LeoHtut

LeoHtut Rural Internet service provider

အမျိုးသားကျန်းမာရေးအကြောင်း သိကောင်းစရာအဖြာဖြာကျားဟော်မုန်းခေါ် တက်စရိုစတီရုန်းသည် အမျိုးသားသွင်ပြင်လက္ခဏာနှင့် အမျိုးသာ...
10/06/2025

အမျိုးသားကျန်းမာရေးအကြောင်း သိကောင်းစရာအဖြာဖြာ

ကျားဟော်မုန်းခေါ် တက်စရိုစတီရုန်းသည် အမျိုးသားသွင်ပြင်လက္ခဏာနှင့် အမျိုးသားအင်္ဂါဖွံ့ဖြိုးမှုကို လုပ်ဆောင်ပေးပါသည်။ ၎င်းလုပ်ဆောင်ချက်တို့အပြင် ကျားဟော်မုန်းက လိင်မှုဘဝနှင့် ကျန်းမာရေး၊ ဇီဝဖြစ်ပျက်ခြင်း၊ အင်ဆူလင်တုံ့ပြန်ခြင်း၊ အရိုးသိပ်သည်းဆနှင့် နှလုံးကျန်းမာရေး စသည်တို့အတွက်ကိုလည်း ဆောင်ရွက်ပေးနိုင်သည်။ အမျိုးသားများသည် ပျမ်းမျှ အသက် ၄၀ ဝန်းကျင်ခန့်မှစပြီး ကျားဟော်မုန်း ချို့တဲ့လာကြကာ အကယ်၍ ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သုံးသူ၊ အရက်စွဲသူ၊ ကျန်းမာရေးမကောင်းသူနှင့် နာတာရှည် ရောဂါအခံရှိသူတွေက အရွယ်မတိုင်မီ စောစီးစွာ ကျားဟော်မုန်းဆုံးရှုံးနိုင်သည်။

#ကျားဟော်မုန်းချို့တဲ့ခြင်းလက္ခဏာများ အဖြစ်

(က) ပူလိုက်အေးလိုက်နှင့် ချွေးထွက်ခြင်း၊
(ခ) ရင်သားစူလာခြင်း၊
(ဂ) ပင်ပန်းနွမ်းနယ်နုံးချည့်ခြင်း၊
(ဃ) စိတ်ဓာတ်ကျခြင်း
(င) ကြွက်သားများပျော့ကာ အားမရှိခြင်း၊
(စ) အဆီများခြင်း၊ ဗိုက်ပူလာခြင်း၊
(ဆ) လိင်ကိစ္စ စိတ်ဝင်စားမှုနည်းခြင်း၊
(ဇ) အမွေးအမှင်များကျွတ်ခြင်း၊
(ဈ) အရိုးပွလာခြင်း၊ အရိုးကျိုးလွယ်ခြင်း တို့ဖြစ်ပေါ်လာသည်။
ဖော်ပြပါလက္ခဏာများကို သွေးဆုံးခါနီးနှင့် သွေးဆုံးပြီးစ အမျိုးသမီးများတွင်လည်း ဖြစ်ပေါ်ခံစားရတတ်ပါသည်။

အမျိုးသားအားလုံးကို မဆိုလိုသော်လည်း အမျိုးသားဦးရေ တော်တော်များများသည် အမျိုးသမီးများလောက် နိစ္စဓူဝ၌ ကျန်းမာရေးနှင့် လျော်ညီသော နေထိုင်စားသောက်မှုပုံစံများကို မထိန်းသိမ်းကြဘဲ လျစ်လျူ ရှုတတ်ကြသည်။ ထို့ကြောင့် အမျိုးသားများတွင် နှလုံးရောဂါ၊ အဆုတ်ကင်ဆာ၊ ပါကင်ဆဲန် ခေါ် အာရုံကြောရောဂါ၊ အရေပြားကင်ဆာ၊ အဆစ်ရောင်ဂေါက်ရောဂါတို့ကို အမျိုးသမီးများထက် ပို၍ ဖြစ်ပေါ်ခံစားရလေ့ရှိသည်။ ထို့ပြင် ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်လေ့မရှိခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း၊ အရေပြားပြောင်းလဲမှုကို ဂရုမစိုက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု မပြုလုပ်ခြင်း၊ အထိုင်များခြင်း၊ အသင့်စား အစားအစာများကို စားသောက်မှုများခြင်း၊ စိတ်ပင်ပန်းမှုများကို တစ်ကိုယ်တည်း မျိုသိပ်ခံစားခြင်းတို့သည် အမျိုးသားများပြုလုပ်လေ့ရှိသော ကျန်းမာရေး အမှားများ ဖြစ်ကြသည်။

#အမျိုးသားတို့အတွက်အထူးလိုအပ်သောအာဟာရများ

အမျိုးသားများသည် အမျိုးသမီးများထက် ကြွက်သားထုကြီးမားပြီး ပိုမိုခွန်အားစိုက်ထုတ်ရသည့်အတွက် အချို့သော အာဟာရများကို အမျိုးသမီးများထက် ပိုလိုအပ်သည်။ အမျိုးသားတို့အတွက် အထူးလိုအပ်သော အာဟာရဓာတ် သုံးမျိုးရှိပါသည်။ ၎င်းတို့မှာ (၁) ကယ်လိုရီ၊ (၂) အသားဓာတ်နှင့် (၃) ကယ်လ်စီယမ်တို့ ဖြစ်ကြသည်။

#ကယ်လိုရီ- အမျိုးသားများက သွေးချိုဓာတ်ကျခြင်းကို ခံနိုင်ရည်ပိုနည်းပါးခြင်း၊ စွမ်းအင်ပိုလိုအပ်ခြင်းနှင့် ကြွက်သားထု ကြီးမားခြင်းတို့ကြောင့် အမျိုးသားများမှာ ကယ်လိုရီပိုလိုအပ်သည်။

#အသားဓာတ်-ခွန်အားစိုက်ထုတ်လုပ်ကိုင်ရသည့်အတွက် အမျိုးသားတွေမှာ အသားဓာတ် ပိုလိုအပ်သည်။ ထို့ကြောင့် ညဘက်မှာ ကြွက်သားနှင့် ခွန်အားပြန်လည်တည်ဆောက်နိုင်ရန် အမျိုးသားများအနေဖြင့် ညစာတွင် အသားဓာတ်ပါဝင်အောင် စားပေးသင့်သည်။ ဗလတောင့်လိုသူများက အသားဓာတ် ပိုစားပေးပါ။

#ကယ်လ်စီယမ်-အရိုးအဆစ်သန်မာစေသောကြောင့် ကယ်လ်စီယမ်က အမျိုးသားတို့အတွက် အရေးပါသောဓာတ် ဖြစ်သည်။

#အမျိုးသားတို့အတွက်_အကျိုးများသော_ငါးကြီးဆီ အမျိုးသားများတွင် ဒုက္ခအပေးဆုံးရောဂါသည် ဆီးကျိတ်ရောင်ရောဂါဖြစ်သည်။ ငါးကြီးဆီစားပေးခြင်းက ဆီးကျိတ်ရောင်ရောဂါကို ကာကွယ်ထားနိုင်ရုံမျှမက ဆီးကျိတ်ကင်ဆာ၊ အစာပြွန်ကင်ဆာ၊ စအိုကင်ဆာနှင့် အူမကြီးကင်ဆာတို့မှ ကာကွယ်ပေးနိုင်ပါသည်။ ထို့ပြင် ငါးကြီးဆီက သွေးတွင်းကိုလက်စထရောနှင့် အဆီဓာတ်များ ကျဆင်းစေခြင်း၊ သွေးမခဲအောင် ကာကွယ်ပေးခြင်း၊ နှလုံးသွေးကြောရောဂါများကို ထိထိရောက်ရောက် ကာကွယ်ပေးခြင်း၊ နှလုံးနှင့်ဆက်နွှယ်သော လေဖြတ်လေငန်းရောဂါ ဖြစ်ပွားနိုင်ခြေလျှော့ချပေးခြင်း၊ စိတ်ကျရောဂါ၊ အာရုံမစူးစိုက်နိုင်သောရောဂါ နှင့် စိတ်ကယောက်ကယက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးခြင်း၊ မှတ်ဉာဏ်အားနှင့် အာရုံစူးစိုက်အား ကောင်းမွန်စေပြီး ကျိုးကြောင်း ဆင်ခြင်နိုင်စွမ်းကို တိုးတက်စေခြင်း စသည် တို့ကြောင့် အမျိုးသားများက ငါးကြီးဆီ တစ်နေ့တစ်လုံး စားပေးသင့်ပါသည်။

#ဆေးလိပ်သောက်သုံးသူများအတွက်_လိုအပ်သောအာဟာရများ

ယနေ့ခေတ်တွင် ကြီးငယ်မဟူ အမျိုးသားတော်တော်များများ ဆေးလိပ်သောက်ကြသဖြင့် လျှာ၊ ပါးစောင်၊ ခံတွင်း၊ လည်မျို၊ အသံအိုး၊ အဆုတ်နှင့် ကျောက်ကပ်တို့ကို ထိခိုက်ကာ ကျန်းမာရေးပြဿနာများ ခံစားကြရသည်။ ဆေးပြင်းလိပ်က စီးကရက်လောက် ရှူသွင်းရန်မလိုသောကြောင့် ဆေးပြင်းလိပ်သည် အန္တရာယ် သိပ်မရှိနိုင်ဟု လူအများက ယူဆထားကြသည်။ ထိုအယူအဆ မမှန်ပေ။ ဆေးပြင်းလိပ်သောက် သုံးသူများ၏ သွေးနှင့်ဆီးထဲတွင် ကိုတီနိုင်း၊ ကတ်မီယမ်နှင့် ကင်ဆာဖြစ်စေသော ပစ္စည်းပါဝင်မှုသည် ဆေးလိပ်လုံးဝ မသောက်သူများထက် ပါဝင်မှုများပြားနေကြောင်း တွေ့ရသည်။ ထို့ကြောင့် ဆေးပြင်းလိပ် သောက်သုံး သူများသည်လည်း ကျောက်ကပ်ရောဂါနှင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများ ခံစားရနိုင်ပါသည်။ အထူးသဖြင့် ဆေးပြင်းလိပ်ရော၊ စီးကရက်ပါ နှစ်မျိုးစလုံး သောက်သုံးသူများသည် ဆေးလိပ်၏ ဆိုးကျိုးများကို ပိုမိုခံစားရနိုင်သည်။

