက်တော့ အချိန်တန်ရင်တော့ အကျိုးခံစားရတာပါပဲ

ခုမှစမွေးမဲ့မိတ်ဆွေတို့ လည်း မစိုးရိမ်ပါနဲ့နော် ကျွန်မလည်း ကြက်ကို တာချီလိတ်ရောက်မှ ‌‌ေသချာ‌ေလးစမွေးဖူးတာပါရှင်

03/08/2026

မိုးတွင်းဆိုတော့ပေတီပေစုတ်လေးဖြစ်နေကြတာ နေရာလေးကမိုးသိပ်မလုံတော့ သေချာလေးတော့ ဂရုစိုက်ပေးရတယ် သူများတွေကြက်နာကျချိန် သူတို့လေးတွေဘာမှမဖြစ်ပဲ ကျန်းကျန်းမာမာနဲ့ ဉပေးတာပဲကျေးဇူးတင်နေရပါတယ်♥️♥️♥️

#(၃.၈.၂၆)
#ကျန်းမာပျော်ရွှင်ကြပါစေ
#တခလ

ထမင်းချက်အရမ်းတော်သော ကျွန်မရဲ့ကျားကျား စကေးကတော့နဲတဲ့စကေးမဟုတ်ဘူး အပေါ်မီး အောက်မီးနဲ့ကိုချက်တာ😁😁😁 #(1.8.26) #ထမင်းချက်...
01/08/2026

ထမင်းချက်အရမ်းတော်သော ကျွန်မရဲ့ကျားကျား စကေးကတော့နဲတဲ့စကေးမဟုတ်ဘူး အပေါ်မီး အောက်မီးနဲ့ကိုချက်တာ😁😁😁

#(1.8.26)
#ထမင်းချက်အသစ်
#တခလ

01/08/2026

ကံကောင်းခြင်းတွေ သယ်ဆောင်လာပေးမဲ့ ဩဂုတ်လ လေးဖြစ်ကြပါစေ ချစ်မိတ်‌ေဆွတို့ရေ 🙏🙏🙏

မနက်မိုးလင်းတာနဲ့ မိုးကအရမ်းကောင်းနေပါတယ် တခလမှာ ရွာတဲ့မိုးလေးပါ

#(၁.၈.၂၆)
#စောစောစီးစီးမိုးသည်း
#တခလ

31/07/2026
31/07/2026

ဒါလေးကတော့ 🐓🐓ကြက်သိမ်းချိန်လေး ပါ

သိမ်းရတာလည်းလွယ်ပါတယ်ရှင် 🥚ဉလေးလည်း ဘယ်အချိန်က 🥚ဉပေးထားလည်းမသိဘူး 🥰🥰🥰

#(၃၁.၇.၂၆)
#ကြက်သိမ်းချိန်
#တခလ

31/07/2026

ခုတလော မိုးကနေ့တိုင်းရွာနေတော့ အပြင်သိပ်မလွှတ်ဖြစ်ဘူး မိုးတိတ်လို့လွှတ်လိုက်ရင် တအားပျော်ကြတာ 🐓🐔ဝမ်းဝမ်းတို့အဖွဲ့လေးပါ

မိုးတွင်းဆိုတော့ရုပ်လေးတွေကပေတီပေစုတ်လေး ဖြစ်နေတာ

#(၃၁.၇.၂၆)
#ဝမ်းဝမ်းတို့အဖွဲ့လေး
#တခလ

Follow လုပ်တာများရင် အဲ့လိုအပိတ်ခံထိပါတယ်ရှင် ဇူဇူကတိကျတယ်နော် Follow ရှာ ကြတဲ့  သူငယ်ချင်းတိုင်း သိရအောင်ပါ  သတိထားစရာလ...
31/07/2026

Follow လုပ်တာများရင် အဲ့လိုအပိတ်ခံထိပါတယ်ရှင်

ဇူဇူကတိကျတယ်နော် Follow ရှာ ကြတဲ့ သူငယ်ချင်းတိုင်း သိရအောင်ပါ သတိထားစရာလေးတွေပေါ့

တခါတလေမှာ ကိုယ်followထားတာ ကိုယ့်ကို ပြန်followမလုပ်ဘူး စိတ်ထဲကသိကအောင့်ဖြစ်တတ်တာ လူ့သဘာဝပဲလေ သူတို့မှာလည်းအခက်အခဲလေးတွေ ဒီလို ရှိတယ်ဆိုတာလေး သိရအောင်ပါ

ကိုယ်ဆိုသူငယ်ချင်း‌ေတွကို လက်ခံချင်လို့ နေ့တိုင်း အပြာလေးကိုသွားသွားနှိပ်တာ လုံးဝမရဘူး အတိုင်းပဲပြန်ဖြစ်ပါတယ်နော်

Address

Tachileik

Website

Alerts

Be the first to know and let us send you an email when Digital Creator Hnin Pwint Wai posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share