Takig Action of Wayfarr

Takig Action of Wayfarr တန်ဖိုးမဖြတ်နိုင်တဲ့ အသိပညာဗဟုသုတတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်

12/09/2024

တစ်နေကုန် ဘူနေပြီးမှ ဆရာ Pika နဲ့ အမေး အဖြေ Zoom ကို Join ဖို့ မတွေးထားပေမဲ့ Join ဖြစ်သွားတော့ တစ်ကယ်အကျိုးရှိသွားတယ်💪

မှတ်မိသွားတဲ့ သင်ခန်းစာတစ်ချို့ကတော့

၁။အကောင်တွေက ခြောက်ခြောက်ကပ်ကပ်ဖြစ်နေရင်လည်းပဲ အလုပ်လုပ်နိုင်ကြတယ်။

၂။ မူရင်း စာအုပ်ကောင်းကောင်းတွေကို ဖတ်ဖို့
နှင့် ဘေးမှာ ထက်မြက်တဲ့ လူတွေနဲ့ ချဥ်းကပ်ပြီး သင်ယူစရာရှိတာ သင်ယူဖို့။

၃။ ကိုယ်က အသုံးဝင်နေရင် စိတ်ပိုင်းစရာလည်း ကောင်းစေသလို အခြားသူတွေကို အရမ်းမမှီခိုလွန်းတော့ဘူး။

၄။ ပင်ပန်းရတာ သိပ်မကွာရင် ရလဒ် ပိုကောင်းတာကို ရွှေးချယ်သင့်တယ်။

၅။ အခြားသူတွေရဲ့ အထင်ကြီးခြင်း အထင်မကြီးခြင်းက အရေးမကြီးဘူးလို့ စိတ်ထားနိုင်ရင် အရမ်းလွတ်လပ်စေတယ်။

၆။ Comfort Zone ဆိုတာက အရည်အချင်းတိုးတက်အောင်လုပ်ဖို့ အခြေနေပေးနေရဲ့သားနဲ့ မလုပ်တာပဲ။

Crd ဆရာ Pika



04/09/2024

*သူများ ပြဿနာ ရှာတာ မခံချင်ရင်

ကိုယ့်ပြဿနာကို ကိုယ်ရှာပါ *

ဆိုတဲ့ ဆရာPika ရဲ့ Audio lesson အတိုင်းပဲ

ကိုယ့်ပြဿနာကို ကိုယ်ရှာတဲ့ အနေနဲ့

ကိုယ့်ကို 4 Months challenge ခေါ်လိုက်ပါတယ်

ဒီ 4 လအတွင်း

၁။ နေ့တိုင်းလိုလို video တစ်ပုဒ် တင်သွားမယ်။

၂။ တစ်ရက်မှာ အနည်းဆုံး ၄ နာရီ ကို video editing လေ့ကျင့်ချိန် ( သို့ ) video editing tutorial ကြည့်ဖို့ ထားမယ်။

၃။ တစ်ရက်မှာ စာကို မိနစ် ၄၀ အသံထွက်ဖတ်မယ်။

၄။ Audio book or Podcast အပုဒ် ၄၀ နားထောင်သွားမယ်။

ဆုရှိသလို......... ဒဏ်လည်း ရှိပါတယ်💪

Start 4.9.2024 - to 4.1.2025 🗓

08/08/2024

Save Note ✍



30/07/2024
ဖုန်းနဲ့ Video edit ဖို့ ကျွန်တော် အသုံးပြုဖြစ်တဲ့ app နှစ်ခုကတော့ Inshot နှင့် capcut ဖြစ်ပါတယ်။ Inshot ကတော့ video cli...
08/04/2024

ဖုန်းနဲ့ Video edit ဖို့ ကျွန်တော် အသုံးပြုဖြစ်တဲ့ app နှစ်ခုကတော့ Inshot နှင့် capcut ဖြစ်ပါတယ်။

Inshot ကတော့ video clipတွေ ရိုက်ပြီးလို့ ဘယ်
လောက်ထိပဲ ရှည်နေတဲ့ video clip ပဲဖြစ်ဖြစ် ဘယ်လောက်ထိပဲ များနေတဲ့ video clip ပဲဖြစ်ဖြစ် ဖျက် ညှပ် ကပ် လုပ်တဲ့အခါ လုံးဝကို ဆင်ပြေစေပါတယ်။ မြန်မာစာတွေလည်း ရိုက်ထည့်လို့ ရသလို Font တွေလည်း ထပ်ထည့်လို့ရပါတယ်။ video clip တွေကိုအကြမ်း edit တဲ့အခါ အသုံးပြုဖြစ်ပါတယ်။