ဆေးလိပ်သောက်သုံးသူများအတွက် အောက်ဖော်ပြပါ အာဟာရတို့ကို ဦးစားပေး စားသောက်သင့်ပါသည်။

ဗီတာမင်စီကြွယ်ဝသော မာလကာသီး၊ သံပရာသီး၊ လိမ္မော်သီး၊ ဖရဲသီး။ ဆီလီနီယမ်ကြွယ်ဝသော အခွံမာသီး၊ ပင်လယ်ငါး အမျိုးမျိုး၊ ပုစွန်ဆိတ်၊ နေကြာစေ့၊ စပျစ်သီးခြောက်။ ဗီတာမင်အီးကြွယ်ဝသော နေကြာစေ့ဆီ၊ နေကြာစေ့၊ ဗာဒံစေ့၊ ကန်စွန်းဥ၊ ထောပတ်သီး၊ ဟင်းနုနယ်ရွက်။နိုင်ရာ စင်နမိုက်ကြွယ်ဝသော ငုံးဥ၊ ကြက်ဥ၊ ဘဲဥ

စသည့်ဥအမျိုးမျိုး၊ ကြက်သား၊ ဝက်သား၊ အမဲသား၊ ဂျုံစေ့အပါအဝင် ဂျုံဖြင့်ပြုလုပ်သော အစားအသောက်များ။ မဂ္ဂနီစီယမ်ကြွယ်ဝသော အခွံမာသီး၊ ပဲပုပ် ခေါ် ပဲပိစပ်။ ပဲငါးပိ၊ ကုလားပဲ၊ လက်ဖက်ခြောက်၊ လက်ဖက်ရည်၊ ဆန်လုံးညို။

#အရက်ကြောင့်_ကျန်းမာရေးမထိခိုက်စေဖို့ အကြောင်းအမျိုးမျိုးကြောင့် အရက်သောက်ကြသည်။ စိတ်ထွက်ပေါက်အဖြစ် အရက်ကို ရွေးချယ်ခြင်းသည် မှားသည်ဟု ဆိုချင်ပါသည်။ အရက်ဆိုသည်မှာ ရှောင်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ အရက်ကို မဖြတ်နိုင်သေးသောအချိန်မှာ ကျန်းမာရေး ထိခိုက်မှု နည်းအောင် အောက်ဖော်ပြပါ အချက်အလက်များဖြင့် သတိဆောင်သင့်ပါသည်။ အလွန်အကျွံ မသောက်မိအောင် သတိထားပါ။ အရက်မသောက်ခင်နှင့် သောက်နေစဉ် အစာစားပါ။အငန်များသော အစားအစာကို ရှောင်ပါ။အရက်မသောက်ခင် ရေသောက်ပါ။ နိစ္စဓူ၀ ရေများများသောက်ပါ။ အရက်က ရေဓာတ်ခန်းခြောက်ခြင်းကို ဖြစ်စေသည်။ မဖြစ်မနေ သောက်ရမည်ဆိုပါက အယ်လ်ကိုဟောပါဝင်မှုနည်းသော အရက်ကိုသာရွေးပါ။ ဖြည်းဖြည်းချင်းသောက်ပါ။ တစ်ခွက်နှင့် တစ်ခွက်ကြား ရေ သို့မဟုတ် အချိုရည်သောက်ပါ။ အရက်များများသောက်မိလျှင် အယ်လ်ကိုဟောများ သွေးထဲမှာစုပုံပြီး ခန္ဓာကိုယ်က မချေဖျက်နိုင်တော့ဘဲ အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ အစာအိမ်နှင့် အူလမ်းကြောင်းတို့ကို ထိခိုက်ပျက်စီးစေပါသည်။

အချုပ်အားဖြင့်ဆိုသော် အမျိုးသားကျန်းမာရေးနှင့် ပတ်သက်၍ ယောကျာ်းမှာ ဆီး ဟု ဆိုရိုးစကားရှိပေသည်။ ဆေးလိပ်နှင့် အရက်သောက်စားခြင်းက ကျောက်ကပ်ကို ထိခိုက်လွယ်စေသည်။ အမျိုးသားအများစုက ရေသောက်နည်းကြပြီး ဆီးသွားလိုစိတ်ကိုလည်း အတန်ကြာအောင့်ထားတတ်ကြသည်။ ဆီးသွားခြင်းဖြင့် ဆီးလမ်းကြောင်းအတွင်းမှ ဗက်တီးရီးယားများနှင့် အဆိပ်အတောက်များအား ဖယ်ရှားပေးနိုင်ပါသည်။ ထို့ကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် နေ့စဉ်ဘဝတွင် ရေများများသောက်၍ ဆီးသွားချင်စိတ်ကို လျစ်လျူမရှုမိဖို့လိုပါသည်။ အချိန်ကြာကြာ ဆီးအောင့်ထားခြင်းက ဆီးအိမ်ကြွက်သားများ အားလျော့ပြီး ဆီးမထိန်းနိုင်ရောဂါ ဖြစ်လာနိုင်ဖွယ်ရှိပါကြောင်း ကိုလည်း သတိပေးလိုက်ရပါသည်။ ။

Crd ပေါက်ပေါက်

မုန်လာဥဖြူနှင့်ကျန်းမာရေးပြည်တွင်းကုန်သွယ်မှုသတင်း   မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စကုမြို့နယ်၊ ပွင...
10/06/2025

မုန်လာဥဖြူနှင့်ကျန်းမာရေး
ပြည်တွင်းကုန်သွယ်မှုသတင်း

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မင်းဘူး-စကုမြို့နယ်၊ ပွင့်ဖြူမြို့နယ်နှင့် စလင်း-ဆင်ဖြူကျွန်းမြို့နယ်များတွင် ချောင်းရေ၊ မုန်းရေများရေဖြတ်ချိန် ကမ်းပါးဘေးတစ်ဖက်တစ်ချက်တွင် ယခုကဲ့သို့ ဆောင်းရာသီကာလ၌ မုန်လာဥဖြူ၊ ပန်းမုန်လာ၊ မုန်ညှင်း၊ ပန်းဂေါ်ဖီစိမ်းများကို တစ်နိုင်တစ်ပိုင်စီးပွားဖြစ်စိုက်ပျိုးကြကြောင်းသိရှိရပါသည်။ မုန်လာဥဖြူကို စက်တင်ဘာလဆန်းတွင် စတင်စိုက်ပျိုးကြောင်း၊ အောက်တိုဘာလကုန်တွင် စတင်တူးဖော်ပြီး ဒီဇင်ဘာလတွင် အကုန်တူးဖော်နေပြီဖြစ်ကြောင်း၊ မုန်လာဥဖြူစတင်ပေါ်ကာစအချိန်အစောပိုင်းတွင် (၃)ဥပါတစ်စည်းလျှင် ကျပ်(၅၀၀)နှုန်းဖြင့်ရောင်းချရပြီး ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(ဒုတိယပတ်)တွင် (၃)ဥပါတစ်စည်းလျှင် ကျပ်(၂၀၀)ဖြင့်ရောင်းချရကြောင်း သိမ်ကုန်းကျေးရွာနေ တောင်သူတစ်ဦးထံမှသိရှိရပါသည်။

မုန်လာဥဖြူတွင် အာဟာရဓာတ်များအနေဖြင့် ပိုတက်ဆီယမ်ဖော့လိတ်၊ Riboflavin (ဘီတာ မင်ဘီညွှန်ပေါင်းအုပ်စု)၊ ဘီတာမင် ဘီ-6၊ ဘီတာမင်-K၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ ဖော့စဖရိတ်၊ ကောပါး၊ မဂ္ဂနီဆိုဒီယမ်တို့ပါဝင်ပါသည်။

ကျန်းမာရေးအနေဖြင့်လည်း မုန်လာဥဖြူကိုစားသုံးပေးခြင်းဖြင့် ကင်ဆာရောဂါဖြစ်နိုင်မှုနည်းပါးခြင်း၊ မုန်လာဥဖြူတွင်ပါဝင်သည့် ဒြပ်ပေါင်းတစ်မျိုးသည် ကင်ဆာဖြစ်စေနိုင်သည့်အရာများကို တိုက်ထုတ်ပေးခြင်းကြောင့် ခန္ဓာကိုယ်မှကင်ဆာကျိတ်များဖြစ်စေနိုင်မှုနည်းပါစေခြင်းနှင့် မုန်လာဥဖြူမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်နေသောကြောင့် အစာခြေစနစ်ကိုကောင်းမွန်စေပါသည်။ ထို့ကြောင့် ဝမ်းချုပ်တက်သူများနှင့် အစာအိမ်သမားများ များစွာစားသုံးသင့်ပါသည်။ ၎င်းမှာ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးသည့်အပြင် သွေးတွင်းကိုလစ်စတောကိုလည်းကျဆင်းစေနိုင်ပါသည်။ သွေးပေါင်ချိန်ကိုမှန်စေပြီး ကျောက်ကပ်ကိုလည်းကျန်းမာစေပါသည်။ ဝမ်းမှန်စေပြီး ကိုယ်အလေးချိန်ကျစေပါသည်။ အသားအရေစိုပြေလှပစေပြီး အရွယ်တင်နုပျိုစေပါသည်။ ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ ကျောက်ကပ်ကြောင့် ခါးနာခါးကိုက်ခြင်း၊ နုံးချိအော့အန်ခြင်းများဖြစ်ပါက မုန်လာဥဖြူတစ်လုံးကို သန့်စင်စွာဆေးကြောပြီး ရေအနည်းငယ်ထည့်၍ကြိတ်ချေပြီး အဖတ်များကိုစစ်ထုတ်ကာ အရည်ကိုသောက်ပါက ကျောက်ကပ်ကြောင့်ဖြစ်သော ခါးနာခါးကိုက်များကိုသက်သာစေပါသည်။ အူကျဝေဒနာရှင်များလည်းအသုံးပြုနိုင်ပါသည်။ မုန်လာဥဖြူက မှိုပိုးများကိုဖယ်ရှားပေးနိုင်စွမ်းရှိ၍ ခံတွင်းနှင့်ခန္ဓာကိုယ်၌ဖြစ်တက်သည့် မှိုရောဂါများ၊ ပါးစပ်နာနှင့် လျှာနာရောဂါများကိုကာကွယ်ပေးပါသည်။

