Dawei Democracy Information

Dawei Democracy Information Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Dawei Democracy Information, Media/News Company, Tavoy, Tanintharyi.

04/12/2023
21/11/2023
17/11/2023
03/11/2023
17/10/2023
08/10/2023
08/10/2023
03/10/2023
02/10/2023
23/09/2023

ထားဝယ်-ပုလောလမ်းပိုင်း၌ မို.င်းထောင်နေသောPDFနဲ့စကစများ တို.က်ပွဲဖြစ်ပွားခဲ့ပြီး စစ်သား(၅)ဦး​ေ.သဆုံး

ထားဝယ် ၊ စက်တင်ဘာလ ၂၃ ရက်နေ့

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ပိတောက်ကြီးရွာနဲ့
အောက်သရက်ချောင်းရွာကြားမှာကာကွယ်ရေးတပ်ဖွဲ့နှင့်
ဖက်ဆစ်တပ်တို့ ယမန်နေ့က ထိတွေ့တို.က်ပွဲဖြစ်ခဲ့သည်။

စက်တင်ဘာ(၂၂)ရက်၊ညနေ(၃)နာရီ/(၁၅)မိနစ်မှာရငဲရွာ
ဖက်မှပဲဒက်ရွာဖက်ဆင်းလာခဲ့သောစစ်သား(၁၅၀)ဦးခန့်ပါခြေလျင်စစ်ကြောင်း နှင့် သိမ်းဌက်ပြောက်ကျားတပ်ဖွဲ့တို့ထိတွေ့မှုဖြစ်ခဲ့ကြောင်း ၎င်းအဖွဲ့ဝင်တစ်ဦးမှဆိုသည်။

"ရဲဘော်တွေမိုင်းမြှုပ်နေတုန်းမှာရိက္ခာခဲယမ်းတင်ပြီး ရှေ့ပွိုင့်ထွက်တဲ့ Vigo ကားရောက်လာပါတယ်။ကိုယ့်ဖက်မှမိုင်းထောင်နေတာကိုစစ်သားတွေမြင်သွား၍စပ.စ်တယ်။တို.က်ပွဲထဲမှာရန်သူဖက်ကတော့ ၄၀ မမကိုအများဆုံးသုံးပြုပါတယ်။နှစ်ဖက်ပ.စ်ခတ်ကြတာကလည်းကိုက်(၂၀၀)
လောက်သာဝေးကြပါတယ်"ဟု၎င်းရဲဘော်ကပြောသည်။

ထိုတို.က်ပွဲငယ်မှာ မိနစ်(၃၀)ခန့်ကြာ၍ စစ်သား(၅)ဦးခန့်
​ေ.သဆုံးခဲ့သည်ဟု မြေပြင်သတင်းအရ ကနဦး သိထားရပြီး မိမိတို့တပ်ဖွဲ့ဖက်မှထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း မိုင်း(၄)လုံးကို ဖက်ဆစ်တပ်သားများမှတူးဖော်သွားသဖြင့် ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ပြောပြသည်။

ယင်း ဖြစ်စဥ်ပြီးနောက် ဖက်ဆစ်တပ်များ ပိတောက်ကြီးရွာထဲဝင်ရောက်လာပြီး စာသင်ကျောင်းမှာ တပ်စွဲလိုက်၍ ပြည်သူပိုင်နေအိမ်၌မွေးမြူထားသောဝက်တစ်ကောင်ကိုသ.တ်စားလိုက်ကြောင်း ဒေသခံတစ်ဦးမှထပ်ပြောသည်။

အဆိုပါ ကျေးရွာနေထိုင် တစ်ချို့မှာ ၎င်းဖက်ဆစ်တပ်တို့ ၏ရန်ပြုလာမှုကို စိုးရိမ်ထိတ်လန့်၍အနီးအနားရှိဥယျာဥ်ခြံများထဲ၌ သွားပုန်းခိုနေရကြောင်း စုံစမ်းသိရှိရပါသည်။

#ဓာတ်ပုံ / သိမ်းဌက်ပြောက်ကျားတပ်ဖွဲ့ရဲဘော်များ။

Dawei Information Center
Dawei information Center - 2

22/09/2023

လောင်းလုံးမြို့ပေါ်က အမျိုးသား(၂)ဦး ဖမ်းခံရဟုဆို

ထားဝယ် ၊ စက်တင်ဘာလ ၂၂ ရက်နေ့

ထားဝယ်ခရိုင်၊လောင်းလုံးမြို့ (ဂ)ရပ်ကွက် ၊စောင်းကြိုးလမ်းရှိ အမျိုးသား(၂)ဦးကို ယနေ့နံနက်ပိုင်းမှာ ဖက်ဆစ်တပ်သားများမှနေအိမ်၌ လာရောက်ဖမ်း​ဆီးသွားခဲ့သည်။

စက်တင်ဘာ(၂၂)ရက်၊ နံနက်(၁၁)နာရီခန့်မှာ ကိုကျော်စိုးနိုင် နှင့် ကိုအောင်ကိုဝင်း တို့(၂)ဦး၏နေအိမ်ကို ဖက်ဆစ်တပ်သားများမှ ဝင်ရောက်စီးနင်း၍ တစ်ခါတည်းဖမ်းဆီးခေါ်ဆောင်သွားလိုက်ကြောင်း ဒေသခံတစ်ဦးမှ ဆိုသည်။

