Min Thit Htun

Min Thit Htun ကဗျာဝါသနာရှင်၊ ကဗျာရေးသူ

_ ဖေးမသူသာ၊ ဖြစ်ပါရစေ _ဆိုးကျိုး မျှော် မတွေး၊အမျိုးမျိုး ပျော်ရေးတိုးတိုးဖေါ်လေး ဖြစ်ချင်တယ်။_ပျော်ရင်လည်းအတူ လှူရင်လည်...
11/11/2025

_ ဖေးမသူသာ၊ ဖြစ်ပါရစေ _

ဆိုးကျိုး မျှော် မတွေး၊
အမျိုးမျိုး ပျော်ရေး
တိုးတိုးဖေါ်လေး ဖြစ်ချင်တယ်။
_

ပျော်ရင်လည်းအတူ
လှူရင်လည်း တစ်ဝက်ခွဲလို့
တစ်သက် မြဲတဲ့
လက်တွဲဖေါ်လေးဖြစ်ချင်တယ်။
_

အေး အတူ၊ ပူ အမျှ
အယူအဆကို ဆန့်ကျင်၊

အေးရင်တော့ အတူ
ပူမယ်ဆို၊ ကိုယ် အကုန် ယူစတမ်း
ဂုဏ်ယူစွာထမ်းမဲ့ ကြမ်းတစ်ခုလို

သူ့ဘဝလမ်း တလျောက်
ခုမှ အစမ်းလျှောက်သည့် ကလေးပမာ
ထွေးကာ ထွေးကာနဲ့
ဘေးကသာ မခွဲ
ဖေးမကာ အမြဲ နေချင်တယ်။
_

သူ ဖြူလျှင်၊ ကိုယ် မမည်း
ကိုယ်မည်းလျှင် သူ မဖြူကြေးမို့၊

အတွေး တူ
အရေးတယူ ဖေးကူလို့

သူ လဲလျှင်၊ ကိုယ် ထူကာ
ကိုယ်လဲလျှင် မကူပါနဲ့

မငြူပါကွဲ့ ၊ အမြဲလိုလို
ပျူငှာတဲ့ အသည်း ချိုချို နဲ့၊

သူ့ အတွက်ဆို …

အကဲပိုသူလေးပဲ ဖြစ်ချင်တယ်။ ။

#မင်းသစ်ထွန်း

#ကိုယ်တိုင်ရေးကဗျာဖြစ်ပါသည်။

04/11/2025

မကွယ်တမ်း ပြောရရင်
တကယ် လွမ်းမောမိတာ အမှန်ပါ၊

သံသရာခရီးသွား ဧည့်သည်အဖို့
အလှည့်တကယ် ကြုံခဲ့မယ်ဆိုရင်

ပြန်ဆုံချင်ပါသေးတယ်
#တောင်ကြီးတန်ဆောင်တိုင်ရယ်။

#မင်းသစ်ထွန်း

::

03/11/2025

မှောင်ရည်အလွင့်
ရောင်နီ ပွင့်ဖို့
မျှော်လင့် မယ်ဆို
ညကိုလွန်မြောက်
နေ့သစ်ရောက်ဖို့လိုပါမယ်၊

ညကိုလွန်မြောက်
နေ့သစ် ရောက်ဖို့၊
လျှောက်ပါရဲရဲ၊ မလျှော့ဇွဲနဲ့
အောင်ပွဲ ရှေ့မှာ ရှိပါတယ်။

#မင်းသစ်ထွန်း

_  ခရေပန်း  _ရနံ့ အဆင်းပျံ့သင်းလို့ ကြိုင်မယ် ဆို၊အကြွေပန်းပေမဲ့ရွှေနန်းနဲ့ ထိုက်တယ်ပျို။အပင်မြင့်မှာဆိုအသွင့်တင့်စွာတဝေ...
03/11/2025

