KID Cammer Shop

KID Cammer Shop For your children's bright future, KID Cammer Shop is here to help!

မိဘမေတ္တာ "အဆိပ်" မဖြစ်ဖို့ သတိထားစရာ အချက် (၃) ချက်🚨၁။ကလေး ကိုယ်စား အကုန်လုံး လိုက်လုပ်ပေးခြင်းချစ်ခြင်းမေတ္တာနှင့်အစစအ...
21/11/2025

မိဘမေတ္တာ "အဆိပ်" မဖြစ်ဖို့ သတိထားစရာ အချက် (၃) ချက်🚨
၁။ကလေး ကိုယ်စား အကုန်လုံး လိုက်လုပ်ပေးခြင်း
ချစ်ခြင်းမေတ္တာနှင့်အစစအရာရာ ကူညီပေးခြင်းဟာ
မတူညီပါဘူး။
❌ မှားယွင်းတဲ့ လုပ်ဆောင်မှု
အဝတ်အစားဝတ်တာ၊ ကျောပိုးအိတ်ထဲ ပစ္စည်းထည့်တာကအစ ကလေးကိုယ်တိုင် လုပ်နိုင်တဲ့ အသေးအမွှားကိစ္စတွေကိုပါ အချိန်ကုန်သက်သာအောင်၊ ပုံပျက်ပန်းပျက် မဖြစ်အောင် မိဘက လိုက်လုပ်ပေးနေခြင်း။
ကလေး ကျရှုံးမှာကြောက်လို့၊ အမှားမဖြစ်စေချင်လို့ အမြဲတမ်း အတားအဆီးတွေကို ရှင်းပေး နေခြင်း
ဒီလိုလုပ်ခြင်းဟာ ကလေးရဲ့ "ကိုယ်တိုင် လုပ်နိုင်စွမ်း" (Self-Efficacy) ကို ဖျက်ဆီးလိုက်သလိုပါပဲ။ ကလေးဟာ ကိုယ့်အားကိုယ်ကိုးတတ်တဲ့စိတ်၊ ပြဿနာတစ်ခုကို ကိုယ်တိုင်ဖြေရှင်းတတ်တဲ့ တာဝန်ယူစိတ် မရှိဘဲ "ဘယ်အရာမဆို မေမေ/ဖေဖေ လုပ်ပေးလိမ့်မယ်" ဆိုတဲ့ အားကိုးစိတ်သာ ကြီးစိုးသွားပါလိမ့်မယ်။
ဒါကြောင့်ကလေးကို ကိုယ်တိုင်လုပ်ဖို့ အခွင့်အရေးပေးပါ။ အမှားလုပ်ရင်တောင် စိတ်မပျက်စေဘဲ "နောက်တစ်ခါ သေချာစဉ်းစားပြီး ပြန်ကြိုးစားပါ" လို့ အားပေးပါ။
၂။ အရာရာကို အပေးအယူနဲ့ လုပ်ခိုင်းခြင်း (Bribing Habit)
ကလေးကို အလုပ်တစ်ခုခု လုပ်ခိုင်းရာမှာ ဆုပေးစနစ် (Reward System) ကို မှားယွင်းစွာ အသုံးပြုခြင်းပါ။
❌ မှားယွင်းတဲ့ လုပ်ဆောင်မှု
ဒီနေ့ စာကျက်ရင်၊ ကစားစရာ အသစ် ဝယ်ပေးမယ်။
အိမ်စာလုပ်ပြီးရင် မင်းကြိုက်တဲ့ ဂိမ်း အကြာကြီး ဆော့ခွင့်ပေးမယ်။
ထမင်းကုန်အောင်စားရင် မုန့်ဖိုး နှစ်ဆပေးမယ်။
ဒီလိုအပြင်ပန်း လှုံ့ဆော်မှု (Extrinsic Motivation) ကို အလွန်အကျွံ အသုံးပြုခြင်းဟာ ကလေးရဲ့ အတွင်းစိတ် လှုံ့ဆော်မှု (Intrinsic Motivation) ကို ပျောက်ကွယ်သွားစေပါတယ်။ကလေးဟာ စာလုပ်တာ၊ သန့်ရှင်းရေးလုပ်တာ စတဲ့ အပြုအမူတွေကို ကောင်းမွန်တဲ့ အလေ့အကျင့် သို့မဟုတ် တာဝန် အဖြစ် မမြင်တော့ဘဲ၊ တစ်ခုခုရဖို့အတွက် လုပ်ရတဲ့ အလုပ် တစ်ခုအဖြစ်သာ မြင်လာပါတော့တယ်။ တစ်ချိန်ချိန်မှာ ဆုမရတော့ရင် အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။
