Lu Lay

Lu Lay လူတိုင်းလူတိုင်းမှာအသိပညာဗဟုသုတရှိသင့်ပါတယ်
အသိပညာတိုးတက်စေဖို့စာဖတ်ပါ📖

အများနဲ့ အသုံးတည့်မယ်ထင်လို့ကော်ပီယူလာတာပါ ။✏  ~~~~~~~~~~~အရမ်းမှန် ကျေးဇူးကြီးလှတဲ့ ဗဟုသုတပါ ခင်ဗျာ တစ်နေ့ ကျွန်တော့် သ...
14/08/2025

အများနဲ့ အသုံးတည့်မယ်ထင်လို့
ကော်ပီယူလာတာပါ ။✏
~~~~~~~~~~~
အရမ်းမှန် ကျေးဇူးကြီးလှတဲ့ ဗဟုသုတပါ ခင်ဗျာ

တစ်နေ့ ကျွန်တော့် သွားဖုံးပြည်တည်ပြီးပြည်ပေါက်တော့ကျောက်ကပ်က မခံမရပ်နိုင်အောင်နာနေတယ် ဆီးလဲသွားလို့ခက်လာတယ် သိပ်မထွက်တော့ဘူး

စနေနေ့က သွားလဲထွက်သွားရော ခဏနေ ယူပစ်လိုက်သလို နေသာထိုင်သာရှိသွားတာ

ခုထိကျောက်ကပ်ကဘာမှမဖြစ်သလို ဒူးနာတာပါသက်သာလာခဲ့...
ဆီနဲ့လဲပလုပ်ကျင်းနေပါပြီ

ခံတွင်းက ရောဂါပိုးနှင့် အဆိပ်တွေကို
ဖယ်ထုတ်ရှင်းလင်းဖို့အကောင်းဆုံးဖြစ်တဲ့ဆီနဲ့ ပလုတ်ကျင်းပေးခြင်း၏
ကျန်းမာရေးကောင်းကျိုးများ...

******************************
တန်ဖိုးထားရပါသောမိတ်ဆွေများအား
မိမိတို့၏ခံတွင်းကို အုန်းဆီ
နှမ်းဆီ သံလွင်ဆီတစ်မျိုးမျိုးဖြင့် တစ်ပတ်လျှင်နှစ်ကြိမ်သုံးကြိမ်ခန့် ပလုတ်ကျင်းပေးပါ၊

ပြန်လည်ရရှိမည့် ကျန်းမာရေး အကျိုးကျေးဇူးများက ခံတွင်းက အာပုတ်ရည်များ အစာအိမ်သို့ မရောက်ရှိတော့သောကြောင့် အစာအိမ်ရောဂါနှင့်ကင်ဆာရောဂါကိုပါ ကာကွယ်ပြီးသားဖြစ်ပါကြောင်း ပြောပြ ဆွေးနွေးလိုပါတယ်ခင်ဗျာ...

ကျွန်တော်တို့ ငယ်ငယ်တုန်းက မြန်မာပြည်မှာမြန်မာဆရာဝန်များနှင့်အတူ
အိန္ဒိယနိုင်ငံက ပန်ချာဘီဆရာဝန်တွေပါ
ဆေးရုံ ဆေးပေးခန်းတွေမှာ
အများအပြားတွေ့ရှိရတတ်တာကို ကောင်းစွာ မှတ်မိနေပါသေးတယ်

ကျွန်တော်ငယ်ငယ်ကနေ ယနေ့တိုင်
ကောင်းကောင်းမှတ်မိနေသေးတာက
ကျွန်တော့်အမေ ဒူးအရမ်းနာနေ၍ ပခုက္ကူမြို့ ထင်းတန်းရပ်မှာ ဆေးခန်းဖွင့်ထားတဲ့
ပန်ချာဘီဆရာဝန်ကြီး
ဒေါက်တာမာဒေးထံသို့
သွားရောက်ပြသခဲ့တာဘဲဖြစ်ပါတယ်

အမေ၏ဒူးတစ်ဘက်ကရောင်ကိုင်းနေပြီး
လမ်းမလျှောက်နိုင်လို့
ဆေးခန်းသွားရင် အမေကို
ဦးလေးတွေက ချီမပြီးခေါ်သွားလေ့ရှိပါတယ်

ဆရာဝန်ကြီး ဒေါက်တာမာဒေးမှ အမေကို
သေသေချာချာ စစ်ဆေးပြီးနောက်...

