GEO Sport

GEO Sport Hello Welcome to TGI DROP. Page
(2)

 ်ဆောင်တိုင်ပွဲတော်မီးပုံးပျံပြိုင်ပွဲရက်ပြောင်းလဲခြင်း2024ခုနှစ်တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင...
09/11/2024

်ဆောင်တိုင်ပွဲတော်မီးပုံးပျံပြိုင်ပွဲရက်ပြောင်းလဲခြင်း

2024ခုနှစ်တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကိုရာသီဥတုအခြေအနေအရ(11.11.2024 မှ 17.11.2024)ရက်နေ့အထိရက်များပြောင်းလဲ၍(7)တိုင်အဝေရာမီးပုံးပျံကွင်းတွင်စည်ကားသိုက်မြိုက်စွာကျင်းပမည်။

(၉.၁၁.၂၀၂၄)ရက်နေဖွင့်ပွဲနှင့်ညလွှတ်မီးပုံးပျံပြိုင်ပွဲအသင်းအဖွဲ့များကို(၁၁.၁၁.၂၀၂၄)ရက်နေ့သို့ရွေ့ဆိုင်းသည်။

(၁၀.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၂.၁၁.၂၀၂၄)ရက်သို့ရွေ့ဆိုင်းသည်။

(၁၁.၁၁.၂၀၂၄ )နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၃.၁၁.၂၀၂၄)ရက်သို့ရွေ့ဆိုင်းသည်။

(၁၂.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၄.၁၁.၂၀၂၄)ရက်သို့ရွေ့ဆိုင်းသည်။

(၁၃.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၅.၁၁.၂၀၂၄)ရက်သို့ရွေ့ဆိုင်းသည်။

(၁၄.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၆.၁၁.၂၀၂၄)ရက်သို့ရွေ့ဆိုင်းသည်။

(၁၅.၁၁.၂၀၂၄)နေ့/ညပြိုင်ပွဲဝင်အသင်းများကို(၁၇.၁၁.၂၀၂၄)ရက်သို့ရွေ့ဆိုင်းသည်။

#တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော်ရိုးရာမီးပုံးပျံပြိုင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ
Phone~0941008840

ကလေးများ သေဆုံးစေခဲ့သည့် ဖယ်ခုံ၊ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဗုံးကျဲမှု အရပ်ဘက် အဖွဲ့ နှင့်တော်လှန်ရေးအင်အ...
17/09/2024

ကလေးများ သေဆုံးစေခဲ့သည့် ဖယ်ခုံ၊ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဗုံးကျဲမှု အရပ်ဘက် အဖွဲ့ နှင့်တော်လှန်ရေးအင်အားစု ၃၁၆ ဖွဲ့က ရှုတ်ချပြီး လက်နက်နှင့်လေယာဉ်ဆီများ စစ်တပ်ထံ မရောင်းရန် နိုင်ငံတကာကို တောင်းဆို

၂၀၂၄ | စက်တင်ဘာ ၁၇

ရှမ်း-ကရင်နီအစပ် ၊ ဖယ်ခုံမြို့နယ်မှာ ပြည်သူ ၉ ဦးသေဆုံးစေခဲ့တဲ့ ဘန် ကောက် စစ်ဘေးရှောင်စခန်းကို အာဏာ သိမ်း စစ်ကောင်စီတပ်က လေ ကြောင်း ကနေ ဗုံးကျဲတိုက်ခိုက်ခဲ့တာကို ပြင်းထန်စွာ ရှုတ်ချတယ်လို့ အရပ်ဘက်အဖွဲ့အစည်း ၃၁၆ဖွဲ့က စက်တင်ဘာလ ၁၂ ရက်နေ့ နေ့စွဲဖြင့် ပူးတွဲ ထုတ် ပြန်ကြေညာပါတယ်။

စက်တင်ဘာလ ၅ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဆိုပါဗုံးကျဲမှုအတွင်း ကလေးငယ်တွေ အပါအဝင် အရပ်သား ၉ ဦးထက်မနည်း သေဆုံးပြီး စစ်ဘေးရှောင်ပြည်သူ ၂၀ ကျော် ဒါဏ်ရာရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုကို ကရင်နီပြည်က အရပ်ဘက်အဖွဲ့အစည်းတွေက အပြင်းထန်ဆုံး စကားလုံးတွေနဲ့ ရှုတ်ချတယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက် မှစတင်၍ အခု ၂၀၂၄ ခုနှစ် စက်တင်ဘာလအထိ ကရင်နီပြည်ထဲ အရပ်သားပစ် မှတ် တွေကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှု ၃၁၃ကြိမ် ကျူးလွန်ခဲ့ပြီး ဘုရားကျောင်း ၅၂ကျောင်း၊ စာ သင်ကျောင်း ၂၅ ကျောင်း၊ ဆေးရုံ ၁၆ခုပျက်စီးပြီး အရပ်သား ၅၁၅ ဦး သေကြေထိခိုက်ခဲ့တယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေက ဆိုပါတယ်။

စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် ကရင်နီပြည်က လူဦးရေ ၂သိန်းဝန်ကျင် နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။
အခုလို အကြမ်းဖက်တိုက်ခိုက်တာတွေ ရပ်တန့်ဖို့ စစ်ကောင်စီကို လက်တွေ့ကျတဲ့ အပြစ်ပေးအရေးယူတာတွေ ပြုလုပ်ပေးဖို့နဲ့ လေယာဉ်ဆီ၊ လက်နက်ခဲယမ်းရောင်းချတာတွေ ရပ်တန့်ဖို့ နိုင်ငံတကာကိုလည်း အရပ်ဘက်အဖွဲ့အစည်းတွေက တောင်းဆိုထားပါတယ်။

ဓာတ်ပုံ- စက်တင်ဘာလ ၅ ရက်နေ့ ညပိုင်း ဖယ်ခုံ၊ စစ်ရှောင်စခန်း ဗုံးကျဲခံရမှုတွင် သေဆုံးသွားကြသည့် ကလေးငယ်များ။

အားကိုးလို့မတော့တဲ့ တိုင်းပြည် 💔💔💔
16/09/2024

အားကိုးလို့မတော့တဲ့ တိုင်းပြည် 💔💔💔

ရေဘေးသင့် ပြည်သူများအတွက်

ပြည်သူ မှ ပြည်သူသို့

Design / JustBoy Design

အပေါ်မှာရေဖွင့်ချနေတာဘယ်သူလဲ🤔ပုံကိုထောက်ပြီးကြည့်လိုက်ပါCrdCartoon
16/09/2024

အပေါ်မှာရေဖွင့်ချနေတာ

ဘယ်သူလဲ🤔

ပုံကိုထောက်ပြီးကြည့်လိုက်ပါ

Crd
Cartoon

တာချီလိတ်မြို့ပေါ်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေ ကူညီသူမရှိလို့ လမ်းဘေးအိပ်နေရ=====================may 7 ရှမ်းပြည်နယ်အနှံ...
07/05/2024

တာချီလိတ်မြို့ပေါ်ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေ ကူညီသူမရှိလို့ လမ်းဘေးအိပ်နေရ

=====================
may 7

ရှမ်းပြည်နယ်အနှံအပြားက စစ်ဘေးရှောင်ပြီး တာချီလိတ်မြို့ပေါ်ရောက်ရှိလာတဲ့ သူတွေ အိပ်စရာနေရာထိုင်ခင်းမရှိတဲအတွက် လမ်းဘေး ပလက်ဖေါင်းပေါ်မှာ အုပ်စုလိုက် အိပ်စက်နေရတာတွေရှိပါတယ်။

ရာသီဥတု ပူပြင်းပြီး အခင်းအကာမရှိတဲ့ လမ်းဘေးအိပ်စက်နေသူထဲ သက်ကြီးရွယ်အို အဘိုးအဘွားနဲ့ ကလေးသူငယ်တွေပါဝင်နေပြီး ကူညီမယ့် အဖွဲ့အစည်းနဲ့ ဌာနဆိုင်ရာက ကြည့်ရှုတာမရှိတဲ့အတွက် အခက်အခဲတွေဖြစ်နေတာပါ။

ဒေသခံတစ်ဦးက"တာချီလိတ်ဆိုတာ အရင်က တစ်နိုင်ငံလုံး တစ်ခုခုဆိုရင် အရင်ဦးဆုံး ကူညီတတ်တဲ့မြို့ အခုတော့ဗျာ ကိုယ့်မြို့ပေါ်မှာ ရောက်လာတဲ့ ဒုက္ခသည်တွေ ဘယ်အဖွဲ့အစည်းမှလဲ မကူညီကြဘူး ညဘက်ဆိုသနားပါတယ် သက်ကြီးရွယ်အိုတွေလဲပါတယ် လမ်းဘေးမှာ အုပ်စုလိုက် အိပ်နေကြတာ"လို့ ပြောပါတယ်။

