တော်လှန်ရေးသတင်းလွှာ

တော်လှန်ရေးသတင်းလွှာ နွေဦးတော်လှန်ရေးမှာ ပါဝင်ကြတဲ့ သူရဲကောင်းတစ်ယောက်စီတိုင်းအတွက် Update Newsletter

Folks, it’s not safe for Myanmar people everywhere whether they are inside or outside the regime’s territory. This week ...
28/05/2023

Folks, it’s not safe for Myanmar people everywhere whether they are inside or outside the regime’s territory. This week we received concerning news from Myinchan and Daik Oo prisons where political prisoners were taken away by the guards, and their whereabouts are unknown. Some raised concerns about the torture during interrogation. Mass arrests of Myanmar migrant workers took place in the border town Mae Sot this week while several arrests and raids across the country were also reported. Despite all this, both the protest rallies and armed resistance remain strong in Myanmar. Read all about it in our weekly update.

Internal politics
-Concerns mount over violent interrogation of political prisoners
-Singer Byuhar detained for criticizing the junta online
-Regime’s police raided and destroyed the NLD office in Budalin
-Regime arrested two KIO officers
-Myanmar Pressphoto Agency reporter sentenced to 10 years in prison

International Affairs
-NUG Minister met with US Congressman Benjamin J Allen to address human rights violations
-New Zealand Bans Myanmar Military Officials, Excludes Myanmar from Youth Exchange Program
-Myanmar-Bangladesh Border Forces discussed illegal drug trade and border issues in a commander-level meeting
-Thai authorities arrest over 70 Myanmar workers in Mae Sot

Business Matters
-The regime’s Central Bank warned exporters and importers against dollar hoarding
-Burma Campaign blacklisted five British insurance companies for facilitating the regime’s fuel supply chain
-Remittances from Myanmar migrant workers exceed $1.5 Billion as job opportunities declined at home
-Fraud scheme leaves thousands of youths trapped in foreign employment scam

Protests
-Continuing protests
-Burmese citizens stage protest in Hiroshima

Attacks on the Junta’s Lackeys & Properties
-Deputy officer killed during raid on regime’s offices in Launglon, Tanintharyi Region
-Five Pyu Saw Htee members shot and killed in Tada-U tsp, Mandalay Region
-Traffic police shot dead in Mattaya tsp, Mandalay Region
-Electricity supply office bombed in North Dagon tsp, Yangon Region

Arbitrary Arrests, Killings & Violence
-Eight including an underage killed in interrogation in Kawthoung tsp, Tanintharyi Region
-Hip-hop artist detained for speaking out on power outages in Yangon
-Five including two children killed by regime troops in Yesagyo tsp, Magway Region
-Two children died and five injured due to regime’s artillery in Bilin tsp, Mon State

Armed Resistance
-Clashes intensified in Karenni State
-Four police killed during raid by ABSDF on Mandalay-Shan border
-Three civilians and two PDF members killed by airstrike in Sagaing-Kachin border
-Regime’s military and police stations targeted by CDF in Mindat tsp, Chin State
-17 soldiers killed during detonation attack in Kalay, Sagaing Region

Full report: https://mohingamatters.com/2023/05/28/weekly-update-067/
Follow this link to keep track: https://mohingamatters.com/weekly-updates/


27/05/2023

🆘 မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ အရေးပေါ် သောက်သုံးရေသန့် ရရှိနည်း 🆘

💧 မိုခါမုန်တိုင်းကြီး မြန်မာနိုင်ငံကို ဝင်ရောက်တိုက်ခတ်ပြီးနောက်မှာတော့ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ရေသန့်ရှားပါးမှုပြဿနာကို ကြုံတွေ့နေရပါတယ်။

💧ရေသန့်သယ်ယူပို့ဆောင်ဖို့ ခက်ခဲတာအပြင် အရင်က သောက်သုံးရေရရှိဖို့အတွက် မှီခိုနေရတဲ့ မြစ်တွေ၊ ချောင်းတွေကပါ မုန်တိုင်းရဲ့ အရှိန်ကြောင့် အမှိုက်သရိုက်တွေ ပိုပြီးစုပုံလာတာ၊ မြေကြီးတွေ တိုက်စားခံရပြီး မြစ်ချောင်းတွေမှာ အနည်ကျတာ၊ စိုက်ပျိုးလယ်ယာမြေထဲက ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးတွေပါ မြစ်ချောင်းတွေထဲ စီးဝင်လာတာမျိုးတွေ ဖြစ်လာတာကြောင့် ရေသန့်ရရှိဖို့ အလွန်ကို ခဲယဉ်းပါတယ်။

📌 မုန်တိုင်းဒဏ်ကို ခံစားခဲ့ရတဲ့ဒေသတွေက ပြည်သူတွေ အနေနဲ့ သောက်သုံးရေသန့် အလွယ်တကူ မရရှိနိုင်တဲ့ အချိန်မျိုးမှာ ရေသန့်ရရှိဖို့အတွက် အသုံးဝင်မယ့် အရေးပေါ်ရေသန့်စင်နည်းကို Burma Academy က မျှဝေပေးချင်ပါတယ်။

✅ ပထမဆုံးအနေနဲ့ သန့်စင်ဖို့ရေကို ခပ်ရပါမယ်။ ရေခပ်တဲ့နေရာမှာ ရေကန်လိုမျိုး ရေသေက ရေကို မယူဘဲ စီးဆင်းနေတဲ့ ရေကိုသာ အသုံးပြုရပါမယ်။
(လူအများကြီး စုနေတဲ့ ဒုက္ခသည်စခန်းလို နေရာတွေ၊ တိရစ္ဆာန်တွေ စားကျက်လုပ်လေ့ရှိတဲ့ နေရာနားက ရေကိုလည်း အသုံးမပြုသင့်ပါဘူး။) ❌