သွားတွေကောင်းရဲ့လားလို့မေးတော့ အမေမျက်နာ အမူအရာက ဒူးနာတာနဲ့ သွားကောင်းတာ မကောင်းတာ ဆိုင်လို့လားဟု ထင်နေဟန်တူပါတယ်

ဆရာဝန်ကြီးက ပါးစပ်ဟစမ်းဆိုတော့
အံသွားပေါက်တွေကိုတွေ့သွားပါတယ်

အံသွားတွေက ပြည်ပုပ်တွေဟာ ဒူးကိုရောက်သွားပြီး
ဒူးနာတဲ့ပြဿနာကိုဖြစ်စေတာပါပဲ

ထိုသွားတွေကို ဖာထေးပြုပြင်လိုက်တော့
အမေဒူးနာလည်း ကောင်းသွားတာကို လက်တွေ့ မြင်တွေ့ခဲ့ရဘူးပါတယ်

ဆက်လက်၍ ဒေါက်တာမာဒေးမှအမေအား နေ့စဉ် နှမ်းဆီ ဟင်းစားဇွန်း တစ်ဇွန်းဖြင့် ပလုတ်ကျင်းခိုင်းရာ
အမေဒူးနာ ပြန်မဖြစ်တော့တာကိုလည်း သတိထားမိပါတယ်

နောက်တစ်ယောက်ကတော့
သိုင်းရွိုက်ရောဂါဖြစ်တဲ့
ကျွန်တော့်မိတ်ဆွေတစ်ယောက်ပါပဲ

သူ့ရဲ့သိုင်းရွိုက်ဂလင်းကနေ
ဟိုမုန်း အထွက်နဲတော့
လူက လေးလံထိုင်းမှိုင်းပြီး
ကိုယ်အလေးချိန်လည်းတက်လာတယ်
ရုပ်ပါပြောင်းသွားလို့သူ့ကိုမမှတ်မိနိုင်အောင် ဖြစ်သွားတယ်
ခံတွင်းကဗက်တီးရီးယားနဲ့အဆိပ်တွေက
သိုင်းရွိုက်ဂလင်းရဲ့Pumpတွေကို
blockလုပၴားလို့
ဟိုမုန်းကောင်းကောင်းမထွက်တဲ့အတွက်
သွားဆရာဝန်ဆီမှာ
သေချာကုသလိုက်တဲ့နောက်မှာတော့
ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်
သူလည်းသံလွင်ဆီကို
နေ့စဉ်ဟင်းစားဇွန်းတစ်ဇွန်းစာဖြင့်
ဆယ်မိနစ်ခန့်ပလုတ်ကျင်းရာ
ပြန်ပြီးရောဂါမဖြစ်တော့တာကို
လေ့လာတွေ့ရှိရပါတယ်

ထပ်မှန်၍ ကျောက်ကပ်ရောင်နေတဲ့
သူတစ်ယောက်အကြောင်းကို
ပြောပြဆွေးနွေးလိုပါသေးတယ်
သူ့မှာကျောက်ကပ်က
ကောင်းကောင်းအလုပ်မလုပ်တော့လူကဖောသွပ်သွပ်ဖြစ်လာပြီး
မျက်ခွံပါမို့အစ်လာတယ်
ခြေထောက်တွေကလည်း
ဖောပြီးရောင်ကိုင်းနေပါတော့တယ်
ကျောက်ကပ်ဆေးတွေသောက်လည်း
လူကသိပ်မသက်သာရှာပါဘူး
တစ်နေ့ သူ သွားအရမ်းနာနေလို့
သွားဆရာဝန်ကိုသွားရောက်ပြတဲ့
အခါကြတော့မှ သွားဆရာဝန်တွေက ပျက်စီးနေတဲ့သွားနဲ့
သွားဖုံးတွေကိုပြန်ကောင်းအောင်
ကုပေးလိုက်တော့မှ ကျောက်ကပ်လည်း
ပြန်ကောင်းသွားတာကိုတွေ့ရှိရပါတယ်
သူလည်းအုန်းဆီဟင်းစားဇွန်းတစ်ဇွန်းစာ
နေ့စဉ်ပလုတ်ကျင်းတယ်ဟုသတိရပါတယ်

ကျွန်တော်နဲ့အရမ်းခင်မင်တဲ့
ငယ်သူငယ်ချင်းတစ်ယောက်လည်း
ငယ်ငယ်ကတည်းက
ပါးစပ်တော်တော်နံတဲ့သူတစ်ယောက်ပါပဲ
ဘယ်လောက်တောင် နံသလဲဆိုရင်
မျက်နှာချင်းဆိုင်စကားပြောလို့တောင်
အဆင်သိပ်မပြေချင်ပါဘူး
ခံတွင်းအနံ့ကဆိုးဝါးတာလည်းမပြောနဲ့.