အိမ်ယာမဲ့ လမ်းဘေးအိပ်နေရတဲ့ စစ်ဘေးရှောင်တွေဟာ လူဦးရေ(၅၀)ကျော်ခန့်ရှိပြီး ပါလျံ(၃)မီးပွိုင့်အနီး ပလက်ဖေါင်းတွေပေါ်မှာ အိပ်စက်နေကြတာဖြစ်ပြီး နေဖို့ စားဖို့ အခက်အခဲတွေဖြစ်ပေါ်နေတာပါ။

စစ်ရှောင် အိမ်ယာမဲ့တွေမှာ ရှမ်းတိုင်းရင်းသား အပါအဝင် ပြည်နယ်အတွင်း တိုင်းရင်းသားတွေအများစုပါဝင်ကာ အသက်(၅)နှစ်အရွယ် ကလေးငယ်မှ စပြီး သက်ကြီးရွယ်အိုတွေလဲ ပါဝင်နေတာပါ။

ရှမ်း/မြောက်တိုက်ပွဲဖြစ်ပွားချိန်က တာချီလိတ်မြို့က ရှမ်းတိုင်းရင်းသားများ ပရဟိတအဖွဲ့က စစ်ဘေးရှောင်တွေအတွက် အလှူခံတာတွေရှိပေမယ့် မြို့ပေါ် ပရဟိတမျိုးစုံရှိနေပေမယ့် လှစ်လျှူရှုနေကြတာဖြစ်ပြီး ဒေသအာဏာပိုင်တွေဦးဆောင်ပြီး လူမှုရေးအဖွဲ့အစည်းတွေအနေနဲ့ အကူအညီပေးရန်လိုအပ်နေတာပါ။

M

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် လူငယ် (၄၈၄)ဦးအား ယနေ့ မှစတင်ကာ လွှတ်ပေးနေပြီတာချီလိတ်၊ မတ်...
19/03/2024

တာချီလိတ်မြို့တွင် အွန်လိုင်းလောင်းကစားနေရာကနေ ဖမ်းခံထားရသည့် လူငယ် (၄၈၄)ဦးအား ယနေ့ မှစတင်ကာ လွှတ်ပေးနေပြီ

တာချီလိတ်၊ မတ်လ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၏ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာတွင် ဖမ်းမိထားသော မြန်မာနိုင်ငံသား ၄၈၄ ဦးအား ယနေ့ မတ်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက စတင်ကာ အာမခံဖြင့် ပြန်လွတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ပြန်လည်လွှတ်ပေးရာတွင် သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာ၊ မှတ်ပုံတင် မိတ္ထူ နှင့်အတူ သန်းခေါင်စာရင်းရှိသူ နှစ်ဦး၏ အာမခံထောက်ခံစာနှင့်အတူ ခံဝန်ချက်လက်မှတ်ရေးထိုး၍ လွှတ်ပေးလျက်ရှိကြောင်းသိရပြီး ဖမ်းဆီးခံထားရသည့် ၆၉၇ ဦးတွင် မြန်မာလူငယ် ၄၈၄ ဦး၊အသက် ၁၈ နှစ်အောက် အမျိုးသား ၄၀ ဦး နှင့် အမျိုးသမီး ၁၈ ဦး၊ စုစုပေါင်း ၅၈ ဦး၊ ထိုင်းနိုင်ငံသား ၁၅၄ ဦးနှင့် တရုတ်နိုင်ငံသား ၁ ဦး တို့ပါဝင်ကာ ပထမအသုတ်အနေနှင့် ၁၈ နှစ်အောက် ကလေးငယ် ၅၈ ဦးအား မတ်လ ၈ ရက်နေ့ ပြန်လည်လွှတ်ပေးခဲ့ပြီး ယခု ဒုတိယအကြိမ် လွှတ်ပေးခြင်းဖြစ်သည်။

ပြန်လည်လွှတ်ပေးရာတွင် ဖမ်းဆီးထားသည့် နေရာတွင် ယာယီတရားရုံးဖွင့်ကာ မြို့နယ်တရားသူကြီး၊ မြို့နယ်ရဲမှူးနှင့် တာဝန်ရှိသူများရှေ့မှောက်တွင် စီစစ် အစစ်ဆေးခံကာ အသုတ်လိုက် လွှတ်ပေးနေပြီဖြစ်ကြောင်းသိရပါသည်။

