Moe Wah Aye

Moe Wah Aye ချစ်ခြင်းမေတ္တာဖြင့် ရှင်သန်ပါ ။💛

Money Heist ဆိုတဲ့ စပိန်ဇာတ်လမ်းထဲမှာ ဘာလင် ပြောသွားတဲ့ စကားတစ်ခွန်းရှိတယ် ။“ သစ္စာဖောက်တယ်ဆိုတာက မင်း လူတစ်ယောက်ကို ဘယ်...
10/04/2026

Money Heist ဆိုတဲ့ စပိန်ဇာတ်လမ်းထဲမှာ ဘာလင် ပြောသွားတဲ့ စကားတစ်ခွန်းရှိတယ် ။
“ သစ္စာဖောက်တယ်ဆိုတာက မင်း လူတစ်ယောက်ကို ဘယ်လောက်ချစ်တယ်ဆိုတာနဲ့ မဆိုင်ဘူး၊ အဲ့ဒါက မင်းရဲ့အကျပ်အတည်းက ဘယ်လောက်ခက်ခဲနေလဲ ဆိုတာနဲ့ပဲ ဆိုင်တယ်” တဲ့။

နောက်ပီး ချစ်ခြင်းနဲ့သစ္စာဖောက်ခြင်းမှာ ဘာဆင်ခြေမှ ရှိမနေဘူး။ ချစ်တာဟာ ချစ်တာပဲ၊ သစ္စာဖောက်တာဟာ ဖောက်တာပဲ။

သူပြောတာက လူတစ်ယောက်က မင်းကို ချစ်နေလျက်နဲ့လည်း သစ္စာဖောက်နိုင်တယ် (ဥပမာ- မိမိကိုယ်ကို ကာကွယ်ဖို့ ဒါမှမဟုတ် ဖိအားတစ်ခုခုကြောင့်)။ သစ္စာဖောက်တာက ကိုယ့်အပေါ်မှာအချစ်လျော့သွားလို့ မဟုတ်ဘဲ အဲ့ဒီလူရဲ့ စိတ်ဓာတ်ကြံ့ခိုင်မှု (သို့) အခြေအနေအပေါ် ခံနိုင်ရည်ရှိမှုအပေါ်မှာပဲ မူတည်တယ်လို့ ဆိုလိုတာပါ။

သစ္စာဖောက်တာက အချစ်နဲ့မဆိုင်ဘူး၊ အဲ့ဒီလူရဲ့ စိတ်ဓာတ် ခံနိုင်ရည်နဲ့ပဲ ဆိုင်တယ် ။

ဒါပေမဲ့ ဒီအချက်ကိုပဲ ပြောင်းပြန်လှန်ပြီး စဉ်းစားကြည့်ရအောင်။
လူတစ်ယောက်မှာရှင်သန်လိုစိတ် ရှိတာ မှန်ပါတယ်။ ဒါပေမဲ့ လူသားနဲ့ တိရစ္ဆာန် ဘာကွာသလဲဆိုရင် လူသားမှာ ကျင့်ဝတ်(Ethics) ရှိတာပါပဲ။ အကျပ်အတည်းတစ်ခုကြောင့် မိမိကို ယုံကြည်သူကို သစ္စာဖောက်လိုက်တာဟာ ခဏတာ လွတ်မြောက်မှု ရနိုင်ပေမဲ့၊ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးမှာတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို ဆုံးရှုံးသွားစေပါတယ်။ ဒါကြောင့် သစ္စာတရားဆိုတာ အခြေအနေအရ ရွေးချယ်ရမယ့်အရာမဟုတ်ဘဲ၊ မည်သည့်အခြေအနေမျိုးမှာမဆို စောင့်ထိန်းရမယ့် "လူပီသမှု" တစ်ခုပါ။
အကျပ်အတည်းကြောင့် သစ္စာဖောက်လိုက်ပြီဆိုပါစို့။ ရရှိလာတဲ့ ရလဒ်က ဘာလဲ? ရှင်သန်ခွင့်လား? ငွေကြေးလား? အဲဒီအရာတွေအားလုံးဟာ ယုံကြည်မှု ဆိုတဲ့ တန်ဖိုးနဲ့ လဲလှယ်လိုက်ရတာပါ။
အကျပ်အတည်းကို အကြောင်းပြပြီး သစ္စာဖောက်လိုက်တာဟာ ခဏတာ လွတ်မြောက်မှုကို ပေးနိုင်ပေမဲ့၊ ကျန်ရှိတဲ့ ဘဝတစ်လျှောက်လုံးမှာတော့ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ နဲ့ ယုံကြည်မှု ကို အပြီးတိုင် စတေးလိုက်ရတာနဲ့ အတူတူပါပဲ။
တစ်ကြိမ် သစ္စာဖောက်ဖူးသူဟာ နောက်ထပ် အကျပ်အတည်းအသစ်တွေနဲ့ တွေ့တိုင်း ထပ်မံသစ္စာဖောက်ဖို့ လွယ်ကူသွားတတ်ပါတယ်။
သစ္စာတရားကို တန်ဖိုးထားသူကတော့ အကျပ်အတည်းကို ရင်ဆိုင်ကျော်ဖြတ်ရင်းနဲ့ပဲ သူ့ရဲ့ ဂုဏ်သိက္ခာကို တည်ဆောက်သွားတာပါ။