သွားတိုက်လည်းအတော်လေး
ပျင်းသူဖြစ်တဲ့အတွက်
နှစ်တွေကြာလာတော့
ခံတွင်းရောဂါခံစားလာရတာဖြစ်ပါတယ်
ခံတွင်းရောဂါတွေနဲ့သူငယ်ချင်းဟာ
ငယ်ငယ်ကတည်းကလည်း
သိပ်မကျန်းမာရှာတဲ့အတွက် အသက်(၄၅)နှစ်လောက်မှာဘဲ
ဆုံးသွားတာကိုတွေ့ခဲ့ရဘူးပါတယ်

ယခုအချိန်အခါမှာလည်း
ရာသီဥတုအစားအသောက်
အပြုအမူအနေအထိုင်တွေကြောင့်
လူတော်တော်များများဖြစ်နေတဲ့
ရောဂါဝေဒနာတွေကတော့
အသည်းရောဂါ၊ အဆုတ်ရောဂါ၊
အစာအိမ်၊ ကျောက်ကပ်၊ နှလုံး၊
အူလမ်းကြောင်း၊ ဆီးချို၊ နှလုံးသွေးကြော
ဦးနှောက်၊ အသက်ရှူလမ်းကြောင်း၊
ဆီးလမ်းကြောင်းနဲ့ကင်ဆာရောဂါမျိုးစုံ
အရိုးအဆစ်နာကျင်ကိုက်ခဲခြင်းတို့ဟာ 👉 ခံတွင်းမှာရှိနေတဲ့
ဗက်တီးရီးယားရောဂါပိုးမွှားတွေကနေ
ထုတ်ပေးလိုက်တဲ့အဆိပ်တွေကြောင့် 👈
အများဆုံးဖြစ်နေကြတာကို
အားလုံးသတိထားမိစေချင်ပါတယ်

ခံတွင်းမသန့်လေ ရောဂါထူလေဘဲဖြစ်ပြီး
ပါးစပ်နံလေ ရောဂါများလေ၊
အသက်တိုလေပဲ ဖြစ်ပါတယ်
သွားဖုံးအရင်းမှာ
အစိမ်းရောင်အဝါရောင်ရှိတဲ့ပြည်တွေထဲမှာ
အလွန်အဆိပ်ပြင်းတဲ့ရောဂါပိုးတွေရှိပါတယ်
ဒါကြောင့်ခံတွင်းထဲဗက်တီးရီးယားတွေကို
အမြဲတန်းရှင်းလင်းပေးဖို့လိုအပ်ပါတယ်

ခံတွင်းကရောဂါပိုးနဲ့အဆိပ်တွေကို
ဖယ်ထုတ်ရှင်းလင်းဖို့
အကောင်းဆုံးနည်းကတော့
အုန်းဆီ နှမ်းဆီ သံလွင်ဆီ တစ်မျိုးမျိုးတို့ဖြင့်
ပလုတ်ကျင်းပေးခြင်းပဲဖြစ်ပါတယ်
ဘာကြောင့်လည်းဆိုတော့
ဆီက အဆိပ်စုပ်အားကောင်းပြီး
သွားတွေအကြားနဲ့သွားဖုံးရင်းတွေမှာ
အိမ်ဖွဲ့နေကြတဲ့အဏုဇီဝရောဂါပိုးတွေကို
ဆီကဆွဲထုတ်ပေးနိုင်လို့ပဲဖြစ်ပါတယ်

နံနက်စောစောအိပ်ယာထတာနဲ့
ဆီတစ်ငုံစာကို ၁၀မိနစ်လောက်ငုံထားပြီး

ပလုတ်ကျင်းပေးပါက
ရောဂါပိုးတွေ ထွက်သွားလိမ့်ပါမယ်

ထိုကဲ့သို့ ဆီဖြင့် ပလုပ်ကျင်းပြီးမှ သွားတိုက်တာသည်အကောင်းဆုံးပါပဲ၊

ပလုပ်ကျင်းပြီးရင်တော့
ရေနွေးနွေးလေးဖြင့် ပါးစပ်ကို ပြန်လည်ဆေးကြော ပေးရင်ဖြင့် အကောင်းဆုံးပဲပေါ့ ခင်ဗျာ

ပလုတ်ကျင်းဖို့ အကောင်းဆုံးဆီကတော့ မြန်မာနိုင်ငံမှာ အလွယ်တကူဝယ်လို့ရတဲ့

အုန်းဆီဘဲဖြစ်ပါတယ်

အုန်းဆီအပြင် သံလွင်ဆီ၊နှမ်းဆီတွေနဲ့လည်း
ပလုတ်ကျင်းလို့လည်း ရပါတယ်

ပဲဆီ နေကြာဆီ စားအုန်ဆီတွေနဲ့တော့ ပလုတ် မကျင်းစေချင်ပါဘူးခင်ဗျာ

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ဆီဖြင့် ပလုပ်ကျင်းတာကို နေ့စဉ် မလုပ်နိုင်ရင်တောင်မှ တစ်ပတ်ကို (၂)ခါ (၃)ခါလောက်
လုပ်ပေးသင့်တယ်ဟုအကြံပေးလိုပါတယ်၊

ယခုအခါ ဆီနဲ့ပလုပ်ကျင်းပြီး
ခံတွင်းသန့်ရှင်းအောင် ပြုလုပ်ကာ ကျန်းမာ နေထိုင်တဲ့နည်းကို နိုင်ငံတော် တော်များများ အထူးသဖြင့်
ထိုင်းနိုင်ငံမှာ လက်ခံကျင့်သုံးနေတာကို သိရှိရပါတယ်ခင်ဗျာ

ကျွန်တော့်၏မိတ်ဆွေများအနေဖြင့် ခံတွင်းသန့်လေ...
ကျန်းမာရေး ကောင်းလေ...
ဆိုတာကိုသတိပြုပြီး
ခန္ဓာကိုယ်တစ်ခုလုံး၏ကျန်းမာရေးအတွက်
ခံတွင်းကို သန့်ရှင်းအောင်ထားပြီး ကျန်ရှိနေသော အချိန်ခဏလေးကို ကျန်းမာစွာဖြင့် ရှင်းသန့် နေထိုင်ကြရအောင် ပါခင်ဗျာ ။

CRD........မူရင်း
#ကျန်းမာရေး
#မေတ္တာဖြင့်

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

ဗဟုသုတ ၊ရသစာပေ ၊ ကျန်းမာရေး ၊ဟာသများနေ့စဉ်ဖတ်ရှုလိုပါကကျွန်တော့်အကောင့် Account လေးကို like & Follow
လုပ်ထားပေးကြပါဦးဗျ

သားသမီးရှိရက်နဲ့ အိမ်ထောင်ကွဲလိုက်တဲ့မိခင်တွေက သားသမီးရှေ့ရေးမကြည့်တဲ့အတ္တကြီးတဲ့ မိခင်တွေလို့ ဆိုလိုချင်ကြတယ် ကျမပြောချ...