✅ ရေခပ်ပြီးတဲ့အခါမှာတော့ ရေကိုစစ်ဖို့အတွက် ရေစစ်တစ်ခုပြုလုပ်ပါမယ်။
၁။ ရေစစ်ပြုလုပ်မယ့် ရေသန့်ဘူးကို အောက်ပိုင်းဖြတ်ပြီး အဖုံးနေရာကို အပေါက်ဖောက်ထားပါ။
၂။ ပြီးရင်တော့ သန့်စင်တဲ့ အဝတ်စ၊ မီးသွေးမှုန့်၊ သဲနု၊ သဲကြမ်း၊ သဲနု၊ ကျောက်စရစ်ခဲ တို့ကို အစဉ်လိုက်ထည့်ပြီး အလွှာ ၆ လွှာ ဖန်တီးပါမယ်။ အလွှာတစ်ခုချင်းစီဟာ ၃” ခန့်အထူ ရှိသင့်ပြီး အလွှာထူလေ ကောင်းလေဖြစ်ပါတယ်။
(မြစ်ချောင်းအနည်းတစ်ဝိုက်က သဲကိုပဲ အသုံးပြုရမှာဖြစ်ပြီး ကားလမ်းအနီးက သဲတွေကို အသုံးမပြုသင့်ပါ။) ❌
၃။ အားလုံးထည့်ပြီးရင်တော့ အပေါ်ကနေ အဝတ်စအသန့်တစ်ခုနဲ့ ဖုံးအုပ်ပြီး ချည်နှောင်လိုက်ရပါမယ်။ ဒါဆိုရင်တော့ ရေသန့်စင်ဖို့ ရေစစ်တစ်ခုရရှိသွားပြီ ဖြစ်ပါတယ်။

📌 ရေစစ်ကရတဲ့ရေကိုလည်း တန်းပြီးအသုံးမပြုသင့်ပါဘူး။ ရေစစ်ဟာ အမှိုက်သရိုက်တွေကိုပဲ စစ်ထုတ်ပေးနိုင်တာဖြစ်လို့ ရောဂါပိုးမွှားကင်းပြီး သန့်စင်တဲ့ရေကို မရရှိစေပါဘူး။

✅ နောက်ဆုံးအဆင့်အနေနဲ့ သောက်သုံးနိုင်တဲ့ ရေသန့်ရရှိအောင် ရေကို ကြိုချက်ပေးရပါမယ်။ ဒါမှသာ မမြင်ရတဲ့ ရောဂါပိုးမွှားတွေ သန့်စင်ပြီး ဝမ်းရောဂါကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

📣 Burma Academy ရဲ့ Followers တွေထဲမှာ မုန်တိုင်းဒဏ်ကို အဓိကခံစားခဲ့ရတဲ့ ဒေသတွေကပြည်သူတွေ အနည်းငယ်ပဲရှိလို့ ဒီ Post လေးကို မိမိတို့နဲ့ နီးစပ်ရာ မုန်တိုင်းဒဏ်သင့်ပြည်သူတွေဆီကို လက်ဆင့်ကမ်း မျှဝေပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။

📣 သောက်သုံးရေအလွယ်တကူ မရရှိနိုင်တဲ့ အချိန်မျိုးမှာ အရေးပေါ်ရေသန့်ပြုလုပ်နည်းကို အသေးစိတ် လေ့လာချင်တယ်ဆိုရင်တော့ https://tinyurl.com/BA-WaterPurification က တစ်ဆင့် Burma Academy Website ပေါ်မှာ အချိန်မရွေး လေ့လာနိုင်ပါတယ်။

📌 Burma Academy ဟာ တော်လှန်ရေးအထောက်အကူပြု ပညာရေး Platform တစ်ခုဖြစ်ပြီး တော်လှန်ရေးမှာ အင်တိုက်အားတိုက် ပါဝင်နေတဲ့ တက္ကသိုလ်ကျောင်းသားတွေအတွက် ရည်ရွယ်ပြီး သင်ကြားပေးနေတာကြောင့် Burma Academy က ပို့ချနေတဲ့ သင်ခန်းစာတွေ အကုန်လုံးဟာ အခမဲ့ ဖြစ်ပါတယ်။



18/05/2023
စောင်မခြင်းဖြင့် စော်ကားမိခြင်း။======================နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်း ဆိုတာ မင်္ဂလာတစ်ပါးမည်တယ်ဆိုပေမ...
22/04/2023

စောင်မခြင်းဖြင့် စော်ကားမိခြင်း။
======================

နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်း ဆိုတာ မင်္ဂလာတစ်ပါးမည်တယ်ဆိုပေမဲ့၊.....

နှုတ်၏စောင်မခြင်း၊ လက်၏စောင်မခြင်း ခဏ ခဏ လုပ်လွန်းပြီး ဘာမှဖြစ်မလာပဲ
တခါတလေ သူ့တ်ို့ကိုတောင် စော်ကားမိနေလို ဖြစ်တတ်တယ်။ သတိထားပါ။

ဥပမာ ၁- နှုတ်၏စောင်မခြင်း။ ဒီကောင်လေး ကမဆိုပါဘူး၊ မိဘမရှိ၊ ပညာမတတ်၊ စားစရာ မရှိဆိုတော့ ...

ဥပမာ ၂- ရော့ ၂၀၀၀ ကျပ် တစ်လလုံးလောက်အောင်သုံးကွာ။
ငါကိုယ်ချင်းစာတယ်် အားပေးတယ်ဆိုပြီး ပုခုံးခဏ ခဏ ပုတ်တော့လည်း ..ပုခုံးနာတာပေါ့။

ဥပမာ ၃- စောင့်ပါဦး ငါကြိုးစားပြီအောင်မြင်ရင် မင်းကိုပြန်ကြည့်မယ် ဆိုပြီး တစ်နှစ်လည်းဖြစ်မလာ၊ နှစ်နှစ်လည်းဖြစ်မလာပဲ..စောင့်ခိုင်းတာမျိုး။

တကယ်တော့ အပေါင်းအသင်း network လိုတယ်ဆိုပေမဲ့၊ အမြဲတမ်းတော့ သူများ ကိုချည်းအားကိုးနေလို့ မရဘူးလေ။
ကိုယ်တိုင်က အရည်အချင်းရှိမှ ...

ကြိုးစားပြီး ကိုယ့်လမ်းကို ထွင် ပြီးလျှောက်ပါ။
လျှောက်နိုင်ကြပါစေ။

စောင့်ရှောက်မယ်ဆိုလည်း လုပ်နိုင်ရင် အစ အဆုံး ထမင်းအိုး၊ဟင်းအိုးတည်နိုင်တဲ့အထိ ကူညီနိုင်ပါစေ။ မစော်ကားမိပါစေနဲ့။

မောင်မြင့်ဇော်

# # # # # # # # # # # # # # # # # # # # # # # #

Peolple says "Helping to needs with recommendations nor some funds are surely are the good deeds" However let's not try to overdo it without any postive outcomes you can create for them.