ဒီဒိုင်ယာလော့ခ် ကနေကျမတို့ သိထားရမှာက အချက်နှစ်ချက်ရှိပါတယ်။
ပထမအချက် - လူ့သဘာဝရဲ့ အားနည်းချက်ကို နားလည်ဖို့။တစ်ဖက်လူကို အစွန်းရောက်တဲ့ အကျပ်အတည်းထဲ မတွန်းပို့မိဖို့ (လူ့သဘာဝရဲ့ အားနည်းချက်ကို နားလည်ပေးဖို့)။

ဒုတိယအချက် - ကိုယ်တိုင်ကရော ဘယ်လိုလူမျိုးဖြစ်မလဲဆိုတာ ရွေးချယ်ဖို့ပါ။
ဂုဏ်သိက္ခာကို စတေးမယ့်သူလား၊ ဒါမှမဟုတ် သစ္စာတရားကို အသက်ထက် တန်ဖိုးထားမယ့်သူလားဆိုတာ ရွေးချယ်ဖို့ပါ။

သစ္စာရှိခြင်းဟာ အချစ်ရဲ့ အမြင့်ဆုံး သက်သေပြချက် ဖြစ်သလို၊ အချစ်စစ်ဆိုတာ ဘယ်လောက်ပဲ ခက်ခဲပါစေ လက်တွဲမဖြုတ်ဘဲ အတူတူ ရင်ဆိုင်ကြခြင်းပါ။
သစ္စာရှိခြင်းဆိုတာ
အခြေအနေကောင်းနေချိန်မှာ ပြောရတာ လွယ်ပါတယ်။
တကယ်တမ်း အကျပ်အတည်းနဲ့ တွေ့တဲ့အခါမှ
မင်းရဲ့ အချစ် က ဘယ်လောက် ခိုင်မာလဲဆိုတာ သိရမှာ ။

ဒါဟာ ယောက်ကျားရယ် ၊မိန်းမရယ်လို့မှမဟုတ်ပါဘူး ။အဓိက ကစိတ်ပါပဲ ။စိတ်နဲ့ပဲဆိုင်တာပါ ။

wah Aye
March 24,2026.

ဘယ်သူလိုလို မလိုလို ကိုယ့်အလုပ်ကို စေတနာပါပါနဲ့အကောင်းဆုံးလုပ်တယ်။လုပ်ဖော်ကိုင်ဖက်တွေအပေါ် ထားတဲစိတ်ထားက ကိုယ့်ရဲ့ လူမှု...
08/02/2026

ဘယ်သူလိုလို မလိုလို
ကိုယ့်အလုပ်ကို စေတနာပါပါနဲ့
အကောင်းဆုံးလုပ်တယ်။

လုပ်ဖော်ကိုင်ဖက်တွေအပေါ် ထားတဲစိတ်ထားက ကိုယ့်ရဲ့ လူမှုရေးအဆင့်အတန်းပါပဲ ။
အခက်အခဲဆိုတာ သင်ယူဖို့ အခွင့်အလမ်းတစ်ခုလို့
သဘောထားပြီး ရင်ဆိုင်တယ်။

ရာထူးအာဏာထက် လုပ်ဆောင်ချက်အပေါ်မှာပဲ အာရုံစိုက်ပြီး ကြိုးစားတယ်။
အေးအေးဆေးဆေးနဲ့ ထိရောက်တဲ့
အလုပ်လုပ်နည်းကိုပဲ ပိုသဘောကျမိပါတယ်။

✨💌??
#မိုးဝါအေး

ပျော်ရွှင်မှုဆိုတာ အဝေးကြီး မှာ ရှိနေတာမျိုးမဟုတ်ဘဲကိုယ့်ရဲ့ အတွေးအခေါ် နဲ့ မြင်တတ်တဲ့ အမြင်ပေါ်မှာပဲ မူတည်ပါတယ်။ ဒီနေ့မ...
08/02/2026

ပျော်ရွှင်မှုဆိုတာ အဝေးကြီး မှာ ရှိနေတာမျိုးမဟုတ်ဘဲ
ကိုယ့်ရဲ့ အတွေးအခေါ် နဲ့ မြင်တတ်တဲ့ အမြင်ပေါ်မှာပဲ မူတည်ပါတယ်။

ဒီနေ့မှာ မင်း အသက်ရှူနိုင်နေသေးတာဟာ ပျော်ရွှင်ဖို့အတွက် အကြီးမားဆုံးသော အကြောင်းပြချက်တစ်ခုပါ။

သူတစ်ပါးကို ကူညီလိုက်ရတဲ့အခါ ရရှိလာတဲ့ ကြည်နူးမှုဟာ ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ ပျော် ရွှင်မှုမျိုးပါ။

အပြုံးဆိုတာ ငွေကြေး မရှိဘဲပေးကမ်းနိုင်တဲ့ အလှပဆုံး လက်ဆောင်
တစ်ခုပဲဖြစ်ပါတယ် ။

💛💌🍀
#မိုးဝါအေး

ပျော်ရွှင်မှုဆိုတာ အကြီးကြီးတွေဆီကလာတာမဟုတ်ဘဲမျှော်လင့်ချက်တွေ နည်းသွားတဲ့အခါမှ ရောက်လာတတ်တာပါ။ လောကကြီးဆီက အများကြီး မမ...
07/02/2026