မုန်လာဥဖြူကို ဟင်းလျာအဖြစ် ချက်ပြုတ်စားသုံးရုံသာမက အစိမ်းသုပ်၍လည်းစားသုံးကြပါသည်။ မုန်လာဥကိုပြုတ်၍ အတို့အဖြစ်စားသုံးကြသည့်အပြင် မုန်လာချဉ်ထည့်၍လည်း စားသုံးကြပါသည်။ မုန်လာဥများလှိုင်လှိုင်ပေါ်ချိန်တွင် မုန်လာဥကို မိမိနှစ်သက်သည့်အတိုင်း လှီးဖြတ်၍ မိနစ်(၂၀)ခန့်ပေါင်းပြီး ဆီအနည်းငယ်သုတ်ကာ နေတစ်ရက်၊ နှစ်ရက်ပြ၍ မုန်လာဥများခြောက်သွားသောအခါ လေလုံအောင်သိမ်းဆည်း၍ မုန်လာဥခြောက်ပြုလုပ်၍လည်းစားသုံးနိုင်ပါသည်။ မုန်လာဥဖြူကို အဆာပြေသားရေစာအဖြစ်လည်း မုန်လာဥအော်ကွေ့ကြည် လုပ်၍စားသုံးနိုင်ပါသည်။

ထို့ကြောင့် မုန်လာဥစားသုံးခြင်းဖြင့် ကိုယ်ခံအားကို ကောင်းမွန်စေပြီး ရာသီအကူးအပြောင်းကြောင့် ဖျားနာခြင်းများကိုကာကွယ်ပေးယုံသာမက ကျန်းမာလှပစေရန်အတွက် မုန်လာဥဖြူကိုစားသုံးပေးသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

crd: DOCA(မကွေး)

31/05/2025

လိမ္မော်ပင်

 #ဟင်းနုနွယ်အမြစ် (ထိုင်းဂျင်ဆင်း နာမည်ပြောင်)ထိုင်းဂျင်ဆင်းဟု တင်စားခေါ်ဝေါ်ကြတဲ့ ဟင်းနုနွယ်မြစ်သည် ခွန်အားကို ကောင်းစွ...
22/05/2025

#ဟင်းနုနွယ်အမြစ် (ထိုင်းဂျင်ဆင်း နာမည်ပြောင်)
ထိုင်းဂျင်ဆင်းဟု တင်စားခေါ်ဝေါ်ကြတဲ့ ဟင်းနုနွယ်မြစ်သည် ခွန်အားကို ကောင်းစွာဖြည့်တင်းပေးပြီး အားကောင်းစေသည်ဟု ဆိုကြသည်။
အားနည်းခြင်း၊
ပင်ပန်းနွမ်းနယ်ခြင်း၊
ကိုယ်လက်မအီမသာဖြစ်ခြင်းတို့ကို သက်သာစေပြီး သွေးလည်ပတ်မှုကို ကောင်းမွန်စေကာ
မျက်နှာကို လန်းဆန်းစိုပြေစေပါသည်။
ခါးနာခြင်း၊ ခါးကိုက်ခြင်း၊
အပူကျဆေးအဖြစ်၊
အဖျားကျဆေးအဖြစ်နှင့်
သလိပ်ရည်ကို ကူညီထုတ်ပေးခြင်း စသည်တို့အတွက် အသုံးပြုနိုင်သည်။

#ချက်ပြုတ်နည်းများ.........
* ဟင်းချိုရည်အဖြစ် ချက်သောက်ခြင်း...။
အရိုးဟင်းချို သို့မဟုတ် အခြားဟင်းချိုများတွင်
ထည့်သွင်းချက်ပြုတ်နိုင်သည်။

* လက်ဖက်ရည်ကြမ်းအဖြစ် ပြုတ်သောက်ခြင်း...။
ဟင်းနုနွယ်မြစ် ၁ ခုကို
ရေ ၁ လီတာဖြင့်
၁၅ မိနစ်ခန့် ပြုတ်ပြီးနောက် ရရှိလာသော အရည်ကို
တစ်နေ့လျှင် ၂-၃ ခွက်သောက်သုံးနိုင်သည်။
(၎င်းသည် အားအင်တိုးစေပြီး အသက်ရှည်ဆေးအဖြစ် ခွန်အားဖြည့်တင်းပေးနိုင်သည်ဟု အဆိုရှိပါသည်။)

#အရက်ဖြင့်_စိမ်သောက်ခြင်း...။
ဟင်းနုနွယ်မြစ်ကို အရက်ဖြူ ၁ ပုလင်းကြီးဖြင့်
၁၅ ရက်ကြာ စိမ်ထားပြီးနောက် ညအိပ်ရာမဝင်မှီ ၁ ခွက် သောက်သုံးနိုင်သည်။
(ဤနည်းလမ်းသည် ဂျင်ဆင်းထက်ပင် ခွန်အားကို ပိုမိုဖြည့်တင်းပေးနိုင်ပြီး အသက်ရှည်ဆေးအဖြစ် အစွမ်းထက်သည်ဟု ဆိုကြသည်။)
(မှတ်ချက် - " #ဒီနည်းကတော့_ဂျင်ဆင်းထက်တောင်_ပိုထက်မြက်တယ်လို့ ဆိုနိုင်ပါတယ်။")

credit

 #ဆေးဖက်ဝင်_မုရိုးပင်အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးန...
13/05/2025

#ဆေးဖက်ဝင်_မုရိုးပင်
အရိုးတစ်ချောင်းမှာ အရွက်က တစ်ဖက်တစ်ချက် ထွက်ပြီး အကိုင်းဖျားအထိ အရွက်က အစိမ်းရောင်ရင့်ရင့်၊ အမွှေးနုပါတဲ့ဖက်က အဖြူရောင်ဖက်ကို နဲနဲယိမ်းပါတယ်။

အသီးက စိန်တစ်လုံး သရက်လို ပုံသဏ္ဌာန်ရှိတယ်။
ဒါပေမဲ့ အထဲမှာက လေအပွသီး ဝတ်ဆံအနက်နဲ့၊ အမွှေးမျှင်မျှင်တွေ လေမှာပျံပြီး မျိုးပွားတယ်။ ACID ဓါတ်များပါတယ်။

ကျွဲမရိုးလည်း ခေါ်တယ်
တောင်မရိုးပင်လည်း ခေါ်တယ်။
အညာဒေသမှာတော့ မရိုးပင်လို့ ခေါ်ပါတယ်။
ကျွဲပေါက်ပင်လို့လည်း ခေါ်ပါတယ်။
ရခိုင်ဒေသမှာ မုရိုးပင်ကို ဖြူကြီးပင်လို့ခေါ်တယ်။
ငဖြူ ကြီးပင်လို့လည်းခေါ်ပါတယ်။
ပြည်ဘက်မှာတော့ နွားဖြူကြီးပင်(နွားနို့ခဲ) အပင်လို့ ခေါ်ပါသည်။

#ဆေးနည်းများ

#ဒူးနာ ခါးနာဖြစ်ရင် အရွက်ကို ရေနဲ့ သေချာဆေးပါ။ ပြီးတော့
အရွက်ကို မီးကင်ပြီး၂ည ၃ည ပတ်စီးပေးရင် ယူပစ်သလို ပျောက်ပါတယ်။

#ခြေထောက်ခေါက်လဲလို့ မျက်သွားပြီး ယောင်ကိုင်းနေရင် မုရိုးစေးကို အသာလေး ပွတ်လိမ်းပေးပြီး အရွက်ကို မီးကင် လက်လေးနဲ့ အသာလေးချေ အပြန့်လိုက် ကပ်ပြီး ပိတ်စနဲ့ စည်းထားလိုက်ပါ။

#လေးဘက်နာပျောက်တယ်။
အပင်ရော အမြစ်ပါမကျန် နူတ်ပြီး အိုးထဲမှာထည့်၊ အပေါ်ကနေ ဆေးရွက်ကြီးအုပ်၊ ရေထည့်ပြုတ်ပါ။ အဲဒီရေကို ချိုးပေးပါ။
နောက်တနည်းကတော့ မရိုးအမြစ်နဲ့ ဆန်ဆေးရည် သွေးပြီးလိမ်းရင်လည်း အဆစ်အမြစ်ရောင် လေးဖက်နာ ပျောက်ပါတယ်။

#ကြွက်နို့ကိုဖြတ်ပြီး အစေးနဲ့ တို့ထားရင် အမြစ်ပါစားပြီး ကျင်းခွက်လိုဖြစ်သွားတယ်။
ပြီးတော့ ပျောက်သွားတယ်။
#ငါးမျက်စိပေါက်နေသူများ
မုရိုးရွက်ကို ချိုးလိုက်တဲ့အခါ ထွက်လာသော အစေးနဲ့ ခဏခဏ တို့ပေးပါ။ အလိုလို ထွက်ကျလာမည်။
#ခြေထောက်မှာဝတ်ဆံတည်တာကို_ခြေပူနာလို့ ခေါ်ပါသည်။
ကြက်ဆူး ထည့်သွားပြီဆိုရင် ခဲနင်းမိပါက အမလေး တရတဲ့ အနာပါ။
အနာထိပ်ကို ဓားနှင့်လှီးပြီး အစေးက်ို သုတ်လိမ်းပေးပါက ပျောက်ပါသည်။

#အမျိုးသမီးများ_သားအိမ်အတွင်း_သွေးလုံးလေလုံး ဖြစ်ခဲ့ပါလျှင်
မုရိုး၅ပွင့်ကို နှမ်းဆီနှင့်ကြော်စား၊ ဝမ်းဗိုက်ကို မုရိုးစေးနှင့် ဆနွင်းမှုန့် ဆတူရောစပ် လိမ်းပေးပါက တဖြည်းဖြည်း သေးငယ်ပြီး သက်သာ ပျောက်ကင်းစေပါတယ်။

