Mobye News

Mobye News မိုးဗြဲဒေသတွင်း သတင်း

05/06/2023

Breaking News
=====
Mon, Jun 5, 2023

အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာသောကြောင့် မိုးဗြဲမှာ တိုက်ပွဲတွေပြင်းထန်နေပါတယ်။ လက်ရှိအချိန်မှာတော့ လက်နက်ငယ်ပစ်ခတ်သံတွေ ဆူညံနေပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးတွေဟာ မိုးဗြဲမြို့လူနေရပ်ကွက်များပေါ်သို့ကျရောက်လျက်ရှိပါတယ်။

မိုးဗြဲမြို့အတွင်းနေထိုင်သူအချို့ကတော့ ယနေ့မနက်ပိုင်းကတည်းက ဘေးလွတ်ရာသို့ တိမ်းရှောင်နေပြီး ရပ်ဝေးမရှောင်နိုင်သူများက ဘုန်းတော်ကြီးကျောင်းတွေမှာ စုဝေးစစ်ဘေးရှောင်နေကြပါတယ်။


#လက်နက်ကြီး
#မိုးဗြဲတိုက်ပွဲ

မိုးဗြဲမှာ တိုက်ပွဲပြင်းထန်=====June 5, 2023Jun 4ရက်နေ့ မနေ့ညက မိုးဗြဲမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မိုးရွားသွန်းနေချိန်...
04/06/2023

မိုးဗြဲမှာ တိုက်ပွဲပြင်းထန်
=====
June 5, 2023

Jun 4ရက်နေ့ မနေ့ညက မိုးဗြဲမှာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ မိုးရွားသွန်းနေချိန်မှာပဲ လက်နက်ငယ်ပစ်ခတ်မှုတွေနဲ့စတင်ခဲ့ပြီး စကစရဲ့လက်နက်ကြီးအများအပြားဟာ မိုးဗြဲမြို့နေရာအတော်များများကို ကျရောက်ခဲ့ပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အရပ်သား‌ထိခိုက်ဒဏ်ရာရရှိမှုများနှင့် နေအိမ်ပျက်စီးမှုများရှိတယ်လို့ သိရပါတယ်။

စကစရဲ့ လက်နက်ကြီးကြောင့်လည်း မဟာဓာတ်အားလိုင်းကြိုး ထပ်မံပျက်စီးသွားသလို မိုးဗြဲမြို့မှာ မီး၊ အင်တာနက်များးပျက်တောက်နေပါတယ်။


#လက်နက်ကြီး #မဟာဓာတ်အားလိုင်း
#အရပ်သား

မိုးဗြဲမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားသေဆုံးမှုရှိ=====Jun 3, 2023ယနေ့ မနက် ၅း၄၅ ဝန်းကျင်မှာ အကြမ်းဖက်စစ...
03/06/2023

မိုးဗြဲမြို့အတွင်း လက်နက်ကြီးကျရောက်မှုကြောင့် အရပ်သားသေဆုံးမှုရှိ
=====
Jun 3, 2023

ယနေ့ မနက် ၅း၄၅ ဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီမှ မိုးဗြဲမြို့အတွင်းသို့ လက်နက်ကြီး (၃)လုံးပစ်ချခဲ့ပါသည်။ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် အသက်(၂၂)နှစ်အရွယ် အရပ်သားကျား(၁) ဦးသေဆုံးပြီး နေအိမ်မီးလောင်မှုများလည်းရှိတယ်လို့သိရပါတယ်။


#အရပ်သား
#လက်နက်ကြီး

ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်။=====Jun 1, 2023မိုးဗြဲ-ပီကင်းလမ်းပေါ်...
01/06/2023

ကယန်းပြည်သစ်တပ်မတော် လုံခြုံရေးဂိတ်ကို အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗုံးကျဲတိုက်ခိုက်။
=====
Jun 1, 2023

မိုးဗြဲ-ပီကင်းလမ်းပေါ်ရှိ ကယန်းဒေသနယ်မြေလုံခြုံရေး ဂိတ်တစ်ခုကို ယနေ့မနက် (၄)နာရီဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တိုက်လေယာဉ်ဖြင့် ဗုံး(၂)လုံးကျဲပြီး တိုက်ခိုက်ခဲ့ပါတယ်။ ၎င်းဂိတ်ဟာ ကယန်းပြည်သစ်တပ်မတော်ရဲ့ ဂိတ်တစ်ခုလည်း ဖြစ်ပါတယ်။ ကယန်းပြည်သစ်ရဲဘော်များရဲ့ ထိခိုက်ဒဏ်ရာရအခြေနေကို မသိရသေးပါဘူး။

