13/07/2026
ဖုန်းအသစ်ဝယ်တာနဲ့ မှန်မကွဲ၊ ဖုန်းကာဗာတွေ တပ်ကြတယ်၊ ကားဆိုလည်း အစင်းရာမထင်အောင် Coating တင်တာတွေလုပ်ရတယ်၊ မီးအားအနိမ့်အမြင့် ပြသနာတွေကနေ ကြိုကာကွယ်ရအောင်လို့ မီးအားမြှင့်စက်တွေလည်းတပ်ရတယ်။
တစ်ချက် စဉ်းစားကြည့်ရအောင်။ အချိန်တန်ရင် အစားထိုးလို့ရတဲ့ အရာတွေအတွက် အချိန်တွေ၊ ငွေတွေ အကုန်ခံပြီး ကာကွယ်တတ်ကြပေမယ့် ကိုယ့်ဘဝအတွက် အကာအကွယ်တစ်ခုအတွက်တော့ နောက်မှပဲ၊ တကယ်လိုအပ်မှပဲဆိုပြီး အချိန်ဆွဲနေတတ်ကြပါတယ်။
ဒါဆို ဘဝမှာ မထင်မှတ်ထားတဲ့ အခက်အခဲတွေ ကြုံလာရတဲ့အခါ ကိုယ့်ရဲ့ အနာဂတ်ကို ဘာအရာက ကာကွယ်ပေးမှာလဲ။ ဆိုတော့ ကိုယ်လက်ရှိကာကွယ်ဖို့လိုတဲ့ အရာတွေကို ပြန်စဉ်းစားဖို့တော့ လိုလာပါပြီ။
ခိုင်မာတဲ့ အနာဂတ်တစ်ခု ပိုင်ဆိုင်ထားပြီဆို တချို့အရာတွေက အလိုလို ကိုယ့်အတွက် ဖြစ်လာမှာပဲဆိုတော့ ဖုန်းကိုတောင် ကာဗာကောင်းကောင်းတပ်ထားတယ်ဆို ကိုယ့်အနာဂတ်အတွက် ကိုယ်နဲ့ထိုက်တန်တဲ့ စိတ်ချရတဲ့ အကာအကွယ်တစ်ခုကို ရယူထားတာ အကောင်းဆုံးအစီအစဉ်တစ်ခု ဖြစ်လာမှာ အသေအချာပါပဲ။
When we buy a new phone, one of the first things we do is put on a screen protector and a phone case. When we buy a car, we invest in protective coating or install a voltage stabilizer to help safeguard it from unexpected electrical issues.
Now, take a moment to think about it. We willingly spend time and money protecting things that can eventually be repaired or replaced. Yet when it comes to protecting our own lives and future, we often find ourselves saying, "Maybe later," or "I'll think about it when I really need it."
But if life takes an unexpected turn, what will help protect the future you've been working so hard to build? Perhaps it's time to rethink what truly deserves your protection.
Just as we choose to protect the things we value today, preparing the right financial protection for yourself and your future can be a meaningful step toward greater confidence and peace of mind.