Phyoe Dhana

Phyoe Dhana Realistic Photo & Video Creator Guy from Burma/ Myanmar

I gained 75,635 followers, created 95 posts and received 3,894 reactions in the past 90 days! Thank you all for your con...
26/10/2025

I gained 75,635 followers, created 95 posts and received 3,894 reactions in the past 90 days! Thank you all for your continued support. I could not have done it without you. 🙏🤗🎉

Present Photo from Yebaw Kg Kaung

ဒီတစ်ခေါက် Adobe Premiere Pro Basic Class (B-2) မှာတော့ အခမ်းအနားတွေကို ဘယ်လို Edit ဖြတ်သလဲ ဆိုတာနဲ့ အဓိကထား Knowledge S...
24/10/2025

ဒီတစ်ခေါက် Adobe Premiere Pro Basic Class (B-2) မှာတော့

အခမ်းအနားတွေကို ဘယ်လို Edit ဖြတ်သလဲ ဆိုတာနဲ့ အဓိကထား Knowledge Sharing လုပ်ပြသွားမှာဖြစ်လို့ ရုပ်သံ တည်းဖြတ် ရိုက်ကူးရေးကို အသက်မွေးဝမ်းကျောင်းပညာရပ်အနေနဲ့ စိတ်ပါဝင်စားတဲ့ ကျနော့်မိတ်ဆွေတွေအတွက် အများကြီး အသုံးတည့်သွားမယ်လို့ ယုံကြည်ပါတယ်။

Form Deadline က လာမဲ့ တနင်္ဂနွေနေ့ပါ။

အခမ်းအနား အစီစဉ်တစ်ခုကို ပြီးမြောက်သည်အထိ မှတ်တမ်းတင်ရိုက်ကူးတယ်ဆိုတာ ပညာရပ်တစ်ခုပါ။ ရိုက်ကူး၊ တည်းဖြတ်‌ရေးသမားဘဝအဖြစ် အသက်မွေးဝမ်းကျောင်းလုပ်မယ်လို့ စဉ်းစားထားတယ်ဆိုရင် ဒီပညာရပ်အပေါ် အခြေခံပြီးစတင် လေ့လာလုပ်ဆောင် အတွေ့အကြုံစယူတာက လည်း နည်းလမ်းတစ်ရပ်အနေနဲ့ အများကြီး အသုံးဝင်တာတော့ သေချာပါတယ်။

ဗွီဒီယို Editor အလုပ်တွေ ပေါများနေတဲ့
ယနေ့လို Visual ခေတ်ကြီးမှာ Video Edit ကျွမ်းတဲ့ အမျိုးရင်းတွေအနေနဲ့ ခေတ်ရေစီးရိုက်ခက်မှုလှိုင်းလုံးအောက်မှာ အားမလျှော့ဘဲ ရဲရဲကြီးသာ ဆက်လျှောက်ကြပါ။ ကျနော်တို့ဘဝတွေကိုဘယ်သူရိုက်ချိုး ရိုက်ချိုး မလဲပြိုပါစေနဲ့။ 💪👣

ဒီ Knowledge Sharing သင်တန်းကို ပြရမယ်ဆိုတဲ့အခါတိုင်း ကျနော့်ကို ရုပ်သံတည်းဖြတ်ပညာ နည်းပြသပေးခဲ့တဲ့ သင်ဆရာ မြင်ဆရာ ကြားဆရာ အားလုံးရဲ့ မေတ္တာတွေအပေါ် အမြဲအောက်မေ့သတိရပါတယ် 🫡

သူတို့ရဲ့ ပညာရပ်တွေအပေါ်လည်း အစဉ်ဂါဝရပြု ဦးညွတ်လျှက်ရှိပါကြောင်း။ 🙏❤️

Premiere Pro [Basic Class]
Host by Docu Athan

ဝါသနာရသော်လည်းကောင်း အသက်မွေးဝမ်းကျောင်းပညာရပ်တစ်ခု အနေဖြင့်သော်လည်းကောင်း

Premiere Pro Software အသုံးပြု၍ Video Editing လုပ်ဆောင်ရန် သင်ယူလေ့လာလိုသည့် မည်သူမဆို လျှောက်ထားနိုင်ပါသည်။

မှတ်ချက် - မဲဆောက်မြို့တွင်း‌ နေထိုင်ပြီး သင်တန်းအချိန်မှီ လူကိုယ်တိုင် လာရောက်နိုင်သူဖြစ်ရမည်။

သင်တန်းပြုလုပ်မည့်နေ့ရက်နှင့် အချိန်ဇယား

Oct 28 (1:00 - 4:00 pm) - Introduction, Basic Principle of Video Editing, Software Installing, Basic tools of Premiere Pro.