Photo_PKPF


#ကယန်းပြည်သစ်
#ဗုံးကျဲ #လေယာဉ် #လေကြောင်းတိုက်ခိုက်မှု

အကြမ်းဖက်စစ်ကောင်စီ၏ညအချိန်မတော် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားဒဏ်ရာရရှိ========May 30, 2023မေလ ၂၉ ရက် မနေ့ည (၁၁)နာရ...
30/05/2023

အကြမ်းဖက်စစ်ကောင်စီ၏ညအချိန်မတော် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားဒဏ်ရာရရှိ
========
May 30, 2023

မေလ ၂၉ ရက် မနေ့ည (၁၁)နာရီဝန်းကျင်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီ (၄၂၂)တပ်မှ မိုးဗြဲမြို့ လူနေရပ်ကွက်များအတွင်း လက်နက်ကြီး (၁၀)လုံးထက်မနည်း ပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးကြောင့် လူနေအိမ်တချို့ ပျက်စီးသွားသလို အရပ်သားထိခိုက်ဒဏ်ရာရရှိသူများလည်းရှိတယ်လို့ သိရပါတယ်။

"ညအချိန်မတော် အိပ်မောကျတဲ့အချိန်ကြီးလေ အရပ်သား‌တွေချည်းရှိတဲ့နေရာကို ဘာလို့ပစ်တာလည်း" လို့ ဒေသခံတစ်ဦးက ရင်ဖွင့်သည်။

#လက်နက်ကြီး
#အရပ်သား

May 27, 2023အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်က ဘုန်းတေ...
27/05/2023

May 27, 2023

အကြမ်းဖက်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်က ဘုန်းတော်ကြီးကျောင်းမြင်ကွင်း။

ဓာတ်ပုံ_CJ

#မိုးဗြဲ #ညောင်ဝိုင်း #ဘုန်းကြီးကျောင်း
#လေကြောင်းတိုက်ခိုက်မှု

အကြမ်းဖက်စစ်တပ်၏လေယာဉ်ဗုံး‌ကြောင့် မိုးဗြဲမှာ ဘုန်းတော်ကြီးကျောင်းအပါအဝင်အရပ်သားတချို့ထိခိုက်ဒဏ်ရာရရှိ။=====May 27, 2023...
27/05/2023

အကြမ်းဖက်စစ်တပ်၏လေယာဉ်ဗုံး‌ကြောင့် မိုးဗြဲမှာ ဘုန်းတော်ကြီးကျောင်းအပါအဝင်အရပ်သားတချို့ထိခိုက်ဒဏ်ရာရရှိ။
=====
May 27, 2023

မိုး‌ဗြဲမြို့တွင်ယနေ့မနက်အစောပိုင်းကဖြစ်ခဲ့တဲ့ထိတွေ့တိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လေကြောင်းတိုက်ခိုက်မှု (၁၀)ကြိမ်လုပ်ခဲ့ပါတယ်။ မိုးဗြဲမြို့နေရာတော်တော်များများကို လေယာဉ်စက်သေနတ်ဖြင့် (၇)ကြိမ်ပတ်ပစ်ခဲ့ပြီး (၃)ကြိမ်မှာ ပေါင်(၅၀၀) ဗုံးသီးကြီးများဖြစ်သည်။ လေယာဉ်စက်သေနတ်ကြောင့် ပေါ်ဦးရပ်ကွက်ရှိ အရပ်သားတချို့ ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။ လေယာဉ်စက်သေနတ်ကြောင့် ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များပါဝင်သည်ဟုသိရပါတယ်။ ညောင်းဝိုင်းဘုန်းတော်ကြီးကျောင်းမှာလည်း လေယာဉ်ဗုံးကြောင့် အတော်အတော်များများပျက်စီးသွားသလို ၎င်းကျောင်းအနီးရှိ မဟာဓာတ်အားလိုင်းကြိုးများလည်း ပျက်စီးသွားခဲ့ပါတယ်။

#မိုးဗြဲ #ညောင်ဝိုင်း
#ဗုံးကျဲ #လေကြောင်းတိုက်ခိုက်မှု
#အရပ်သား #ဒဏ်ရာ

27/05/2023

လက်ရှိအချိန်ထိ လေယာဉ်ဗုံး(၃)လုံး မိုးဗြဲမြို့ညောင်ဝိုင်းရပ်ကွက်နဲ့ဈေးကုန်းရပ်ကွက်ဘက်ကိုကျဲချနေပါတယ်။

27/05/2023

Breaking News
=====
May 27, 2023

ယနေ့မနက် (၅)နာရီဝန်းကျင်လောက်က မိုးဗြဲမြို့၊ ညောင်ဝိုင်းရပ်ကွက်မှာ ပစ်ခတ်သံတွေ ဆူ‌ညံနေပါတယ်။ ခမရ422တပ်ကလည်း လက်နက်ကြီးတွေနဲ့ မိုးဗြဲမြို့ထဲကို ဆက်တိုက်ထုနေပါတယ်။

