Book Reviews By Aung Khant Zaw

Book Reviews By Aung Khant Zaw Books can't make you growth without reading📖 I review for you 📚💡 I am Aung Khant Zaw. I worked at My Pro guide Company as a Guide Leader for Inle Region.

I was lost my way without reading at the previous time. When I worked as a guide, I don't know reading was very important for my future. Later on I noticed reading was how important for my life. So I started reading since 2019, after reading I can feel and understand about life. I can dance with suffering with reading. Most of the experience, I got from reading. So I decided to share to youth about reading and how to familiar with Books. So I founded this Page.

06/04/2025

Lake


01/04/2025

ကိုယ်တိုင်သွားမကူနိုင်လို့ စိတ်ဓာတ်ကျနေမယ့်အစား
ဒါတွေလုပ်လို့ ရပါတယ်❗

✔️ကိုယ်တိုင်မသွားနိုင်ရင်တောင် နိုင်သလောက် ကူပါ။ ဒါပေမဲ့ တကယ်လှူပေးမယ့် လူ၊ အဖွဲ့ ဟုတ်/မဟုတ် သေချာစစ်ဆေးပြီးမှ လှူကြဖို့တော့ ပြောပါရစေနော်။ ကြားထဲကနေ လိမ်ပြီးအလှူခံနေကြတာလည်း တွေ့ရလို့ပါ။

✔️ငွေကြေးကူတာမျိုး မလုပ်နိုင်ရင်လည်း သတင်းအချက်အလက်တွေ ကူညီမျှဝေပေးတာမျိုး လုပ်ပေးပါ။

✔️သတင်းအချက်အလက်တွေ မျှဝေတဲ့နေရာမှာ သတင်းအချက်အလက်အမှား‌တွေမဖြစ်အောင် ဂရုစိုက်ပါ။

✔️သတင်းအမှားတွေဆို ထောက်ပြပါ။ မယုံကြဖို့ ပြောပါ။ Report လုပ်ပါ။

✔️ကိုယ်တိုင်ကူဖို့ သွားရောက်တဲ့လူတွေအနေနဲ့လည်း ကူမယ့်အဖွဲ့တွေကို သေချာစစ်ဆေးပါ။ (အခုဆို ကျားဖြန့်အဖွဲ့တွေကလည်း ကြားထဲကနေ အခွင့်ကောင်းယူနေကြလို့ မလိုအပ်ဘဲ မထိခိုက်စေချင်လို့ပါ။)

✔️ဆိုင်ပိုင်ရှင်တွေ၊ အိမ်တွင်းစီးပွားရေးရှိသူတွေအနေနဲ့လည်း ကုန်ပစ္စည်းတွေကို ဈေးမတက်ဘဲ ရောင်းချပေးတာ၊ လှူပေးတာမျိုးနဲ့ ကူညီပေးစေချင်ပါတယ်။

✔️အခုချိန်မှာ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေလည်း ရှိတာကြောင့် ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ပါ။ တခြားသူတွေကိုလည်း ဂရုစိုက်ပေးပါ။

“ပြိုင်တူတွန်းလျှင်ရွေ့နိုင်ပါသည်” တဲ့။
ကျွန်တော်တို့အချင်းချင်းဖေးမရင်း တူတူရွေ့ဖို့ပဲလိုပါတယ်။

အခုချိန်မှာ မိုးလေဝသအခြေအနေကလည်း သတိလက်လွတ် ဖြစ်နေလို့ မရတာကြောင့် စောင့်ကြည့်နေကြဖို့လည်း ပြောပါရစေနော်။

မိုးလေဝသသတင်းအတွက် ဆရာဦးဝင်းနိုင်ဆီမှာ စောင့်ကြည့်လို့ရပါတယ်👇
https://www.facebook.com/share/15yMNaRUmf/?mibextid=oFDknk

Update သတင်းတွေသိနိုင်ဖို့ Myanmar Earthquake Dashboard👇
https://www.facebook.com/ThinEiKhaing/posts/pfbid0LiRNY1opY7f6uHKPdj1RN77jqqV6WPzWW2iycJ5PARKgiHTYC69kyqCq4h4ZjtVsl