ပျော်ရွှင်မှုဆိုတာ အကြီးကြီးတွေဆီကလာတာမဟုတ်ဘဲ
မျှော်လင့်ချက်တွေ နည်းသွားတဲ့အခါမှ ရောက်လာတတ်တာပါ။
လောကကြီးဆီက အများကြီး မမျှော်လင့်ပါနဲ့ ။
ဒါဆို မင်း အများကြီး စိတ်မပျက်ရတော့ဘူး။
သူတစ်ပါးရဲ့ အောင်မြင်မှုနဲ့ ကိုယ့်ဘဝကို ယှဉ်ပြီး အားမငယ်ပါနဲ့ ။
လူတိုင်းမှာ ကိုယ်စီအချိန်ဇယားတွေ ရှိကြတာပဲ။

ဒီနေ့ အသက်ရှူနိုင်နေသေးတယ် ။
ထမင်းစားနိုင်သေးတယ်။ အေးအေးဆေးဆေး အိပ်နိုင်သေးတယ်ဆိုရင် အဲဒါဟာ ကံကောင်းခြင်းပဲ။

ပျော်ရွှင်ဖို့အတွက် တခြားသူရဲ့ ခွင့်ပြုချက်ကို စောင့်မနေနဲ့ ။
မင်းကိုယ်တိုင်ကပဲ မင်းရဲ့ ပျော်ရွှင်မှုကို ဖန်တီးရမှာ ။

💌💛🪻
#မိုးဝါအေး

လူတွေက ချစ်တာကိုထုတ်မပြတတ်တာမဟုတ်ပါဘူး ။ထုတ်ပြရလောက်တဲ့အထိ မင်းကိုမချစ်တာပါ။လူတွေက ပြောင်းလဲလို့မရတော့တာမဟုတ်ပါဘူး ။သူ့က...
06/02/2026

လူတွေက ချစ်တာကိုထုတ်မပြတတ်တာမဟုတ်ပါဘူး ။
ထုတ်ပြရလောက်တဲ့အထိ မင်းကိုမချစ်တာပါ။
လူတွေက ပြောင်းလဲလို့မရတော့တာမဟုတ်ပါဘူး ။
သူ့ကိုယ်သူပြောင်းလဲရလောက်တဲ့အထိမင်းကိုမချစ်လို့ပါ။
သူ့ရဲ့ အရေးမစိုက်မှုတွေက မင်းအတွက် အဖြေတစ်ခုပါပဲ ။

လူတစ်ယောက်က မင်းကို တကယ်ဆုံးရှုံးရမှာ ကြောက်တယ်ဆိုရင် မင်းကို နာကျင်စေမယ့် အလုပ်မျိုးကို ဘယ်တော့မှ ထပ်တလဲလဲ လုပ်မှာမဟုတ်ဘူး။
တောင်းပန်စကားတွေထက် ပြောင်းလဲလာတဲ့ အပြုအမူတွေကသာ မင်းအပေါ်ထားတဲ့ သူ့ရဲ့ တကယ့်စိတ်ရင်းအစစ်အမှန်ပဲ။
ဂရုစိုက်မှုဆိုတာ တောင်းဆိုယူရတဲ့အရာမဟုတ်သလို၊ တန်ဖိုးထားမှုဆိုတာလည်း တောင်းပန်တိုးလျှိုးပြီး ရယူရတဲ့အရာ မဟုတ်ပါဘူး။

တန်ဖိုးထားရမယ့်သူဆိုရင် အကြောင်းပြချက်တွေထက် နည်းလမ်းတွေကိုပဲ ရှာတတ်ကြတာပါ ။

#မိုးဝါအေး
Fri6,1,2026.

တောင်တန်းတွေရဲ့ တည်ငြိမ်မှု ဆီကနေ သည်းခံခြင်းကို သင်ယူပါ။ မြစ်ရေစီးဆင်းမှုဆီကနေ ရှေ့ဆက်ခြင်းကို သင်ယူပါ ။🍃🌿🏞️ #မိုးဝါအေး
01/02/2026

တောင်တန်းတွေရဲ့ တည်ငြိမ်မှု ဆီကနေ သည်းခံခြင်းကို သင်ယူပါ။
မြစ်ရေစီးဆင်းမှုဆီကနေ ရှေ့ဆက်ခြင်းကို သင်ယူပါ ။

🍃🌿🏞️

#မိုးဝါအေး

မဆိုင်တော့ဘူးလို့ ခံစားရရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ လှည့်ထွက်ခဲ့လိုက်တယ် ။ဘာအမုန်းတရားမှလည်း မထားဘူး။ဘာရန်ငြိုးမှလည်း မယူခဲ့ဘ...
15/01/2026

မဆိုင်တော့ဘူးလို့ ခံစားရရင် တိတ်တိတ်ဆိတ်ဆိတ်ပဲ လှည့်ထွက်ခဲ့လိုက်တယ် ။
ဘာအမုန်းတရားမှလည်း မထားဘူး။
ဘာရန်ငြိုးမှလည်း မယူခဲ့ဘူး။
လမ်းခွဲခြင်းက တချို့နေရာတွေမှာ အကောင်းဆုံးသော အဖြေတစ်ခုပဲ ။

❤️‍🔥🫀💐
#မိုးဝါအေး

တခြားသူတွေအပေါ် တတ်နိုင်သမျှ ကြင်နာမှု ပြသပါ။ကြင်နာတတ်တဲ့သူဟာ လူချစ်လူခင် ပေါများပါတယ်။အကူအညီလိုတဲ့သူကို စေတနာနဲ့ ကူညီပေ...
03/01/2026