(၇)နာရီဝန်းကျင်မှာတော့ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လေကြောင်းအသုံးပြုတိုက်ခိုက်နေပါတယ်။ ယခုအချိန်ထိ လေကြောင်းတိုက်ခိုက်မှု (၇)ကြိမ်ရှိပါပြီ။

Edit_လေယာဉ်ဗုံးကျဲ(၃)ကြိမ်

23/05/2023

Breaking News
=====
May 23, 2023 (Tue)

ယနေ့ည 9:30 ဝန်းကျင်တွင် အကြမ်းဖက်စစ်ကောင်စီမှ မိုးဗြဲမြို့အနီး စစ်ဘေးရှောင်များရှိရာနေရာကို လေကြောင်းဖြင့် (၂)ကြိမ် ဗုံးကျဲတိုက်ခိုက်ခဲ့ပါတယ်။ 10နာရီ ဝန်းကျင်မှာလည်း ၎င်းနေရာသို့ လက်နက်ကြီး (၅)လုံးထက်မနည်းပစ်ခတ်နေပါတယ်။ ယနေ့ဟာဆိုရင် မိုးဗြဲရဲစခန်းကို ကရင်နီဒေသတွင်းတော်လှန်ရေးပူးပေါင်းအဖွဲ့များ တိုက်ခိုက်သိမ်းယူခဲ့ခြင်း (၂)နှစ်ပြည့်သည့်နေ့လည်းဖြစ်ပါတယ်။


#လေကြောင်းတိုက်ခိုက်မှု #ဗုံးကျဲ
#လက်နက်ကြီး #မိုးဗြဲရဲစခန်း

18/05/2023

Breaking News
=====
May 18, 2023

ယနေ့ မနက် 11 နာရီဝန်းကျင်တွင် အကြမ်းဖက်စစ်ခွေးများ တင်ဆောင်လာသော စစ်ခွေးကား 10စီးဝန်းကျင် မိုးဗြဲမြို့ကိုဖြတ်သန်းခဲ့ပါသည်။ ကြောက်လန့်တကြား ဒုန်းစိုင်း‌‌မောင်းနှင်လာသော စစ်ခွေးကားများ မိုးဗြဲမြို့တွင်းဖြတ်သန်းနေစဉ် သေနတ်ရမ်းသမ်းပစ်ခတ်ခဲ့ရာ အရပ်သား (၃)ဦး သေနတ်ကျည် ထိမှန်ခဲ့ပါသည်။

"ဒါ အရပ်သားတွေကို သပ်သပ် ပစ်ခတ်တာ စစ်ရာဇဝတ်မှုပဲ အရပ်သားတွေကို လုပ်ချင်သလိုလုပ်မှာပေါ့ သူတို့ရှေ့တန်းမှာ ခွေးသေနွားသေ ခံနေရတာလေ" လို့ အရပ်သားတစ်ဦးက မှတ်ချက်ပေးသည်။

ဗုံးခိုကျင်း.. ... ... ...(For Public Safety Knowledge Sharing)ခုတလော ဗုံးအရမ်းကျဲနေတာရော.. လိုင်းပေါ်မှာတင်တဲ့ဗုံးခိုကျ...
15/05/2023

ဗုံးခိုကျင်း.. ... ... ...
(For Public Safety Knowledge Sharing)

ခုတလော ဗုံးအရမ်းကျဲနေတာရော.. လိုင်းပေါ်မှာတင်တဲ့ဗုံးခိုကျင်းပုံတွေက လိုအပ်ချက်ရှိနေတာကြောင့်ရော ရေးပါတယ်..
လေကြောင်းရန်ကာကွယ်ရေးအတွက် Brief Report အသေးလေး အရင်နှစ်လောက်ကတည်းက လုပ်ခဲ့တာပါ...

ပထမဆုံး ဘယ်လိုဗုံးခိုကျင်းလုပ်ချင်တာလဲ ဆိုတာ အရင် ဆုံးဖြတ်ရပါမယ်..
ဗုံးဘေးမှာကျရင် မသေအောင်ဆိုရင်တော့ အမိုးအကာသိပ်အမာကြီးလုပ်ဖို့မလိုဘဲ ကျင်းသာပီပီပြင်ပြင်တူးဖို့ လိုပါတယ်...
ကိုယ့်တစ်ရပ်လောက်ဆို လုံလောက်ပါတယ်...

ဗုံးတည့်တည့်ကျတာကိုခံနိုင်အောင်အထိ ဆိုရင်တော့ သေချာလုပ်ရပါမယ်..
အကောင်းဆုံးကတော့ သံကူကွန်ကရစ်ပါ..