​ဒါကြောင့်မိဘတွေအနေနဲ့"စာကျက်ခြင်းက ဗဟုသုတတွေ တိုးစေတယ်၊ ဒါမင်းရဲ့ အနာဂတ်အတွက် ကောင်းတယ်" စသဖြင့် အလုပ်ရဲ့ တကယ့်တန်ဖိုးကို ရှင်းပြပီး ဆုရချင်ရင် အမြဲတမ်း ပစ္စည်းမဟုတ်ဘဲ ချီးမွမ်းစကား၊ မိသားစုနဲ့ အတူတူ အချိန်ပေးခြင်းမျိုးကို ရွေးချယ်ပါ။
၃။ လူကြားထဲမှာ အပြစ်တင် ဆုံးမခြင်း သို့မဟုတ် နှိုင်းယှဉ် ပြောဆိုခြင်း။
လူမှုပတ်ဝန်းကျင်မှာ ကလေးရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေမယ့် စကားတွေ ပြောဆိုခြင်းဟာ စိတ်ဒဏ်ရာကို အလွယ်တကူ ဖြစ်စေပါတယ်။
❌ မှားယွင်းတဲ့ လုပ်ဆောင်မှု
"ဒီကောင်လေးကတော့ ဘယ်တော့မှ အိမ်စာ အချိန်မီ မလုပ်ဘူး" လို့ တခြားသူတွေကို ရယ်မောပြောဆိုခြင်း။
"မင်းရဲ့ အစ်ကို/အစ်မ/သူငယ်ချင်းက ကြိုးစားတယ်၊ မင်းကတော့... " ဆိုပြီး မောင်နှမ/သူငယ်ချင်းချင်း နှိုင်းယှဉ် ပြောဆိုခြင်း။
လူတွေရှေ့မှာပဲ အကျိုးအကြောင်း မရှင်းပြဘဲ အော်ဟစ် ဆူပူ ဆုံးမခြင်း။
ကလေးတွေဟာ လူကြီးတွေလိုပဲ ဂုဏ်သိက္ခာ (Dignity) ကို အလွန်တန်ဖိုးထားပါတယ်။
လူကြားထဲမှာ အပြစ်ဖော် ဆုံးမခံရခြင်းကြောင့် ကလေးဟာ ရှက်ရွံ့စိတ်၊ အဖေအမေအပေါ် မကျေနပ်စိတ် နဲ့ ကိုယ့်ကိုယ်ကို တန်ဖိုးထားစိတ် ကျဆင်းခြင်း ကို ခံစားရနိုင်ပါတယ်။
နှိုင်းယှဉ်ပြောဆိုခြင်းဟာ မနာလိုစိတ်၊ စိတ်ဓာတ်ကျခြင်းနဲ့ မိသားစုဝင် အချင်းချင်း မသင့်မမြတ် ဖြစ်ခြင်းတွေကို ဖန်တီးပေးပါတယ်။ ကလေးတစ်ဦးချင်းစီရဲ့ ထူးခြားတဲ့ စွမ်းရည်တွေကို အသိအမှတ်ပြုဖို့ ပျက်ကွက်စေပါတယ်။
ဒါကြောင့်ဆုံးမစရာရှိရင် နှစ်ဦးတည်း သီးသန့် ပြောဆိုပါ။ ကလေးရဲ့ အပြုအမူကိုသာ ဝေဖန်ပါ၊ ကလေးရဲ့ ပင်ကိုယ် စရိုက်ကို ပစ်မှတ်မထားပါနှင့်။(ဥပမာ: "မင်း တော်တော် ဆိုးတာပဲ" အစား "ဒီအပြုအမူက မကောင်းဘူး")။
ကလေးကို ချစ်တာ၊ မြတ်နိုးတာဟာ အမှန်ပါပဲ။ ဒါပေမဲ့ ဒီအချစ်ကို "သူ့ဘဝ သူ ရပ်တည်နိုင်အောင် သင်ပေးခြင်း" ဆိုတဲ့ ပုံစံနဲ့ ဖော်ပြလိုက်မယ်ဆိုရင် ကလေးအတွက် ရေရှည်မှာ အကောင်းဆုံး ဖြစ်စေမှာပါ။
#သားသားမီးမီးတို့အတွက်