တခြားသူတွေအပေါ် တတ်နိုင်သမျှ ကြင်နာမှု ပြသပါ။
ကြင်နာတတ်တဲ့သူဟာ လူချစ်လူခင် ပေါများပါတယ်။
အကူအညီလိုတဲ့သူကို စေတနာနဲ့ ကူညီပေးပါ။
မင်းပေးလိုက်တဲ့ စေတနာဟာ တစ်နေ့မှာ မင်းဆီ ပြန်လာပါလိမ့်မယ်။
အပေးအယူထက် စာနာမှုကို ရှေ့တန်းတင်ပြီး
လူသားချင်းစာနာတဲ့ စိတ်နဲ့ ဘဝကို ဖြတ်သန်းပါ ။
စကားပြောတဲ့အခါ တစ်ဖက်လူ နာကျင်မယ့် စကားကို ရှောင်ပါ။

💛💌✨
#မိုးဝါအေး

ရဲရင့်ခြင်းဆိုတာ မကြောက်တတ်တာ မဟုတ်ပါဘူး။ကြောက်နေရက်နဲ့ပဲ ရှေ့ကို ဆက်တိုးတာပါ။မင်းရဲ့ ကြောက်ရွံ့မှုတွေကို မျက်နှာချင်းဆိ...
03/01/2026

ရဲရင့်ခြင်းဆိုတာ မကြောက်တတ်တာ မဟုတ်ပါဘူး။
ကြောက်နေရက်နဲ့ပဲ ရှေ့ကို ဆက်တိုးတာပါ။
မင်းရဲ့ ကြောက်ရွံ့မှုတွေကို မျက်နှာချင်းဆိုင်လိုက်တဲ့အခါ
အဲဒီအရာတွေက မင်းထင်သလောက်
မကြီးမားမှန်း သိလာမှာပါ ။
လောကကြီးက လိမ်ညာမှုတွေနဲ့ ပြည့်နေရင်တောင်
မင်းကတော့ ရိုးသားခြင်းကိုပဲ လက်စွဲပြုပါ။
မှန်ကန်တဲ့အရာကို လုပ်ရတာ တစ်ခါတလေ ခက်ခဲပေမဲ့
အဲဒါက ညဘက်မှာ မင်းကိုအေးအေးဆေးဆေး အိပ်ပျော်စေမဲ့ ဆေးတစ်ခွက်ပါ ။
💌✨??
#မိုးဝါအေး

စာမျက်နှာအသစ်မှာ မင်းရဲ့ စိတ်ကူးတွေကိုလွတ်လပ်စွာ ချရေးပါ။သူများသတ်မှတ်ထားတဲ့ ဘောင်တွေထဲမှာရှင်သန်နေမယ့်အစားမင်းကိုယ်တိုင...
31/12/2025

စာမျက်နှာအသစ်မှာ မင်းရဲ့ စိတ်ကူးတွေကို
လွတ်လပ်စွာ ချရေးပါ။

သူများသတ်မှတ်ထားတဲ့ ဘောင်တွေထဲမှာ
ရှင်သန်နေမယ့်အစား
မင်းကိုယ်တိုင် သတ်မှတ်ထားတဲ့ ပျော်ရွှင်မှုနောက်ကို လိုက်ပါ။

ဒီနှစ်သစ်မှာ မင်းရဲ့ ဖြစ်တည်မှုက
အဓိပ္ပာယ်အရှိဆုံး ဖြစ်ပါစေ။

မုန်တိုင်းတွေဟာ ရာသီအလိုက် လာတတ်ကြတာမို့
စိတ်ညစ်စရာတွေကို ဧည့်သည်လိုပဲ သဘောထားလိုက်ပါ။

အရာအားလုံးက မင်းဆန္ဒအတိုင်း ဖြစ်မလာရင်တောင်
မင်းရဲ့ တည်ငြိမ်မှုက လောကကြီးကို အနိုင်ယူနိုင်ပါစေ။

#မိဝါ

ဒီဇင်ဘာလရဲ့ ချမ်းအေးလှတဲ့ လေပြေက ရှမ်းရိုးမတောင်တန်းတွေကို ဖြတ်ကျော်ပြီး တောင်ပေါ်မြို့လေးထဲကို တိုးဝင်လာပါတယ်။ ကုန်းတက်...
19/12/2025

ဒီဇင်ဘာလရဲ့ ချမ်းအေးလှတဲ့ လေပြေက ရှမ်းရိုးမတောင်တန်းတွေကို ဖြတ်ကျော်ပြီး တောင်ပေါ်မြို့လေးထဲကို တိုးဝင်လာပါတယ်။
ကုန်းတက်ကုန်းဆင်းလမ်းမတွေပေါ်မှာ မြူနှင်းတွေက ဝေဝေဆိုင်းဆိုင်းနဲ့ စတင်စိုးမိုးလာတယ်။ ညနေခင်းဟာ ပုံမှန်ထက်စောပြီး မှောင်ရီပျိုးစပြုနေပါပြီ ။
လမ်းမီးတိုင် ဝါကျင့်ကျင့်လေးတွေအောက်မှာ နှင်းမှုန်တွေက ကခုန်နေကြပြီး မြို့လေးရဲ့ လမ်းမထက်မှာတော့ ကုန်တင်ကားကြီးတွေနဲ့ လမ်းဘေးဝဲယာမှာတော့ ခြံထဲကပြန်လာတဲ့ တောင်သူတွေရဲ့ ဆိုင်ကယ်သံတွေ၊ ခရီးသည်တင် လိုင်းကားလေးတွေရဲ့ ဟွန်းသံတွေနဲ့ လူတွေရဲ့ လှုပ်ရှားသွားလာသံတွေ နဲ့ပဲ့တင်ထပ်လို့နေတယ် ။
ဈေးသည်တွေက သူတို့ရဲ့ ကုန်ပစ္စည်းတွေကို ဆိုင်ကယ်နောက်မှာ တင်ပြီး တောင်ပေါ်လမ်းတွေအတိုင်း အိမ်ပြန်ဖို့ ပြင်နေကြတယ်။ဒီမြို့လေးမှာ လူတိုင်းက မိသားစုဝင်တွေလို ရင်းရင်းနှီးနှီးနဲ့ ကိုယ်ပိုင်စည်းချက်ကိုယ်စီနဲ့လှုပ်ရှားနေကြတာပါ။