စက်အမြောက်ဒဏ်လောက်ဆို သံကူကွန်ကရစ် ၁ ပေ ထူဖို့လိုပါတယ်.. မြေကျစ်ဆိုရင် ၄ ပေ ထူဖို့လိုပါတယ်...
(လက်နက်ငယ်.. RPG.. ၄၀/၆၀ ဗုံးသီးတွေက အရည်အသွေးကောင်းတဲ့ကွန်ကရစ် ၁ ပေကို မဖောက်ပါ)
ဒီအမျိုးအစားကိုပဲတတ်နိုင်ကြတာများပါတယ်.. ဒီအမျိုးအစားဟာ အရည်အသွေးကောင်းအောင်လုပ်ပြီး မြေတွေ ကျောက်တွေ သစ်တွေ အပေါ်မှာထပ်ပိုးဖုံးထားရင် ဗုံးဒဏ်တောင် အထိုက်အလျောက် ခံနိုင်ပါတယ်...
ဘန်ကာအနေနဲ့လဲ သုံးနိုင်ပါတယ်..

ပေါင် ၅၀၀ ဗုံးအတွက်.. သံကူကွန်ကရစ် ၂.၅ ပေ (မြေကျစ်ဆိုရင် တုံးမပါ ၁၀ ပေ.. ရိုးရိုးကွန်ကရစ်/အုတ်စီနံရံဆိုရင် ၃.၅ ပေ) လိုမှာပါ.. တွက်ဖို့က.. သံကူကွန်ကရစ်နဲ့ ရိုးရိုးကွန်ကရစ် ၁.၅ နဲ့မြှောက်ပြီး.. မြေကျစ်ဆိုရရင် ၄.. မြေပွရင် ၆ နဲ့မြှောက်ပါ..
ပေါင် ၅၀၀ ဗုံးခိုကျင်းဟာ လက်နက်ကြီးဒဏ်ခံနိုင်ပါတယ်..

ပေါင် ၁၀၀၀ ဗုံးအတွက်တော့ ပေါင် ၅၀၀ ကအချက်အလက်ကို ၂ နဲ့မြှောက်လို့ရပါတယ်...

တစ်ချို့ဆို ခေါင်မိုးမှာ ခိုထားပြီး ဘေးတွေကိုအားဖြည့်ထားပါတယ်.. Bunker Type ပေါ့.. တစ်ချို့ကတော့ အမိုးကိုသေချာမိုးပြီးဘေးကို ဆင်ခြေလျှောပုံမြေအများကြီးဖို့ပါတယ်..
ဒါကြောင့် ဘယ်လိုဗုံးခိုကျင်းလုပ်ချင်တာလဲလို့ အရင်ဆုံးစဉ်းစားဖို့လိုတာပေါ့..

ပေါင် ၁၀၀၀ ဗုံးကျင်းအတွက်မြေဖို့ဖို့ ပေ ၂၀ တောင်လိုတာပါလားလို့ မေးစရာရှိပါတယ်.. မြေသားချည်းဆို လိုပါတယ်.. ဒါပေမဲ့အဲ့လောက်မြေဖို့ဖို့ မဖြစ်နိုင်ပါ.. ဒါ့ကြောင့် ဗုံးကြီးတွေအတွက်ကတော့ ကွန်ကရစ် ၅ ပေထုကိုပဲ ရွေးချယ်ရမှာပါ..
ကွန်ကရစ်မဖြစ်နိုင်ရင် ကျောက် သဲ အရောကို ရွေးချယ်ရမှာပါ.. ကျောက်စီရာမှာ ကျောက်အကြီးတစ်ထပ်-သဲတစ်ထပ်.. ကျောက်အသေးတစ်ထပ်-သဲတစ်ထပ် စီရမှာပါ.. တွက်ရခက်ပေမဲ့ ကျောက်ကို သံကူကွန်ကရစ်x၂ နဲ့ပဲ တွက်စေချင်ပါတယ်..
ဒါပေမဲ့ ဒီအထူတွေဟာ သေချာအရည်အသွေးကောင်းမှဖြစ်မှာကို နားလည်ရပါမယ်.. အရည်အသွေးစိတ်မချရရင် လုပ်ဖို့က အထူကိုတိုးဖို့ပါပဲ...