Sometimes, we may even effect his/her moral and emotional

Example 1: "Poor guy..He s not so bad, expect he don't have parents, no education and nothing to eat at this moment...etc"

Example 2: "Here take 2000 kyat (Less than One US$ dollar) and try to save yourself for a month" and keep napping their shoulder will only cause pains on their shoulder.

Example 3: "Can't give you right now ..Wait for me I'm also trying to succeed and the moment I'm successful I will sure look after you" and such blank promises keeps them wait for a year, two years ...etc.

Sometime we say we need friends and good network to stable our careers lives but this doesn't meant you have completely rely on others.
You, Yourself have to be the person with skills & Experience..

Therefore You Yourself have to make your own efforts for your journey...NoOne else.

Those who really thinking out to help Others,
then, please make yourself a commitment to help them until they succeed. Try not to criticize nor drop them halfway.

Let's try Helping with the clean and pure heart ❤️ no attach strings.

Thanks ,
Mg Myint Zaw

12/04/2023
ဒါကလည်း ငြင်းလို့မရတဲ့အမှန်တရားတခုပါပဲ
12/04/2023

ဒါကလည်း ငြင်းလို့မရတဲ့အမှန်တရားတခုပါပဲ

■ အာဏာသိမ်းစစ်ကောင်စီကြောင့် ဘုန်းကြီးကျောင်းမပြောနှင့် အိမ်ကဘုရားတောင် ရှိ မခိုးရဘူးဟု ကရင်နီ စစ်ဘေးရှောင်များပြောWeste...
12/04/2023

■ အာဏာသိမ်းစစ်ကောင်စီကြောင့် ဘုန်းကြီးကျောင်းမပြောနှင့် အိမ်ကဘုရားတောင် ရှိ မခိုးရဘူးဟု ကရင်နီ စစ်ဘေးရှောင်များပြော

Western News| ဧပြီ ၁၂

မြန်မာစစ်တပ်လည်းဖြစ် အာဏာသိမ်း စစ်ကောင်စီ၏ မြေပြင်နှင့် လေကြောင်းတို့မှ တပ်အင်အား၊ လက်နက်အင်အား အများအပြားဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ အများအပြားမှာ စစ်ဘေးရှောင်ဘဝသို့ ရောက်နေကြရပြီး အစာရေစာရှားပါးသည့် တောတောင်များတွင် ထွက်ပြေးတိမ်းရှောင်နေရ၍ သင်္ကြန်ကာလအတွင်း ဘုန်းကြီး‌ကျောင်းမပြောနှင့် အိမ်က ဘုရားတောင် ရှိမခိုးရဘူးဟု ကရင်နီစစ်ဘေးရှောင်များက ပြောသည်။

သင်္ကြန်ကာလအတွင်းမှာ ပျော်ပျော်ပါးပါး နေချင်သော်လည်း စစ်ကောင်စီ၏ အာဏာသိမ်းမှုကြောင့် ဘေးလွတ်ရာသို့ ထွက်ပြေးနေရပြီး သင်္ကြန်နှင့်ပတ်သက်ပြီး စစ်ဘေးရှောင်တို့၏ အသံကို Burmese Women's Union က မေးမြန်းချက်တွင် လွိုင်ကော်မှ စစ်ဘေးရှောင်အမျိုးသမီး ဒေါ်မြသန်းက ယခုလို ပြောသည်။

"စစ်မရှောင်ခင်တုန်းက သင်္ကြန်ရောက်ပြီဆို ရပ်ကွက်ထဲမှာ ကလေးတွေ ပြေးလွှား ဆော့ကစားကြ။ လူကြီးတွေလည်း မုန့်တွေလုပ်စားကြတယ်။ ရေကစားကြတယ်။ ဘုန်းကြီးကျောင်းတက် ကုသိုလ်ယူကြတယ်လေ။ ကိုဗစ် ရောဂါတုန်းက ဘုန်းကြီးကျောင်းတက်လို့ ရသေးတယ်။ အာဏာသိမ်းလိုက်တော့ ဘုန်းကြီးကျောင်းမပြောနဲ့ အိမ်က ဘုရားကိုတောင် မရှိခိုးရဘူး " ဟု ပြောသည်။

မိမိဇာတိကျေးရွာမှ စစ်ရှောင်စခန်းသို့ ထွက်ပြေးလာခြင်းမှာ တစ်နှစ်ကျော်ရှိနေပြီဖြစ်ပြီး ပြေးလာတုန်းက ဘာမှမယူခဲ့ရသောကြောင့် အိမ်က ဘုရားလည်း မပင့်ဆောင်ခဲ့ဘူးဟု ဒေါ်မြသန်းက ဆိုသည်။

စစ်ဘေးရှောင်များမှာ သင်္ကြန်ပွဲတော်ကို အခြားသူများလို ပျော်ပျော်ပါးပါး ဖြတ်သန်းချင်ကြောင်း၊ မိသားစု စုံစုံလင်လင်နှင့် ထမင်းလက်စုံစားချင်ပြီး အိမ်ကိုလွမ်းနေကြ၍ အေးချမ်းမှုကို လိုလားကြောင်း စစ်ဘေးရှောင်များက ပြောကြသည်။

"အိမ်ကို လွမ်းတယ်။ ကျမ အေးချမ်းမှုကို လိုလားတယ်။ လိုချင်တယ်။ အေးအေးချမ်းချမ်းနဲ့ နေရတဲ့ တစ်နေ့ကျရင် ကျမ ဝမ်းသာလို့ မဆုံး၊ ပျော်လို့ မဆုံးဖြစ်ပြီး ငိုနေမိမှာ သေချာတယ်"ဟု ဒေါ်မြသန်းက မျက်ရည်စက်လက်ဖြင့် ပြောပြသည်။

ဗုဒ္ဓဘာသာမဟုတ်သော်လည်း သင်္ကြန်ကာလတွင် ဗုဒ္ဓဘာသာဝင် မိတ်ဆွေများနှင့်အတူ ယခင်ကလို မုန့်လုံးရေပေါ် အတူတူလုပ်စားချင်ကြောင်း ရှမ်းပြည်နယ် တောင်ကြီးခရိုင်အတွင်းရှိ ဆီဆိုင်မြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီး မအက်ကနက် က ပြောသည်။