မိဘတိုင်းအတွက် ကလေးငယ်တွေရဲ့ စကားပြောစွမ်းရည် (Language Skills) ကို အိမ်မှာတင် မြှင့်တင်ပေးနိုင်တဲ့အလွယ်ကူဆုံး နည်းလမ်း ...
16/11/2025

မိဘတိုင်းအတွက် ကလေးငယ်တွေရဲ့ စကားပြောစွမ်းရည် (Language Skills) ကို အိမ်မှာတင် မြှင့်တင်ပေးနိုင်တဲ့အလွယ်ကူဆုံး နည်းလမ်း ၃ ခု
ကလေးတစ်ဦးရဲ့ ဘာသာစကား ဖွံ့ဖြိုးမှုဟာ သူ့ရဲ့ သိမြင်မှု (Cognitive) နဲ့ လူမှုဆက်ဆံရေး (Social) စွမ်းရည်တွေရဲ့ အခြေခံအုတ်မြစ်ပါပဲ။ မိဘတွေအနေနဲ့ အိမ်တွင်းမှာ ပုံမှန်လုပ်နေတဲ့ လှုပ်ရှားမှုတွေကနေတစ်ဆင့် ကလေးရဲ့ စကားပြောစွမ်းရည်ကို ဘယ်လို အကောင်းဆုံး အားပေးနိုင်မလဲဆိုတာဒီနည်းလမ်း ၃ ခုကို လိုက်နာကြည့်လိုက်ပါ။

၁။ 🗣️ “Serve & Return” နည်းလမ်းကို အသုံးပြုပြီး စကားပြောပါ။
ဒါဟာ တင်းနစ်ကစားနည်းလိုပါပဲ။ ကလေးက စကားတစ်ခွန်း၊ အမူအရာတစ်ခု၊ ဒါမှမဟုတ် အသံတစ်ခုနဲ့ စတင်လိုက်တဲ့အခါ (Serve)၊ သင်က ချက်ချင်း ပြန်လည်တုံ့ပြန် (Return) ပေးပါ။
ဥပမာ-
ကလေးက သူ့အရုပ်လေးကို လက်ညှိုးထိုးပြတဲ့အခါ၊ သင်က "ဟုတ်တယ်၊ အဲ့ဒါ ဘောလုံးလေး၊ ဘောလုံးလေးက လုံးတယ်နော်။ ဘောလုံးကို ဘယ်လို ဆော့ရမလဲ" စသဖြင့် စကားလုံးအသစ်တွေ ထပ်ထည့်ပြီး ပြောပေးပါ။
ဒီလို စဥ်ဆက်မပြတ် တုံ့ပြန်မှုဟာ ကလေးငယ်ရဲ့ ဦးနှောက်ထဲမှာ ဘာသာစကားဆိုင်ရာ လမ်းကြောင်းတွေကို ပိုမိုခိုင်မာစေပါတယ်။

၂။ 📚 စာအုပ်ကို ကလေးနဲ့အပြန်အလှန်ပြောပီးဖတ်ပြပေးခြင်း (1-on-1 Story Time)
ကလေးနဲ့ စာအုပ်ဖတ်တဲ့အခါ မေမေတို့အနေနဲ့ ပုံပြင်ကိုအဆုံးထိ ဖတ်ရုံနဲ့ မပြီးပါဘူး။ Interactive (အပြန်အလှန် ဆက်သွယ်) ဖြစ်ဖို့ အရေးကြီးပါတယ်။
ဥပမာ-
ပုံပြင်ထဲက ပုံတွေကို လက်ညှိုးထိုးပြီး ကလေးကို မေးခွန်းထုတ်ပါ။ "အသားက ဘာအရောင်လဲ" "ဒီမျောက်ကလေးက ဘာလုပ်နေတာလဲ" လို့ မေးပါ။
ဒီလိုမျိုးလေးတွေမေးပေးခြင်းပီး ကလေးကို စာအုပ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်စေခြင်းအားဖြင့် သူတို့လေးတွေရဲ့စိတ်ပါဝင်စားမှု တိုးလာပြီး ဝေါဟာရကြွယ်ဝလာဖို့အတွက် ပိုမိုထိရောက်စေပါတယ်။