Be Safe for Our Country.🙏🙏🙏Myanmar 🇲🇲🇲🇲🇲🇲
31/03/2025

Be Safe for Our Country.🙏🙏🙏
Myanmar 🇲🇲🇲🇲🇲🇲

28/03/2025

ငလျှင်သတင်းအထူး ဂရုပြုကြပါဗျ။
မိမိရဲ့ ဖုန်းSettingထဲမှာလည်း Earthquake Alerts ကိုဖွင့်ထားခြင်းအားဖြင့် သတင်းများကို အချိန်နဲ့တပြေးညီသိရှိနိုင်ပါတယ်။ location နဲ့ Internet ကိုတော့ဖွင့်ထားပေးရမှာဖြစ်ပါတယ်။

18/03/2025

#တနဂ်လာနေ့ကိုမမုန်းမိဖို့၊ ဒီစာအုပ်ကိုဖတ်ထားဖို့လိုတယ်။

#အလုပ်ရှာနည်း၊ရနည်း

 #အလုပ်ရှာနည်း #အလုပ်ရနည်း စကားချပ်။ ။ ‌ဒီစာအုပ်ဖတ်ပီးသွားရင် တနဂ်လာနေ့ကို မမုန်းတော့ဘူးဆိုတာ လောင်းရဲတယ်။ ဒီစာအုပ်ထဲမှာ...
19/02/2025

#အလုပ်ရှာနည်း
#အလုပ်ရနည်း

စကားချပ်။ ။ ‌ဒီစာအုပ်ဖတ်ပီးသွားရင် တနဂ်လာနေ့ကို မမုန်းတော့ဘူးဆိုတာ လောင်းရဲတယ်။

ဒီစာအုပ်ထဲမှာ နှစ်ပိုင်းရေးထားတယ်။ (၁)အလုပ်ရှာနည်း(၂)အလုပ်ရနည်း

(၁)အလုပ်ရှာနည်း
ဒါကို အရင်ပြောပြမယ်။ love what you do တွေ Do what you loveတွေ ဖယ်လိုက်။ သင်ကိုယ်တိုင်က ဘယ်လို လူစားမျိုးလဲ ဆိုတာ ကိုယ်တိုင် အရင်သိဖို့လိုတယ်။ ကိုယ်က လူအများနဲ့ ပြောဆိုဆက်ဆံရတာကြိုက်တာလား၊ စက်စ္စည်းတွေကိုပြင်ရတာကြိုက်တာလား၊ စာရွက်စာတမ်းတွေနဲ့ လုံးပမ်းနေရတာကိုကြိုက်တာလား စသဖြင့် ကိုယ့်ရဲ့ ပုံစံကို အရင်သိဖို့လိုတယ်။

ကိုယ်က လူအများနဲ့ ပြောဆိုဆက်ဆံရတာကြိုက်တယ်ဆိုရင် အရောင်းပိုင်းတို့ ဈေးကွက်ဖော်ဆောင်တဲ့အပိုင်းတို့ ဒါမျိုးကိုရွေးချယ်သင့်တယ်။ ကိုယ့်ပုံစံနဲ့ မတူညီတဲ့ မအပ်စပ်တဲ့ အလုပ်မျိုးကိုရွေးမိရင် လုပ်ငန်းခွင်မှာ မပျော်နိုင်တော့ဘူး။ မပျော်လာရင် မတိုးတတ်တော့ဘူး စသဖြင့် ဖြစ်သွားနိုင်တယ်။

(၂)အလုပ်ရနည်း
မနက်ဖြန်အင်တာ‌ဗျူးရှိလို့ ရပ်ကွက်ထဲက ဗေဒင်ဆရာကို သွားမေးပီး ယတြာတွေယူတာထက် ဒီစာအုပ်ထဲမှာ ရေးထားတာက ပိုပြည့်စုံတယ်။ ကျွန်တော်ကိုယ်တိုင်လည်း သုံးတယ်။ လောလောလတ်လတ်နဲ့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဒီစာအုပ်ထွက်ပီး မရှေးမနှောင်းမှာပဲ ကျွန်တော် အလုပ်အသစ်ပြောင်းတယ်။ ဒီစာအုပ်ထဲက အချက်လက်တွေကို ကောင်းကောင်းအသုံးချတယ်။ အင်တာဗျူးမှာ ၁၅မိနစ်လောက်ဖြေပီးတော့ တရက် နှစ်ရက်အတွင်း အလုပ်စဝင်ဖို့ ပြောတယ်။ အလုပ်ဖြစ်မဖြစ် တကယ်သိချင်ရင် ဖတ်ပီး အသုံးချကြည့်။