“ ပြန်လည် လွတ်မြောက်လာသည့်အခါ စိတ်ဓာတ်မကျဘဲ သမာအာဇီဝ အလုပ်အကိုင်များတွင် လုပ်ကိုင်နိုင်ရန်အတွက် အားပေးစေလိုပါတယ်။မိမိတို့အနေနဲ့လည်း တတ်နိုင်သမျှ ကူညီသွားပါ့မယ် ” စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုးမှ ပြောပြခဲ့ပြီး လွတ်မြောက်ရန် ကျန်ရှိနေသော ဖမ်းဆီးထားသည့် မြန်မာနိုင်ငံသားမဟုတ်သည့် ထိုင်းနိုင်ငံသားများကိုလည်း လဝက က စစ်ဆေးပြီးနောက် အထက် အညွှန်ကြားချက် ကျလာပါက ထိုင်းဘက်သို့ တရားဝင်လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Crd

Crd

တာချီလိတ် မြို့ပေါ် ရပ်ကွက်များ အတွင်း စစ်ဘက်ဆိုင်ရာ တပ်မတော် နှင့် ရဲတပ်ဖွဲ့ အယောင်ဆောင်၍ လက်နက်/ ခဲယမ်းများ ကိုင်ဆောင်...
01/03/2024

တာချီလိတ် မြို့ပေါ် ရပ်ကွက်များ အတွင်း စစ်ဘက်ဆိုင်ရာ တပ်မတော် နှင့် ရဲတပ်ဖွဲ့ အယောင်ဆောင်၍ လက်နက်/ ခဲယမ်းများ ကိုင်ဆောင်ကာ မကြာခဏ ဓါးပြတိုက် လုယက် ပြန်ပေးမှုများ ကျူးလွန်သည့် တရာခံများအား ဖမ်းဆီးရမိ

တာချီလိတ်၊ မတ် ၁

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ် ခရိုင်၊ တာချီလိတ်မြို့ပေါ် ရပ်ကွက်တွင်းရှိ တပ်မတော်နှင့် ရဲတပ်ဖွဲ့အယောင်ဆောင်၍ လက်နက်/ ခဲယမ်းများကိုင်ဆောင်ကာ ဓါးပြမှုကျူးလွန်နေသည့် အဖွဲ့ဝင် ၇ ဦးပါ ဓားပြအဖွဲ့အား ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့၊ ည ၁၁ နာရီ အချိန်ဝန်းကျင်က စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သူရဇော်လွင်စိုး နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင် ဦးဆောင်သော ပူးပေါင်းအဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

နယ်ထိန်းရဲတပ်ဖွဲ့မှ ဒုရဲအုပ် ဝင်းလှိုင် နှင့် ရဲဒုတပ်ကြပ်ဇော်လင်းအောင် တို့၏ သတင်းအရ ဖေဖေါ်ဝါရီလ ၂၉ ရက်နေ့၊ ည ၁၁ နာရီအချိန်က တာချီလိတ် မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံး၏ ဒုဦးစီးမှူး နေထိုင်ရာ နေအိမ်ဖြစ်သည့် တာချီလိတ်မြို့၊မယ်ခေါင်ရပ်ကွက်၊ စိုက်ပျိုးရေးလမ်း၊ ခရိုင်ကော်မရှင်ရုံးအိမ်ရာဝန်းရှိ နေအိမ်အား ဝင်ရောက်ရှာဖွေရာ လုယက် ဓားပြတိုက်ရာတွင် ဦးဆောင်သည့် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ရုံး၏ ဒုဦးစီးမှူး အေးကိုကိုဦး (၃၂ နှစ် )နှင့်အတူ အပေါင်းအပါများဖြစ်သည့် စိုင်းမောင်ထွန်း (ခ)အိုက်ပီး (၂၀နှစ်)၊စိုင်းလှမောင် (၂၇နှစ်)၊စိုင်းခမ်းတွီ (၁၈နှစ်)၊ရဲသီဟလွင် (၃၈နှစ်)၊ကျိုင်းဆံဟိုင်း (၂၀နှစ်)တို့အား စုဝေးသည့် အနေအထားနှင့် ၄င်းတို့ လုယက်ဓားပြတိုက်ရာတွင် အသုံးပြုသည့် လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

" တာချီလိတ်မြို့ပေါ်ရပ်ကွက်များအတွင်း တပ်မတော်နှင့် ရဲတပ်ဖွဲ့အယောင်ဆောင်၍ လက်နက်/ ခဲယမ်းများကိုင်ဆောင်ကာ မကြာခဏဓါးပြမှုကျူးလွန်ဖြစ်နေတာကြောင့် ကျွန်တော်တို့ အချိန်ယူပြီး စောင့်ကြပ်ကာ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်ပါတယ်။ဖမ်းဆီးတဲ့အခါမှာလည်း သူတို့အဖွဲ့စုဝေး ဆွေးနွေးတဲ့အချိန်ကို စောင့်ပြီး ဖမ်းရတာဖြစ်ပါတယ် "ဟု တာချီလိတ် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ဇော်လင်းအောင် က ပြောပါသည်။