"သင်္ကြန်ရောက်ရင် ရေတွေ ကစားကြတယ်။ ကားတွေ ဆိုင်ကယ်နဲ့ လျှောက်လည်ကြတယ်။ ကလေးတွေကို‌ခေါပြီး ရေတံခွန်တွေ သွားလည်ကြတယ်။ ကျမတို့က ဗုဒ္ဓဘာသာ မဟုတ်ပေမယ့် တခြားဗုဒ္ဒဘာသာတွေနဲ့ အတူ မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်တွေ အတူတူလုပ်စားကြတယ်။ ကူညီပေးတယ်။ အရမ်းပျော်ရတယ်။ ကျမ စစ်ရှောင်လာတာ ၂ နှစ် ပြည့်တော့မယ်။ ပျော်ခဲ့တာတွေကို ပြန်လိုချင်တယ်။ အိမ်လည်း ပြန်လိုချင်တယ်။ ပြန်လည်း ပြန်ချင်တယ်။ ဒါပေမယ့် ဘယ်နေ့မှ ကျမတို့ အိမ်ပြန်ရမှာလဲ။ ဘယ်နေ့မှ ကျမတို့ အရင်လို ပျော်ပျော်ပါးပါးနေရမှာလဲဆိုတာကို အမြဲစဥ်းစားနေမိတယ် " ဟု ပြောသည်။

မိမိဒေသမှာ ထွက်ပြေးနေရပြီး တချို့ပြည်နယ်နှင့်တိုင်းတို့တွင် ပျော်နေသည်ကိုမြင်ရ‌တော့ အားငယ် ဝမ်းနည်းမိကြောင်း၊ ပျော်နိုင်သူက ပျော်ကြပြီး ဝမ်းနည်းရသူက ဝမ်းနည်းရ၍ ပျော်နေသူများကို မပျော်နှင့်ဟု ပြောပိုင်ခွင့် မရှိသော်လည်း ယခင်ကလို ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ကြောင်း မအက်ကနက် ကပြောသည်။

မြန်မာစစ်တပ်၏ အကြမ်းဖက်စစ်ပွဲကြောင့် ဘုန်းကြီးကျောင်းမပြောနှင့် အိမ်မှာ အမေတောင် မရှိတော့ဘူးဟု ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်မှ စစ်ဘေးရှောင် အမျိုးသမီး နန်းထက်ထက်ဦးက ပြောသည်။

"အာဏာမသိမ်းခင် စစ်မရှောင်ခင်ကဆို သင်္ကြန်ကို ဖြတ်သန်းရတာ ပျော်တယ်။ ကိုယ့်အိမ်နဲ့ ကိုယ်ရွာနဲ့ နေရတဲ့ အခိုက်အတန့်တွေ၊ သူငယ်ချင်းတွေနဲ့ ရေကစားတာတွေကို ပြန်လိုချင်တယ်။ လွမ်းတယ်။ အရင်လိုပဲ ပြန်နေချင်တယ်။ အခု ဒီနှစ်သင်္ကြန်ကတော့ ဘုန်းကြီးကျောင်းတက် အဘိုးအဘွား လိုက်ကန်ဖို့ မပြောနဲ့ ကန်တော့စရာ အမေတောင် မရှိတော့ဘူး။ လက်နက်ကြီးထိလို့ အမေဆုံးသွားရတယ်။ ဆုံးတာလည်း တစ်နှစ်ပြည့်နေပြီ။ ဒီနှစ် သင်္ကြန်တော့ စစ်ရှောင်စခန်းမှာပဲ နေလိုက်ရုံပဲ ရှိတယ်။ ဘာမှမလုပ်ဘူး မပျော်ဘူး "ဟု ပြောသည်။

ပင်လောင်းမြို့ထဲတွင် စစ်ကောင်စီတပ်သားများက မဏ္ဍပ်များ တည်ဆောက်နေပြီး ပျော်ပါးရန် လုပ်နေကြခြင်းသည် ငြိမ်းချမ်းနေ၍ ပွဲတော်ကျင်းပခြင်းလားဟု မေးမြန်းလိုကြောင်း၊ အကယ်၍ ငြိမ်းချမ်းနေပါက မိမိတို့ပြည်သူများသည် ကိုယ့်အိမ်ကိုယ့်ယာတွင် မနေရဘဲ မည်သည့်အတွက်ကြောင့် ထွက်ပြေးနေရသည်ကို မေးမြန်းချင်သည်ဟု နန်းထက်ထက်ဦးက ပြောသည်။

ရခိုင်ပြည်တွင်လည်း ဘုရားပုထိုးစေတီများတွင် မြန်မာစစ်တပ်မှ တပ်စွဲနေရာ အခိုင်အမာယူထားသောကြောင့် သင်္ကြန်ကာလအတွင်း ဘုရားရှိခိုး ဥပုသ်မစောင့်ရကြောင်း ဒေသခံများက ပြောဆိုကြသည်။

မြန်မာစစ်တပ်မှ နေရာယူထားသော ဘုရားရှိရာတောင်များမှာ မြောက်ဦးမြို့က ရွှေတောင်စေတီတော်နှင့် သင်းကျိတ်တော် စေတီတော်တို့ဖြစ်ပြီး ကျောက်တော်မြို့နယ်တွင် မဟာမုနိဘုရားရင်ပြင်နှင့် ကျောက်တော်တောင်ဘုရားအနီးတွင် တပ်စွဲထားခြင်းတို့ဖြစ်သည်။

ယင်းအပြင် မင်းပြားမြို့ထဲရှိ ကျိန်းတောင်ဘုရားတောင်ပေါ်တွင် အကာအကွယ်အဆောက်အဦးများ အခိုင်အမာတည်ဆောက်ကာ နေရာယူထားခြင်းနှင့် ဘူးသီးတောင်မြို့နယ်က ဘုရားသုံးဆူ စေတီတော်တို့ ဖြစ်ကြသည်။

ဒေသခံပြည်သူများက ဘုရားပုထိုးစေတီတော်များတွင် တပ်စွဲနေရာယူထားသည်ကို ဖယ်ရှားပေးရန် ၂၀၁၉ ခုနှစ်ကနေ တောင်းဆိုလာသော်လည်း မြန်မာစစ်တပ်မှ ဂရုမမူပေ။