14/08/2025

သားသမီးရှိရက်နဲ့ အိမ်ထောင်ကွဲလိုက်တဲ့
မိခင်တွေက သားသမီးရှေ့ရေးမကြည့်တဲ့
အတ္တကြီးတဲ့ မိခင်တွေလို့
ဆိုလိုချင်ကြတယ်

ကျမပြောချင်တာကတော့
လူတွေဟာ ပုခုံး၂ဖက်ကြား
ခေါင်းပေါက်တာချင်း တူပေမယ့်
စိတ်ဓါတ် ၊ ခံယူချက်ချင်း မတူပါဘူး

သားသမီးမျက်နှာကြောင့်
ယောက်ျား ပုဆိုးစ ဆွဲထားတဲ့
မိခင်တွေလည်း မှန်သလို

သားသမီးရော ကိုယ့်ဘဝပါ
အနစ်မွမ်း မခံနိုင်လို့
မကောင်းတဲ့လူတစ်ယောက်ကို
ကျောခိုင်း လမ်းခွဲတဲ့မိခင်တွေလည်း
မှန်တာပါပဲ

ဒါကို ငါတော့မှန်တယ်
သူကတော့ မှားနေပြီ လို့ပုံသေတွက်လို့မှမရတာ

နောက်တစ်ခုက
အိမ်ထောင်ရေး ပြိုလဲမှာကြောက်လို့
ကလေးတွေမျက်နှာကြောင့်
သည်းခံပါပြီတဲ့
ကျမ မေးချင်တာက
ဘယ်နှရက် သည်းခံနိုင်မှာလဲ?
၁ရက်လား?
၁ပတ်လား?
၁လလား?
၁နှစ်လား?

လူတိုင်းမှာ resistance ရှိပါတယ်
ရှိတဲ့ resistance ကလည်း limit အလိုက်ရှိတာပါ
အမြဲမရှိနိုင်ပါဘူး

ကျမ ခံယူချက်ကတော့ ရှင်းပါတယ်
ဘဝခရီးအရှည်ကြီးမှာ
မကောင်းတဲ့လူတစ်ယောက်ကို
အနားမထားနိုင်ပါဘူး

အိမ်ထောင်ရေး တစ်ခုမှာ
အဓိကအကျဆုံးအချက်များစွာထဲကမှ ၁ခုက
ယုံကြည်မှုပါ
သူနဲ့ ကိုယ်ကြားမှာ
ယုံကြည်မှုပျောက်ဆုံးသွားရင်
ရှေ့ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး

ယုံကြည်မှုဆိုတာ ဖန်ခွက်လိုပါပဲ
တစ်ခါ ကွဲအက်သွားရင် ပြန်ဆက်ဖို့
မလွယ်တော့ပါဘူး

ကိုယ်မယုံကြည်ရတဲ့ လူတစ်ယောက်နဲ့
ရှေ့ဆက်ရတဲ့ဘဝက
အချိန်မရွေး ပေါက်ကွဲနိုင်တဲ့
ဗုံးတစ်လုံးကို အနားမှာထားတဲ့
အဖြစ်နဲ့ အတူတူပါပဲ

နောက်တစ်ခုက
သားသမီးတွေအတွက်မတွေးတဲ့
အတ္တကြီးတဲ့မိခင်လို့
ပြောကြတာကြီးပါ

ဘဝင်မကျဆုံး အချက်ပါပဲ

မိဘ၂ပါးနဲ့တော့ နေရပါရဲ့
တစ်နေ့ တစ်နေ့ အမေနဲ့အဖေရဲ့
ရန်ပွဲတွေ အဆင်မပြေမှုတွေကြားမှာ
ကြီးပြင်းလာတဲ့ကလေးတစ်ယောက်ကရော
ပျော်ရွှင်နိုင်မယ်လို့ထင်ပါသလား?

ကျမရဲ့အဖြေကတော့
I don't think so ပါပဲ

အိမ်ထောင်ရေး သောကတွေကြောင့်
မိခင်ကိုယ်တိုင်တောင် ပျော်ရွှင်မှုပျောက်ဆုံးနေတာ
ကိုယ့်သားသမီးကို ဘယ်လိုပျော်ရွှင်အောင်ထားနိုင်မှာလဲ?