ပတ်ဝန်းကျင်မှာတော့ မှောင်ရီပျိုးစ အချိန်မို့ မြို့လေးက ပိုပြီး ငြိမ်သက်လာပါတယ်။လမ်း‌မကြီး‌‌ရဲ့ဘေး အိမ်လေးတွေဆီက ထွက်လာတဲ့ ထင်းမီးခိုးနံ့က အေးစက်တဲ့ လေထုထဲမှာ ပျံ့လွင့်နေပြီး အိမ်အသီးသီးက ထွက်လာတဲ့ ထမင်းဟင်းနံ့တွေ၊ မီးဖိုချောင်ထဲက ပန်းကန်ခွက်ယောက်သံတွေက ပုံမှန်ရှင်သန်နေတဲ့ ဘဝရဲ့ စည်းချက်တွေကို ဖော်ပြနေတယ်။မြို့ခံတွေကတော့ အိမ်တွင်းအောင်းဖို့ အသီးသီး ပြင်ဆင်နေကြတဲ့ အချိန်ပေါ့။

"မွန်း" တစ်ယောက် မြို့စွန်က ကော်ဖီဆိုင်လေးရဲ့ ဝရန်တာမှာ ထိုင်ရင်း တောင်တန်းတွေကြား နစ်မြုပ်သွားတဲ့ နေလုံးကြီးကို ငေးကြည့်နေမိတယ်။ အိမ်ကိစ္စတွေ၊ မိဘတွေရဲ့ ဖိအားတွေနဲ့ စိတ်တိုင်းမကျမှုတွေက သူမကို အသက်ရှူရကျပ်စေခဲ့တာ ကြာပါပြီ။

အဲဒီအချိန်မှာပဲ အစ်ကိုတစ်ယောက်လို အမြဲတမ်း အားကိုးခဲ့ရတဲ့ စိုင်းနောင် ရောက်လာခဲ့ပါတယ်။ စိုင်းနောင်က သူမထက် ငါးနှစ်လောက် ပိုကြီးသလို၊ လောကကြီးကိုလည်း အေးအေးဆေးဆေး ရှုမြင်တတ်သူတစ်ဦးပါ။ဆိုင်ရှေ့မှာ ဆိုင်ကယ်ရပ်လိုက်တဲ့အသံနဲ့အတူ တည်ငြိမ်တဲ့ ခြေသံတစ်ခုက မွန်းဆီကို ဦးတည်လာပါတယ်။ အေးစက်လှတဲ့ လေထုကို ဖောက်ထွက်ပြီး ရောက်လာတဲ့ "စိုင်းနောင်" က မွန်းရဲ့ မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်လိုက်တယ်။
"အစ်ကို့ကို စောင့်နေတာ ကြာသွားပြီလား မွန်း"
"မကြာသေးပါဘူး အစ်ကို" မွန်းလည်း ခဏမှ ရောက်တာ ။

စိုင်းနောင်က ပြောပြောဆိုဆိုနဲ့ ခေါင်းပေါ်က နှင်းစက်တွေကို ခါချရင်း မွန်းကို ဂရုတစိုက် ကြည့်လိုက်တယ်။ပတ်ဝန်းကျင်မှာတော့ မှောင်ရီပျိုးစ အချိန်မို့ မြို့လေးက ပိုပြီး ငြိမ်သက်လာပါတယ် ။

မွန်းရဲ့ မျက်ဝန်းမှာ မျက်ရည်တွေ ဝိုင်းနေပါတယ်။ စိုင်းနောင်က ဘာမှဝင်မပြောဘဲ ကော်ဖီပူပူလေးကို တစ်ငုံသောက်ရင်း ငြိမ်ငြိမ်လေး နားထောင်ပေးနေတယ်။ သူက စကားဖြတ်ပြောလေ့မရှိဘူး။ လူတစ်ယောက်ရဲ့ ခံစားချက်ကို လေးစားတဲ့ သဘောပါ။