Capcut ကတော့ video clip တွေကို အချောသပ်ချင်တဲ့ခါ သုံးဖြစ်ပါတယ်။ template တွေလည်း ပိုစုံတာမို့ စိတ်ကြိုက် edit လို့ရသလို အသုံးပြုလို့ရတဲ့ method တွေလည်း အများကြီးမို့ ကိုယ်ရဲ့ video ကို edit တတ်ရင် edit တတ်သလို အများကြီး ကောင်းစေပါတယ်။
လိုင်းပေါ်မှာလည်း capcut app နဲ့ edit တဲ့နည်းလမ်းတွေ အများကြီးမို့ လေ့လာနိုင်ရင်လေ့လာနိုင်သလောက် ကိုယ့် videoရဲ့ အရည်အသွေးကို ကောင်းစေပါတယ်။ computer နဲ့လည်း capcut ကို အသုံးပြုပြီး editလို့ရတာမို့ ရေရှည်အတွက်လည်း အရမ်းကို အသုံးဝင်တဲ့ app ဖြစ်ပါတယ်။

# taking action

03/04/2024

Computer မရှိသေးလို့ CV form လုပ်ချင်ရင်

ဖုန်းမှာ Canva app နဲ့ try လို့ရတယ်နော်

02/04/2024

ကျွန်တော်အနေနဲ့..

ဘယ်လောက်ထိပဲ နလန်မထူနိုင်ဘဲ ပြိုလဲနေပါစေ

စိတ်ဓာတ်က အောက်ဆုံးကျပြီး

လမ်းပျောက်နေပါစေ၊ အထီးကျန်နေပါစေ၊

စာအုပ်တွေ မဖတ်ဖြစ်ရင်တောင်

မပျက်မကွက် လုပ်ခဲ့တဲ့အရာက.......



#လူငယ်အဋ္ဌာရသ
#လုပ်ငန်းခွင်အဋ္ဌာရသ

အတွေးလွန်ပြီး ကြောက်တတ်တဲ့ သူများအတွက် 👉
14/11/2023

အတွေးလွန်ပြီး ကြောက်တတ်တဲ့ သူများအတွက် 👉

08/11/2023

မကောင်းဘဲ ရဲနိုင်တယ်၊

မရဲဘဲ မကောင်းနိုင်ဘူး၊

ဒါကြောင့် ကောင်းချင်ရင်

ရဲရင့်ရမယ် ၊ သတ္တိရှိရမယ်။

Crd Owner


#အရှင်ပဏ္ဍိတရဲ့ မှတ်စုမှ

မဖြစ်နိုင်တာ မရှိတာကိုခေါင်းထဲ မထည့်ပါနဲ့ဖြစ်အောင် ရှိအောင်လုပ်ဖို့ပဲ ခေါင်းထဲထည့်ပါ။Crd ဆရာတော် အရှင် ရာဇိန္ဒသီရိ
07/11/2023

မဖြစ်နိုင်တာ မရှိတာကို

ခေါင်းထဲ မထည့်ပါနဲ့

ဖြစ်အောင် ရှိအောင်

လုပ်ဖို့ပဲ ခေါင်းထဲထည့်ပါ။

Crd ဆရာတော် အရှင် ရာဇိန္ဒသီရိ

31/10/2023

ကိုယ့်ကို ပြန်ပြီးမေးကြည့်ပါ

ကိုယ်က ကိုယ့်အိမ်မက်ကို

အကောင်အထည်ဖော်နေတာလား

သူများရဲ့ အိမ်မက်ကို

အကောင်အထည်ဖော်ပေးနေတာလားပေါ့။

Crd Owner


#အရှင်ပဏ္ဍိတရဲ့ မှတ်စုမှ

23/10/2023

စကားပြောကောင်းသူသည်

စာဖတ်သည်၊ စဥ်းစားသည်၊

နားထောင်သည်။ ထိုကြောင့်

သူတွင် ပြောစရာ အကြောင်းရပ်

တစ်ခုခုရှိသည်။

crd ဆာဝေါ်တာ စကော့

Address

Taunggyi

Telephone

+959457376151

Website

Alerts

Be the first to know and let us send you an email when Takig Action of Wayfarr posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category