မြေဖို့ရမဲ့ထုကို ကျောက်တွေရောရင် သို့မဟုတ် သစ်တုံးတစ်ထပ် ကျောက်တစ်ထပ်လုပ်ရင်တော့ အထိုက်အလျှောက် လျှော့ချလို့ရပါတယ်.. ဒါပေမဲ့ ရမ်းလုပ်တာမျိုး အားမပေးပါဘူး..
ဥပမာ ပထမအမျိုးအစားကို မြေသား ၄ ပေဖို့မဲ့အစား ၁.၅ ပေမြေသားဖို့.. ၀.၅ ပေ သစ်လုံးထပ်တင်.. ၀.၅ ပေ ကျောက်ခင်း.. ၀.၅ ပေမြေထပ်ဖို့ရင် စုစုပေါင်း ၃ ပေဖြစ်မှာမို့ မူလမြေသား ၄ ပေထက် ၁ ပေအထူလျော့နဲတဲ့အပြင် အမာဖြစ်တဲ့ကျောက်နဲ့ အပျော့ဖြစ်နဲ့သစ်ပါလို့ ပိုလည်းခိုင်ပါတယ်...

👉 ဗုံးခိုကျင်းလုပ်ရင် ဒီအချက်တွေသတိပြုဖို့လိုပါတယ်..

၁... ကျင်းတူး အမိုးမိုးပြီး မြေဖို့ရင် ဘောင်သေချာခွေဖို့လိုပါတယ်.. မြေဝိတ်ကအရမ်းများမှာမို့ မြေမပြိုကျနိုင်တာသေချာတဲ့အထိ ဘောင်ခွေဖို့လိုသလို လိုအပ်ရင် ထောက်တိုင်တွေပါလုပ်ဖို့ လိုပါတယ်.. အင်္ဂတေဆိုလဲ သေချာအုတ်မြစ်ချပြီး ဘေးပတ်လည်နံရံလုပ်ပြီး ဆောက်ရပါမယ်..
သိဖို့က မြေဝိတ်တင်မက ဗုံးကွဲအားဒဏ်ပါခံနိုင်ဖို့အထိလိုပါတယ်..

၂...ဗုံးခိုကျင်းမှာ ဝင်ပေါက် ထွက်ပေါက် ထားရပါမယ်.. အပေါက်နားက လမ်းကိုကောက်ကွေ့ပြီး ဖောက်ထားရပါမယ်.. (တစ်ပေါက်တည်းလုံးဝ မလုပ်သင့်).. ဘေးပေါက်သာလုပ်ရမှာပါ.. ဖြစ်နိုင်ရင်အရေးပေါ်ခွေးတိုးပေါက်လုပ်ထားသင့်ပါတယ်..

၃.. သစ်ပင်လဲမှု မြေပြိုမှု တို့ကြောင့် ပိတ်ဆို့ခြင်း.. ပြိုကျခြင်း မရှိအောင် ဂရုစိုက်ရပါတယ်.. (အပင်အောက် ကမ်းပါးယံနား နုံး သဲ နေရာမျိုးမှာ မလုပ်နဲ့ပေါ့).. အဲ့တော့ နေရာရွေးရတာပေါ့..

၄.. မိုးရေစိမ့်ဝင်မှု ရေအိုင်မှုမရှိအောင် လုပ်ရပါမယ်.. ရေစီးဝင်လာရင် ရေပြန်ထွက်နိုင်ရပါမယ်.. ဗုံးခိုကျင်းကို ရေလှောင်ကန်မဖြစ်ပါစေနဲ့...

၅.. အသက်ရှုပေါက်ရှိရပါမယ်.. (၂ ခုလောက်ရှိသင့်ပါတယ်) အချို့ဆို အောက်ဆီဂျင်ဗူးပါထားတတ်ပါတယ်...

၆... ပုံဖျက်ထားရပါမယ်..( တစ်ချို့ဆို အပင်တွေစိုက်ပါတယ်.. အချို့ကပိုက်အုပ်ပါတယ်..

၇... မြွေ ကင်းနဲ့ ပိုးမွှားဂရုပြုရပါမယ်.. အရင်ဆုံးမှိုင်းဝဝကြီးတိုက်ပါ.. အဝင်အထွက်လုပ်ရင် သတိထားပါ.. ကျင်းထဲက တွင်းပေါက်တွေ သေချာပိတ်ပါ..

၈... အမှိုက်လည်းရှင်းရမယ်.. ပတ်လည်နှင့်အတွင်းမှာ လောင်စာမရှိစေရ...

၉... မြေဖို့ရင် အဆင့်တိုင်းမှာ လေမခိုဖို့လိုပါတယ်.. ဖိလည်းဖိရထောင်းရပါမယ်.. မြေစစ်အောင် ရေလောင်းပါ...

၁၀... တာယာကွင်းတွေတင်ထားတာတွေက ပေါင်ချိန်များတဲ့ဗုံးတွေကို မကာကွယ်နိုင်ပါဘူး..

👉 ဗုံးခိုကျင်းထဲဝင်ပီးဗုံးခိုရင် ဒီအချက်တွေသတိပြုရပါမယ်..