Oct 30 (1:00 - 4:00 pm) - Data Copying, Understanding about your Video, Q&A, Sample Edit (Data Importing, Assembly, Audio & Video overlap).

Oct 31 (10:00 am - 4:00 pm) - Final Edit, Exporting & After Export, Revision, Q&A.

လျှောက်ထားရန် Form ပုံစံ လင့် 👇👇
https://forms.gle/jU1HUgJuwbC7qNaQ8

လျှောက်လွှာ ပိတ်ရက် - ၂၀၂၅ ခုနှစ်အောက်တိုဘာလ ၂၆ ရက်‌ (တနင်္ဂ‌နွေ့နေ့)

အောက်တိုဘာလ ၂၇ ရက် တနင်္လာနေ့ ရုံးချိန်အတွင်း လျှောက်လွှာလက်ခံရရှိသူများထံ တယ်လီဖုန်းဖြင့်ဆက်သွယ်အကြောင်းကြားပေးသွားပါမည်။

ရန်ကုန်သာ ကြီးလာရင် ဘန်ကောက်လိုတော့ ဖြစ်လာမှာ‌သေချာပါတယ်။ မြို့တည်ဆောက်ပုံတွေကလည်း ရန်ကုန် Down Town area ဖြစ်တဲ့ ဆူးလေ ...
24/10/2025

ရန်ကုန်သာ ကြီးလာရင် ဘန်ကောက်လိုတော့ ဖြစ်လာမှာ‌သေချာပါတယ်။ မြို့တည်ဆောက်ပုံတွေကလည်း ရန်ကုန် Down Town area ဖြစ်တဲ့ ဆူးလေ ပန်းဘဲတန်း၊ ကျောက်တံတား လသာတဝိုက်လိုပုံစံမျိုးနဲ့ခပ်ဆင်ဆင်ပါပဲ။

အိမ်နီးနားချင်း တိုးတက်ပြီး လူ့အဖွဲ့အစည်းတွေဆီကနေ ကောင်းတာဆောင် ဘေးထွက်ဆိုးကျိုးတွေအတွက် ကြိုတင်တွက်ချက်ပြီး ရှောင်နိုင်အောင်လေ့လာ၊ ပြီးရင် တိုင်းပြည်အသစ်ပြန်ရလာမဲ့ခေတ်မှာ လူ့အဖွဲ့အစည်းတစ်ရပ်လုံး ဘေးကင်းလုံခြုံစွာနဲ့ တရှိန်ထိုး ချီတက်လို့ရအောင်
ကိုယ့်လက်ကိုယ့်ခြေနဲ့ ပြန်တည်ဆောက်ကြရမယ် ဆိုတဲ့ အတွေးတော့ ဖြစ်မိပါတယ်။

ဘန်ကောက်က ရန်ကုန်ကြီးဆို ချင်းမိုင်ကတော့ မန္တလေးပဲ။

ခုလောလောဆယ်တော့ ဂျပန်ပြည်မပြန်ခင် ရခဲ့တဲ့ ထိုင်းမြို့ကြီး‌တွေရောက် အမှတ်တရနဲ့ လွမ်းစရာ ဆိုလို့ ဓာတ်ပုံ ဗွီဒီယိုတွေနဲ့ ဆုံဆည်းခဲ့ရတဲ့ အမျိုးရင်းတွေပေးတဲ့ ချစ်ခြင်းမေတ္တာတွေပဲရှိပါမယ်။

ကျန်တာတော့ မငတ်ရုံတမယ် ရိုက်ရင်း စားရင်း လုပ်စရာရှိတာလုပ်ရင်း ရှင်သန်နေတုန်းပါပဲ အမျိုးတို့

ဦးတည်ချက်တူ မဟာမိတ်အချင်းချင်းအကြား တစ်ယောက်အပေါ်တစ်ယောက် ကိုယ်ချင်းစာစိတ်မထားနိုင်သ၍ ဒါကြီးလည်း ပြီးဖို့ထက် ဆက်ဒစ်လည်နေ...
20/10/2025