ကိုယ့်ကို နာကျင်စေတဲ့
ပတ်ဝန်းကျင်ဆို ကျောခိုင်းမယ်
ကိုယ့်ကို ဝမ်းနည်းမှု ၊ ရှက်ရွံ့မှု ၊ သိမ်ငယ်မှုတွေ
ပဲပေးတဲ့သူကို စွန့်ခွာမယ်

ဝမ်းနည်းနာကျင်မှုပေးတဲ့ ပတ်ဝန်းကျင်မှာ
သားသမီးဘဝ မနစ်မွမ်းစေရဘူး

အဖေနဲ့ အမေ စကားများတိုင်း
ချောင်ကပ်ငိုနေရတဲ့ ပုံစံမျိုး
ကိုယ့်ကလေးကို အဖြစ်မခံနိုင်ဘူး

ဒါဟာ သူလည်းမထိခိုက်
ကိုယ်ကိုယ်တိုင်လည်း လွတ်မြောက်နိုင်တဲ့
အငြိမ်းချမ်းဆုံးဖြေရှင်းနည်း တစ်ခုပါပဲ

မိန်းမတစ်ယောက် ထက်မြက်မှု
ရှိတယ် မရှိဘူးဆိုတာ
ငွေရှာနိုင်တာ တစ်ခုထဲနဲ့မဆိုင်ပဲ
သူမရဲ့ ရဲရင့်မှု အရည်အချင်းရှိမှု
ဝေဖန်စဉ်းစားပိုင်းခြားနိုင်တဲ့ ဉာဏ်ပညာတွေနဲ့လည်း
ဆိုင်ကြောင်း ပြောချင်ပါတယ်

နောက်ဆုံးပိတ် အနေနဲ့ပြောရရင်
စုပ်ကိုင်ထားတဲ့သူက သတ္တိရှိတာ မဟုတ်သလို
စွန့်လွှတ်လိုက်တဲ့သူကလည်း သတ္တိကြောင်တာ
မဟုတ်ဘူး

လူဆိုတာ
ကိုယ့်လမ်း ကိုယ်သွား
ကိုယ်သမိုင်း ကိုယ်ရေးနေကြတာချည်းပဲ

ကိုယ့်ဖြစ်တည်မှုကိုလည်း အထင်မသေးသလို
သူတစ်ပါးဖြစ်တည်မှုကိုလည်း
အထင်မသေးဘူး အပြစ်လည်းမဆိုဘူး

𝘾𝙧𝙚𝙙𝙞𝙩_𝙩𝙤_𝙤𝙧𝙞𝙜𝙞𝙣𝙖𝙡 𝙒𝙧𝙞𝙩𝙚𝙧

နိုင်ငံခြား​သုံးငွေကြီးကြပ်မှု​ကော်မတီ၏ လမ်းညွှန်ချက်အရ ယာယီခွင့်မပြုသည့်ပစ္စည်းများ
14/08/2025

နိုင်ငံခြား​သုံးငွေကြီးကြပ်မှု​ကော်မတီ၏ လမ်းညွှန်ချက်အရ ယာယီခွင့်မပြုသည့်ပစ္စည်းများ

 #အားနာတယ် အဖေခလုပ်တိုက်ရင်တောင်"အမေ"လိုပဲ    အော်မိလို့ ________________________ #အားနာတယ်"အဖေကျောင်းလိုက်ပို့ပေးတဲ့ အမ...
13/08/2025

#အားနာတယ် အဖေ
ခလုပ်တိုက်ရင်တောင်"အမေ"လိုပဲ
အော်မိလို့
________________________
#အားနာတယ်"အဖေ
ကျောင်းလိုက်ပို့ပေးတဲ့ အမေ့ကိုသာ ချစ်နေပြီး
ပညာသင်နိုင်အောင် ပိုက်ဆံရှာနေတဲ့"အဖေ့ကို မေ့နေလို့
____________________________________

#အားနာတယ်"အဖေ
အမေ့မေတ္တာဖွဲ့သီချင်းတွေ ဆိုကြပြီး
အဖေ့အတွက် သီချင်းရှားလွန်းလို့
_______________________

#အားနာတယ်"အဖေ
နို့စက်တွေကို တန်ဖို့ထားပြီး
ချွေးစက်တွေကို"သတိမထားမိခဲ့လို့
_______________________

#အားနာတယ်"အဖေ
အမေ့ပါးကို ခုထိနမ်းပြီး
အဖေ့ပါးကို ၆ နစ်ကျော်ကတည်းက မနမ်းရဲတော့လို့
_______________________________________

#အားနာတယ်"အဖေ
ကျရူံးတဲ့အခါ အမေ့ရင်ခွင်ကိုပဲ တမ်းတနေပြီး
တံတိုင်းလို ကာကွယ်ပေးတဲ့ အဖေ့ကျောပြင်ကို သတိမရမိလို့
________________________________________

အသက်နဲ့ရင်းပြီး မွေးတဲ့အမေရော
ဘဝနဲ့ရင်းပြီးကျွေးတဲ့ အဖေရောဟာ
သားသမီးတို့အတွက် မေတ္တာရှင်တွေပါ
ကျွတ်တော်ပိုစ့်လေးကို ဖတ်ပြီး အိမ်ကမိဘကို သတိရသွားရင်
ကျွန်တော် တင်ရကျိုးနပ်ပါပြီ......။

#အားနာတယ်အဖေ
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

ဗဟုသုတ ရသစာပေ ဟာသများနေ့စဉ်ဖတ်ရှုလိုပါကကျွန်တော့်အကောင့် Account လေးကို like & Follow
လုပ်ထားပေးကြပါဦးဗျ

တစ်ယောက်ထဲရဲ့ကမ္ဘာက ငြိမ်သက်အေးဆေးလွန်းတယ်။ငြိမ်သက်လွန်းလို့ ကိုယ့်အသံရှုသံ၊ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။အေး...