၁... အလွတ်ရပ်မနေပါနဲ့ တစ်ခုခုကိုကိုင်ထားပါ.. တိုင်ကိုဖက်ကိုင်ထားရင်လဲ အန္တရာယ်ရှိပြန်ပါတယ်.. ဒါကြောင့်တိုင် ဒါမှမဟုတ် နံရံမှာ တာယာကွင်းတွေကပ်ချည်ပြီး ကိုင်ထားလို့ရပါတယ်.. (သိဖို့က ဗုံးကျရင် တုန်ခါချက်က ခုန်ပါထွက်ပါတယ်)

၂... နံရံနဲ့ရော အောက်ခြေနဲ့ရော မထိပါစေနဲ့ ထိလုနီးပါးလဲ မဖြစ်ပါစေနဲ့.. အထူးသဖြင့် ပြားကပ်အောင်မှောက်ဝပ်နေတာမျိုး ဘေးနံရံကိုကပ်ပြီးထိုင်တာမျိုးက အန္တရာယ်ဖြစ်စေနိုင်ပါတယ်.. အပေါ်မှာပြောခဲ့သလိုလုပ်နိုင်ရင် အကောင်းဆုံးပါ.. အဲ့လိုမရှိရင် နံရံကိုရဲစစ်ဆေးခံရသလို လက်နဲ့ ထောက်ထားရမှာပါ...

၃... အပေါက်ဝနဲ့တည့်တည့်မှာနေရာမယူပါနဲ့ ပြင်ပက Impact ရှိနိုင်ပါတယ်...

၄... ရုတ်တရက်မီးခိုးလုံးဝင်ပြီး မှောင်သွားရင် မှောက်ချလိုက်ပါ.. အော်ဆီဂျင်က အောက်ခြေနားမှာရှိပါတယ်...

၅.. လက်နက်ပါရင် လုံခြုံမှုခလုတ်ပိတ်ထားဖို့လိုပါတယ်..

👉 အထွေအထွေ
ဗုံးခိုကျင်းကိစ္စတော့မဟုတ်ပေမဲ့ ထုတ်နှုတ်ပြောသင့်လို့ပါ..

၁... လေယာဥ်ရန်ကြောက်လို့ နေရာအနှံ့အပြားဖြန့်ခွဲပုန်းခိုတာ မှားပါတယ်.. လုံခြုံတဲ့နေရာမှာ တစ်စုတည်းနေတာ ပိုကောင်းပါတယ်.. တစ်စုတည်းနေတာကိုတစ်လုံးတည့်တည့်ကျရင်ဘယ်လိုလုပ်မလဲလို့ စကားလာကပ်ကြတာရှိပါတယ်.. အဲ့လိုကျဖို့ထက် ပြန့်ကျဲနေတဲ့ဧရိယာက တစ်ယောက်နှစ်ယောက်ကိုထိဖို့က ပိုဖြစ်နိုင်ချေများတယ်လို့ပဲ မှတ်ပါ...
တပ်တွေကျ ဝေဟင်မှမြင်နိုင်စွမ်းလျှော့ချခြင်း ဆိုတာပါသိရပါမယ်..

၂.. ဗုံးခိုကျင်းထဲ ဝင်လိုက်ထွက်လိုက်မလုပ်ပါနဲ့.. မလိုအပ်ရင် မလှုပ်ရှားဘဲ ငြိမ်ငြိမ်နေပါ.. အထူးသဖြင့် ဟယ်လီကော်ပတာဟာ Hovering (လေထဲမှငြိမ်ပြီးရပ်နေလို့ရတာ) လုပ်လို့ရတဲ့အတွက် မြေပြင်ပစ်မှတ်တွေကို စိန်ပြေနပြေရှာပ စ်လို့ရပါတယ်..

၃.. လေယာဥ်ပျက်ကျနိုင်တဲ့ဟာနဲ့မဟုတ်ဘဲ အချဉ်ပေါင်းစားပြီးထွက်မပ စ်ပါနဲ့.. (AD ကိစ္စကတော့ Post တင်မရပါဘူး သီးသန့်လာမေးနိုင်ပါတယ်)

၄... အကြောက်မလွန်ဖို့လိုပါတယ်.. ခုခေတ်က ဒုတိယကမ္ဘာစစ်တုန်းကလို အိတ်သွန်ဖာမှောက်ကျဲချတာမဟုတ်ဘဲ တစ်စီးမှာ တစ်ခါ ၂ လုံးလောက်ကျဲတာမို့.. သေချာပြင်ဆင်ထားမယ်.. နေရာယူထားမယ်ဆိုရင် ကိုယ့်ကိုထိနိုင်ချေက ၁၀% အောက်သာရှိပြီး လွတ်ဖို့က ၉၀% တယ်ဆိုတာ သိရပါမယ်.. (ခံစစ်သေမှာတော့ အပြောင်းအလဲရှိပါတယ်.. ဒါကလဲ AD ကိစ္စမို့ ရေးမရပါဘူး)

သိလိုတာရှိလဲ လာမေးနိုင်ပါတယ်.. မသိရင် ထပ်ဆင့်မေးပြီးဖြေပေးပါ့မယ်..
ဘေးကင်းကြပါစေ..