ဖမ်းဆီးရမိသည့် လက်နက်များတွင် တပ်ယူနီဖောင်းများ၊ရဲတပ်ဖွဲ့ယူနီဖောင်းများ ပါဝင်ပြီး ဩစတေးလျနိုင်ငံထုတ် STEYR M9 A1 ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊တူရကီနိုင်ငံထုတ် ZORAKI M 906-T ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု
၊COLT အမျိုးအစား ပစ္စတိုသေနတ်(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊USA နိုင်ငံထုတ်၊ M4 A1 CarvineM-320461 (၁)လက်၊ ၎င်းကျည်အိမ်(၂)ခု၊ပွိုင့် ၂၂ သေနတ်အရှည်(၁)လက်၊ ကျည်အိမ်(၁)ခု၊5.56 ကျည်(၅၉)တောင့်၊၉ မမကျည်(၂၀)တောင့်၊၃၈ ကျည်(၉)တောင့်၊၂၂ ကျည်(၄)တောင့်၊သေနတ်အိတ် (၃)ခု၊လည်ရှည်ဖိနပ်အနက်ရောင် (၁)ရံ၊လည်တိုရှူးဖိနပ်(၂)ရံဓားရှည်(၁)ချောင်း၊နံပါတ်ထုတ်(၁)ချောင်း၊ခါးပါတ်(အနက်ရောင်) (၅)ချောင်း၊စကားပြောစက် (၁)လုံး ၊ရဲတပ်ဖွဲ့ယူနီဖောင်းအင်္ကျီ(၃)ထည်၊ရဲတပ်ဖွဲ့ယူနီဖောင်းဘောင်းဘီ (၁)ထည်၊ပသစယူနီဖောင်း(၁)စုံ(တလ)၊စစ်စိမ်းရောင်ယူနီဖောင်း(ဘက်တံဆိပ်မပါ) (၁)စုံ၊ပြောက်ကျားယူနီဖောင်း(၂)စုံ၊USA တံဆိပ်ပါပြောက်ကျားယူနီဖောင်း(၂)ထည်၊အနက်ရောင်ဘောင်းဘီရှည်(၁)ထည်၊အပြာရောင် ပျောက်ကျားအနွေးထည် (၁)ထည်၊စစ်စိမ်းရောင်ပျောက်ကျားအင်္ကျီ(၃)စုံ(တလ)၊မြန်မာနိုင်ငံရဲတပ်ဖွဲ့တံဆိပ်ပါ ဘယ်ရီဟက်(၃)လုံး၊အပြာရောင်တောဆောင်း(၁)လုံး၊ဖိုက်ဗာအပြာရောင်(၁)လုံး၊ပိကတ်အပြာရောင်(၁)လုံး၊ဦးထုတ်အဝိုင်း(၂)လုံး၊ကျည်ကာပျောက်ကျားအစိမ်းရောင်(၃)ထည်(ARMY)၊ကျည်ကာပျောက်ကျားအနက်ရောင်(၅)ထည်၊ရွှေတာချီဆိုင်ကယ်တက္ကစီအင်္ကျီ(၇၀၇)(၁)ထည် ၊မျက်နှာဖုံး အဖြူရောင် (၁)ခု
၊ဆံပင်အတု(၁)ခု၊အီကွေ့မင်(၁)စုံ၊လက်ထိပ်(၃)ကွင်း ၊
လည်ရှည်အနက်(၁)စုံ၊လည်တို(ရှူးဖိနပ်)(၂)ရံ၊ဓားရှည်(၁)ချောင်း၊နံပါတ်တုတ်(၁)ချောင်း၊ခါးပါတ်(အနက်ရောင်) (၅)ချောင်း၊စကားပြောစက်(၁)လုံး၊ယာဉ်အမှတ်၊ SHN-12/1A-1543 Honda Fit စိမ်းနုရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး၊ယာဉ်အမှတ်၊ SHN-12/5J-2677 Crown အဖြူရောင်(လိုင်စင်စိစစ်ဆဲ) (၁)စီး တို့အား လက်ရဖမ်းဆီး သိမ်းဆည်းရမိကြောင်း သိရှိရသည်။