Western News- WN

* * * သင်္ကြန်ပွဲမှာ စစျေ-ခွးတွေ ယုတ်မာမဲ့ Strategyနိုင်ငံရေးတင်မက စစ်ရေးမှာပါ မရှုမလှ အရှုံးကြီး ရှုံးနေတဲ့ စစ်ကောင်စီဟ...
12/04/2023

* * * သင်္ကြန်ပွဲမှာ စစျေ-ခွးတွေ ယုတ်မာမဲ့ Strategy

နိုင်ငံရေးတင်မက စစ်ရေးမှာပါ မရှုမလှ
အရှုံးကြီး ရှုံးနေတဲ့ စစ်ကောင်စီဟာ
NUG နဲ့ PDF တွေအပေါ်နိုင်ငံတကာရဲ့ ထောက်ခံမှု ကျဆင်းလာအောင်
ယုတ်မာမှုမျိုးစုံလုပ်နေပါပြီ။

PDF တွေဟာအကြမ်းဖတ်တွေပါဆိုပြီး နာမည်ဖျက်ဖို့ကို စစ်ကောင်စီဟာ ရည်ရွယ်ချက်ရှိရှိ အကွက်ကျကျ ပုံဖော်နေပါပြီ။

သင်္ကြန်ပွဲကို လူမစည် စည်အောင် အတင်းဇွတ်လုပ်ခိုင်းတယ်။
သင်္ကြန်မဏ္ဍပ်တွေကို PDF တွေက ရှော့တိုက်ဒုံးတွေနဲ့
ပစ်ခတ်မယ်ဆိုတဲ့ UG အယောင်ဆောင် Page တွေကနေ
စစျေ-ခွးတွေက UG ပုံစံနဲ့ သတိပေစခြိမ်းခြောက်တဲ့ ကြေငြာချက်ထုတ်တယ်။

ဒီနေ့လဲ လူထုရဲ့ ဒေါသတွေပိုကြီးလာအောင်လို့
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာက
စစ်ရေးပစ်မှတ် မဟုတ်တဲ့ လူစုဝေးထဲကို
ယနေ့ မနက်ပိုင်း လေယာဉ်နဲ့ ဗုံးကျဲတယ်။
ရဟတ်ယာဉ်ပေါ်ကနေ စစ်သေနတ်ပစ်လို့
လူ ၈၀ ကျော်သေတယ်လို့ သတင်းတွေတက်လာတယ်။

ညနေပိုင်းမှာ အလောင်းကောက်နေသူများနဲ့
နာရေးကိစ္စစီစဉ်နေသူများကို ထပ်ပြီး ဗုံးထပ်ကျဲတယ်။

ထိုကဲ့သို့ လူမဆန်တဲ့ ရက်စက်ယုတ်မာမှုတွေကို ပြုလုပ်နေတာဟာ
အကြောင်းမဲ့ ပြုလုပ်နေတာမဟုတ်ဘူး။

သင်္ကြန်ပွဲရက်တွေ မရောက်ခင်
လူထုရဲ့ ဒေါသကို စွပေးနေတဲ့ အခင်းအကျင်းဖြစ်တယ်။

ဒီလုပ်ရပ်ပြီးရင်
သင်္ကြန်မှာ ဒိထက် ရက်စက်ယုတ်မာတဲ့
တကမ္ဘာလုံးက ထိတ်လန့်သွားရလောက်တဲ့
ပြည်သူတွေထိခိုက်စေတဲ့ အကြမ်းဖတ်မှုတွေကို
ဒီစစျေ-ခွးတွေ ပိုလုပ်လာလိမ့်မယ်။

ထိုအကြမ်းအဖတ်မှုတွေကို PDF တွေက လုပ်တယ်ဆိုပြီ
သတင်းလွှင့်လိမ့်မယ်။

ကန့်ဘလူ ကိစ္စအတွက် မကျေနပ်လို့
သင်္ကြန်ပွဲကို PDF တွေက လက်တုန့်ပြန်တယ်ဆိုတဲ့ ကြေငြာချက်တွေကို
စစျေ-ခွးတွေ ဖန်တီးထားတဲ့
PDF အယောင်ဆောင် UG Page တွေကနေ
သတင်းတွေ ထုတ်ပြန်လိမ့်မယ်။

အဲဒီအကြမ်းဖတ်လုပ်ရပ်ကို သင်္ကြန်မှာ အကောင်အထည်ဖော်နိုင်ဖို့
အခု ကံဘလူမြို့နယ်၊ ပဇီကြီးရွာကို ဗုံကျဲမှုနဲ့ စယုတ်မာပြလိုက်တာဖြစ်တယ်။

စစျေ-ခွးတွေ ဆင်ထားတဲ့အကွက်က
ပဇီကြီးရွာကို သူတို့က ဗုံးကျဲလို့
PDF တွေက မြို့ပေါ်က ပြည်သူတွေရှိနေတဲ့ သင်္ကြန်မဏ္ဍပ်တွေကို
ဗုံးဖောက်ခွဲတယ်၊ ရှော့တိုက်ဒုံးနဲ့ ပစ်တယ်ဆိုပြီး
ဇာတ်လမ်းဆင်ချင်လို့ပဲ။

NUG နဲ့ PDF တွေအပေါ် နိုင်ငံတကာရဲ့ ထောက်ခံမှုကျဆင်းသွားအောင်
ပြုလုပ်နေတဲ့ စစျေ-ခွးတွေရဲ့ ယုတ်မာမှု Strategy ဖြစ်တယ်။
စစျေ-ခွးတွေ တကယ်ရက်စက် ယုတ်မာဖို့ Plan ဆွဲထားတဲ့ပွဲက
သင်္ကြန်ပွဲပဲ.....။

ပဇီကြီးရွာလို လေယာဉ်နဲ့ ဗုံးကျဲမှာမဟုတ်
PDF အယောင်ဆောင်ပြီး
ပြည်သူတွေထိခိုက်လောက်အောင်
ဗုံးခွဲ တိုက်ခိုက်မှာပဲ။

ဟို အရင် နဝတခေတ် ခင်ညွန့်တို့ခေတ်က
H2O သင်္ကြန်မဏ္ဍပ် ဗုံးပေါက်ကွဲခဲ့တာကို မမေ့ကြပါနဲ့။

အဲဒါ ပြည်သူများ သတိရှိကြဖို့လိုတယ်။

ဒီနှစ်သင်္ကြန်မှာ စစျေ-ခွးတွေရဲ့ တန်ဆာခံ မဖြစ်စေဖို့
မိမိအိမ်ထဲမှာ သင်္ကြန်ကျကြပါလို့
သတိပေးတိုက်တွန်းလိုက်သည်။

(နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိပါ.
ပဇီကြီးရွာကိစ္စနဲ့ သင်္ကြန် ဆက်စပ်နေတယ်။ )

လက်ယျာ

အီရတ်- အမေရိကန် စစ်ပွဲအတွင်းမှာ အီရတ် တပ်ဖွဲ့တွေက ဗုံးလာကျဲတဲ့ ဒဏ်ကို ကာကွယ်ဖို့ ကား တာယာ အဟောင်းတွေကို ဒီဇယ်ဆီနဲ့ အရင် ...
11/04/2023

အီရတ်- အမေရိကန် စစ်ပွဲအတွင်းမှာ အီရတ် တပ်ဖွဲ့တွေက ဗုံးလာကျဲတဲ့ ဒဏ်ကို ကာကွယ်ဖို့ ကား တာယာ အဟောင်းတွေကို ဒီဇယ်ဆီနဲ့ အရင် စိမ့်ထားတယ်၊ ဗုံးကျဲ ခံရပြီး ဆိုတာနဲ့ အဲဒီ တာယာကို ဓါတ်ဆီနဲ့ လောင်းပြီး မီးရှို့တယ်၊ မီးခိုးတွေ အူပြီး ထွက်လာလေ့ ရှိတယ်၊ အဆင့်မြင့် တိုက်လေယာဥ်တွေကို မဟန့်တား နိုင်ရင်တောင် ... ရဟတ်ယာဥ်လို အနိမ့်ပျံ ယာဥ်တွေကို ဟန့်တားနိုင်တယ် ...
နောက်တစ်မျိုးက သာမန် ပင်လယ် ကမ်းရိုးတန်းသွား သဘ်ောတွေမှာ သုံးတဲ့ ရေဒါကို သုံးတဲ့ နည်းစနစ်၊ ဒါက အရာရာကို ကြိုတင်ပြီး ရာခိုင်နှုန်းပြည့်တော့ မကာကွယ်နိုင်ဘူး ..... ဘာမှ မရှိ၊ ဘာမှ မတတ်နိုင်တာထက်တော့ အများကြီး အသုံးဝင်တယ် ...
ဗီယက်နမ်- အမေရိကန် စစ်ပွဲ အတွင်းတုန်းက ဗီယက်ကောင်း တပ်ဦး (မြောက်ဗီယက်နမ် ကွန်မြူနစ်တပ်ဦး) ဘာလုပ်သလဲ ဆိုတော့ ရွာပုံစံတူ ရွာအတုတွေ လုပ်တယ်၊ စာခြောက်ရုပ်ကို လူဝတ်စုံ ဝတ်ပေးပြီး စခန်းအတုတွေ လုပ်တယ်၊ ဒီနည်းစနစ်နဲ့ အမေရိကန် မရိန်းတပ်တွေကို လှည့်ဖြားတယ်၊ အမေရိကန်တပ်က အဲလို စခန်းအတုတွေကို လာခြေမှုန်းတဲ့ အခါ စခန်းအတု နံဘေး ကနေ လာပြစ်တဲ့ ရဟတ်ယာဥ်ကို ပစ်ချတယ် ... ...
စစ်ဖြစ်နေတဲ့ ဇုန်တစ်ခုမှာ လူတွေအများကြီး အစုလိုက် အဖွဲ့လိုက် စုတာကို ရိုးရိုးသားသား ပြောရရင် ကျနော်တော့ လုံးဝ နားမလည်ဘူး ...
ထိန်းချုပ်ဒေသတွေမှာ ဆန္ဒပြပွဲတွေ နေ့စဥ် လုပ်ပြဖို့ မလိုဘူး၊ လူတိုင်းကို ကာကွယ်ရေး တိုက်ခိုက်ရေး နည်းပညာ သင်ပေးသင့်တယ် .....
လူတိုင်း ပီဒီအက်ဖ် ဖြစ်နေဖို့ လိုပါတယ် ...

Ko Aung Khin Myint

မြန်မာမိတ်ဆွေများအတွက် အရေးကြီးအကြံပေးစကားအခုနောက်ဆုံးတွေ့ရတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရဲ့  ကြောက်စရာကောင်းတဲ့ဓာတ်ပု...
11/04/2023

မြန်မာမိတ်ဆွေများအတွက် အရေးကြီးအကြံပေးစကား

အခုနောက်ဆုံးတွေ့ရတဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုရဲ့ ကြောက်စရာကောင်းတဲ့ဓာတ်ပုံတွေကို မကြည့်ပါနဲ့။
ဒါတွေက ဘယ်လောက်ရက်စက်ပြီး နာကျင်စေသလဲဆိုတာ ၊ ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ သတင်းအချက်အလက်တွေကို မင်းမြင်နေ၊ သိနေပြီး ဖြစ်ပါတယ်။

ဒါဆို လုံလောက်ပြီ။ အကြမ်းဖက်စစ်တပ်ဟာ အ ပြစ်မဲ့တဲ့အရပ်သားတွေအပေါ် ရက်စက်ကြမ်းကြုတ်တာတွေ ကျူးလွန်တာကို မင်းသိပြီးသားပါ။

ဒါကြောင့် ဒီပုံတွေကို ထပ်ခါ ထပ်ခါ မကြည့်ပါနဲ့။ ကလေးတွေရဲ့ ခန္ဓာကိုယ်အပိုင်းအစတွေကိုကြည့်ပြီးတော့လည်း အရမ်းထိတ်လန့် မသွားပါနဲ့နော် ။ ဆိုရှယ်မီဒီယာအပေါ်လည်း ထပ် မဖြန့်ဝေပါနဲ့။ ဒီပုံတွေက သတင်းမီဒီယာတွေနဲ့ ဆိုရှယ်မီဒီယာတွေပေါ်မှာ ရှိပြီးသားပါ။

ဒါကို ထပ်ပြီး ဖြန့်ဝေမယ်၊ ဆက်ကြည့်နေမယ်ဆို မင်းရဲ့စိတ်ကို မင်းကိုမင်း ပြန်အဆိပ်ခတ်နေသလိုပါပဲ။

ဒီလိုရက်စက်မှုတွေရဲ့ရည်ရွယ်ချက်က မင်းရဲ့ စိတ်ကို သတ်ပြီး စွမ်းအင်ကုန်အောင် လုပ်တာပါ။