13/08/2025

တစ်ယောက်ထဲရဲ့ကမ္ဘာက ငြိမ်သက်အေးဆေးလွန်းတယ်။
ငြိမ်သက်လွန်းလို့ ကိုယ့်အသံရှုသံ၊ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။

အေးပြီဆို ကိုယ့်ကိုယ်ကို အနွေးထည်ထပ်ဖို့မမေ့ပါနဲ့
ဆာပြီဆို ကိုယ့်အတွက် ပေါင်မုန့်တစ်လုံးဝယ်ဖို့မမေ့ပါနဲ့
ဖျားပြီဆို ကိုယ့်ကိုယ်ကို ဆေးသောက်ဖို့မမေ့ပါနဲ့
ဆုံးရှုံးပြီဆို ကိုယ့်ကိုယ်ကို အားပေးဖို့မမေ့ပါနဲ့
စိတ်ဓာတ်ကျပြီဆို ကိုယ့်ကိုယ်ကို ကြံ့ခိုင်ဖို့မမေ့ပါနဲ့
လဲကျပြီဆို နာကျင်မှုထဲကနေရုန်းထပြီး ကိုယ့်ကိုယ်ကို အပြုံးတစ်ပွင့်ပေးဖို့ မမေ့ပါနဲ့....
တစ်ယောက်ထဲဆိုပေမယ့်လည်း တစ်ယောက်ထဲရဲ့လွတ်လပ် ငြိမ်းချမ်းမှုတွေရှိခဲ့ပါတယ်။

#နိုင်းနိုင်းစနေ

အဘွားက ပြောခဲ့ဖူးတယ်။ ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။ လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။ အ...
13/08/2025

အဘွားက ပြောခဲ့ဖူးတယ်။

ခက်ခဲကျပ်တည်းတဲ့အချိန်တွေမှာ
ရှေ့ကို နည်းနည်းချင်းပဲ သွားတဲ့။

လုပ်စရာရှိတာကို နည်းနည်းချင်း လုပ်။

အနာဂတ်အကြောင်း တွေးမပူနဲ့၊
မနက်ဖြန် ဘာတွေဖြစ်ကုန်မလဲ
တွေးမကြောက်နဲ့တဲ့။

ပန်းကန်တွေ ဆေး။
အမှိုက်တွေ လှည်းကျင်း။
စာရေးစရာရှိတာ ချရေး။
ချက်စရာရှိတာ ချက်။

ဒီလောက် လုပ်နိုင်ရင်
ဒါ ရှေ့ကို ဆက်သွားနေတာပဲတဲ့။
တစ်လှမ်းချင်းပေါ့။

ခက်ခဲတဲ့အချိန်မှာ
တစ်လှမ်း လှမ်းပြီးရင် ရပ်လိုက်။
နည်းနည်း အနားယူ။
ငါ ရှေ့ကို ဆက်သွားနေနိုင်သားပဲလို့
ကိုယ့်ကိုယ်ကိုယ် ချီးမွမ်း။
နောက်တစ်လှမ်း လှမ်း။
နောက်တစ်ခါ အနားယူ။

နည်းနည်းချင်းပဲ ဆက်လုပ်နိုင်လေလေ
စိတ်ရောကိုယ်ပါ ပိုနေလို့ကောင်းလာလေလေ
ဖြစ်သွားလိမ့်မယ်။

အနာဂတ်ကို တွေးပူပြီး
လက်လျှော့ချင်နေတဲ့စိတ်တွေ
လျော့ပါးလာလိမ့်မယ်တဲ့။

~ အယ်လီနာ မီခယ်လ်ခိုဗာ
#စိတ်သစ်ပင်စာအုပ်စင်
#လူသာမန်

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

ဗဟုသုတ ရသစာပေ ဟာသများနေ့စဉ်ဖတ်ရှုလိုပါကကျွန်တော့်အကောင့် Account လေးကို like & Follow
လုပ်ထားပေးကြပါဦးဗျ

Psywar ဆိုတာ Psychological Warfare (စိတ်ဓာတ်စစ်ဆင်ရေး) ကို အတိုကောက် ခေါ်တဲ့ဝေါဟာရ ဖြစ်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိုးနှက်...