ဖမ်းဆီးရမိသည့် တရာခံ၏ ဝန်ခံထွက်ဆိုချက်အရ တဆက်တည်းပင် ၄င်းတို့နှင့် အဖွဲ့ဝင်တစ်ဦးဖြစ်သည့် တာချီလိတ် မြို့၊ ဆေခမ်းရပ်ကွက်နေ စိုင်းဆိုင်မိန်း ၂၅ နှစ်၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာမှလည်း တူရကီနိုင်ငံထုတ် ZORAKI M 906 T ပစ္စတို(၁)လက်၊ ၎င်းကျည်အိမ်(၁)ခု၊ ၎င်းကျည် (၅)တောင့်တို့အား ထပ်မံရှာဖွေ တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရပြီး ယခုလက်နက်/ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိသည့် အေးကိုကိုဦး ပါ ကျား(၇)ဦးတို့အား တာချီလိတ်မြို့နယ် မြို့မစခန်း၌ ပူးပေါင်းအဖွဲ့ဖြင့် အသေးစိတ်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ အဖွဲ့သည် တာချီလိတ် မြို့နယ်တွင်းရှိ ၂၀၂၄ခုနှစ် ဇန်နဝါရီလနှင့် ဖေဖေါ်ဝါရီ လများအတွင်း တပ်၊ ရဲ ယူနီဖောင်းမျာဝတ်ဆင်၍လည်းကောင်း၊ကုန်စုံဆိုင်များတွင် လက်နက်ပြ၍ အကြမ်းဖက်ခြိမ်းခြောက်ကာ လုယက်သူများ ဖြစ်ကြောင်း သိရှိရသည်။

တောင်ကြီး - လွိုင်လင်တကြော တိုက်ပွဲပြင်းထန်၊ ကားလမ်း ယာယီပိတ်ထားသျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောဖြစ်သည့်  ဟိ...
23/02/2024

တောင်ကြီး - လွိုင်လင်တကြော တိုက်ပွဲပြင်းထန်၊ ကားလမ်း ယာယီပိတ်ထား

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောဖြစ်သည့် ဟိုပုန်း၊ မိုင်းပွန်၊ လွိုင်လင် အဝင်အထွက် ဂိတ်များ ယာယီပိတ်ထားကြောင်း စုံစမ်းသိရသည်။

သျှမ်းပြည် မြို့တော် တောင်ကြီးမြို့လမ်းတကြောရှိ ဟိုပုန်း၊မိုင်းပွန်၊လွိုင်လင် ယနေ့ (ဖေဖော်ဝါရီ ၂၂) ရက်အထိ မိုင်းပွန်မြို့ရှိ တံတားတွင် ကားလမ်းများ ယာယီပိတ်ထားပြီး လက်နက်ကြီး သံများလည်း ကြားနေရကြောင်း ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“မိုင်းပွန်တံတားနားက တော့ မဖွင့်သေးဘူး။ လွိုင်လင်ကမနက်ကဖွင့်ပြီးတော့ မိုင်းပွန်မှာလာခံနေတယ်။ ဒီမနက်ထွက်လာတဲ့ကားတွေတော့ တောင်ကြီး ၄ မိုင်ဂိတ်က မနက်က ၅ နာရီလောက်က ပိတ်တယ်။ မိုင်းပွန်မှာ လည်း လက်နတ်ကြီးသံတွေကြားနေတယ်၊ ကျနော်မနေ့ညကတော့ လမ်းမှာ ပဲအိပ်ရတယ်။ ”ဟု‌ ကားသမား တစ်ဦးက ပြောသည်။

ယမန်နေ့ (ဖေဖော်ဝါရီလ ၂၁) ရက် ဟိုပုံးမြို့နှင့် မိုင်းပွန်မြို့ကြားရှိ ထမ်စမ်းဂူအနီးတွင် စစ်ကောင်စီ နှင့် PNO ပြည်သူ့ စစ်တို့က ကားလမ်းပိတ်ထားပြီး ဖြတ်သန်းသွား လာခွင့်မပြုသည့် လမ်းတွင်အိပ်ရသူများလည်းရှိနေပြီး၊ လှည့်ပြန်နေသောကားများလည်းရှိကြောင်း ‌ကားသမားများက ပြောသည်။

ဟိုပုံးမြို့နယ်အတွင်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်မှစပြီး စစ်ကောင်စီက လေကြောင်းဖြင့် စတင် ပစ်ခတ်ခဲ့ပြီး PNLAနှင့် စစ်ကောင်စီ၊ PNO ပြည်သူ့စစ်တို့ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၂၁ ရက် မိုင်းပွန်မြို့အနီး လွိုင်လင်ဘက်အထွက် ကျေးရွာများတွင် ရှမ်းပြည်တိုး တက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ်၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေခဲ့ကြောင်း ခေတ်သစ်မီဒီယာ မှ ရေသားထားသည်။