#ဓမ္မတာ မမှန်တာ သွေးမပေါ်တာ ဆိုရင် အရည်ညှစ်ပြီး နှစ်ခေါင်းထဲကို တစ်စက်ဆီ ထဲ့ပေးပါ။
သွေးချက်ချင်း ဆင်းပါတယ်။

#ရင်ကြပ် ပန်းနာရောဂါ ပျောက်ပါတယ်။
မရိုးပင်ကို ၃လက္မ လောက်ဖြတ်ပြီး နေလှမ်းပါ။
ခြောက်သွေ့တဲ့အခါ မီးရှို့ပြာချပါ။
ပြာကို ရေစိမ် မွှေပေးပြီး အနယ်ထိုင်ရင် အရေကြည်ကို ဆားချက်ပါ။
မုရိုးကြီးရုက္ခမူ ဆားရမယ်။
အဲဒီဆား တစ်ပဲသားကို ပျားရည် တစ်ဆယ်သားနဲ့ ရောသမမွှေ သုံးဆောင်ပါ။

#ဆူးစူးပြီးဆူးကိုထွင်လို့မရတဲ့အခါ
ဒီအပင်ရဲ့ အစေးကို ထည့်လိုက်ပါ။ နာရီအနည်းငယ် ကြာတဲ့အခါ
ဆူးက သူ့အလိုလို အပြင်ကို ထွက်လာပါတယ်။
ဆူးစူးပြီး အနာဝပိတ်သွားလို့ ဆူးကျန်ပြီး အထဲကနာနေလျှင်လည်း အနာ၀ကို ဖွင့်ပြီး အစေးချ အရွက်မီးကင် ကပ်လိုက်တာ ညောင့်ထွက်လာပါတယ်။
ခြေထောက်မှာ ဆူးစူးလို့ ရှာမရဖြစ်နေရင် အစေးကို အနာဝပေါ်တို့ပြီး အရွက်ကို မီးကင်ကပ်ရင် ဆူးထွက်ပါတယ်။
ပတ်တီးဖွဖွလေးစည်းထားရင်လည်း အဆင်ပြေပါတယ်။

#ကန္တာရဆူး စူးပြီး တော်တော်နာနေတာ အပ်နဲ့ ကော်ထုတ်လဲ မရပါ။
အသိတစ်ယောက်ကပြောလို့ မုရိုးအစေးနဲ့ ကပ်လိုက်တာ နောက်နေ့ အနာကိုညှစ်လိုက်တော့ ဆူးပါသွားတယ်။

#ချောင်းဆိုး တီဘီ အဆုတ်နာ
မုရိုးရွက် တစ်ရွက်၊ ကွမ်းရွက်တစ်ရွက်၊ ဆားအနည်းငယ်ထည့်ပြီး ပြာချပါ။ အဲဒီပြာကို လျှက်ဆားလို တစ်နေ့ အနည်းငယ် လျှက်ပေး ပါ ပျောက်ပါတယ်။

#အနာစိမ်း မွှေးကျွတ်နာ အနာလုံးများ ပေါက်ရင်
အနာပေါ်မှာ အရွက်ကို မီးလေးပြပြီး ကပ်ထားပါက အလျှင်အမြန် ပျောက်ကင်းပါသည်။

#ထိပ်ကပ်နာ ခေါ်တဲ့ နှာပိတ်ရောဂါကို
မရိုးအစေးဖြူလေး နှာခေါင်းထိပ်ထဲ ထည့်ပေးပြီး ၁၀မိနစ်လောက်နေရင် နှာဆက်တိုက်ချေပြီး နှပ်ပုတ်များ ထွက်လာကာ သက်သာ ပျောက်ကင်းပါသည်။

#ထိတ်ခတ်နာ ကို အရွက်ကိုနေလှန်း ဆေးလိပ်လိုလိပ်၍ မီးရှို့ပြီး ရှူပါ။ ပြီးတော့ နှာခေါင်းမှ ပြန်ထုတ်ပါ။ ပျောက်ကင်းပါသည်။

#ထိပ်ခတ်နာ နားခေါင်းယားလျှင် အရွက်ကို ချေပြီး ရှူ ပေးပါ။
မရိုးရွက်ကို အခြောက်လှမ်း ဆေးလိပ်တွင် ထည့်ကာ မီးခိုးကို ရှူပါက နှာရည်များကျကာ ပွင့်သွားပါသည်။
တစ်သက်လုံး မယားတော့ပါ။

#နှာခေါင်းပိတ်(ထိပ်ကပ်နာ) အသက်ရှူကြပ်ရောဂါရှိသူများ မရိုးရွက်မီးကင်ကို နှာခေါင်းအတွင်းမော့၍ ညှစ်ထည့်ပါ။ ခဏအကြာတွင် နှာချေ၍ နှာခေါင်းအတွင်းမှ အဝါရောင် အညစ်ကြေးများ ထွက်လာပြီး လုံးဝကောင်းသွားပါမည်။
#ဆေးလိပ်အသောက်များသူများ မရိုးအရိုးအခြောက်ကို ဆေးလိပ်သောက်သကဲ့သို့ တစ်ဖက်မှမီးရှို့၍ တစ်ဖက်မှရှူပေးလျှင် ဆေးလိပ်ချိုး ချေးများ ပြန်အန်ထွက်လာပါလိမ့်မည်။
#နှာခေါင်းခဏခဏပိတ်ရင် မုရိုးရွက် အခြောက်ကို မီးခဲပေါ်တင် ရှူပါက သက်သာတယ်။

မုရိုးခေါ် မရွေး တစ်နည်း ဖြူကြီးရွက် ၇ - ရွက် ဖင်ပြန် ခေါင်းပြန် ထပ်ပါ။
ထပ်ပြီးရင် ကတော့ထိုးပါ။ ကတော့ထဲမှာ ဆားထည့်ပြီး မီးဖြင့်ဖုတ်ပါ။
ရလာသော ဆားမီးဖုတ်ကို တစ်နေ့ သုံးကြိမ် ရွေးစေ့ငယ်ခန့် လျှက်ပေးပါက #ပန်းနာရင်ကြပ် လုံးဝ အမြစ်ပြတ် ပျောက်ပါတယ်။
တစ်လလောက် သီးခံလျှက်ပေးပါ။

#အစာအိမ်ရောဂါ ဖြစ်ပါက မုရိုးရွက်
တစ်ရွက်ကို အရင်းအဖျား စတိပယ်ပါ။
ရှောက်ရွက် ခုနစ်ရွက်၊ အိမ်သုံးဆား ခုနစ်ကျပ်သား ရောပြီး အိုးထဲထည့် အလုံပိတ် မီးဖုတ်။
ပြာကျ သွားပါက အစာစားပြီးတိုင်း လျှက်ပေးပါ။ ပျောက်ကင်း၏။

#သွားကိုက်ရင်
သွားအခေါင်းထဲကို ဂွမ်းစလေးနဲ့ သူ့အစေးကိုတို့ပြီး သိပ်ထားပါ။ ခဏနဲ့ ပျောက်ပါတယ်။ သွားအခြေကို အစေးတို့ပြီး ငါးမိနစ်ခန့်အကြာမှာ အဲဒီသွားကိုနှုတ်ရင် အလွယ်တကူ ကျွတ်ပါတယ်။

#အသံမထွက်တဲ့လူများ_အသံထွက်လာပါလိမ့်မယ်
ဆေးနည်းကတော့ အရွက်ကို ခြောက်အောင်နေလှမ်းပါ။
ခြောက်တဲ့အရွက်ကို မီးကင်ပါ။ ပြာဖြစ်အောင် ကင်ရမှာပါ။ အဲဒီကင်ပြီးသား အရွက်ကို အမှုန့်ကြိတ်ပြီး ပျားရေနဲ့ နယ်ကာ လက်ဖက်စားဇွန်းနဲ့ တစ်နေ့ သုံးကြိမ် နံနက် နေ့ ညနေ စားပေးပါ။
၃လကြာရင် အသံထွက်လာပါမယ်
(မွေးရာပါ စကားမပြောနိုင်တဲ့ လူများ မပါပါ။)

သံနဲ့ ထိခိုက်မိရင် ချက်ချင်း သူရဲ့ အစေး အဖြူရောင်ကို အနာမှာထည့်ပါ။ သက်သာပါတယ်။

#လေဖြတ်_လေငန်းရောဂါ ဖြစ်လျှင် ၄င်းအပင်ကို
ပဉ္စငါးပါး နုတ်နုတ်စင်းပါ။ ပြီးတော့ နှမ်းဆီ (သို့)
မုန့်ညှင်းဆီဖြင့် ရောနယ်ပါ။
နယ်ပြီးသားကို အဝတ်စ သန့်သန့်နဲ့ ထုပ်ပါ။
အဲဒီ အထုပ်ကို မီးပူပေးထားတဲ့ အိုးအထက်မှာ ရေနွေးငွေ့ပေါင်းခံကာ ကြပ်ထုပ်ပြုလုပ်၍ လေဖြတ်သော နေရာအား ကြပ်ထုပ်ထိုးပေးပါ။

#မွေးကင်းစကလေး_၁လ_၂လကလေးများ_ချွဲကြတ်နေလျှင် မရိုးရွက်ကို နွမ်းရုံမီးကင် နှမ်းဆီ စစ်စစ်နဲ့ မရိုးရွက်ပေါ်မှာ လူးပါ။
ပြီးတော့ ရင်ဘတ်ပေါ် ကပ်ပေးပါ။ ပျောက်ပါတယ်။

#ခေါင်းကိုက်ရင်
နားထင်မှာ အပ်လေးနဲ့ သွေးစို့ရုံ ဖေါက်ပြီး မရိုးအစေးကို တို့လိုက်ပါ။ ယူပြစ်သလို ပျောက်တယ်။
နွားနို့ရည် ထဲ့ထားတဲ့ ဒန်အိုးထဲကို မရိုးအစေးလေးတွေ အစက်ချပြီး မရိုးကိုင်းနဲ့ မွှေပေးနေရင် ဟင်းချက်စားတဲ့ နွားနို့ခဲ၊ နွားနို့ကင်ရပါတယ်။