၃။ 🏃 ပတ်ဝန်းကျင်အကြောင်းကို အသံထွက် ပြောပြပါ (Narrate Everything)
မိဘတွေလုပ်သမျှ၊ ကလေးလုပ်သမျှကို နောက်ကနေ အသံထွက်ပြီး ပြောပြနေတဲ့ Narrator တစ်ယောက်လို လုပ်ဆောင်ပါ။
ဥပမာ"
အခု မေမေက ပန်းကန် ကို ဆေးနေပြီ" "သားလေးက သူ့ရဲ့ အစိမ်းရောင် ဖိနပ်ကို စီးနေပြီ" စသဖြင့် ရိုးရှင်းတဲ့ စကားလုံးတွေ၊ အရောင်တွေနဲ့ အရာဝတ္ထု နာမည်တွေကို အမြဲ ထည့်သွင်းပြောဆိုပေးပါ။
ဒီနည်းက ကလေးရဲ့ ဘာသာစကားကို ပတ်ဝန်းကျင်နဲ့ ချိတ်ဆက် သင်ယူနိုင်စွမ်းကို သိသိသာသာ မြှင့်တင်ပေးပါတယ်။
နောက်လည်းခုလိုKnowledge sharing လေးတွေလုပ်ပေးသွားမှာမို့ကျွန်တော်တို့KID Cammer Shop ကိုစောင့်ကြည့်ပေးဖို့ဖိတ်ခေါ်ပါရစေရှင်။

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

#သားသားမီးမီး #သားသားမီးမီးတို့အတွက်

For your children's bright future, KID Cammer Shop is here to help!

31/10/2025

"ကလေးငယ်တွေအတွက်သိထားသင့်တဲ့​ဆောင်းရာသီရဲ့အရေပြားပြဿနာ"
^^^^^^^^^^^^^^^^^^^^^^
ကျွန်တော်တို့ ဆောင်းရာသီရောက်ပီဆိုတာနဲ့ လူကြီးလူငယ်မရွေး အရေပြားခြောက်သွေ့အက်ကွဲတာတွေကို ကြုံတွေ့ခံစားကြရပါတယ်။ ဒီလိုအရေပြားပြဿနာတွေကိုလူကြီးတွေအနေနဲ့ Skincare မျိုးစုံသုံးပြီးဖြေရှင်းလို့ရနိုင်ပေမဲ့ နုနယ်သေးတဲ့ကလေးငယ်လေးတွေအတွက်သဘာဝနည်းလမ်းလေးတွေသုံးပီးဖြေရှင်းပေးတာကအကောင်းဆုံးပါဘဲ။
ဒါဆို ဘယ်လိုသဘာဝနည်းလမ်းလေး တွေကအကောင်းဆုံးဖြစ်မလဲဆိုတာကို ပြောပြပေးသွားမှာမို့ဒီVideo လေးကိုအဆုံးထိကြည့်လိုက်ကြတော့နော်။နောက်လည်းဒီလို ဗဟုသုတရစေမည့် Video လေးတွေကိုအမြဲတင်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ KID Cammer Shop page ကို Like & Follow လေးလုပ်ပေး​ခဲ့ပါအုံးနော်။

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

#သားသားမီးမီး #သားသားမီးမီးတို့အတွက်

28/10/2025

အမှတ်တရများစွာကို Life Time ပြန်ကြည့်နိုင်မည့်အခွင့်အရေး
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ကျွန်တော်တို့သည် ဘဝရဲ့များစွာသောပျော်ရွှင်ဖွယ်ရာအချိန်တွေ၊ အခက်အခဲကျော်ဖြတ်ရချိန်တွေ၊ တန်ဖိုးဖြတ်လို့မရတဲ့ ပုဂ္ဂိုလ်တွေ၊ မေ့မရနိုင်တဲ့အချိန်တွေ ဒါတွေကို ငွေနှင့်ဝယ်ပြီးပြန်ယူလိို့မရတာအမှန်ပါပဲ။
သို့သော်ဒီဘက်ခေတ်တွေမှာတော့ အမှတ်တရတွေကိုခဏတာအသက်ဝင်စေပြီး ပြန်ကြည့်လို့ရနိုင်မည့် Time-Travel သဏ္ဍန်ရှိ Digital Camera လေးတွေများစွာပေါ်ထွက်လို့လာပါပြီ။
ဒါကြောင့် ကိုယ့်ရဲ့သားသားမီးမီးလေးတွေအရွယ်မှစ၍ အမှတ်တရတွေကိုမှတ်တမ်းတင်ဖန်တီးထားနိုင်ဖို့ကျွန်တော်တို့ KID Camera Shop မှာအသေးစိတ်လာရောက်စုံစမ်းလိုက်တော့နော်။