ဦးတည်ချက်တူ မဟာမိတ်အချင်းချင်းအကြား တစ်ယောက်အပေါ်တစ်ယောက် ကိုယ်ချင်းစာစိတ်မထားနိုင်သ၍ ဒါကြီးလည်း ပြီးဖို့ထက် ဆက်ဒစ်လည်နေကြလိမ့်မယ်။ စိတ်ညစ်စရာတွေရှိနေရင်တောင် ပျော်စရာလေးတွေ ရှာပြီး ဖြည့်တွေးကြ။ ပြီးရင် လုပ်စရာရှိတာ ဆက်လုပ်ကြ။ ကြုံးစရာရှိ‌တာဆက်ကြုံး။ ရပ်မနေရင်ပြီးတာပါပဲ

နေရာတိုင်းမှာ ရပ်တည်ရေးအတွက်တောင် မနည်းရှင်သန်နေကြရပေမဲ့ ဆက်တော့လျှောက်နေကြရမှာပဲမဟုတ်လား။ အားလုံး ညီညီညာညာ ရဲရဲကြီးဆက်လျှောက်ကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း အနာဂတ်တိုင်းပြည်သစ်အတွက် အားမာန်တင်းရင်း ......

Photo - ရေပေါ်ဆီ ရိုက်ကူးရေးသမားလေး မောင်ဖြိုးဓန
ပတ္တရားမြို့ကို ရောက်ရှိနေစဉ်

I got over 500 reactions on one of my posts last week! Thanks everyone for your support! 🎉
20/10/2025

I got over 500 reactions on one of my posts last week! Thanks everyone for your support! 🎉

ပေးသလောက်မယူလို့ ယူသလောက်ပဲပေးတဲ့အခါကြင်နာမှုမပါရင် နာကျင်စရာတွေ ထပ်ဖြစ်နေရဦးမှာပါပဲ။
16/10/2025

ပေးသလောက်မယူလို့ ယူသလောက်ပဲပေးတဲ့အခါ
ကြင်နာမှုမပါရင် နာကျင်စရာတွေ ထပ်ဖြစ်နေရဦးမှာပါပဲ။

15/10/2025

Tik tok မှာ ဒါလေးတင်မိတာကို Community Standard နဲ့ ငြိတယ်ဆိုပြီး Violation ပုဒ်မကပ် ဖြုတ်ချသွားတယ်

Meta ကတော့ ခုထက်ထိ ကျနော့်တို့အလုပ်ပေ့ချ်ဖြစ်တဲ့ Premium Record ကိုလည်း ခုထက်ထိ ပြန်ပေါ်လာအောင် မလုပ်ပေးသေးဘူး။ အဲ့တုန်းကဆို ဘယ်အကောင့်မှ ဝင်မရ ဖြစ်သွားတာ။

အမျိုးတို့လည်း ဆိုရှယ်မီဒီယာ ပေါ်က ကိစ္စတွေထက် ကိုယ့်အတွက် လိုအပ်တဲ့ အဟာရပြည့်ဝစေဖို့အပါအဝင် ကျန်းမာရေးနဲ့ အစစအရာရာ ဂရုစိုက်ကြပါ

အနီရောင် အဓိပ္ပာယ်ကတော့ရိုက်ကူးရေးလုပ်နေပါတယ်ပေါ့။Korea/ Burma Music Exchange တစ်ခု ကိုထက်မြက်ရဲ့ဦးဆောင်မှုနဲ့ မကြာခင်လာ...
14/10/2025

အနီရောင် အဓိပ္ပာယ်ကတော့
ရိုက်ကူးရေးလုပ်နေပါတယ်ပေါ့။

Korea/ Burma Music Exchange တစ်ခု
ကိုထက်မြက်ရဲ့ဦးဆောင်မှုနဲ့ မကြာခင်လာဖို့ရှိတယ်။

တော်လှန်သွေးတွေ အေးသွားဖို့အတွက်
အချိန်မရှိဘူး

လုပ်စရာရှိတာ ဆက်လုပ်
ဖြုတ်စရာရှိတာ ဆက်ဖြုတ်
ကျရာကဏ္ဍကနေ နိုင်သလောက်ပါဝင်ကြ …..