#ခွေးရူးကိုက်_ခံရလျှင် ငယ်ထိပ်ကို ဘလိပ်ဓါးနှင့် အနည်ငယ်ခြစ်၍ အစေးအနည်းငယ် ထည့်ပေးပါ။ အစေး အနည်းငယ်ကို ထန်းလျှက်ပျော့ထဲသို့ ထည့်လုံးကျွေးခြင်းဖြင့် ခွေးရူးရောဂါကိုလည်း ကာကွယ်ပေးနိုင်ပါသည်။

#တိရစ္ဆာန်များအတွက်
နွားတွေ ဆီးချုပ် လေချုပ် ဖြစ်ရင် အရွက် ၇ ရွက်ကို ခူးပါ။ တစ်ရွက်ချင်းစီမှာ ဆားအနည်းငယ် ထည့်ပြီး ခွံ့ပါ။ ဆီးချုပ် လေချုပ် ပျောက်ပါတယ်။

နွားတွေ ခွာနာ လျှာနာ ဖြစ်ရင် မုရိုးရွက်ကို ထောင်းထု ထွက်လာတဲ့ အရည်ကို အနာဖြစ်တဲ့ ခွာ လျှာမှာ လိမ်းပေးပါ။ ပျောက်ပါတယ်။

နွားတွေမှာဖြစ်တဲ့ ပေါင်ပုတ် လက်ပုတ်နာကို မရိုးပင်အစေးနဲ့တို့ပါ။
အစေးတွေစိမ့်ဝင်အောင် မရိုးကိုင်းနဲ့ ရိုက်ရင်ပျောက်တယ်။

နွားတွေ နေမကောင်းတာ ဆိုရင်လည်း
အရွက်ကိုချိုးပြီး ထွက်လာသော အစေးနှင့် နားရွက်နှင့် တင်ပါးများသို့ တို့ပေးပါ။

နွားတွေ ဖျားနာရင် မရွေးပင်ပြုတ်ပြီး နွားတစ်ကိုယ်လုံး ပွတ်ပေးရင် ပျောက်ပါတယ်။

နွားတွေမှာ ကြပ်ဖု အပူဖုတွေ ပေါက်ခဲ့ရင် မှရိုးစေးနဲ့ တို့ပေးပါက ပျောက်ကင်းပါတယ်။

နွားတွေ ဒေါင့်တန်းဆွဲရင် ဒီအပင်ရဲ့ ကိုင်းနဲ့ ရိုက်မောင်းပေးရင် ပျောက်ပါတယ်။
ကျွဲ နွားများ လေးဘက်နာ ဖြစ်ပါက
မုရိုးကြီးအပင်နဲ့ ရိုက်ပေးရင်လုံးဝ ပျောက်ကင်းပါသည်။

#သတိပြုစရာများ

🤐🤐🤐 #သူ့အစေး မျက်လုံးထဲဝင်ရင် မျက်လုံး ကန်းတတ်တယ်။ # # # #
🤐မရိုးပင်အစေးကို သားအိမ်ထဲ ထည့်ပြီး ကလေးဖျက်ချတဲ့ အမျိုးသမီး တစ်ယောက် သားအိမ်ကင်ဆာနဲ့ ဆုံးသွားတာ တွေ့ဖူးပါတယ်။

နေပြည်တော်ကျော်တာနဲ့ မရွေးပင် မရိုးပင်များအား လမ်းဘေးဝဲယာ များတွင် ပေါများစွာတွေ့နိုင်ပါတယ်။

========= × =========
မူရင်းရေးသားသူအား CRD ပေးပါတယ်

13/04/2025

#ကလေးမရ #သွေးဆုံးကိုင် #အမျိုးသမီးရောဂါ
ပုံတွင်ရှိသောအပင်သည် Kacip Fatimah (Labisia pumila) ဖြစ်သည်။ ၎င်းသည် အမျိုးသမီးများ၏ကျန်းမာရေးအတွက် လူသိများသော အရှေ့တောင်အာရှမှ ရိုးရာဆေးဖက်ဝင်အပင်ဖြစ်သည်။ ဤသည်မှာ အသုံးဝင်သော အချက်အလက်အချို့ဖြစ်သည်-

ရိုးရာအသုံးပြုမှုများ- ၎င်းကို libido မြှင့်တင်ရန်၊ သွေးဆုံးခြင်းလက္ခဏာများကို သက်သာစေရန်နှင့် ကလေးမွေးဖွားရာတွင် လွယ်ကူစေရန်အတွက် ရိုးရာအသုံးအဆောင်များဖြစ်သည်။

အမျိုးသမီးကျန်းမာရေး- ၎င်းသည် ဟော်မုန်းများကို ဟန်ချက်ညီအောင် ကူညီပေးနိုင်ပြီး မျိုးပွားမှုဆိုင်ရာ ကျန်းမာရေးကို ပံ့ပိုးပေးကာ ရာသီမလာခြင်းကို သက်သာစေနိုင်သည်။

အလုံးစုံကျန်းမာရေး- ၎င်းသည် စွမ်းအင်အဆင့်ကို ပံ့ပိုးပေးခြင်း၊ ပင်ပန်းနွမ်းနယ်မှုကို လျှော့ချပေးပြီး အလုံးစုံ တက်ကြွမှုကို တိုးတက်စေသည်ဟု ယုံကြည်သည်။

Phytoestrogens- Kacip Fatimah သည် ဟော်မုန်းဓာတ်ဟန်ချက်ညီမှုကို ထိန်းသိမ်းပေးသည့် phytoestrogens ကြွယ်ဝသည်။

ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ- ၎င်းတွင် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ပေးသည့် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါဝင်သည်။

ကြီးထွားမှုအခြေအနေ- ၎င်းသည် တောက်ပသော၊ သွယ်ဝိုက်သောနေရောင်ခြည်တွင် ပေါက်ရောက်ပြီး အညီအမျှ စိုစွတ်သော မြေဆီလွှာကို နှစ်သက်သည်။
The plant in the image is likely Kacip Fatimah (Labisia pumila). It's a traditional herb from Southeast Asia, particularly Malaysia, known for its use in women's health. Here's some helpful information:
Traditional Uses: It is traditionally used to improve libido, ease postmenopausal symptoms, and facilitate childbirth.
Women's Health: It may help balance hormones, support reproductive health, and ease menstrual discomfort.
Overall Well-being: It is believed to support energy levels, reduce fatigue, and improve overall vitality.
Phytoestrogens: Kacip Fatimah is rich in phytoestrogens, which may help maintain hormonal balance.
Antioxidants: It contains antioxidants that protect cells from damage.
Growing Conditions: It thrives in bright, indirect sunlight and prefers evenly moist soil.

ကိုကို ချစ်

26/03/2025

ထိကရုန်းပင် နဲ့ ကျန်းမာရေး
အရွက်လေးတွေက စီစီရီရီနဲ့ အစိမ်းနဲ့ နီမြန်းမြန်းလေး ရောနေပြီး ပန်းရောင် ပန်းလုံးလုံးတွေ ပွင့်တာကြောင့် အမြင်က ချစ်စရာကောင်းသလို ထိခိုက်ရင်လည်း အရွက်လေးတွေက အိပ်သွားတာကြောင့် မြင်တာနဲ့ လက်ချောင်းလေးတွေနဲ့ သွားသွားထိပြီး ဆော့လေ့ရှိတဲ့ ထိကရုန်းပင် လေးကို ငယ်ငယ်က မဆော့ခဲ့ဖူးသူဆိုတာ ခပ်ရှားရှား ဖြစ်မယ် ထင်ပါတယ်။

ဒီအပင်လေးက အမြင်အရ ချစ်ဖို့ ကောင်းသလို ဆေးဖက်လည်း ဝင်ပါတယ်။ ထိကရုန်းမှာ ကုန်းထိကရုန်းရယ်၊ ရေထိကရုန်းရယ်ဆိုပြီး ၂ မျိုး ရှိပါတယ်။ ဒီတစ်ခေါက် ပြောပြပေးချင်တာက ပတ်ဝန်းကျင်မှာ အလေ့ကျ ပေါက်ရောက်လေ့ရှိတဲ့ ကုန်းထိကရုန်းလေးရဲ့ ဆေးဖက်ဝင်ပုံလေးကို ပြောပြပေးချင်တာပါ။

ထိကရုန်း ဆိုတာ
ထိကရုန်း ဆိုတာကအရွက် သေးသေးလေးတွေ အများကြီးပါတဲ့ အရွက်လေးတွေ ရှိပါတယ်။ မြေပြင်မှာ ကပ်ပေါက်လေ့ရှိပြီး အရိုးတံလေးတွေက အနီရောင်လေးတွေ ရှိပါတယ်။ အရွက် အပေါ်ပိုင်းက အစိမ်းရောင်လေး ဖြစ်ပြီး အရွက် နောက်ကျောဘက်ကတော့ ပန်းရောင် ရင့်ရင့်လေးပါ။

ပန်းရောင် ပန်းလုံးလုံးလေးတွေပွင့်လေ့ရှိပြီး အသီးလေးတွေလည်း သီးပါတယ်။ ထူးခြားချက်က အရွက်လေးတွေကို ထိလိုက်ရင် အိပ်သွားတာပါ။ မြန်မာနိုင်ငံ အပါအဝင် အာရှနိုင်ငံ အတော်များများမှာ ပေါက်ရောက်ကြပါတယ်။

ထိကရုန်းပင် နဲ့ ကျန်းမာရေး
အမြင်မှာ ချစ်ဖို့ ကောင်းတဲ့ ထိကရုန်းပင် လေးက အခုလို ကျန်းမာရေး အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။

အနာကျက်စေနိုင်တယ်
ထိကရုန်း အရွက်ကို သေချာစင်အောင်ဆေးပြီး သတ္တုရည်ကို အနာပေါ်မှာ လိမ်းပေးတာက အနာကျက်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ထိခိုက်ရှနာ အနာတွေကို သက်သာစေဖို့ အသုံးပြုပေးလို့ ရပါတယ်။