များများရှယ်ကြပါ... Comment တွေလဲပေးကြပါ.. Reach တက်ပါတယ်.. ဘာမှမပေးရင်တောင် လက်မပုံကောမန့် ပေးခဲ့လဲရပါတယ်...

ပုံ... Bomb Shelter..သူကတော့ နျူကလိယားဒဏ်အတွက် ၁ လလောက်အထိပုန်းဖို့လုပ်ထားတာပါ.. သံဖရိန် Beam တွေနဲ့ပါလုပ်လို့ အတော်ခိုင်ပါတယ်

Credit- https://www.facebook.com/profile.php?id=100083315613380&mibextid=ZbWKwL

မစ္စတာ ဘန်ကီးမွန်း မြန်မာနိုင်ငံလာရောက်ပြီးနောက်အကြမ်းဖက်စစ်ကောင်စီတပ်က ကယန်းဒေသအရပ်သားဆေးရုံကိုပေါင် (၅၀၀)ဗုံးများကျဲပြ...
25/04/2023

မစ္စတာ ဘန်ကီးမွန်း မြန်မာနိုင်ငံလာရောက်ပြီးနောက်

အကြမ်းဖက်စစ်ကောင်စီတပ်က ကယန်းဒေသအရပ်သားဆေးရုံကို
ပေါင် (၅၀၀)ဗုံးများကျဲပြီး တိုက်ခိုက်။

#ဗန်ကီမွန်း
#ဆေးရုံ #အရပ်သား
#ဗုံးကျဲ

မိုးဗြဲမှာ ၄ ရက်နီးပါး တိုက်ပွဲပြင်းထန်~~~~~~~~~~ဖေဖော်ဝါရီလ ၈ ရက် ၂၀၂၃ယနေ့မနက်ပိုင်းမှ စတင်၍ ညနေပိုင်းထိ မိုးဗြဲ၊ စက်တေ...
08/02/2023