ဒီစာအုပ်ကို ဘယ်သူတွေဖတ်သင့်လဲ၊ ဘယ်အရွယ်တွေ ဖတ်သင့်လဲ။
ဘယ်သူမဆိုဖတ်လို့ရတယ်၊ ချွင်းချက်အနေနဲ့ အသက်၆၀ကျော်တန်းတွေကတော့ အဆင်မပြေဘူးပေါ့လေ။ သူတို့က ပင်စင်စားတွေဖြစ်ကုန်ပီဆိုတော့။

လူငယ်တွေ အဓိက ထားဖတ်သင့်တယ်။ အပေါင်းသင်းမှားရင် ဘဝပျက်နိုင်သလို အလုပ်အရွေးမှားရင်လည်း ဘဝပျက်နိုင်တယ်။မယုံမရှိနဲ့ အလုပ်အရွေးမှားပီး အလုပ်ဆင်းရင် အရက်ဆိုင်ရောက်တဲ့လူတွေအများကြီး ရာထူးကြီးပိုင်းတွေအထိပါတယ်။ တချို့ လောကကြီးက နှုတ်ဆက်သွားတဲ့လူတွေတောင် ရှိတယ်။ တနဂ်လာနေ့က ကမ္ဘာမှာ ‌အဆုံးစီရင်မှုအများဆုံးနေ့တနေ့လို့ စစ်တမ်းတွေအရသိရတယ်။ ဒါက အလုပ်အရွေးမှားတာကြောင့်မလို့လည်းပါတယ်။

ဒီတော့ စိန်ကောင်းကျောက်ကောင်းမရွေးတတ်သေးရင်တောင်မှ အလုပ်ရွေးတတ်ဖို့ ဒီစာအုပ်နဲ့ လမ်းညွန်လိုက်ရပါတယ်။ ရန်ကုန်ကနေ တကူးတကပို့ပေးတဲ့စာရေးဆရာမ ကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျ။

#အလုပ်ရှာနည်းရနည်း

Don't read too Much, it can make you small t**s. 😅😅😅Photo Crd,
31/05/2024

Don't read too Much, it can make you small t**s. 😅😅😅

Photo Crd,

 #စာအုပ်စဖတ်မယ့်သူတွေမဖြစ်မနေသိထားရမယ့်အချက်(၅)ချက် #-မေးခွန်း(၁)စာအုပ်ဖတ်ရတာ ခက်သလား?-မေးခွန်း(၂)ဘယ်အချိန်တွေက ဖတ်လို့အ...
30/04/2024

#စာအုပ်စဖတ်မယ့်သူတွေမဖြစ်မနေသိထားရမယ့်အချက်(၅)ချက် #

-မေးခွန်း(၁)စာအုပ်ဖတ်ရတာ ခက်သလား?
-မေးခွန်း(၂)ဘယ်အချိန်တွေက ဖတ်လို့အကောင်းဆုံးအချိန်လဲ?
-မေးခွန်း(၃)စာအုပ်ဖတ်ဖို့အချိန်မရဘူးဆိုသူတွေ ဘယ်လိုဖတ်သင့်လဲ?
-မေးခွန်း(၄)ဘယ်လိုစာပေမျိုးကိုကြိုက်သလဲ?သုတလား ရသလား?
-မေးခွန်း(၅)သုတနဲ့ ရသ ဘယ်စာပေအမျိုးအစားက ပိုကောင်းသလဲ?

-နံပါတ်(၁)မေးခွန်းအတွက် ဖြေရမယ့်အဖြေကတော့ မခက်ပါဘူးလို့ ပြောပါရစေ။ ကိုယ့်မိခင်ဘာသာစကားနဲ့ရေးထားတာဖြစ်တဲ့အတွက် အကုန်လုံးနီးပါး နားလည်နိုင်ပါတယ်။

-နံပါတ်(၂)မေးခွန်းအတွက်ကတော့ အခုမှစဖတ်တဲ့သူတွေအတွက် ညပိုင်းတိတ်ဆိတ်ချိန်တွေနဲ့ မနက်အစောပိုင်းတွေက ပိုအဆင်ပြေဆုံးဖြစ်ပါမယ်။ အာရုံစူးစိုက်မှုအားပိုကောင်းဖို့အတွက်ပါ။ ပုံမှန်ဖတ်နေကြသူတွေကတော့ သိပ်ပီးထွေထွေထူးထူးပြောစရာမရှိပါဘူး။