အဆိပ်ပြေစေတယ်
ထိကရုန်း အရွက်၊ ပင်စည်၊ အမြစ် အားလုံးမှာ အဆိပ်ပြေစေနိုင်တဲ့ အာနိသင် ရှိပါတယ်။ ပျား၊ ပုရွက်နီ တို့လိုမျိုး အဆိပ်ရှိတဲ့ အကောင်တွေ ကိုက်ခံရတဲ့အခါ ထိကရုန်း ပြုတ်ရည်ကို အသုံးပြုပေးမယ်ဆိုရင် အဆိပ်ပြေစေမှာပါ။

စိတ်ဖိစီးမှု ပြေလျော့စေတယ်
ထိကရုန်းကို စိတ်ဖိစီးမှု ပြေလျော့ပြီး မှတ်ဉာဏ်ကောင်းစေဖို့ ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။ စိတ်ဓာတ်ကျတာကို သက်သာစေနိုင်သလို စိုးရိမ်ပူပန်မှု များတာကိုလည်း ပြေလျော့ စေနိုင်ပါတယ်။

မှတ်ဉာဏ်ကောင်းစေဖို့လည်း ထောက်ကူပေးနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။

လိပ်ခေါင်း သက်သာစေတယ်
လိပ်ခေါင်းကြောင့် စအိုက သွေးကျနေတာကို သက်သာစေဖို့ဆိုရင် ထိကရုန်းကို အသုံးပြုပေးလို့ ရပါတယ်။ ဒီကုထုံးကို ရှေးယခင် ကာလတွေကတည်းက အသုံးပြုခဲ့ကြတာပါ။

အရွက်ကို ရေစင်အောင်ဆေးလို့ အနှစ်ရအောင်ကြိတ်ပြီး အသုံးပြုပေးရမှာပါ။ အရောင်ကျစေနိုင်သလို လိပ်ခေါင်းကြောင့် သွေးကျတာကိုလည်း သက်သာစေနိုင်ပါတယ်။

ပါးစပ်ထဲက အနာကို သက်သာစေနိုင်တယ်
ပါးစပ်ထဲမှာ ဖြစ်လေ့ရှိတဲ့ အနာဖြူဖြူလေးတွေ သက်သာစေဖို့အတွက်လည်း ထိကရုန်း အရွက်ကို အသုံးပြုပေးလို့ ရပါတယ်။ အရွက်ကို ရေစင်အောင် ဆေးပြီး ကြိတ်လို့ အသုံးပြုပေးရမှာပါ။

ဝမ်းပျက်ဝမ်းလျှော သက်သာစေနိုင်တယ်
ဝမ်းပျက်ဝမ်းလျှောတာကို သက်သာစေဖို့အတွက်လည်း ထိကရုန်းကို အသုံးပြုပေးလို့ ရပါသေးတယ်။ ဝမ်းသွားတာကို သက်သာစေဖို့ အရွက်ကြိတ်ရည်ကို အသုံးပြုပေးလို့ ရပါတယ်။

အရောင်ကျစေနိုင်တယ်
ခန္ဓာကိုယ်မှာ ရောင်ရမ်း နာကျင်မှုတွေ ဖြစ်တဲ့အခါ အရောင်ကျစေဖို့ နဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် ထိကရုန်းကို အသုံးပြု ပေးလို့ ရပါတယ်။ ထိကရုန်းကို ပြုတ်ပြီး ပြုတ်ရည် နွေးနွေးလေးနဲ့ နာကျင် ရောင်ရမ်းတဲ့နေရာကို ရေနွေးဝတ် ကပ်ပေးတာပါ။

ဒါတွေအပြင် ထိကရုန်း ကို ဆီးချို ကာကွယ်ဖို့၊ အသည်း ကျန်းမာစေဖို့၊ ဘက်တီးရီးယားတွေ၊ မှိုပိုးတွေကို တိုက်ဖျက်ဖို့ အသုံးပြုပေးလို့ ရပါသေးတယ်။

ဘေးထွက်ဆိုးကျိုးများ
ထိကရုန်း က ပုံမှန်အားဖြင့် အသုံးပြုဖို့ ဘေးကင်းပါတယ်။ ရေတိုမှာပေါ့။ ဒါပေမယ့် ထိကရုန်းကို အခြားကျန်းမာရေးပြဿနာတွေအတွက် ဆေးသောက်နေရတာရှိရင် တွဲသောက်တာမျိုး မလုပ်ပါနဲ့။။

သတိပြုရန် အချက်များ
နို့စို့ကလေးတွေ နဲ့ ကလေးငယ်လေးတွေကို အသုံးမပြုခိုင်းပါတဲ့။
ကိုယ်ဝန်ဆောင်တွေ နို့တိုက်မိခင်တွေ အသုံးပြုလို့ မရပါဘူး။
သွေးပေါင်ကျတတ်သူတွေ၊ သွေးချိုကျတတ်သူတွေ အသုံးမပြုသင့်ပါဘူး။
ဆီးချိူအတွက် ဆေးသောက်နေရသူတွေ နဲ့
သွေးကျဆေးသောက်နေရသူတွေအနေနဲ့လည်း အသုံးမပြုသင့်ပါဘူး။
ထိကရုန်းနဲ့ ပတ်သက်ပြီး ကောင်းကျိုး၊ ဆိုးကျိုးတွေကို ဆက်လက်လေ့လာဖို့ လိုပါသေးတယ်။ သဘာဝဆေးဖက်ဝင်ဆိုပေမယ့် အလွန်အကျွံ သုံးစွဲတာ သေချာသန့်စင်တာမျိုး မရှိဘူးဆိုရင် ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပါတယ်။

Aye Thi Mon

26/03/2025

#စပါးကြီးသည်းခြေနှင့်ဝက်ဝံသည်းခြေအသုံးပြုပုံ/ အသုံးပြုနည်း
----------------------------------
စပါးကြီးသည်းခြေ။
စပါးကြီးသည်းခြေသည် သဘာဝအားဖြင့် အလွန်ထူးဆန်းသော ဆေးတမျိုးဖြစ်သည်။သက်မဲ့ပင်ဖြစ်နေသော်လည်း ညှို့ဓာတ်နှင့်ဆွဲအားသည် အပြည့်အဝပါရှိနေသည်။
ဉာဏ်ရှိသလောက်လိုသလိုသုံးနိုင်သော ဣစ္ဆာသယဆေးတလက်လည်း ဖြစ်သည်။ဗဟုသုတဖြစ်စေရန် တတ်သိ၊မှတ်မိသမျှ ဆေးပန်းသုံးဟန်ကို ဖော်ပြပါသည်။

(1)မေးခိုင်လျှင်လျှာမှာပွတ်ပေးပါ။
(2)မေးရွှဲလျှင်လိမ်း၍လက်နှင့်တည့်ပေးပါ။
(3)လေငန်းဖြတ်လျှင် တော‌‌ရှောက်မြစ်နှင့်သွေးလိမ်းပါ။
(4)ဆီးချိုဖြစ်လျှင် ဆီးခုံကိုလိမ်းပါ။
(5)ဆီးကျောက်တည်လျှင် ရေစိမ်သောက်ပါ။
(6)မျက်စိနာလျှင် ကွင်းပေးပါ။
(7)ဗိုက်နာလျှင်လိမ်း၍ ချက်အောက်ကိုဆွဲချပါ။
(8)ကိုယ်ပူလျှင် ရေစိမ်သောက်ပါ။
(9)သူငယ်နာအတွက် လျှာနဲ့လျက်ပါ။
(10)လေးဘက်နာဖြစ်လျှင် ဆေးပန်းဥနှင့်လိမ်းပါ။
(11)ကိုယ်ဖောကိုယ်ရောင်ဖြစ်လျှင် ယူကလစ်ခေါက်နှင့်သွေးလိမ်းပါ။
(12)အဆစ်အမြစ်ကိုက်လျှင် ရှောက်ရည်နှင့်စုတ်ပေါက်ပါ။
(13)ဇက်ကြောထိုး၊ဇက်ကြောတက်လျှင် ကွမ်းရွက်ရည်ဖြင့် ရေ။လိမ်းပါ။
(14)ကိုယ်ဝန်ဆောင်များ မီးဖွားရခက်လျှင် စပါးကြီးသည်းခြေညှို့ကြိုးကို ချက်ပေါ်မှာ ကန့်လန့်ဖြတ်တင်ထားပါ။
(15)သူခိုးခြေရာကို စပါးကြီးသည်းခြေ ညှို့ကြိုးနဲ့ထောက် အပေါ်မှငှက်ပျောရွက်နု(ကျီးမနားငှက်ပျောရွက်)နှင့်အုပ်ထားပါ။ခိုးလျှင်တစ်နာရီအတွင်း ၊သုံးနာရီအတွင်း မဖြစ်မနေပြန်လာလိမ့်မည်။(လူမသိအောင်လုပ်ရပါမည်။)
(16)ဈေးရောင်းကောင်းလိုသော် သည်းခြေအစုံ (အဖို၊အမ)ကို ချိန်ခွင်သေးသေးတွင် ချိတ်ထားပါ။
(17)အပင်းသွင်းခြင်း၊ပြုစားခြင်းခံရလျှင် လက်နှစ်ဖက်သန့်သန့်ဖြင့် ညှို့ကြိုးထုံးဖြတ်ယူ၍ ရေစိမ်သောက်ပါ။သွင်းထားသမျှ မူလပြန်ကာ ဆံချည်ထွေး စသည်ဖြင့် ချိန်တွက်ပါသည်။

ဝက်ဝံသည်းခြေ။

ယင်းသည် စပါးကြီးသည်းခြေထက် ပိုရှားသလို အားလည်းပိုကြီး၏။ကာမ အားတိုးဆေးအတွက်အလွန်ကောင်းသောဆေးတလက်ဟု ဆို၏။