"အစ်ကို... မွန်း တကယ်စိတ်ပင်ပန်းနေပြီ။ အဖေတို့က မွန်းကို လူတစ်ယောက်လိုရော နားလည်ပေးကြရဲ့လားမသိဘူး။ မွန်းဖြစ်ချင်တဲ့ ဆန္ဒထက် သူတို့သတ်မှတ်ထားတဲ့ ပုံစံခွက်ထဲကိုပဲ အတင်းသွင်းနေကြတာ။ မွန်းရဲ့ ဘဝက မိဘတွေအတွက် ရုပ်သေးရုပ်တစ်ခုလိုပဲလားဟင်။ ဒီခေတ်ကြီးမှာ လူတိုင်းက ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်ပြီး ကိုယ့်လမ်းကိုယ် ရွေးချယ်နေကြချိန်မှာ မွန်းကတော့ ဒီတောင်ပေါ်မြို့လေးမှာ ပိတ်မိနေသလိုပဲ"
မွန်းရဲ့ ရင်ဖွင့်သံဟာ နာကျင်မှုတွေနဲ့ တုန်ရီနေပါတယ်။ သူမဟာ မိဘတွေရဲ့ဆန္ဒနဲ့ ကိုယ့်ကိုယ်ကိုယ် ရှာဖွေချင်တဲ့ ဆန္ဒကြားက ပဋိပက္ခဒဏ်ကို မခံနိုင်တော့ဘဲ အစ်ကိုတစ်ယောက်လို ခင်မင်ရတဲ့ စိုင်းနောင်ထံသို့ ရင်ဖွင့်နေတာပါ ။

စိုင်းနောင်က ကောဖီကို တစ်ငုံသောက်ပြီး လေသံအေးအေးနဲ့ စ‌ပြောပါ‌တော့တယ်။
"ခေတ်တွေက ပြောင်းသွားပြီမွန်း။
"လောကကြီးမှာ အမှားနဲ့ အမှန်ရယ်လို့ သီးသန့်မရှိဘူး မွန်း။ရှိတာက 'ရှုထောင့်' ပဲ။ "အန်ကယ်တို့၊ အန်တီတို့ ခေတ်က 'Pre-destined Society' လို့ ခေါ်တဲ့ အစဉ်အလာအတိုင်း သတ်မှတ်ထားတဲ့ လူ့အဖွဲ့အစည်း။ အဲဒီခေတ်က လူတစ်ယောက်ရဲ့ ဖြစ်တည်မှုက မိသားစု၊ ဘာသာရေးနဲ့ ရိုးရာအပေါ်မှာပဲ တည်တယ်။ 'ငါ ဘာဖြစ်ချင်လဲ' ဆိုတာထက် 'ငါ ဘာဖြစ်သင့်သလဲ' ဆိုတာကပဲ အဓိကဖြစ်ခဲ့တာ။ သူတို့အတွက်ကတော့ ဒါဟာ ဘဝရဲ့ တည်ငြိမ်မှု (Stability) ပေါ့။ မွန်းက မွန်းမြင်ရတဲ့ ခေတ်သစ်အမြင်နဲ့ ကြည့်တယ်။ ။ နည်းပညာတွေ၊ ဗဟုသုတတွေက မွန်းတို့ကို ကမ္ဘာကြီးနဲ့ ချိတ်ဆက်ပေးထားတော့ မွန်းတို့က 'ကိုယ့်ရဲ့ ထူးခြားချက် (Individuality)' ကို ရှာဖွေချင်လာကြတယ်။ ဒါဟာ အိမ်ကလူတွေနဲ့ မွန်းကြားမှာ ဖြစ်နေတဲ့ ခေတ်ရေစီးကြောင်း နှစ်ခုရဲ့ ပွတ်တိုက်မှုပဲ။ မွန်းကို သူတို့က အချစ်နဲ့ ချည်နှောင်ထားပေမဲ့ အဲဒီအချစ်က မွန်းရဲ့ 'လွတ်လပ်ခွင့်' ကို ဝါးမြိုနေသလို ဖြစ်နေတာ။
"မွန်း... အစ်ကို ပြောပြမယ်။ ဘဝရဲ့ ဖြစ်တည်မှု (Existence) ဆိုတာကို နားလည်ဖို့ဆိုရင် ခေတ်ရေစီးကြောင်းနှစ်ခုကြားက ကွာဟချက်ကို အရင်မြင်အောင်ကြည့်ရမယ်။ မွန်းရဲ့မိဘတွေ ဖြတ်သန်းခဲ့ရတဲ့ ခေတ်က 'ရှင်သန်ရေး (Survival)' ကိုပဲ အဓိကတိုက်ပွဲဝင်ခဲ့ရတဲ့ ခေတ်။ အဲဒီတုန်းက ဒီတောင်ပေါ်မြို့လေးမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသလို၊ စားဝတ်နေရေးကလည်း အခုလောက် မလွယ်ဘူး။ သူတို့အတွက် 'ဘဝ' ဆိုတာ အန္တရာယ်ကင်းကင်းနဲ့ မိသားစုကို လုံလုံခြုံခြုံ ကျွေးမွေးနိုင်ဖို့ပဲ။ အဲဒီတော့ သူတို့ရဲ့ အတွေးအခေါ်တွေက 'Stability' လို့ခေါ်တဲ့ တည်ငြိမ်လုံခြုံမှုအပေါ်မှာပဲ အခြေခံတာ။ သူတို့က မွန်းကို အတင်းပုံသွင်းနေတာဟာ မွန်းကို မချစ်လို့မဟုတ်ဘူး။ သူတို့သိတဲ့ တစ်ခုတည်းသော လုံခြုံတဲ့လမ်းကြောင်းထဲကို မွန်းကို ဆွဲသွင်းပြီး ကာကွယ်ပေးချင်နေကြတာ။