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

22/10/2025

လက်ဆောင်ဝယ်ပေးဖို့စဥ်းစားတိုင်းခေါင်းကိုက်တက်ကြလား
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
လက်ဆောင်ပစ္စည်း ကိုအဓိပ္ပါယ်အမျိုးမျိုး ပုံစံအမျိုးမျိုးနဲ့ပေးတက်ကြပါတယ်။ အမှတ်တရနေ့မျိုးမှာ အမှတ်တရဖြစ်စေဖို့ ဒါမှမဟုတ် ချီးကျူးချင်တဲ့အခါမျိုး ဂုဏ်ပြုတဲ့အခါမျိုးတွေမှာလည်း ပစ္စည်းအမျိုးအစားလေးတွေခွဲခြားပြီးပေးတက်ကြပါတယ်။ ကလေးငယ်များအတွက်ဆိုပြီးပေးတဲ့အခါမျိုးမှာလဲ သူတို့လေးတွေနှစ်သက်တဲ့ပုံစံဖြစ်ရမယ် ကစားချင်တဲ့ပုံစံလေးမျိုးလေးလည်းဖြစ်ရအုန်းမယ် သူတို့အတွက်အကျိုးရှိစေရမယ်ဆိုတဲ့အချက်တွေနဲ့ အမြဲတမ်းစဥ်းစားနေတဲ့မိဘ တွေ မိတ်ဆွေတွေအတွက် myFirst Camera လေးက ပြီးပြည့်စုံစေမည့် Camera လေးတစ်လုံးဖြစ်လို့ စိတ်ဝင်စားတယ်ဆိုရင်တော့ ကျွန်တော်တို့ KID Cammer Shop မှာအသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

16/10/2025

အမှတ်တရတွေကို ဘယ်လိုမှတ်တမ်းတင်လဲ
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
အမှတ်တရဆိုတာ အချိန်တစ်ခုပါပဲ။
အဲ့အချိန်ကို ကျွန်တော်တို့ပြန်လိုက်သွားလို့မရပါဘူး။ဒါပေမဲ့ နောက်မှပြန်ကြည့်တဲ့အခါ “အဲ့အချိန်က ကျွန်တော်တို့အပူအပင်ကင်းစွာနဲ့ ငယ်ငယ်ကရယ်နေခဲ့တာ” ဆိုတဲ့ခံစားချက်တစ်ခုကသာ ရင်ထဲမှာရှိနေ မှာပဲဖြစ်ပါတယ်။

မြန်ဆန်လွန်းလှတဲ့ အဖြူရောင်အိပ်မက်လေးတွေ၊ မေ့မရတဲ့ပျော်ရွှင်မှုလေးတွေကို မမေ့ပျောက်သွားဖို့ ပုံတစ်ပုံ၊ video တစ်ခု save လုပ်ပြီး မှတ်တမ်းယူထားတာကလည်း နောင်တစ်ချိန် အမှတ်ရစေဖို့တန်ဖိုးအရှိဆုံးအရာထဲကတစ်ခုပါပဲ။

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

11/10/2025

အူဝဲလို့အော်ငိုတက်ရုံနဲ့ပေးလို့ရတဲ့ myFirst Camera
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
myFirst Camera ဆိုတာ ကလေးငယ်တွေအတွက် ကစားစရာအရုပ်တစ်ခုထက်ပိုပြီး ကလေးငယ်​အတွက်ရိုးရှင်းလွယ်ကူပြီးအသုံးပြုရလွယ်ကူခြင်း ချစ်စရာပုံစံဇဒိုင်းတွေနဲ့ထုတ်လုပ်ထားပြီး ငယ်စဥ်ဘဝမှာ ပတ်ဝန်းကျင်အပေါ်စူးစမ်းလိုစိတ်၊ တီထွင်တီးနိုင်စွမ်းတွေနဲ့ အနာဂတ်မှာ Photo နဲ့ Video အခြေခံလေးတွေကို နားလည်စေလိုတဲ့ မိဘတွေအတွက် ရည်ရွယ်ထားလို့ မေမေတို့အနေနဲ့စိတ်ဝင်စားတယ် ဆိုရင်တော့ ကျွန်တော်တို့ KID Cammer Shop မှာအသေးစိတ်လာရောက်စုံစမ်းမေးမြန်းလို့ရပါပြီ။