အဆိုပါ SSPP/SSA က ဦးဆောင်သော မဟာမိတ်တပ်များနှင့် စစ်ကောင်စီတပ် ၊ PNO ပြည်သူ့စစ် ပူးပေါင်းတပ်များအကြား တိုက်ပွဲပြင်းထန်နေသည့် ကိစ္စနှင့်ပတ်သက်ပြီး SSPP ပြောရေးဆိုခွင့်ရှိသူများကို သျှမ်းသံတော်ဆင့်မှ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းစက်ပိတ်ထားသည်။

ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) ထိန်းချုပ်ထားသည့် ဆီဆိုင်မြို့ကို စစ်ကောင်စီတပ်က တင့်ကား၊ သံချပ်ကာကားများ အပါအဝင် စစ်အင်အား အလုံးအရင်း အသုံးပြု ထိုးစစ်ဆင်ရန် ပြင်ဆင် နေကြောင်း စစ်ရေးသတင်းရင်းမြစ်က ယမန်နေ့ (ဖေဖော်ဝါရီ ၂၀ ရက်) မှာ သျှမ်းသံတော်ဆင့်ကို ပြောသည်။

တာချီလိတ်မြို့   1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်း ကာ လူငယ်များစွာ ဖမ်...
23/02/2024

တာချီလိတ်မြို့ 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်း ကာ လူငယ်များစွာ ဖမ်းဆီးထား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း 1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ဝင်ရောက်စီးနင်းကာ ဖမ်းဆီးသိမ်းဆည်းမှုများ လုပ်ဆောင်နေလျှက်ရှိကြောင်း သိရသည်။

1G1 ဟိုတယ် အနောက်ဘက်ရှိ အွန်လိုင်းလောင်းကစားလုပ်ငန်းနေရာကို စစ်တပ်က ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၂၃)ရက်နေ့ အကူးပိုင်းအချိန်က စပြီး ယခု သတင်းရေးသားနေချိန် နံနက်(၇)နာရီခွဲအချိန်အထိ ဝင်ရောက်စီးနင်းထားပြီး အဆောက်အဦးထဲရှိ ညဆိုင်းဆင်းနေသည့် လူရာကျော်ကို ဖမ်းဆီးထားကြောင်း သိရသည်။

ဝင်ရောက်စီးနင်းသည့် အစောပိုင်းအချိန်ကလည်း အဆိုပါ နေရာထဲက ထိုင်းနိုင်ငံသား (၁၀၀)ကျော်ကိုလည်း ကားဖြင့်တင်ဆောင်ပြီး အခြားတနေရာသို့ ဖမ်းဆီးသွားသည်ဟု သိရသည်။

လက်ရှိတွင် စစ်သားများက လောင်းကစားလုပ်ငန်းထဲက မီးခံသေတ္တာများကို ဖောက်ယူခြင်း ငွေနှင့်ဖုန်းများကို ယူဆောင်ခြင်းများ ပြုလုပ်နေလျှက်ရှိကြောင်း သိရသည်။

နေ့ပိုင်းလာရောက် အလုပ်ဆင်းမည့်သူများကြိုလည်း စောင့်ဖမ်းနေကြောင်းလည်း သိရသည်။

ဆီဆိုင်မှာ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့ပေါ်မှာရှိတဲ...
18/02/2024

ဆီဆိုင်မှာ လက်နက်ကြီးကျလို့ ကလေးငယ်အပါအဝင် ၂ ဦးသေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်မြို့ပေါ်မှာရှိတဲ့ စစ်ကောင်စီရဲ့ခြေမြန်တပ်ရင်း ခမရ ၄၂၅ နဲ့ ၄၂၆ တပ်ကနေ ကျေးရွာတွေထဲကို လက်နက်ကြီးတွေနဲ့ပစ်ခတ်တာကြောင့် ၆ လ သားအရွယ် ကလေးငယ်တစ်ဦးနဲ့ ဒေသခံတစ်ဦး သေဆုံးခဲ့တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ် PNLA က သတင်းထုတ်ပြန်ပါတယ်။

PNLA ရဲ့ ထုတ်ပြန်ချက်အရ ထမ်းယံနဲ့ ထီတမ်ရွာတွေထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ်ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၇ ဦးလည်း ထိခိုက်ဒဏ်ရာရခဲ့တဲ့အကြောင်းအပါအဝင် ဘီဘီစီရဲ့ ထိပ်တန်းသတင်းစုစည်းချက်။

PNO ပြည်သူ့စစ်ကို စစ်ကောင်စီ လက်နက်တပ်ဆင်ပေး■ ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) ပြည်သူ့စစ်တပ်ဖွဲ့ဝင်တ...
18/02/2024