11/08/2025

Psywar ဆိုတာ Psychological Warfare (စိတ်ဓာတ်စစ်ဆင်ရေး) ကို အတိုကောက် ခေါ်တဲ့ဝေါဟာရ ဖြစ်ပါတယ်။

စိတ်ပိုင်းဆိုင်ရာ ထိုးနှက်နိုင်တဲ့ ဝေါဟာရ၊ ဝါကျ၊ စာပိုဒ်၊ ဇာတ်လမ်း၊ ဇာတ်အိမ်တွေကို အချက်အလက်နဲ့ ကျကျနန အစီအစဥ်ဆွဲပြီး ရန်ဘက်၊ ပြိုင်ဘက် အဖွဲ့အစည်း (တွေ) ရဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်အောင်၊ အားလျော့အောင်၊ စိတ်သတ္တိ လျော့ပါးအောင် လုပ်တာကို စိတ်ဓာတ်စစ်ဆင်ရေး (Psywar) လို့ ခေါ်ပါတယ်။ အထူးသဖြင့်တော့ လုပ်ကြံသတင်း (disinformation) တွေနဲ့ သတင်းမှား (misinformation) တွေကို ဆိုက်ဝါးလို့ ရည်ညွှန်းလေ့ ရှိတယ်။

စိတ်ဓာတ်စစ်ဆင်ရေးဟာ ဝါဒချင်း တိုက်တဲ့ နိုင်ငံရေးစစ်ပွဲအမျိုးအစားတစ်ခုလည်း ဖြစ်ပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးလုပ်တဲ့အခါ အဓိကအားဖြင့် အဖွဲ့အစည်းတစ်ရပ်ရဲ့ တန်ဖိုးထားမှုတွေ၊ ယုံကြည်မှုတွေ၊ စိတ်ခံစားမှုတွေ၊ စေ့ဆော်အားတွေ၊ ကြောင်းကျိုးဆင်ခြင်ပုံတွေနဲ့ အမူအကျင့်ဆိုင်ရာ စံတွေပေါ် တည်ပြီး ပုံဖျက်ရ/တည်ဆောက်ရပါတယ်။

စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခံရတဲ့ အဖွဲ့အစည်းထဲက လူတွေရဲ့ စိတ်နေစိတ်ထားတွေနဲ့ အမူအကျင့်တွေ ပြောင်းလဲလာရင် စစ်ဆင်ရေးလုပ်တာ အောင်မြင်တယ် ဆိုနိုင်တယ်။

အဖွဲ့အစည်းတစ်ခုထဲ ရှိတဲ့ လူတွေရဲ့ယုံကြည်မှုတွေနဲ့ လုပ်ဆောင်မှုတွေကို သူတို့ဘာသာ သံသယပွားအောင် သံသယဖြစ်စရာ အချက်အလက်တွေနဲ့ ဖြစ်ရပ်တွေ ပေးသိပြီး သူတို့လုပ်ဆောင်နေတာတွေဟာ ဥပဒေနဲ့ ညီသလား၊ ကိုယ်ကျင့်စံနှုန်းတွေနဲ့ ကိုက်သလား၊ တရားနည်းလမ်းကျရဲ့လားလို့ ဒွိဟဖြစ်အောင် လုပ်တယ်။

စိတ်ဓာတ်စစ်ဆင်ရေးလုပ်ခံရတဲ့ အဖွဲ့အစည်းထဲက လူတွေရဲ့ စိတ်ဓာတ်ရေးရာကို ဖိစီးနှိပ်စက်နိုင်ရင် သူတို့ရဲ့ စိတ်နေစိတ်ထားနဲ့ ပြုမူလုပ်ကိုင်ပုံတွေ ပြောင်းလဲလာတယ်။

ပုံနှိပ် သတင်းစာနဲ့ စာအုပ်တွေဟာ တစ်ခေတ်တစ်ခါတုန်းက အစွမ်းထက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေးမီဒီယံတွေ ဖြစ်ခဲ့ပေမယ့် ဒီဘက်ခေတ်မှာတော့ နည်းပညာ၊ အင်တာနက်နဲ့ ဆိုရှယ်မီဒီယာတို့ကသာ အစွမ်းထက်ဆုံး စိတ်ဓာတ်စစ်ဆင်ရေးမီဒီယံတွေ ဖြစ်နေပြီ။

🔲

#စိတ်ဓာတ်စစ်ဆင်ရေး

#လူသာမန်
16.3.2021; 10:07 pm

ကိုးကား
cs.stanford.edu
smallwarsjournal.com

ပုံ ၂ ပုံမှာ
ဆက်လက်ဖတ်ရှုပါရန် ...

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

ဗဟုသုတ ရသစာပေ ဟာသများနေ့စဉ်ဖတ်ရှုလိုပါကကျွန်တော့်အကောင့် Account လေးကို like & Follow
လုပ်ထားပေးကြပါဦးဗျ

#လူလေး (စာပေပရဟိတ)

 #မေတ္တာဖြင့်  #စာပေ  #ဗဟုသုတ #ဘဝအတွတ်စာဖတ်ပါ  #ခွန်အားရှိသောစာတ်ိုများ    #လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည် ဗဟုသုတ ရသစာ...
11/08/2025

#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်

ဗဟုသုတ ရသစာပေ ဟာသများနေ့စဉ်ဖတ်ရှုလိုပါကကျွန်တော့်အကောင့် Account လေးကို like & Follow
လုပ်ထားပေးကြပါဦးဗျ

ကျီးကန်းနှင့် ရန်မဖြစ်ပါနဲ့။ မိမိအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ပါ။သိန်းငှက်ပေါ် ကို တက်ပြီး ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်၊၊ကျီ...