-နံပါတ်(၃)မေးခွန်းအတွက်ကတော့ တရက်တာ ၂၄နာရီမှာ မိနစ်အနည်းငယ်လောက်တော့ အချိန်ပိုတတ်ပါတယ်။ လိုင်းကားစီးနေတဲ့အချိန်မျိုး၊ နေ့ခင်းထမင်းစားချိန်မှာ ၁၀မိနစ်လောက်ပိုနေတာမျိုး၊ ညမအိပ်ခင် ၁၅မိနစ်အလိုအချိန်မျိုးတွေမှာဖတ်လို့ရပါတယ်။ စာဖတ်ခြင်းက မျက်စိနဲ့တင်မဟုတ်ပဲ နားနဲ့ဖတ်လို့လည်းရပါတယ်။ ဘယ်သွားသွား စာအုပ်တအုပ်တော့ယူသွားဖို့အကြံပေးချင်ပါတယ်။ YouTube မှာ စာအုပ်အကြောင်းတင်ထားတဲ့ Video တွေကို နားထောင်တာမျိုးနဲ့လည်း ဖတ်လို့ရပါတယ်။

-နံပါတ်(၄)မေးခွန်းအတွက်ကတော့ အကုန်ကြိုက်ပါ။ အချစ်၊အလွမ်း၊ သဲထိတ်ရင်ဖို၊ ဂန္ဘီရ၊ တက်ကြမ်း၊ အထွေထွေ ‌ဗဟုသုတ အကုန်ဖတ်လို့ကောင်းပါတယ်။

-နံပါတ်(၅)မေးခွန်းအတွက်ကတော့ ငယ်ရွယ်စဉ်တုန်းကတော့ ရသစာပေတွေက ပိုကောင်းပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ စာဖတ်ရှိန်ပိုသွက်သလို စာလုံးပေါင်းလဲ မှန်ဖို့အထောက်ကူ‌ဖြစ်စေပါတယ်။ ၁၇၊ ၁၈လောက် ရောက်ပီဆိုရင်တော့ သုတတွေ နည်းနည်းချင်းစီစဖတ်ပါ။ အောင်မြင်ရေးလမ်းညွန်တွေ၊ ဘဝနေနည်းတွေ၊ လူ့ကျင့်ဝတ်တွေ စသဖြင့်ပါ။ ကျွန်တော်ကတော့ တခါတလေ သုတဖတ်တာများလာရင် စာဖတ်ရှိန်ကျတတ်လို့ ရသ တအုပ်နှစ်အုပ်လောက် ပြန်ရောညှပ်ပီး ဖတ်ပါတယ်။ ဒါဆိုရင်တော့ နှလုံးသားရော ဦးနှောက်အတွက်ပါ အာဟာရဖြည့်လိုက်တဲ့ ပုံစံမျိုးပါ။

-တရက်ကို စာမျက်နှာဘယ်လောက်ဖတ်ဖြစ်လဲ?-တလကို စာအုပ်ဘယ်နှအုပ်လောက်ဖတ်ပီးလဲ?
27/04/2024

-တရက်ကို စာမျက်နှာဘယ်လောက်ဖတ်ဖြစ်လဲ?
-တလကို စာအုပ်ဘယ်နှအုပ်လောက်ဖတ်ပီးလဲ?

 #ရေလောင်းရင်နှစ်ဟောင်းကအညှစ်အကြေးတွေပျောက်တယ်ဆိုတာဟုတ်ရဲ့လား? #-နှစ်သစ်တနှစ်ကို ကူးပြောင်းတိုင်း ခံစားချက်တွေ ပြောင်းလဲ...
19/04/2024

#ရေလောင်းရင်နှစ်ဟောင်းကအညှစ်အကြေးတွေပျောက်တယ်ဆိုတာဟုတ်ရဲ့လား? #

-နှစ်သစ်တနှစ်ကို ကူးပြောင်းတိုင်း ခံစားချက်တွေ ပြောင်းလဲမှု သိပ်မရှိပေမယ့် ခံယူချက်နဲ့ အယူအဆ တချို့ပြောင်းလဲတယ်။