စိုင်းနောင်က ခေတ္တရပ်ပြီး အပြင်ဘက်က လမ်းမပေါ် ဆိုင်ကယ်နောက်မှာ ဟင်းသီးဟင်းရွက်ခြင်းတွေ တင်ပြီး အိမ်ပြန်နေကြတဲ့ ဈေးသည်တွေကို အဝေးကနေ ငေးကြည့်ရင်း လေသံအေးအေးနဲ့ ဆက်ပြောလိုက်တယ်။
"ဟိုမှာကြည့် မွန်း... အဲဒီလူတွေရဲ့ ခြေလှမ်းတိုင်းမှာ ကိုယ်စီတာဝန်တွေ ပါနေကြတာ။ သူတို့က ဘဝကို ခေါင်းစဉ်တပ်ပြီး အဓိပ္ပာယ်ရှာနေကြတာထက်၊ ချစ်ရတဲ့သူတွေအတွက် ရှင်သန်ခြင်းရဲ့ ရလဒ်ကို လက်တွေ့ပုံဖော်နေကြတာ။ သူတို့ဟာ သူတို့ခေတ်ရဲ့ စည်းချက်အတိုင်း ရိုးသားစွာ ကခုန်နေကြတဲ့ ဘဝအနုပညာရှင်တွေပါပဲ။ မွန်းရဲ့ မိဘတွေကလည်း သူတို့ခေတ်ရဲ့ လုံခြုံမှုဆိုတဲ့ ပန်းချီကားထဲမှာ မွန်းကို အကောင်းဆုံး ဆေးရောင်ခြယ်ပေးချင်ကြတာ။ အဲဒီဆေးရောင်တွေက မွန်းအတွက် အဟန့်အတား ဖြစ်နေတယ်လို့ ခံစားရရင်တောင်၊ အဲဒါဟာ မေတ္တာနဲ့ ရောစပ်ထားတဲ့ အရောင်တွေဆိုတာကိုတော့ မမေ့စေချင်ဘူး။

ဒါပေမဲ့ မွန်းတို့ခေတ်ကျတော့ 'အဓိပ္ပာယ်ရှိရှိ ဖြတ်သန်းမှု (Self-actualization)' ခေတ် ဖြစ်လာပြီ။ နည်းပညာတွေ၊ ပွင့်လင်းလာတဲ့ အမြင်တွေကြောင့် မွန်းတို့က 'ဝမ်းဝဖို့' ထက် 'ငါ့ဘဝက ဘာအတွက်လဲ' ဆိုတာကို ပိုရှာဖွေချင်လာကြတယ်။
ဒါက ခေတ်ရေစီးကြောင်းရဲ့ သဘာဝပဲ။ ဒါပေမဲ့ မွန်း... ဆုံးမစကားတစ်ခုတော့ မှတ်ထားပါ။
မိဘတွေကို အပြစ်တင်နေတာဟာ မွန်းရဲ့ ဖြစ်တည်မှုကို မြှင့်တင်ရာမရောက်ဘူး။ သူတို့က သူတို့ခေတ်ရဲ့ အသိနဲ့ အကောင်းဆုံးလုပ်ပေးနေတာလို့ နားလည်လိုက်ရင် မွန်းရင်ထဲက ဒေါသတွေ ပြေလျော့သွားလိမ့်မယ်။

စိုင်းနောင်က မွန်းကို စိုက်ကြည့်ရင်း သူ့ရဲ့အမြင်ကို ဆက်ရှင်းပြတယ်"ဘဝရဲ့ အဓိပ္ပာယ်ဆိုတာ တစ်စုံတစ်ယောက်က ပေးတဲ့အရာမဟုတ်ဘူး မွန်း။ ကိုယ့်ရဲ့ တာဝန်ယူမှုပေါ်မှာ တည်ဆောက်ရတဲ့အရာ။ မိဘတွေက ဘောင်တစ်ခု ခတ်ပေးထားတယ်ဆိုရင် အဲဒီဘောင်ကို ရန်မူပြီး ဖျက်ဆီးနေမယ့်အစား၊ မွန်းက အသိပညာရှိရှိနဲ့ အဲဒီဘောင်ထက် ပိုမြင့်အောင် ကိုယ့်ကိုယ်ကိုယ် တည်ဆောက်ရမှာ။ ကိုယ့်ရဲ့ ရပ်တည်ချက်က ခိုင်မာနေရင်၊ ကိုယ့်ရဲ့ လုပ်ရပ်က အကျိုးရှိနေရင် အချိန်တန်ရင် သူတို့လည်း နားလည်လာလိမ့်မယ်။ ခေတ်ရေစီးကြောင်းအတိုင်း မျောပါသွားဖို့ထက်၊ အဲဒီရေစီးကြောင်းထဲမှာ ကိုယ့်ရဲ့ 'တန်ဖိုး' ကို မပျောက်အောင် ထိန်းသိမ်းနိုင်တာကမှ တကယ်ရင့်ကျက်တဲ့ ဘဝဖြစ်တည်မှုပဲ။
မွန်းရဲ့ ဖြစ်တည်မှုဟာ မွန်းရဲ့ ဆုံးဖြတ်ချက်တွေပေါ်မှာပဲ မူတည်တယ်။ ဘဝဆိုတာ 'ဖြစ်လာတာ' မဟုတ်ဘူး၊ 'ဖန်တီးယူရတာ'။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူလဲဆိုတာ သိအောင်လုပ်ပါ။