_ ခရေပန်း _

ရနံ့ အဆင်း
ပျံ့သင်းလို့ ကြိုင်မယ် ဆို၊

အကြွေပန်းပေမဲ့
ရွှေနန်းနဲ့ ထိုက်တယ်ပျို။

အပင်မြင့်မှာဆို
အသွင့်တင့်စွာတဝေဝေမို့
ခြွေလိုသူ များ။

​ကြွေရင် တစ်ခေါက်
မြေပြင်ကို ရောက်ပြန်တော့
ကောက်ယူကာ သီကုံးလိုသူက
ရီ*ပြုံးကာ သူ့ ရှေ့အရောက်
ဒူးထောက် ခစား။ ။

#မင်းသစ်ထွန်း

ရီ* = ရယ်

#ကိုယ်တိုင်ရေးကဗျာ
Photo_Crd

_  အုံ့ပုန်း ( ၂ )  _ခင့် နဖူး ကိုကြည်နူး ယုယ၊ ဖွဖွ ကလေးမွှေးခွင့် ရလျှင်. ... .. .._ခင့် ပါးပြင်မှာအကြင်နာ လွှမ်း၊ အနမ်...
30/10/2025

_ အုံ့ပုန်း ( ၂ ) _

ခင့် နဖူး ကို
ကြည်နူး ယုယ၊ ဖွဖွ ကလေး
မွှေးခွင့် ရလျှင်. ... .. ..

_

ခင့် ပါးပြင်မှာ
အကြင်နာ လွှမ်း၊ အနမ်း တပွင့်
ကမ်းခွင့်ရလျှင်. ... .. ..

_

ခင့် လက်ဖမိုး
မြတ်နိုးထိတွေ့၊ ကိုယ့်ရင်ငွေ့မှာ
ပွေ့ခွင့် ရလျှင်. ... .. ..

_

စိတ်ကူးတွေသာ ယဥ်နေမိ
ခင် မသိစေချင်၊
_

အစဥ်သာလျှင်

အကြင်နာ စိတ်၊ ယိုဖိတ် မကုန်

အာရုံခြောက်ပါး၊ ခံစား မဝ

ဖွဖွ အနမ်း၊ မပေးကမ်းရက်

ခင် စိတ်ကွက်မှာ စိုးပါသည်။ ။

#မင်းသစ်ထွန်း

#ကိုယ်တိုင်ရေးကဗျာ
Photo Crd:

_   ကိုယ်သာလျှင်   _ကိုယ်သည်သာလျှင် ထာဝစဉ် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်။ကိုယ့်အမြင် ကိုယ့်အတွေးနဲ့ကိုယ့်အရေးကို ကိုယ်ဆင်ခြင်...
28/10/2025

_ ကိုယ်သာလျှင် _

ကိုယ်သည်သာလျှင် ထာဝစဉ်
ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်။

ကိုယ့်အမြင် ကိုယ့်အတွေးနဲ့
ကိုယ့်အရေးကို ကိုယ်ဆင်ခြင်
ပြင်ပါကွဲ့အလှဆုံး၊

ကိုယ့်ဘဝ မကျရှုံးဘို့
အဆုံးတိုင် အားမာန်တင်းလို့ရယ်
မင်း ရွက်လွှင့်အုံး(ဦး)။ ။

#မင်းသစ်ထွန်း

#ကိုယ်တိုင်ရေးကဗျာ

_       အုံ့ပုန်း     _         ( ၁ )ကြည်လင် ဝင်းပ၊ မြူကင်း လ,လို နှမမျက်နှာ၊ မြင်ပါရစေ ။စစနောက်နောက်၊အရွှန်းဖေါက်ပြီး ရ...
25/10/2025

_ အုံ့ပုန်း _

( ၁ )

ကြည်လင် ဝင်းပ၊ မြူကင်း လ,လို
နှမမျက်နှာ၊ မြင်ပါရစေ ။

စစနောက်နောက်၊အရွှန်းဖေါက်ပြီး
ရောက်တတ်ရာရာ၊ ပျော်စရာပြော

ဘဝင်မောလျ၊ ရင်မောရတဲ့
သောကလေးတွေ၊

ပြေစေချင်မိ၊ ရင် အရှိကို
မြင် ကြည့်တတ်မှ သိမှာပါ။

( ၂ )