ကျနော့် မင်းသား မင်းသမီးတွေနဲ့ ဆုံတုန်း ကြုံတုန်းအမှတ်တရ Selfie များ
13/10/2025

ကျနော့် မင်းသား မင်းသမီးတွေနဲ့
ဆုံတုန်း ကြုံတုန်းအမှတ်တရ Selfie များ

  နဲ့ တစ်ခါက လိုက်မိစဉ်တုန်းက ဖုန်းနဲ့ ရိုက်မိခဲ့တာလေးတွေပဲဟင်းကတော့ တကယ် စားမလောက်ပဲ
12/10/2025

နဲ့
တစ်ခါက လိုက်မိစဉ်တုန်းက
ဖုန်းနဲ့ ရိုက်မိခဲ့တာလေးတွေ

ပဲဟင်းကတော့ တကယ် စားမလောက်ပဲ

လွန်ခဲ့တဲ့ နှစ်က Feel ခဲ့မိတဲ့ ပို့စ်လေး။အခုတော့တစ်ယောက်တည်း ပြန်ဖြစ်သွားပါပြီ။အပူတွေလည်း ထပ်မရှာချင်တော့ပါဘူး။ညီမလေးကို...
12/10/2025

လွန်ခဲ့တဲ့ နှစ်က Feel ခဲ့မိတဲ့ ပို့စ်လေး။

အခုတော့တစ်ယောက်တည်း ပြန်ဖြစ်သွားပါပြီ။

အပူတွေလည်း ထပ်မရှာချင်တော့ပါဘူး။

ညီမလေးကို လွမ်းနေတော့မဲ့ ကိုကြီးအဖြစ်နဲ့ပဲ
လုပ်ဖို့ကျန်နေသေးတာတွေ ဆက်လုပ်ရင်း အရိုးထုတ်သွားတော့မယ်စဉ်းစားမိတာပါပဲဗျာ။ 🙋‍♂️🫶💃

ကျန်းမာတဲ့လွမ်းချင်း

ငါ့ဆာလောင်မှုကို
မင်း ကြားသင့်ပါရဲ့
မင်းရဲ့ ဆာလောင်မှုကို
ငါ နားစွင့်နေမိခဲ့

ငါတို့ဟာ ကြိုးနှစ်ချောင်းလို ငြိခဲ့ပေမဲ့
တစ်ယောက်နဲ့တစ်ယောက် ကတိတွေနဲ့
မချည်နှောင်ရက်ခဲ့ကြ

လူမျိုး ၊ ကိုးကွယ်တဲ့ဘာသာ ၊ ပထဝီ အနေအထား
ဘာသာစကားး အတားအဆီးတွေကို ကျော်လွှား
တစ်ယောက် အသားထဲ တစ်ယောက် စူးဝင်ခဲ့ကြ

မမျှော်လင့်တဲ့အခိုက်
တစ်ယောက် ဖိနပ်ကို တစ်ယောက်
ပင်အပ်နဲ့ စိုက်ခဲ့ကြ

ငါက ရက်စက်မိပြီး
မင်းက ရက်စက်ကြည့်တယ်

ငါတို့ဟာ မထင်မှတ်ဘဲ
အာရှကျားတွေရဲ့ ပါးစပ်ထဲ
ဖြတ်ပြေးခဲ့ကြ

အာရှတန်ဖိုး ဆိုတာကို စုံစမ်းရင်း
အာရှကြမ်းပိုးတွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရ

မိတ်ဆွေတစ်ယောက် ပြောသလို
တစ်ရက်နေရလည်း အမြတ်
နှစ်ရက်နေရလည်း အမြတ် ဆိုတဲ့ ခေတ်ကျပ်ကြီးထဲမှာ
တို့ဘဝတွေ အရင်းကြေခဲ့ပြီလား

ခုတော့ ငါ့အလွမ်းတွေက ကျန်းမာသန်စွမ်းနေပြီး
ငါ့ကျန်းမာရေးက လွမ်းနာကျနေရဲ့ ။ ။

#လှသန်း

12/10/2025

ညိုလုံးမွေးတဲ့သမီး
ကွတ်ကီး

တိုက်ပွဲတွေထက် ဂိတ်တွေ ရဲစခန်းတွေမှာ လက်နက်/ မူးယစ်ဆေးဝါးနဲ့ လူပျောက်ရှာဖို့အတွက် အသုံးဝင်တဲ့ အမျိုးအစားတွေပါ။

ဒါနဲ့စကားမစပ်
ကျနော်လည်း TikTok သုံးပြီဆိုတာလေး တပါတည်းလာပြောတာပါခမျ။

အမျိုးတို့လည်း သဘာဝဘေး စစ်အာဏာရှင်ဘေးကနေ ကင်းဝေးစေဖို့ အစဉ်မျှော်လင့်လျှက်ပါ 🙏🙏

Address


Alerts

Be the first to know and let us send you an email when Phyoe Dhana posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyoe Dhana:

  • Want your business to be the top-listed Media Company?

Share