ဒါကြောင့် မင်းအောင်လှိုင်က ဒါတွေကို လုပ်နေတာ။
မသိစိတ်ကနေ လူတွေရဲ့ ခံနိုင်ရည်စွမ်းအားကို တိုက်ခိုက်တာပါ။လူတွေရဲ့ စိတ်နဲ့ခံယူချက်တွေကို အဆိတ်ခတ်နေတာပါ။
ဒါကြောင့် ဒီအဆိပ်တွေကို မင်း ငြင်းပယ်ရမယ်။ ပြန်ကာကွယ်ရမယ်။ မင်းတို့အားလုံး စုစည်းရမယ်။ မင်းတို့ ပြန်လည်ခုခံရမယ်။

ဒါကြောင့် ကလဲစားဖို့ တွေးပါ။ မင်းအောင်လှိုင်ကို ဂဒါဖီနဲ့ ဆမ်ဒန်ဟူစိန်လို အဆုံးသတ်နိုင်မယ့်နေ့ကို တွေးမြင်ပါ။

အီဂေါဗလာဇီဗစ်

C တွေကို အထူးမှာချင်တယ်။ချစ်လို့ပြောတာလို့ပဲ မှတ်ပေးပါ။ထိခိုက်နစ်နာစေလိုစိတ် အလျဥ်းမရှိဘဲ ချစ်ခင်တန်ဖိုးထားစိတ်နဲ့ပြောခြ...
16/02/2023

C တွေကို အထူးမှာချင်တယ်။
ချစ်လို့ပြောတာလို့ပဲ မှတ်ပေးပါ။
ထိခိုက်နစ်နာစေလိုစိတ် အလျဥ်းမရှိဘဲ ချစ်ခင်တန်ဖိုးထားစိတ်နဲ့ပြောခြင်းသာဖြစ်ပါတယ်။

ဆက်ပြီး C ခွင့်ရချင်သပဆိုရင်
ဒါတွေကို မလုပ်ပါနဲ့။

(၁) ကိုယ့်ရဲ့ Profile မှန်သမျှ ဘာမှ ထပ်မတင်ပါနဲ့ ။ ပုံ ၊ Data ၊ လိပ်စာအရိပ်အမွှက် ၊ မင်္ဂလာဆောင်ဖိတ်စာ ၊ သာရေးနာရေးဖိတ်စာ ။
နည်းနည်းလေးနာအောင်ပြောရရင်
ကိုယ့်ရဲ့ မျက်နှာပါတဲ့ ပုံကို Facebook မှာ တင်ရဲသေးတဲ့ စိတ်ကို အတော်လေးအံ့သြမိတယ်။ Insecure Feeling ကို မခံစားရလို့လား။ Profile Locked ဘယ်လောက်ချထားပါတယ်ပြောပြော ... ကိုယ့်နောက်ကျောကို ဓားနဲ့ထိုးတဲ့သူက ကိုယ့်အနီးနားကသူတွေပဲဆိုတာ ဘဝနဲ့ရင်းပြီးသင်ယူလာဖို့ ခုချိန်ထိမလုံလောက်သေးလို့လားဟင်။

(2) messenger ကနေ သာရေး နာရေး ကိစ္စတွေကလွဲရင်
Fund ကိစ္စ တော်လှန်ရေးကိစ္စ ဘာကိုမှ အသစ်ထပ်မံမပြောပါနဲ့ ။
Messenger ရဲ့ Security ကိစ္စကို စိတ်ပူတာထက် ၊ ကိုယ်နဲ့ ပြောနေတဲ့တစ်ဖက်သူရဲ့ ကိုယ်ကျင့်တရားနဲ့ စောင့်ထိန်းတတ်မှုကို အမြဲသံသယထားပါ။
Fund ကိစ္စတွေ ပြောမယ်ဆို ရင် telegram ခေါ်။
Telegram ရဲ့ Privacy Setting ကိုတော့ ချိန်ထားပေါ့။ အတော်လေး Ease ဖြစ်ပြီး တော်တော့်ကို Secure ဖြစ်တာမို့လို့ ပါ။
တလောကပဲ အသိထောက်ပို့တွေ ပါသွားပါတယ်။ ကျနော့်ဖက်က အားသာသွားတာက သူတို့နဲ့ Telegram ကပဲ စကားပြောဖူးတာပါ။ ဒါကြောင့် သိသိချင်းမှာပဲ Msg ကို သူ့ဖက်ရော ကိုယ့်ဖက်ရော ၂ ဖက်စလုံးတွက် ဖျက်ချလိုက်ပါတယ်။
Messenger မှာ အဲ့လို စနစ်မရှိပါဘူး။
ကိုယ့်ဖက်ကသာ ဖျက်လို့ရပေမဲ့သူ့ဖက်က မဖျက်မချင်း Msg က ပျက်မှာမဟုတ်ပါဘူး။ လူတွေကို မယုံပါနဲ့ ။

( ၃ ) ဘာအကြောင်းကြောင့်မှ ကိုယ့်ရဲ့ Location ကို မပြောမိ ၊ မခေါ်မိ ၊ မဖွင့်ဟမိစေနဲ့ ။ ကိုယ်ဘယ်မြို့မှာဆိုတာတောင် မလိုအပ်ရင် မသိစေနဲ့ ။
အတတ်နိုင်ဆုံး Location ပြောတာမျိုးဆို telegram ပဲသုံး။
❌No Viber , No Messenger , No SMS

(၄) ကိုယ့် Location အကြောင်းမပြောမိစေအောင် သတိထားရမှာဖြစ်သလို
သူတစ်ပါးအကြောင်းကိုလည်း မလိုအပ်ရင် ယောင်ပြီးတောင် မပြောနဲ့ ။
သူ ဘာလုပ်နေလဲ ၊ ဘာတွေ လုပ်နေရလဲ ၊ ဘယ်လောက် Risk ရှိလဲဆိုတာ သူ့ဘာသာသူသိလိမ့်မယ်။
ကိုယ်က သူ့ ရဲ့ Data သိနေရင်တောင် မလိုအပ်ဘဲ အခြားသူဆီ မြူမှုန်တစ်စလောက်တောင် မShare မိစေနဲ့ ။
မသိဘူး လို့ ငြင်းလိုက်ရမှာ ဘာတွေများခက်ခဲနေလို့လဲ။