"သူတို့ကိုလာဖမ်းတာ Vigoကား(၁)စီးနဲ့အင်အား(၁၀)ဦးလောက်ရှိတယ်။စစ်သားတွေဝင်ဖမ်းတုန်းကရိုက်နှက်ထိုး
ကြိတ်တာတွေလည်းရှိတယ်။ဘာအမှုနဲ့ ဖမ်းခံရလည်း ဆိုတာတော့သေချာမသိရသေးပါဘူး"ဟု၎င်းကပြောသည်။

ထို ဖမ်းဆီးခံရသော အမျိုးသား(၂)ဦးကို လောင်းလုံးမြို့ မရဲစခန်း၌အရင်စစ်ဆေးပြီးမှညနေပိုင်းတွင်(စရဖ)ရုံးကိုထပ်မံရွှေ့ပြောင်းထားလိုက်ကြောင်း ၎င်းမှပြောပြသည်။

အဆိုပါ လောင်းလုံး၊အခြေခံပညာ အထက်တန်းကျောင်းမှာတပ်စွဲထားသောဖက်ဆစ်တပ်များနှင့်ပျူစောထီးဖွဲ့ဝင်များက်ို ယမန်နေ့ နံနက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှတို.က်ခိုက်ခဲ့ပြီးနောက်မှာ စာသင်ကျောင်းအနီးရှိနေအိမ်တို့ကိုဖက်ဆစ်တပ်များမှဝင်စစ်ဆေး၍ပြည်သူပိုင်ပစ္စည်းများကိုခိုးယူပြီး မလိုအပ်သောအရာများကိုဖျက်ဆီးသွားခဲ့ကြောင်း လောင်းလုံးမြို့ခံများ ထံမှ စုံစမ်းသိရှိရသည်။

#ပုံ / ဖမ်းခံထားရသော ကိုအောင်ကိုဝင်း ဖြစ်ပါသည်။

Dawei Information Center
Dawei information center - 2

21/09/2023

ထားဝယ်-ပုလောလမ်းပိုင်း၌ စစ်ကြေးတောင်းခံနေသည့်ပဲဒက်ရွာ ပျူခေါင်းဆောင်ကို စစ်တပ်မှပြန်ဖမ်းဆီးဟုဆို

ထားဝယ် ၊ စက်တင်ဘာလ ၂၁ ရက်နေ့

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ပဲဒက်ရွာ စစ်ဆေးဂိတ်ရှိပျူစောထီးခေါင်းဆောင်တစ်ဦးအား ဖက်ဆစ်တပ် ဗိုလ်ကြီးမှ ယနေ့နံနက်ပိုင်းမှာ ရို-က်နှက်ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ(၂၁)ရက် ၊နံနက်(၈)နာရီခန့်တွင် ဦးညဏ်လှအသက်(၅၀)ကျော်ကိုဖက်ဆစ်တပ်အရာရှိဗိုလ်လက်သီးမှရိုက်နှက်ဖမ်းဆီးပြီး ကာကွယ်ရေးဖွဲ့များနှင့်ပတ်သက်မှုရှိ ၊ မရှိစစ်ဆေးနေကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

"မိန်းလမ်းမဘေးက ဘုရားတောင်မှာ စစ်သားနှင့်ရွာခံပျူတွေပေါင်းပြီးတပ်စွဲထားကြပါတယ်။ဂိတ်မှာထိုင်တဲ့သူတို့အချင်းချင်းထ ဖမ်းကြတာပါ။ ဖမ်းတဲ့ စစ်သားကလည်းအသက်ငယ်ငယ်လေးပဲရှိသေးတယ်။ပျူကတော့ခြောက်ပေါက်ထဲမှာ ချုပ်ခံထားရပါတယ်။ပျူအချင်းချင်းဝေစုမတည့်လို့ခြောက်တွန်းခံရတာပေါ့"ဟု၎င်းကပြောပြသည်။

ယင်း ဦးညဏ်လှ သည် "၈၈"အရေးခင်းက ပြည်သူစစ်ဖွဲ့ဝင်တစ်ဦးဖြစ်သလိုအာဏာသိမ်းပြီးနောက်ပိုင်းမှာလည်းလ.က်နက်ကိုင် ပျူစောထီး ထပ်လုပ်ကြောင်း သိရသည်။

အဆိုပါ ကျောက်ဆည်ရွာမှာပျူစောထီးခေါင်းဆောင် ဦးတိုးဝင်း ကို ပြီးခဲ့သော(၂)ရက်ညက ကာကွယ်ရေးတပ်ဖွဲ့တို့ဝင်ရောက် ဖမ်းဆီးစဥ် ပ-စ်ခတ်မှုများဖြစ်ပွားကာ ပျူခေါင်းဆောင်လင်မယား​ေ.သဆုံးပြီးနောက်မှာ ပဒက်ရွာပျူခေါင်းဆောင်ကို ဖက်ဆစ်တပ်မှ ယခုလိုဖမ်းဆီးလိုက်ကြောင်း ဒေသခံများနှင့်ကာကွယ်ရေးဖွဲ့တို့မှရှင်းပြသည်။

#ဓာတ်ပုံ / ဖမ်းခံထားရသော ဦးညဏ်လှ ဖြစ်ပါသည်။

Dawei Information Center
Dawei information Center - 2

Address

Tavoy
Tanintharyi

Website

Alerts

Be the first to know and let us send you an email when Dawei Democracy Information posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share