PNO ပြည်သူ့စစ်ကို စစ်ကောင်စီ လက်နက်တပ်ဆင်ပေး

■ ရှမ်းပြည်နယ်တောင်ပိုင်းက ပအိုဝ်းအမျိုးသားအဖွဲ့ (PNO) ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို လက်နက်တပ်ဆင်ပေးလိုက်ကြောင်း စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၈ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

တောင်ကြီး၊ ရပ်စောက်၊ ဟိုပုံး၊ ပင်လောင်း၊ နောင်တရား၊ ကလောမြို့က ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၁၇ ရက် မနက်ပိုင်းမှာ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးလိုက်တာပါ။

ဒီအခမ်းအနားကို အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ပြုလုပ်ခဲ့ပြီး ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုး ကိုယ်တိုင် လက်နက်ပေးအပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးနဲ့ ဆီဆိုင်မြို့နယ်တွေမှာ စစ်ကောင်စီတပ်နဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) တို့ တိုက်ပွဲဖြစ်ပွားနေပြီး PNO က စစ်ကောင်စီဘက်က ဝင်ရောက်တိုက်ခိုက်နေပါတယ်။

ပြည်သူ့စစ်တွေကို စစ်ကောင်စီက အခုလို လက်နက်တပ်ဆင်ပေးလိုက်တာကြောင့် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်တယ်လို့ PNLA တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာ မီးလောင်ပျက်စီးပြီး ပြည်သူ...
16/02/2024

စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာ မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဆီဆိုင်မြို့နယ်တွင် စစ်ကောင်စီက လေယာဉ်၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဆီဆိုင်စျေး၊ ပဆျာႏကလိုႏကျေးရွာတို့ မီးလောင်ပျက်စီးပြီး ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း PNLA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့တွင် ဆီဆိုင်မြို့နယ်၊ မြို့ပေါ် ၊ လွယ်ပွတ်ကျေးရွာ၊ ကျောက်တချားကျေးရွာတို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ဆီဆိုင်စျေး မီးလောင်ကျွမ်းခဲ့ကြောင်း၊ စစ်တပ်က တိုက်လေယာဉ်ဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခြင်းကြောင့် လွယ်ပွတ် တစ်ကြော ၊ကျောက်တချားကျေးရွာ တစ်ကြောတွင် ပြည်သူပိုင်နေအိမ်များ မီးများလောင်ကျွမ်းခဲ့ကြောင်း၊ ပြည်သူများအားလုံး စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

"မနေ့က တစ်နေကုန် တိုက်ပွဲပြင်းထန်တယ်။ စစ်တပ်ဘက်ရော၊ မဟာမိတ်တွေဘက်ကရော ထိခိုက်ကျဆုံးမှုတွေရှိတယ်" ဟု PNLA သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင်ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၁၀နာရီ ၃၀ မိနစ်အချိန် စစ်ကောင်စီက ဆီဆိုင်မြို့နယ် ပဆျာႏကလိုႏကျေးရွာကို လေယာဉ်ဖြင့် ဗုံးငါးကြိမ် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူနှစ်ဦး ထိခိုက်သေဆုံးခဲ့ရပြီး ပြည်သူ ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ၊ ပြည်သူများ၏ အိုးအိမ်စည်းစိမ်များလည်း အများအပြားပျက်စီးခဲ့ရကြောင်း သိရှိရသည်။

ပဆျာႏကလိုႏကျေးရွာတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)က တပ်စွဲထားခြင်းလည်းမရှိသလို တိုက်ပွဲဖြစ်ပွားသည့် နေရာလည်း မဟုတ်ကြောင်း၊ ပဆျာႏကလိုႏကျေးရွာသည် ဆီဆိုင်မြို့နှင့် မိုင် ၄၀ ကျော်ကွာဝေးပြီး ဆီဆိုင်မြို့နယ်နှင့် ဟိုပုံးမြို့နယ် နယ်စပ်တွင်တည်ရှိသည့် ရွာဖြစ်ကြောင်း သိရှိရသည်။

စစ်ကောင်စီနှင့်အပေါင်းအပါများ၏ လုပ်ရပ်သည် စစ်ရာဇဝတ်မှု ကျူးလွန်ခြင်းဖြစ်သလို ပအိုဝ်းကျေးရွာ ဒေသများကို တမင် တကာ ဖျက်ဆီးနေသည့် ရက် စက်ယုတ်မာသည့် လုပ်ရပ်ပင်ဖြစ်ကြောင်း PNLA ၏ ထုတ်ပြန်ပြောဆိုချက်အရ သိရှိရသည်။

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when GEO Sport posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category