( ၄ ) ဖုန်းကို ၂ လုံးထား ။
အပြင်ထွက်ရင် ကိုင်ဖို့ ဖုန်းကို 2nd Hand ဝယ်ထား။ အကောင့့်တုဖောက်ထား။
အကောင့်တုနဲ့ OS page တွေရှဲ ၊ တရာဖိုး ၃ပုဒ်တွေရှဲ ၊ တရားတွေ ရှဲ ၊ ကြောင်ပုံတွေရှဲ ၊ လင်တရူးတာတွေရှဲစမ်းပါ အားရပါးရ ။
တကယ်သုံးတဲ့ဖုန်းမှာ ကလစ်ဖို့ Apk တွေထား ၊ Telegram တွေထည့့်ထား ၊ NUG Pay ထည့့်ထား ၊
လိုအပ်ရင် Format ချပလိုက်ဖို့ ကိုယ့်ဖုန်းရဲ့ ဘယ် setting ထဲမှာ Format ပါလဲရှာထား။
အကယ်၍ အိမ်မှာ အစစ်ဆေးခံရရင် ဘယ်နေရာမှာဖွက် or ဖျောက်ဖျက်ရမလဲဆိုတာတွေးထား။
သြော် .... ကလေးတွေကို ပြောသလို လိုက်ပြောနေရတာ သိပ်ခက်တာပဲ ။
ဒါတွေက လွန်ခဲ့တဲ့ ၁ နှစ်ကျော်လောက်ကတည်းက လွယ်လွယ်ကူကူ လုပ်တတ်သင့်နေရမှာ ။

ဒါတွေကို လုပ်ပါ။
( ၁ ) ကိုယ့်ကိုယ်ကိုယ် အမြဲသတိပေးနေပါ။
ငါတို့ဟာ ထောင်ထဲမှာရောက်နေတာ။
ငါတို့ အချိန်မရွေး သေနိုင်တယ်။
ငါတို့ ပြန်ရုန်းမှ ရမယ်။
နေ့တိုင်း တော်လှန်ရေးနဲ့ ပတ်သက်တဲ့ ကိစ္စ ( ကြီးငယ်မဆို ) တစ်ခု မလုပ်ဘဲ မနေဘူး ၊ မအိပ်ဘူး ။

ဒါဆိုရင် တော်တော် လုံလောက်နေပါပြီလေ။
ထပ်မပြောတော့ပါဘူး။

နောက်ဆုံး အနေနဲ့ ထပ်ပြီး သေချာမှာချင်တာတစ်ခုရှိပါတယ်။
အခုအချိန်မှ NON မယ်ဆိုရင်
ကျေးဇူးပြုပြီး Block သွားပေးပါ။
ကိုယ့်လမ်းကိုယ် ရွေးပြီးသွားပြီဖြစ်တဲ့အတွက် ကိုယ့်လမ်းကို အေးဆေးလျှောက်ပါ။ စိတ်ပူတာတွေ ဘာညာ သာရကာ ကာလာဆိုးထားတာတွေ မကြားချင်ဘူး။ ယုံလည်းမယုံဘူး။ ဒုက္ခတောထဲမှာတောင် ပစ်ထားရက်ခဲ့သေးတာပဲ ။ ဘေးကင်းအောင်နေနော် စိတ်ပူတယ် ငါတို့တော့ကိုယ်လွတ်ရုန်းပြီ တာ့တာနော် ဆိုတဲ့ စကားတွေကို ရင်မခုန်ဘူးရယ်။
သည်တော့ တောင်းဆိုပါတယ်။
Non သွားပြီဆိုကတည်း ဘဝမှာ
ကျနော်တို့ ဆိုတာ မရှိခဲ့သလို မသိခဲ့သလို မကျွမ်းဝင်ခဲ့သလို သာ နေပါ။
ဘာလို့လဲဆိုတော့ ကျနော်တို့ရဲ့ Data တွေကို ၂ နှစ်လုံးလုံး အနီးကပ်စောင့်ကြည့်နေခဲ့ပြီးတော့မှ ခုချိန်မှ ထထွက်သွားတာ
ကျနော်တို့ မြွေ​ပွေးခါးပိုက်ပိုက်ထားခဲ့တာပဲ မလား။
ကြောက်ပါတယ် တကယ်ကြောက်တယ်။
ရှေ့ဆက်ပြီး လုပ်ချင်တွေ ရှိသေးတဲ့အတွက်
ကျနော်တို့ကို မေ့လိုက်ပါ။
အတူရုန်းကန်ပေးခဲ့တယ် ...ဘာညာဆိုတာလည်း ကျနော်က အမှတ်ရနေမှာမဟုတ်ပါ။
အိုးတည်ပြီး ဆန်ခတ်ထားပေမဲ့ ထမင်းမနပ်ပ်ရင် အချိန်ကုန်လူပန်းပြီး ဘာမှ အရာမထင်ပါဘူး။
ဘာကြောင့်ပဲ Non သွားသွား
အချိန်တန်တော့
တံငါနားနီး တံငါ
မုဆိုးနားနီး မုဆိုး
လောက်နားနီးတော့ လောက်စိတ်ပေါက်ပြီး
ဒုက္ခပြန်ပေးမှာကို ကြောက်ပါတယ်။
မပေါက်ဘဲမနေပါဘူး။
ကြောင်တွေရဲ့ Memory က ၂ မိနစ်ပဲ ခံတယ်ဆိုရင်
လူတွေရဲ့ Memory က ၂ ပတ်ပဲခံပါတယ်။
၂ ပတ်ကြာတဲ့အခါ နေသားကျသွားပြီး ရောက်လေရာဘဝမှာ ပျော်သွားပါလိမ့်မယ်။ အဲ့အခါကျ ကျတော်တို့ကို စပြီး ဒုက္ခပေးချင်စိတ်တွေ တဖွားဖွားဖြစ်လာတော့မှာသိနေတာမို့ ကြောက်ပါတယ်။
ဒါကြောင့် မေ့လိုက်ပါ။
Block လိုက်ပါ။
Original Non ထက် အခု Non တွေကိုပိုကြောက်ပါတယ်။
🙏🙏🙏

Credit to Original Writer

Address

Ranchi

Alerts

Be the first to know and let us send you an email when တော်လှန်ရေးသတင်းလွှာ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to တော်လှန်ရေးသတင်းလွှာ:

Share