(1)အူကျ (ဘောကျ)လျှင် နှမ်းဆီနှင့်ရောလိမ်း၍ပင့်တင်ပေးပါ။
(2)ပန်းသေလျှင် မုန်ညှင်းဆီနှင့်ရောလိမ်းပါ။နွားနို့တစ်ဆယ်သား၎င်းသည်းခြေတစ်ကျပ်သားနှင့်ရောသောက်ပါ။
(3)ဆီးကိုက်ရောဂါဖြစ်လျှင် သစ်ခေါင်းပျားရည်ဖြင့် ရောလျက်ပါ။
(4)တုတ်ကွေးဖြစ်လျှင် ရေစိမ်သောက်ပါ။
(5)ငှက်ဖျားဖြစ်လျှင် နွားနို့နှင့်ရောသောက်ပါ။
(6)လိပ်ခေါင်းဖြစ်လျှင် ငှက်ပျောရွက်နုတွင် သည်းခြေတို့၍ ပင့်တင်ပါ။
(7)မီးယပ်သွေးဆုံးအတွက် တရုတ်စကားပန်းအနီပွင့်နှင့်သုပ်စားပါ။
(8)သူငယ်နာဖြစ်လျှင် ငယ်ထိပ်မှာပွတ်ပေးပါ။
(9)ကိုယ်ဖော ကိုယ်ရောင်ဖြစ်လျှင် ဆေးပန်းဥနှင့်လိမ်းပါ။
(10)ဒူလာဖြစ်လျှင် ပျားရည်၊နှမ်းဆီနှင့်ရောလိမ်းပါ။
(11)ဆံဖြူလျှင် အုန်းဆီနှင့်ရောလိမ်းပါ။
(12)သားမရှိလျှင် နွားနို့နှင့်ရောသောက်ပါ။
(13)အဆစ်အမြစ်ကိုက်လျှင် နှမ်းဆီနှင့်ရောလိမ်းပါ။
(14)ဝဲနှင်းခူ ဖြစ်လျှင် တန်းနို့ခြောက်ပြာချ၍ ရောလိမ်းပါ။
(15)သမင်ဖြူဖြစ်လျှင် သစ်ကြံပိုးခေါက်နှင့်သွေးလိမ်းပါ။
(16)စားမဝင်သော် ရေစိမ်သောက်ပါ။
(17)ထိပ်ပြောင်လျှင် ပျားရည်၊ဝက်ဝံသည်းခြေနှင့်ရော၍ ပြောင်သောနေရာသို့လိမ်းပြီး ခေါင်းပေါင်းအိပ်ပါ ။

 #ဆေးဖက်ဝင်နနွင်းနှင့်_အဓိကပျောက်ကင်းနိုင်သောရောဂါများ Wed, 12/14/2022 - 10:12ဆေးဖက်ဝင်နနွင်းနှင့် အဓိကပျောက်ကင်းနိုင်သေ...
20/03/2025

#ဆေးဖက်ဝင်နနွင်းနှင့်_အဓိကပျောက်ကင်းနိုင်သောရောဂါများ
Wed, 12/14/2022 - 10:12

ဆေးဖက်ဝင်နနွင်းနှင့် အဓိကပျောက်ကင်းနိုင်သောရောဂါများ

နနွင်း

အင်္ဂလိပ်အမည် - Turmeric

မျိုးရင်း - Zingiberaceae (ချင်းမျိုးရင်း)

ရုက္ခဗေဒအမည် - Curcrma longa Linn;

အဓိကဆေးဖက်ဝင်ပုံ

အဖျားရောဂါ၊ ငန်းရောဂါ၊ ဝမ်းရောဂါ၊ ရောင်ရမ်းနာကျင်ကိုက်ခဲသောရောဂါ၊ ဆီးအောင့် ဆီးကျောက်တည်ရောဂါ၊ အစာအိမ်ရောဂါ၊ မီးဖွားပြီးနောက် သွေးပုပ်ကျန်သောရောဂါနှင့် မှိုင်းရှူဆေး၊ နှာမှုတ် ဆေးများ ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

ပေါက်ရောက်သည့်ဒေသ

မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးပေါက်ရောက်သည်။

ဆေးဖက်ဝင်အစိတ်အပိုင်း - ဥ၊ အတက်

အပင်ပုံသဏ္ဌာန်

အပင်။ ။ ရွက်ရောင်ပင်စည်ဖြစ်ပြီး ၄၊ ၅ ပေခန့်မြင့်သည်။ ဘဲဥပုံအမြစ်ဥများရှိသည်။ မြစ်ဥ အတွင်းသား တောက်ပသော ရွှေဝါရောင်ရှိသည်။ နနွင်းအမျိုးအစား များစွာရှိသည့်အနက် စားသုံးရာတွင် နနွင်းရိုးရိုးကိုသာ အသုံးပြုသည်။ ဟင်းခတ်ရာတွင်၊ ဟင်းဆီသတ်ရာတွင် နနွင်းဝါကို အရောင်အဆင်းလှစေ ရန်အတွက် အသုံးပြုကြသည်။

အရွက်။ ။ ရွက်ညှာသည် ရွက်ပြားနှင့် အလျားညီသည်။ ရွက်ညှာရင်းမှ ရွက်ပြားထိပ်အထိ အမြောင်းပါသည်။ ရွက်ပြားရှည်မျောမျောပုံဖြစ်ပြီး အဖျားချွန်ကာ အရင်းသွယ်သည်။ ရွက်နားညီသည်။ ရွက်ကြောများ အလွန်ထင်ရှားသည်။

အပွင့်။ ။အဝါနုရောင်ရှိသည်။ ဆိတ်ဖူးပွင့်နှင့်တူသည်။ ဝါဆို၊ ဝါခေါင်လတို့တွင် ပွင့်သည်။

#နနွင်းအမျိုးအစားများ

အာယုဗေဒကျမ်းအလာ နနွင်းအမျိုးအစား (၇) မျိုးရှိသည်။ ၎င်းင်းတို့မှာ -

(၁) #ဟရိဒ္ဒါ = စားနနွင်း (နနွင်းရိုးရိုး)

(၂) #ဝနဟရိဒ္ဒါ = တောနနွင်း (နနွင်းရိုင်း) ၎င်းင်းသည် ဥ၊ အရွက် ရိုးရိုးနနွင်းထက်ကြီးထွားသည်။ အနံ့ပြင်းသည်။

(၃) #အာမဟရိဒ္ဒါ = သရက်ကင်းဥ မြန်မာတို့သရက်ကင်းဥအနေဖြင့် အတို့အမြှုပ်လုပ်စားသော သရက်ကင်းဥသည် အာယုဗေဒကျမ်းများအလိုအရ နနွင်းဥမျိုးတွင် ပါဝင်သည်။ အိန္ဒိယသားတို့သည် ချက်တနီးခေါ် အချဉ်ပြုလုပ်စားကြသည်။

(၄) #ကာလီဟရဒီ = နနွင်းပြာ မြန်မာနိုင်ငံတွင် ဂမုန်းတစ်မျိုးအဖြစ် နနွင်းမျိုးတွင် မထည့်ဘဲ အသိအမှတ်ပြုထားကြသည်။ အချို့က ဂမုန်းတိမ်ပြာဟု ခေါ်ကြသည်။

(၅) #ဓာရုဟရိဒ္ဒါ = သစ်နနွင်း (သစ်သားနနွင်း) ဝါသောအရောင်ချင်းတူသဖြင့် နနွင်းမျိုးတွင် ထည့်သွင်း ထားသည်။ သစ်သားမျိုးဖြစ်သည်။ ဆူးရှိသည်။ သစ်နနွင်းဟူ၍လည်းကောင်း ရှေးဆေးဆရာကြီးများက ဆေးရွှေဟုခေါ်တွင်ပြီး သွေးလိမ်းရန် စေခိုင်းကြသည်။

(၆) #ဝလ္လီဟရိဒ္ဒါ = နနွင်းနွယ်၊ အဝါရောင်ရှိသောနွယ်မျိုးဖြစ်သည်။ အခြောက်လှန်းပြီး ဆေးဖော်ရာတွင် ထည့်သွင်းအသုံးပြုရန် ပရဆေးဆိုင်များတွင် ရရှိနိုင်သည်။

(၇) #တိထ္တဟရဒီ = နနွင်းခါး၊ နနွင်းရိုးရိုးနှင့် သဏ္ဌာန်တူသော်လည်း စားကြည့်လျှင် လွန်စွာခါးသည်။

ထူးခြားသောနနွင်းများ

ဆေးဖက်ဝင်သည်ဟုဆိုသော ထူးခြားသော နနွင်းများလည်း ရှိသေးသည်။ ဆေးဆရာများ အဂ္ဂိရတ်ဆရာများ အသုံးပြုကြသည်။ ၎င်းင်းတို့မှာ (၁) #နနွင်းဖြူ နှင့် (၂) #နနွင်းနက် တို့ဖြစ်သည်။ ၎င်းတို့သည် လွယ်ကူစွာ ရှာ၍ရနိုင်သော နနွင်းမျိုးမဟုတ်သဖြင့် ရိုးရိုးနနွင်းထက် တန်ဖိုးကြီးမားသည်။ ထို့ကြောင့် နက်၊ ကျော၊ မွေး၊ တောင်၊ ကျီးရာထောင်တွင် တစ်ကောင်အဖြူရခဲဟူ၏ဟု စာဆိုရှိသည်။ နနွင်းဖြူမှာ အလွန်ရှားသည်ဟုဆိုသည်။ နနွင်းဖြူနှင့် ဂမုန်းခွက်ပေါက်တို့ကိုတွဲ၍ ပြဒါးဖမ်းရာတွင် အသုံးပြုသည်ဟု ဆိုသည်။ နနွင်းနက်သည်လည်း အလွန်ဆေးဖက်ဝင်ပြီး ပျားရည်နှင့်စိမ်၍ ဆေးဖော်စားလျှင် ဆံပင်ဖြူများကိုပင် ပြန်၍နက်စေသည်ဟု အဆိုရှိသည်။

ဆေးကျမ်းများအဆို

နနွင်းသည် ပူ၏။
စပ်ရှားရှားအရသာရှိ၏။
ခါးသက်၍ ဆိမ့်သောအရသာလည်း အနည်းငယ်ရှိ၏။
ကိုယ်ရေကို နွေးစေ၏။
ပူသော ဂုဏ်သတ္တိရှိ၏။
လေကိုနိုင်၏။
ဝမ်းမီးကို တောက်စေ၍ အစာမကြေရောဂါကို သက်သာပျောက်ကင်းစေနိုင်၏။