11/08/2025

ကျီးကန်းနှင့် ရန်မဖြစ်ပါနဲ့။
မိမိအလုပ်ကိုသာ ဆက်လက်လုပ်ဆောင်ပါ။
သိန်းငှက်ပေါ် ကို တက်ပြီး
ကိုက်ရဲတာ ကျီးကန်းပဲ ရှိတယ်၊၊

ကျီးကန်းတိုက်ခိုက် လာရင် သိန်းငှက်ဟာ
သူ့ရဲ့ အချိန်နဲ့ အင်အားကို ဖြုန်းပြီး ကျီးကန်းကို ပြန်မတိုက်ခိုက်ပါဘူး၊၊

သိန်းငှက်က သူ့ရဲ့အတောင်ပံကို ဖြန့်ပြီး
မြင့်သထက် မြင့်အောင်
အပေါ် သို့ ရောက်အောင် ထပ်ပြီး ပျံသန်းခဲ့ပါတယ်။

အမြင့်သို့ ရောက်သွားတဲ့အခါ
အောက်စီဂျင် နည်းသွားတဲ့ ကျီးကန်းဟာ
သူ့ဟာသူ ပြုတ်ကျ သွားတယ်လို့ ဆိုပါတယ်။

သိန်းငှက်ဆီက သင်ခန်းစာ ယူပါ။
ကျီးကန်နဲ့ ရန်မဖြစ်ပါနဲ့။
အမြင့်ကိုသာ ဆက်တက်ပါ၊၊

ကိုယ့်ကို လာတိုက်ခိုက်သူတွေကို ပြန် မတိုက်ခိုက်ပါနဲ့၊၊
အမြင့်ဆုံးသာ တက်လှမ်းပါ၊၊
မယှဥ်နိုင်တဲ့ သူက သူ့ဟာသူ ပြုတ်ကျ ကျန်ပါလိမ့်မယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာလေး
ကျီးကန်းနဲ့ တူတဲ့ လူတွေ များစွာ ရှိနေတာကိုလေး သတိရပြီး အကောင်းဆုံး အသက်ရှင်ပါ၊၊

သတိပြုရမှာက ကိုယ်တိုင်က
သိန်းငှက်လိုမျိုး အမြင့်ပျံနိုင်တဲ့ အရည်အချင်းရှိအောင် ခွန်အားရှိဖို့ပဲ လိုပါတယ်၊၊


#စာလေးတွေဖတ်ပြီး စိတ်အကြည်ဓာတ်လေး လက်ခံရရှိပါစေ...♡︎
#မေတ္တာဖြင့် #စာပေ #ဗဟုသုတ
#ဘဝအတွတ်စာဖတ်ပါ
#ခွန်အားရှိသောစာတ်ိုများ

#လေးစားစွာဖြင့်_ပြန်လည်မျှဝေပါသည်
#လူလေး (စာပေပရဟိတ)

ဗဟုသုတ ရသစာပေ ဟာသများနေ့စဉ်ဖတ်ရှုလိုပါကကျွန်တော့်အကောင့် Account လေးကို like & Follow
လုပ်ထားပေးကြပါဦးဗျ ။

မိဘကို ပညာတတ်ဖြစ်စေချင်တာ သားသမီးတိုင်းရဲ့ ဆန္ဒတစ်ခုပါ😁Credit
11/08/2025

မိဘကို ပညာတတ်ဖြစ်စေချင်တာ
သားသမီးတိုင်းရဲ့ ဆန္ဒတစ်ခုပါ😁
Credit

"မြစ်စီးကြောင်းသည် မဖြောင့်တန်းတတ်၊ သို့သော် ပင်လယ်သို့ ရောက်စမြဲ"      မြစ်ဟူသမျှဟာ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ ကျောက်ဆော...
10/08/2025

"မြစ်စီးကြောင်းသည် မဖြောင့်တန်းတတ်၊ သို့သော် ပင်လယ်သို့ ရောက်စမြဲ"

မြစ်ဟူသမျှဟာ တောင်ကုန်း၊ ချိုင့်ဝှမ်း၊ ကျောက်ဆောင်စတဲ့ သဘာဝအဟန့်အတားများကို ကွေ့ဝိုက်ရှောင်ရှားပြီး စီးဆင်းကြတာမျိုးပါ။ ဘယ်လောက်ပဲ ခက်ခဲကြမ်းတမ်းပါစေ၊ ဘယ်လောက်ပဲ ခရီးရှည်ပါစေ၊ ပင်လယ်ဆိုတဲ့ ပန်းတိုင်ကို မရောက်ရောက်အောင် စီးဆင်းမှာပါ။ လမ်းကြောင်း မဖြောင့်တန်းတာဟာ အားနည်းချက်မဟုတ်ပါဘူး။ ပန်းတိုင်ရောက်ဖို့သာ လိုရင်းပါ။
လူ့ဘဝမှာလည်း အခက်အခဲ၊ အတားအဆီး၊ လမ်းလွဲမှုများ ကြုံကြစမြဲပါ။ အကွေ့အကောက်များတိုင်း လမ်းလွဲသွားတာ မဟုတ်ပါဘူး။ ခရီးရှည် လျှောက်နိုင်ဖို့သာ အဓိကပါ။ ဇွဲလုံ့လ၊ သည်းခံမှု၊ ယုံကြည်ချက်တို့ ခိုင်မာနေရင် ဘယ်လို အဟန့်အတားမျိုးကိုမဆို ကျော်လွှားနိုင်ပါလိမ့်မယ်။



# #ဗဟုသုတ #နေ့စဉ်ဗဟုသုတ #စာဖတ်ချစ်သူများ

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Lu Lay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share