-နှစ်တနှစ်က အညစ်အကြေးတွေကို ရေလောင်းရုံနဲ့ ပျောက်တယ်ဆိုတာက ရှေးရိုးအယူအဆတွေပါတယ်။ ရေလောင်းလို့ ပျောက်လားမေးရင် ပျောက်တယ်ပြောရမယ်။

-စာဖတ်တဲ့အကြိမ်ရေ
-အသစ်သစ်တွေလေ့လာသင်ယူတဲ့အကြိမ်ရေ
-ကျန်းမာရေးလိုက်စားတဲ့အကြိမ်ရေ
-ဘာသာရေးလိုက်စားတဲ့အကြိမ်ရေ
-အလှူဒါနအကြိမ်ရေ

-ဒီရေတွေလောင်းမှသာ နှစ်ဟောင်းက အကျင့်ဟောင်းအညစ်ကြေးတွေ ပျောက်မှာပါ။

ဆရာမ Gillian Flynnရေးထားတဲ့ သဲထိတ်ရင်ဖို စာအုပ်တအုပ်ကိုကျွန်တော် ဖတ်မိ မှတ်မိသလောက် ပြောပြပါမယ်။ -စာအုပ်ထဲမှာ ပါတဲ့ Char...
23/03/2024

ဆရာမ Gillian Flynnရေးထားတဲ့ သဲထိတ်ရင်ဖို စာအုပ်တအုပ်ကိုကျွန်တော် ဖတ်မိ မှတ်မိသလောက် ပြောပြပါမယ်။

-စာအုပ်ထဲမှာ ပါတဲ့ Character လစ်ဘီဒေးဆိုတဲ့ ကောင်မလေးက 5နှစ်သမီးအရွယ်မှာပဲ သူ့မွေးချင်းညီမ2ယောက်ရယ် သူ့အမေရယ်က 15နှစ်အရွယ်သူ့အစ်ကိုရဲ့ ရက်ရက်စက်စက်အသတ်ခံလိုက်ရတယ်။ သူ့အမေကို ပုဆိန်နဲ့ ခုတ်သတ်တဲ့အသံ ဒုတ်ဒုတ်ဆိုတဲ့ အသံကို ကြားနေဆဲပဲ အခုတော့ သူမအသက်က 30ကျော်လာပီ ထောက်ပံ့ကြေးတွေလည်း ကုန်သလောက်ရှိနေပီပေါ့လေ။

-သူတို့ ဒေးမျိုးဆက်မှာ ကျန်တာဆိုလို့ သူရယ် လူသတ်မှုနဲ့ နှစ်ရှည်ထောင်ကျနေတဲ့ သူ့အစ်ကို ဘန်ဒေးရယ် ဒါပဲ ကျန်တယ်။ သူ့အစ်ကို သတ်တယ်ဆိုတာကို မျက်မြင်သက်သေတော့ မတွေ့လိုက်ပေမယ့် အခင်းဖြစ်တဲ့ ညက သူ့အစ်ကိုက သူ့ကိုခေါ်တဲ့အသံကြားလိုက်တယ် ဒီကိုလာခဲ့ လစ်ဘီဒေး မကြောက်နဲ့ အစ်ကို့နားလာခဲ့ဆိုပီးတော့ပေါ့။ အဲ့ညမှာသူတို့ လယ်တောထဲက နှင်းတောထဲမှာ သွားပုန်းနေလို့သာ အသက်ရှင်ကျန်ခဲ့‌တာပေါ့လေ။

-ဒီလိုနဲ့ တရက်မှာတော့ သူ့ကို လစ်သီဝိုက်ဆိုတဲ့ အမျိုးသားတယောက်က ဆက်သွယ်လာတယ်။ ဟောပြောပွဲလေးမှာ လာပီး ဆွေးနွေးဖို့ပါဆိုပီးတော့ ဟောပြောခလည်းပေးမယ်ပေါ့လေ။ ဒီလိုနဲ့ သူလည်း ငွေလိုနေတော့ သွားလိုက်တယ်။ အဲ့ဟောပြောပွဲကို ရောက်တဲ့ အချိန်မှာ သူထင်သလိုမဟုတ်ပဲ လူသတ်သမားအသင်းဆိုတဲ့ အဖွဲ့ဖြစ်နေတယ်။ အဲ့အဖွဲ့မှာတော့ သူ့ရဲ့ ထွက်ဆိုချက်ကြောင့် သူ့အစ်ကိုဘန်ဒေးက ‌နှစ်ရှည်ထောင်ကျခံရဆိုပီး ဘန်ဒေးဖက်က ရပ်တည်တဲ့သူတွေရှိသလို၊ ဘန်ဒေးမှာ အပြစ်မရှိဘူးဆိုတဲ့ သူတွေလည်းရှိတယ်။ အကြွေးတွေဝိုင်းနေတဲ့ သူ့အဖေက ငွေလိုလို့ သတ်လိုက်တာဆိုပီးထင်ကြေးပေးတဲ့ သူတွေလည်းရှိတယ်။
ဒီလိုအကြောင်းရာတွေကို အခြေ‌တင်ဆွေးနွေးတဲ့ အဖွဲ့မျိုးပေါ့လေ။

