06/08/2025
မင်းအစွမ်းကုန်ကြိုးစားရမယ် သူတစ်ပါးကို
အားကျ ရုံမျှဖြင့် မင်းဘဝကြီး
မတိုးတက်နိုင်ပါဘူး။
ကိုဒူးကိုချွန်ပြီး ကိုယ်ခြေထောက်ပေါ်
ကိုယ်ရပ်တည်နိုင် အောင်ကြိုးစားပါ။
လောကကြီးမှာ ဘယ်အရာမှာ အလကားမရပါဘူး။
လက်ဝါးဖြန်ဖို့ အရှက်တွေ ရင်းရတယ်။
ပေးကမ်းသူရှိမှရမယ်။ အရာထက် လက်သီးဆုပ်ပြီး
မိုး ပေါ် ကိုမြှောက်နိုင်အောင်ကြိုးစားပါ။
လက်မထောင်နိုင်ရင်တော့ ပိုအဆင်ပြေမယ်။
လုပ်ဖော်ကိုင်ဖက်အချင်းချင်း မျက်စောင်းထိုးနေရုံနဲ့ မင်း
ဘဝကြီး မပြောင်းလဲဘူး။ လက်ညိုးထိုးပြီး
ထောက်ပြနိုင် မှမင်းဘဝက အောင်မြင်မှုလမ်းမပေါ် ရောက်နိုင်မှာ။
လောကမှာကိုယ်ထက် အတဲ့ကောင်မရှိဘူး။
ကိုယ် ကိုယ်တိုင်က သူများ လက်ညိုးအောက်မ ရောက် ဖို့
လိုအပ်တယ်။ တစ်ထောင်ရပြီး ပျော်နေရင် မင်းဘဝက တစ်ထောင်ပဲ။
ကြိုးစားပါ အနည်းဆုံးတော့ဓာတ်ပုံ ဘောင်နဲ့ မင်း
ဧည့်ခန်းမှာ မိန့်မိန့် ကြီး ပြုံးလို့ရတာ
မင်းခြေလှမ်းတွေ နောက်မကျ သေးဘူးထင် ရင် ရောက်တဲ့ နေရာကနေ ဆက်လျှောက်ပါ။ ဒါမင်း ဘဝရဲ့ တက်လမ်းပဲ။
အချိန်မတန်ပဲ ဇိမ်မခံပါနဲ့ အနှိမ်ခံ ဘဝထဲက လွတ်မြှောက်နိုင်အောင် ကြိုးစားပါ။
#ဘဝစာပေ #လူငယ်