နိဃဏ္ဍုကျမ်းများ အလိုအရ နနွင်း၏ စွမ်းရည်သတ္တိများမှာ
စားသုံးသူကို လှပစေတတ်၏။
စင်ကြယ်စေတတ်၏။
မိန်းမတို့အတွက် ဆေးကောင်းဖြစ်၏။
သည်းခြေ၊ သလိပ်၊ လေ၊ သွေး
ဒေါသများကို နိုင်၏။
ဆီးရောဂါ၊
အရေပြားရောဂါ၊
အနာပေါက်ရောဂါ၊
ရောင်ခြင်း၊
အသားဝါရောဂါ၊
အဆိပ်သင့်နာ၊
ထိပ်ကပ်နာ၊
နှုတ်မမြိန်ရောဂါ၊
အစာမကြေရောဂါ
တို့ကို ပျောက်ကင်းစေတတ်သည်။

နနွင်းသည် ပဉ္စဘူတမယံဒဗ္ဗဘုတ်ငါးပါးဖြင့် ပြီးသော ဆေးပစ္စည်းဖြစ်သည်ဟု အာယုဗေဒကျမ်းများတွင် ဖော်ပြထားသည်။ ဘုတ်ငါးပါးဟူသည်မှာ (၁) ပထဝီ (၂) အာပေါ (၃) တေဇော(၄) ဝါယော (၅) အာကာသတို့ဖြစ်သည်။

#နနွင်းသည်_ပူ၏ (တေဇော)။ ဆိမ့်ဖန်သော အရသာရှိ၏ (အာပေါ၊ ပထဝီ)။ ခါးသက်သော အရသာရှိ၏ (ဝါယော)။ စပ်ရှားရှား အရသာရှိ၏ (အာကာသ)။ ထိုကဲ့သို့ ဘုတ်ငါးပါးလုံး ထူးခြားစွာ ပေါင်းစပ်နေသော ဆေးပစ္စည်းမှာ အလွန်ရှားပါးပြီး ရောဂါကုသရာတွင် ဆရာ၏ ဉာဏ်ကွန့်နိုင်သလို ရောဂါပေါင်းစုံအတွက် ဆေးဖက်ဝင်ဖြစ်သည်။

နနွင်းသည် အပူဟုဆိုသော်လည်း ဖျက်ဆီးတတ်သော အပူမျိုးမဟုတ်ပေ။ နနွင်း၌ရှိသော အပူ တေဇောဓာတ်သည် အကျိုးပြုသောတေဇောဖြစ်သည်။ ခန္ဓာကိုယ်အတွက် အကျိုးပြုသော အစာကို ကြေကျက်စေသည့် (ပါစကတေဇော) ဝမ်းမီးနှင့် ခန္ဓာကိုယ်၏ အပူအအေးကို ထိန်းညှိပေးနေသော ကိုယ်စောင့်ဓာတ်မီး (ဥသမ္မာတေဇော) တို့ဖြစ်သည်။

နနွင်းတွင် ခန္ဓာကိုယ်ကို ပျက်စီးစေသည့် လောင်မြိုက်စေသည့် လွန်ကဲသောအပူ
၁။ ဒါဟတေဇော (လောင်မီး၊ မီးတောက်မီးလျှံ)၊
၂။ ဥဏှတေဇော (ငုပ်စွဲလောင်သောမီး)၊
၃။ ဇိရဏတေဇော (ဆွေးမြည့် အောင်လောင်စေသောမီး)၊
၄။ သံတပ္ပဏတေဇော (မြိုက်လောင်သောအပူ)
စသောမီးများ နနွင်းတွင် မပါဝင်ပေ။

အမျိုးသမီးများ၏ အဆင်းတန်ဆာအဖြစ် နနွင်းကို အာယုဗေဒကျမ်းများက ချီးကျူးဖော်ပြကြသည်။ နနွင်းသည် အမျိုးသမီးများ သွေးသားသန့်စင်စေသော ဆေးကောင်းဖြစ်သည်။ မီးနေချိန်မှစ၍ သွေးဆုံးချိန် အထိ မိန်းမများအတွက် ဆေးကောင်းဖြစ်သည်။

ယောကျ်ားမှာ ဆီး၊ မိန်းမမှာ မီး ဟူသော စကားအတိုင်း မီးယပ်သွေးမှန်ကန်စေသော သွေးသားသန့်စင်စေသောဆေးအဖြစ် နနွင်းကို ရှေးဆရာများ အဆက်ဆက် သုံးစွဲလာခဲ့ကြသည်။

ဆေးဖက်ဝင်အသုံးပြုပုံ

၁။ ကိုယ်ဝန်ဆောင်အမျိုးသမီးများ မွေးဖွားရ လွယ်ကူစေရန်အတွက် နနွင်းမှုန့်ကို ရေအေးဖြင့်ဖျော်၍ ဟင်းစားဇွန်းတစ်ဇွန်းခန့် မမွေးဖွားမီ ကြိုတင်၍ နေ့စဉ်မှီဝဲပေးရ၏။

၂။ ကိုယ်ဝန်ရှိနေစဉ် တစ်နေ့တခြား အသားအရေ ပူနွေးလာရ၏။ ထိုသို့မဟုတ်ဘဲ အသားအရေ အေးနေခြင်း၊ သွေးလေးနေခြင်းတို့ဖြစ်ခဲ့လျှင် နနွင်းကို ရေအေးဖြင့်ဖျော်ပြီး တစ်ကိုယ်လုံး လိမ်းကျံပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၃။ အမျိုးသမီးများ ခေါင်းကိုက်ခြင်း၊ ဇက်ထိုးခြင်း၊ မီးယပ်ခေါင်းကိုက်ရောဂါစွဲခြင်းဖြစ်ခဲ့လျှင် နနွင်းမှုန့်ကို မီးကျီးခဲပေါ်တွင် ဖြူး၍ မှိုင်းရှူပေးခြင်းဖြင့် သက်သာစေနိုင်သည်။

၄။ ကိုယ်ဝန်ဆောင်နေစဉ် မကြာခဏ ဖျားတတ်သော အမျိုးသမီးများသည် အဖျားပျောက်ဆေး များကို မှီဝဲသည့်အပြင် နနွင်းကိုလည်း သောက်ပေးသင့်သည်။

၅။ မီးဖွားပြီးနောက် အောင်းနေသောသွေးများ မဆင်းဘဲ အပုပ်ဆောင်ရာမှ ခန္ဓာကိုယ်ဖောရောင်ခြင်းဖြစ်လျှင် နနွင်းကို ဆေးအဖြစ် သောက်ခြင်း၊ လိမ်းခြင်း၊ နနွင်းပြုတ်ရည်ဖြင့် ရေချိုးခြင်းပြုလုပ်ပေးပါက သက်သာစေနိုင်သည်။

၆။ မီးဖွားပြီးနောက် သားမြတ်ရောင်ခြင်း၊ သားမြတ်ကိုက်ခြင်းဖြစ်လျှင်၊ နို့ချောင်းပိတ်လျှင် နနွင်းမှုန့်ကိုသောက်ပါ။ နနွင်းဖြင့် လိမ်းကျံပေးပါ။ နနွင်းမှုန့်ကိုအထုပ်ပြုလုပ်၍ ရေနွေးငွေ့ခံပြီး ကျပ်ထုပ်ထိုးပေးပါ။

၇။ သွားနာ၊ သွားကိုက်၊ သွားဖုံးရောင်ရောဂါဖြစ်လျှင် နနွင်းမှုန့်ကို ရေနွေးနှင့်ဖျော်၍ ဆားအနည်းငယ်ထည့်ပြီး ငုံပေးလျှင် သက်သာစေနိုင်သည်။

၈။ အပူဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်လျှင် နနွင်းမှုန့်၊ ကွမ်းစားထုံးအနည်းငယ်နှင့် ထန်းလျက်ရော၍ ရေနွေးဖြင့်ပြုတ်ပြီး ပူပူနွေးနွေးသောက်ပေးလျှင် ဝမ်းလျှောရောဂါသက်သာ ပျောက်ကင်းစေနိုင်သည်။

၉။ အဖျားတက်ခြင်း၊ ချွေးငုပ်ပြီး ငန်းဖမ်းခြင်းများဖြစ်လျှင် နနွင်းကို မီးဖိုချောင်မှ ကျပ်ခိုးနှင့် ဆားအနည်းငယ် ရော၍လှော်ပြီး ကွမ်းရွက်ပြုတ်ရည်နှင့် တိုက်ကျွေးပေးပါက ချွေးထွက်ပြီး အဖျားကျစေနိုင်သည်။

၁၀။ ခန္ဓာကိုယ်တွင် နာကျင်ကိုက်ခဲသော အကျိတ်ထွက်ခြင်း၊ ခိုက်မိ၍ ဖူးရောင်ခြင်းများဖြစ်ပါက နနွင်းကို ထုံးနှင့်ရောစပ်၍ ရေဖျော်ပြီးလိမ်းပေးပါက သက်သာပျောက်ကင်းစေနိုင်သည်။

၁၁။ ရုတ်တရက် ထိခိုက်ပွန်းရှခြင်းများ သွေးထွက်ပြီး သွေးမတိတ်လျှင် နနွင်းမှုန့်ကိုသိပ်ပေးခြင်းဖြင့် သွေးတိတ်စေနိုင်သည်။

၁၂။ ခန္ဓာကိုယ် အနံ့ဆိုးခြင်း၊ ချွေးထွက်လျှင် အနံ့အသက်မကောင်းခြင်း၊ ချိုင်းချွေးနံ့မကောင်းခြင်း ဖြစ်ပါက နနွင်းမှုန့်ကို ကော်ဖီဇွန်းသေး နှစ်ဇွန်းခန့် နံနက်ည နေ့စဉ်စားသုံးပေးပါက ပျောက်ကင်းစေနိုင်သည်။ ။

ကြည်လွင်မြင့်(မုဒြာ)

Address

Taunggyi

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959428364592

Alerts

Be the first to know and let us send you an email when LeoHtut posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to LeoHtut:

Share