-သူ့အမေအပါအဝင်၊ သူ့ အမနဲ့ ညီမ ကို သတ်သွားတဲ့ အစ်ကို အရင်းကို ဒီတသက်ထောင်ဝင်စာ သွားမတွေ့ဘူးလို့ စိတ်ကူးထားပေမယ့် အဖွဲ့ခေါင်းဆောင်ရဲ့‌ စေ့ဆော်မှုကြောင့်ပဲ သူ့အစ်ကို ဘန်ဒေးကို ထောင်ဝင်စာသွားတွေ့တယ်။ နောက်တော့ သူတို့ မောင်နှမတွေထဲမှာ အမြဲတမ်း ဒိုင်ယာရီရေးတဲ့ တယောက်ရှိတယ် သူ့ရဲ့ စာအုပ်တွေကို လေလံတင်ရောင်းရင် ဈေးကောင်းရနိုင်မယ်ဆိုတာ အကြံရပီး ရှာကြည့်တယ်။ အဲ့စာတွေကနေ တဆင့် သူ့မိသားစုတွေကို ဘယ်သူသတ်တာလဲ ဆိုတာ ဖြည်းဖြည်းချင်းဆီ ဖော်ထုတ်သွားတယ်။ အခင်းဖြစ်တဲ့ ညက ထူးဆန်းတဲ့ လူကြီးဆိုဒ်ဖိနပ်ရာကြီး တခု တွေ့ရတယ်။ ရဲတွေကတော့ ဒီဖိနပ်က သူ့အစ်ကို ဖိနပ်ရာမဟုတ်ဘူးဆိုတာ အခိုင်အမာပြောတယ်။ ဒီတော့ ဒေးမိသားစုကို သတ်တာ အကြွေးများနေတဲ့ သူ့အဖေလား၊ ဘန်ဒေးက သူမှန်းမရိပ်မိအောင် ဖိနပ်ဆိုဒ်ကြီးစီးပီး ဝင်သတ်ခဲ့တာလား သို့မဟုတ် အဲ့ဖိနပ်ရာ ပိုင်ရှင်ကပဲ သတ်ခဲ့တာလားဆိုတာ.......

-ဒီစာအုပ်ကို ဘယ်အသက်အရွယ်နဲ့ ဘယ်လို လူတွေ ဖတ်သင့်လဲ? ဆိုရင် ဘယ်သူမဆို ဖတ်သင့်ပါတယ်။ စာရေးသူ ကတော့ 18နှစ်🔞 ပြည့်မှ ဖတ်ပါဆိုပီး သတိပေးထားတာတွေ့ရပါတယ်။ စာအုပ်ဖတ်တာ‌နဲ့ အလှမ်းဝေးနေသူတွေ ဖတ်သင့်ပါတယ်။ ကျွန်တော့်လို ရသစာပေ သိပ်မကြိုက်တဲ့ သူတောင်မှ ဒီစာအုပ်ကို တော်တော်သဘော‌‌ ခွေ့ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း စာဖတ်တာ ဝေးနေပီးမှ ဒီစာအုပ်ကို စဖတ်တာ လက်က မလွတ်ချချင်လောက်အောင် ကောင်းပါတယ်။

-စာအုပ်နာမည်ကတော့ အမှောင်ဖြစ်ပီး ဘာသာပြန်တဲ့သူကတော့ စာရေးဆရာချမ်းမြေ့ဝင်း ဖြစ်ပါတယ်

Address

Taunggyi

Alerts

Be the first to know and let us send you an email when Book Reviews By Aung Khant Zaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Book Reviews By Aung Khant Zaw:

Share