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

08/10/2025

"ရွှေထက်တန်ဖိုးရှိတဲ့ကလေးငယ်တစ်ယောက်ရဲ့အားလပ်ချိန်"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
မိဘတိုင်းသည်မိမိကလေးငယ်အပေါ်ငယ်ရွယ်စဥ်မှာပညာတက်ကြီးဖြစ်စေခြင်း၊ တိုးတက်ကြီးပွားစေခြင်း၊ အနာဂတ်မှာ လူတော်လူကောင်းဖြစ်စေဖို့အတွက်စည်းစနစ်တကျထိန်းသိမ်းစောင့်ရှောက်တက်ကြပါတယ်။
ထို့သို့စည်းစနစ်များလွန်ကဲပြီးကိုယ့်ရဲ့ကလေးငယ်များကိုအားလပ်ချိန် မပေးမိပဲဖြစ်နေတက်ပါတယ်။
ဒီနေ့Video လေးထဲမှာတော့ကလေးငယ်တစ်ယောက်အတွက် အားလပ်ချိန်ပေးခြင်းဟာ ဘယ်လောက်ထိအရေးကြီးလဲဆိုတာကို ပြောပြပေးထားတာမို့ video လေးကိုအဆုံးထိကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။
နောက် video မှာပြန်တွေ့ကြမယ်နော်။
📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

06/10/2025

"တစ်နှစ်တစ်ကြိမ်ကျရောက်မည့်သီတင်းကျွတ်အမှတ်တရတွေကိုဘယ်လိုသိမ်းဆည်းမလဲ"
^^^^^^^^^^^^^^^^^^^^^^^^^^^^^^
ဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတို့ရဲ့တစ်နှစ်မှတစ်ခါကျရောက်မည့်ဝါလကင်းလွတ်သီတင်းကျွတ်မှာ မိဘ၊ ဆရာ၊ သက်ကြီးဝါကြီးတို့ထံသွားရောက်ကန်တော့ကြတာဟာချစ်စရာဓလေ့တစ်ခုပါပဲ။
ပွဲတော်၊ ဆီးမီးတွေအပြိုင်အဆိုင်ထွန်းညှိပူဇော်ကာသီတင်းကျွတ်အချိန်ကာလတစ်ခုကိုပျော်ရွှင်စွာဖြတ်သန်းကြတာကလည်းထုံးတမ်းအစဥ်အလာပါပဲ။
ထို့သို့ကိုယ့်ရဲ့မိသားစု၊ ကိုယ့်ရဲ့ချစ်ခင်ရသူတွေ ဒါမှမဟုတ် ကိုယ့်ရဲ့သားသားမီးမီးလေးတို့နဲ့အခုလိုတန်ဖိုးရှိလှတဲ့သီတင်းကျွတ်ပျော်စရာအမှတ်တရတွေအမြဲတမ်းသတိရတိုင်းရှိနေစေဖို့ myFirst Camera လေးနဲ့အတူမှတ်တမ်းတင်ထားလိုက်တော့နော်။

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

04/10/2025

ကလေးငယ်တွေအတွက်နည်းပညာမြင့်ပစ္စည်းလေး
^^^^^^^^^^^^^^^^^^^^^^^^^^^^^
မေမေအနေနဲ့ ကိုယ့်ရဲ့သားသားမီးမီးတို့အတွက် ပြည့်စုံပြီးစိတ်ချရတဲ့ myFirst Camera 3

📦 myFirst Camera 3 (Yellow, Pink)
💰 Price : 400,000 ks (Brand New)

Inbox Included:
✅ 6 Months Warranty
✅ SD Card
✅ Silicon Cover
✅ Neck Strap
✅ Adapter (Type - C & Android)
✅ Two Sticker
✅ Charging Cable
✅ Manual Guide

📲 Social Links
Tiktok Link :
tiktok.com/.cammer.shop1
FB Link : https://www.facebook.com/share/1AHBMhy5CU/

KID Cammer Shop(YGN)
🕘 Open : 9:00 AM – 5:00 PM
🏠 Address : No (84), Thuka Street, Kyauk Myaung Township, Yangon.
📞 Phone : 09-953337100

Address

ThuKa Street (Lower)
Tamwe
11211

Website

Alerts

Be the first to know and let us send you an email when KID Cammer Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share