အပူ စ,တွေ
အတူမျှဝေ၊ ကူပါရစေ။

နှမပျော်ရင်၊ ကိုယ့်ရင်ခွင်မှာ
တိမ်စင် လမင်း၊ တစ်ရာ လင်းသလို
ဝင်းဝင်း ပပ၊ ရွှန်းမြမြကို
ရ အောင် ကြည့်ရင် မြင်မှာပါ။

( ၃ )

အခက်အခဲတွေ
လက်တွဲ​နေရင်း၊ ရှင်း ပါရစေ။

နှမမျက်ရည်၊ တစ်စက်ကြွေရင်
နေမင်းတစ်ရာ၊ အလင်း ဖြာလို့
ရင်မှာလောင်မြိုက်၊ အပူတိုက်သလို
မောဟိုက်ပင်ပန်း၊ အသွင် နွမ်းကို
မှန်းဆတတ်မှ သိမှာပါ။

( ၄ )

သြော် …
ရင်တွင်း မျိုသိပ်၊ အချစ်စိတ်ကို
တိတ်တိတ်သိုဝှက်၊ သည်တစ်သက်တော့
လက်တွဲပါနော်၊ ကိုယ်မခေါ်ရက်

အပျော်မကြံ၊ အဖေါ်မှန်ရင်
သံသရာလမ်း၊ ဟိုဘက်ကမ်းထိ

ပဌာန်းဆက်တွေ
ရှည်ပါစေကြောင်း၊ တောင်းဆုခြွေမိ

သည် ကတိကို
မြင်လိုသူလေး သိပါစေ။ ။

#မင်းသစ်ထွန်း

#ကိုယ်တိုင်ရေးကဗျာဖြစ်ပါသည်။
Photo_Crd:

_  ဆုံမှတ်  _ခင့်အတွက်သာ ဆိုပါလျှင်နေလို နေ၊ နားလို နားသွား လိုက သွားပါ ခင်၊ထားရာနေ စေရာသွား ဘဝမို့ စကားဆွံ့လျှင်နားပါလေ...
22/10/2025

_ ဆုံမှတ် _

ခင့်အတွက်သာ ဆိုပါလျှင်
နေလို နေ၊ နားလို နား
သွား လိုက သွားပါ ခင်၊

ထားရာနေ စေရာသွား ဘဝမို့ စကားဆွံ့လျှင်
နားပါလေ နေပါလား ခဏလို့ တားခွင့်မမြင်၊

ခင် ပြန်လျှင် `ချန် မထားပါနဲ့´ လို့
ခင် မပြန်ခင် အမှန် မတားသာတဲ့သူ အဖို့မှာ
အတူနေပါလို့ မတောင်းဆိုရဲ၊

အမြဲလိုလို
အကဲ ပိုကာ ခင့် သဘောမို့
ခင်ပြောသမျှ ကြည်ဖြူစွာ
သည်လူခမျာ .. .
နာခံဖို့ပဲ။ ။

#မင်းသစ်ထွန်း

#ကိုယ်တိုင်ရေးကဗျာဖြစ်ပါသည်
Photo Crd:

_  အရိုင်းတစ်ခေတ်၊     သမိုင်းဖြစ်စေ  _သူမှန်ကိုယ်မှန်၊ အငြင်း သန်လို့သူ့ခြံ ငါ့ခြံ၊ မဝေဖန်သင့်ဘယ်ခြံ ပွင့်ပွင့်၊ ပန်းတစ...
20/10/2025

_ အရိုင်းတစ်ခေတ်၊
သမိုင်းဖြစ်စေ _

သူမှန်ကိုယ်မှန်၊ အငြင်း သန်လို့
သူ့ခြံ ငါ့ခြံ၊ မဝေဖန်သင့်
ဘယ်ခြံ ပွင့်ပွင့်၊ ပန်းတစ်ပွင့်ကို
ပန်းပွင့်လိုသာ၊ မြင်တတ်ပါစေ၊

ချိန်ခါ မသင့်၊ ပန်း ဖူး , ပွင့် , တို့
ပင့်သက်ရှိုက်မော၊ ကြွေရက် စောလို့
နှမြောတသ၊ ကြေကွဲရတိုင်း
သည် သမိုင်းမှာ
သွေးရိုင်းသူတွေ ပျော်ပါစေ။
_