"မွန်းကို အချိန်ပေးပြီး နားထောင်ပေးလို့ ၊ လမ်းပြပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် အစ်ကို။ အစ်ကို့စကားတွေက မွန်းအတွက်တော့ တကယ်ကို အားဆေးတစ်ခွက်ပါပဲ။မွန်း ကိုယ့်အတ္တဘောင်ထဲမှာတင် ပိတ်မိနေတာ။ အခုမှပဲ ဘဝဆိုတာ တစ်ဦးတစ်ယောက်တည်းရဲ့ စည်းချက်မဟုတ်ဘူးဆိုတာ သဘောပေါက်တော့တယ်။ မွန်း ကြိုးစားကြည့်ပါ့မယ်။ ကိုယ့်ရဲ့ တန်ဖိုးကို လက်တွေ့လုပ်ရပ်နဲ့ သက်သေပြပြီး မွန်းရဲ့ မိဘတွေယုံကြည်လာအောင် တည်ဆောက်သွားတော့မယ်။
မွန်းရဲ့ မျက်နှာမှာ အရင်ကထက်စာရင် ကြည်လင်တဲ့ အပြုံးတစ်ခု ပေါ်လာပါတယ်။
သူမ ထိုင်နေရာက ထလိုက်ပြီး... "မွန်း ပြန်တော့မယ် အစ်ကို။
အိမ်ကလူတွေလည်း မျှော်နေကြလောက်ပြီ။ မွန်း စိတ်ပေါ့သွားပြီမို့ အိမ်ပြန်ပြီး အားလုံးနဲ့ အဆင်ပြေအောင် ကြိုးစားကြည့်လိုက်ဦးမယ်။"

စိုင်းနောင်က ခပ်အေးအေးပဲ ပြုံးရင်း ခေါင်းငြိမ့်ပြပါတယ်။
"အဆင်ပြေသွားမှာပါ မွန်း... ဂရုစိုက်ပြီး ပြန်ဦး။"

စိုင်းနောင်ရဲ့ နှုတ်ဆက်စကားကို ခေါင်းငြိမ့်လက်ခံရင်း မွန်း ဆိုင်လေးထဲက ထွက်လာခဲ့တယ် ။မွန်းက ဆိုင်ကယ်ဆီကို ဦးတည်ထွက်ခွာသွားချိန်မှာ စိုင်းနောင်ကတော့ ချက်ချင်းထမပြန်သေးဘဲ ထိုင်ခုံမှာ မှီထိုင်ရင်း ကျန်ရစ်ခဲ့ပါတယ်။ ဒီဇင်ဘာညရဲ့ တိတ်ဆိတ်မှုကို ခေတ္တအရသာခံချင်လို့ဆိုရင်း‌ပေါ့ ။

မွန်း ဆိုင်ကယ်ကို နှိုးပြီး တောင်ပေါ်မြို့လေးရဲ့ ကုန်းတက်လမ်းအတိုင်း မောင်းနှင်လာခဲ့တဲ့အခါ ပတ်ဝန်းကျင်က အစောနကလို မွန်းကြပ်စရာ မကောင်းတော့ဘဲ ငြိမ်းချမ်းတဲ့ အလှတရားတွေနဲ့ ပြည့်နှက်နေသလို ခံစားရတယ်။
လမ်းဘေးဝဲယာက အိမ်လေးတွေရဲ့ ပြတင်းပေါက်ကနေ လျှံထွက်လာတဲ့ မီးရောင်ဝါကျင့်ကျင့်လေးတွေက မြူနှင်းတွေကြားမှာ ဝေဝေဆိုင်းဆိုင်းနဲ့ လှပနေပါတယ်။ ထင်းမီးဖိုက ထွက်လာတဲ့ မီးခိုးနံ့ဟာ ချမ်းအေးတဲ့ညမှာ နွေးထွေးတဲ့ အိမ်ပြန်ချိန်ရဲ့ သင်္ကေတတစ်ခုလိုပါပဲ။ လမ်းမပေါ်မှာ ဆုံတွေ့ရတဲ့ လူတွေရဲ့ လှုပ်ရှားမှုတိုင်းက ကိုယ်စီတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်ပြီး နားခိုရာ အိမ်ဂေဟာဆီကို ဦးတည်နေကြတဲ့ အေးချမ်းတဲ့ မြင်ကွင်းလေးတွေပါ။
ဈေးသည်တွေကလည်း သူတို့ရဲ့ တစ်နေ့တာ ပင်ပန်းမှုတွေကို အပြုံးတွေနဲ့ လဲလှယ်ပြီး အိမ်ပြန်လမ်းကို လျှောက်လှမ်းနေကြပြီ။ အချင်းချင်း နှုတ်ဆက်သံတွေ၊ ရယ်မောသံတွေက အေးစက်တဲ့ လေထုကို နွေးထွေးတဲ့ လူမှုနှောင်ကြိုးတွေနဲ့ ပတ်ယှက်ပေးထားပါတယ်။ မွန်း အိမ်ရှေ့ကို ရောက်တဲ့အခါ ခြံထဲကနေ ထွက်ပေါ်နေတဲ့ မီးဖိုချောင်ရဲ့ အလင်းရောင်လေးနဲ့ ထမင်းဟင်းနံ့လေးကို ခံစားမိရင်း စိတ်ထဲမှာ တည်ငြိမ်မှုတစ်ခုကို ရရှိသွားပါတယ်။
ဒီညနေခင်းရဲ့ အအေးဓာတ်က အရင်လို နှလုံးသားကို ခဲမသွားစေတော့ဘဲ၊ သူမကို ပိုမိုရင့်ကျက်တဲ့ နားလည်မှုတွေနဲ့ အိမ်အပြန်လမ်းကို နွေးထွေးစေခဲ့ပါပြီ ။

#မိဝါ

Address

Taunggyi

Website

Alerts

Be the first to know and let us send you an email when Moe Wah Aye posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share