မိုးဗြဲမှာ ၄ ရက်နီးပါး တိုက်ပွဲပြင်းထန်
~~~~~~~~~~
ဖေဖော်ဝါရီလ ၈ ရက် ၂၀၂၃

ယနေ့မနက်ပိုင်းမှ စတင်၍ ညနေပိုင်းထိ မိုးဗြဲ၊ စက်တော်ရာမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီး အများအပြားပစ်ခတ်၍ ထိုးစစ်ဆင်နေဆဲပါ။

တိုက်ပွဲဖြစ်တာ ၄ရက်နီးပါးကြာပြီဖြစ်သလို ဖေဖော်ဝါရီလ ၇ရက် မနေ့ညကလည်း အကြမ်းဖက်စစ်ကောင်စီတပ်၏ တိုက်လေယာဉ် ဝဲခဲ့ပါသေးတယ်။

#မိုးဗြ #စက်တော်ရာ

ဖေဖော်ဝါရီလ (၇)ရက်၊ ၂၀၂၃။မိုးဗြဲတိုက်ပွဲ (၃)ရက်မြောက်ရှိလာ▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️(၃)ရက်မြောက်ရှိလ...
07/02/2023

ဖေဖော်ဝါရီလ (၇)ရက်၊ ၂၀၂၃။

မိုးဗြဲတိုက်ပွဲ (၃)ရက်မြောက်ရှိလာ
▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️▫️

(၃)ရက်မြောက်ရှိလာပြီဖြစ်တဲ့ မိုးဗြဲတိုက်ပွဲမှာ မိုးဗြဲ PDF, ကျွဲချိုတပ်ခွဲက ရဲဘော်တစ်ဦး အသေးစားရှုပ်ထိဒဏ်ရာရ။

မိဘပြည်သူတွေအနေနဲ့ ဆုတောင်းမေတ္တာပို့သပေးခြင်းနဲ့အတူ နှုတ်ခမ်းနီများ ဖြည့်တင်းပေးဖို့လည်း ကျွဲချိုတပ်ခွဲက တိုက်တွန်းထားပါတယ်။

နိုင်ငံတကာမှ တော်လှန်ပြည်သူတွေ အဆင်ပြေအောင်လည်း နိုင်ငံတကာ ဘဏ်အကောင့်တွေ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဓာတ်ပုံ- မိုးဗြဲ PDF, ကျွဲချိုတပ်ခွဲ


#ကျွဲချိုတပ်ခွဲ

ဖေဖော်ဝါရီ (၅)ရက်နေ့က ထိုင်းနိုင်ငံ၊ ဆာလာဘူရီခရိုင်၊ လုံဖောလွေီ၌ ကျင်းပခဲ့သည့် Thai Fight ပြိုင်ပွဲတွင် ကယန်းဂုဏ်ဆောင်၊ ...
06/02/2023

ဖေဖော်ဝါရီ (၅)ရက်နေ့က ထိုင်းနိုင်ငံ၊ ဆာလာဘူရီခရိုင်၊ လုံဖောလွေီ၌ ကျင်းပခဲ့သည့် Thai Fight ပြိုင်ပွဲတွင် ကယန်းဂုဏ်ဆောင်၊ ကယန်းတိုင်းရင်းသူ ဗရော်နီကာသည် ဘရာဇီးလက်ဝှေ့မယ် Yuly Alvesကို ဒိုင်အဆုံးအဖြတ်ဖြင့် အနိုင်ရရှိခဲ့။



#ကယန်း #လက်ဝှေ့

05/02/2023

စစ်ရေးသတင်း
=========

ယနေ့ည (၇)နာရီ ဝန်းကျင်မှစ၍ မိုးဗြဲမြို့မှာ တိုက်ပွဲတွေ ဖြစ်နေပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ ည (၁၀) နာရီ ဝန်းကျင်အထိ လက်နက်ကြီးတွေ ပစ်နေဆဲပါ။


#လက်နက်ကြီး #မိုးဗြဲ

ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ၊ သင်တန်းဆင်းရဲဘော်များထံ လက်နက်များ ပေးအပ် ဇန်နဝါရီ ၂၄  တောင...
25/01/2023

ကျားသစ်နက်စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ၊ သင်တန်းဆင်းရဲဘော်များထံ လက်နက်များ ပေးအပ်

ဇန်နဝါရီ ၂၄

တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် (၃)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားသစ်နက် စစ်ကြောင်း မွမ်းမံသင်တန်းဆင်းပွဲအခမ်းအနားကို ဒီကနေ့ ဇန်နဝါရီလ ၂၄ ရက်မှာ ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသား ညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ဒေသခွဲ အမှတ် (၃) မှ ဒု-စစ်ဒေသမှူး စောရှားနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

သင်တန်းဆင်းပွဲမှာ သင်တန်းဆင်း ရဲဘော်တွေက သင်တန်းကွင်းမှာ ချီတက်နေရာယူ အလေးပြု သစ္စာဆိုပြီး ၊ စစ်ဒေသခွဲအမှတ် (၃) ရှိ တာဝန်ရှိသူတွေက အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ပေးပို့တဲ့ သဝဏ်လွှာနဲ့ ကာကွယ်ရေးဝန်ကြီး ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပြီး သင်တန်းဆင်းရဲဘော်တွေက စစ်ကြောင်းပုံစံနဲ့ အလေးပြုခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျားသစ်နက်စစ်ကြောင်းရဲ့ သင်တန်းဆင်းရဲဘော်တွေက လက်နက်ကိုင်တွယ် ဖြုတ်တတ် မှုတွေ ၊ ပစ္စတို ပစ်ခတ်မှုတွေ ၊ အခြေခံကိုယ်ခံပညာ တိုက်ကွက်တွေ ၊ Closed Quarter Battle ဖြင့် SQUAD အလိုက် လှုပ်ရှားမှုပစ်ခတ်မှုတွေ ၊ လက်နက်အရှည်အသုံးပြုကာ ရွေ့လျားပစ်ခတ်စဥ်မှုတွေ ၊ VIP ကာကွယ်မှု သက်တော်စောင့်တွေရဲ့ ဗျူဟာတွေနဲ့ စစ်ပွဲအတွင်း အရေးပေါ်အခြေအနေတွေမှာ လူနာသယ်ယူဖို့ နည်းလမ်းတွနဲ့ ကြိုးဆင်း ပစ်ခတ်မှုတွေ ကို သင်တန်းဆင်းရဲဘော်တွေက သရုပ်ဖော် ပြသခဲ့ကြပါတယ်။

အခမ်းအနားအပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ က ဒု-စစ်ဒေသမှူး စောရှားက ဂုဏ်ပြု မိန့်ခွန်းပြောကြားခဲ့ပြီး အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ဆင်ပေးတဲ့ လက်နက်တွေနဲ့ ပြည်ထောင်စုဝန်ကြီးချုပ်က ပေးပို့တဲ့ ဂုဏ်ပြုငွေ ၁၀ သိန်းကျပ်ကိုလည်း သင်တန်းဆင်း ရဲဘော်တွေကို ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။



Original Uploader _ https://www.facebook.com/myanmarlabournews/?mibextid=ZbWKwL

Address


Website

Alerts

Be the first to know and let us send you an email when Mobye News posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share