ကိုယ်စီမျှော်မှန်း၊ ရည်ရွယ်လမ်းကို
အလှမ်း မပျက်၊ အခန်းဆက်ဖို့
ရက်စက် မညှာ၊ အကြင်နာမဲ့
မြင်ပါလှည့်စမ်း၊ သင်တို့ လမ်းမှာ
ပန်းတွေကြွေပျောက်၊ စမ်းရေနောက်၍
လမ်းပျောက်နေသော၊ ဝိညာဥ် တောထဲ
ရဲရဲလျှောက်ပါ၊ မထောက်ညှာနဲ့
ရောက်ရာဘဝ၊ သည် ခဏမှာ
သာယာကျေနပ်၊ နေတတ်ပါစေ
တောင်းဆုခြွေမည် ..

မသေခင်လေး၊ ပျော်ပျော်တွေးပြီး
ဝဋ်ကြွေးကိစ္စ၊
နောက်ဘဝမှ စဥ်းစားပါ။
_

သူ့ အိမ်၊ ကိုယ့် အိမ်
အချိန်ခါ သင့်၊ ပန်းတွေ ပွင့်တိုင်း၊

သူ့တိုင်း ကိုယ့်တိုင်း
သမိုင်းအသစ်၊ ရေးထိုးဖြစ်တိုင်း၊

အရိုင်းတစ်ခေတ်၊ သမိုင်းညစ်ကို
မေ့ပစ် ကျေအေး၊ ခွင့်လွှတ်ကြေးလို့
မတွေးကောင်းဘူး .. .

သစ္စာကျူးကထူးတတ်တယ်
မေတ္တာ စူးက ရူး တတ်တယ်။
_

သင် တို့ သမိုင်း၊
အရိုင်းဆန်ဆန်၊ လုပ်တိုင်းမှန်စေ၊

သ‌‌န္ဓေမကောင်း၊ သင်တို့ အကြောင်းပေါ့
အကောင်းမပြု၊ မကောင်းမှုတွေ
မြေ ရေ လေထု၊ သက်သေပြုစေ၊

ယခု တစ်ဘဝ၊ ပျော် စံ ကြပါ
သံသရာအရေး၊ ကြိုမတွေးနဲ့
အေးအေးငြိမ်းငြိမ်း၊ သွေးစိမ်း ရနံ့
သင်းပျံ့လွန်းနေ၊ ထင်ပါစေတော့။
_

သူနိုင်ကိုယ်နိုင်၊ အသတ်ပြိုင်လို့
အနိုင်လုဆဲ၊ ကစားပွဲကို
ရင်ထဲရွံရှာ၊ မုန်းတီးပါလည်း
သစ္စာတော်ဦး၊ မေတ္တာ စူးလို့
ရူးပါနှမ်းပါ၊ ကျိန်စာ မတိုက်
စရိုက်ကြမ်းကြမ်း၊ လူ့ပေါက်ပန်းတွေ
သေပါစေကြောင်း၊ ဆု မတောင်းဘူး၊

အကြောင်းအကျိုး၊ အကောင်းဆိုးကို
မိုးသိ မြေသိ၊ ကမ္ဘာ သိမို့
ယှဉ်ကြည့်နှိုင်းစရာ မမြင်တာတွေ
ရင် အရှိ အတိုင်းသာ မြင်ပါစေ။ ။

#မင်းသစ်ထွန်း

#ကိုယ်တိုင်ရေးကဗျာ

Photo_by_Crd:

_  ကြပ်ကြပ် သတိ ရှိပါစေ _ရေချမ်းသစ်သီး ၊ ပန်းဆီမီးကိုခိုင်ဖြီးသဒ္ဓါ ၊ လှူပြီးကာမျှငါ့မှာကောင်းကျိုး ၊ အလွန်တိုးဟုယုံကိုး...
12/10/2025

_ ကြပ်ကြပ် သတိ ရှိပါစေ _

ရေချမ်းသစ်သီး ၊ ပန်းဆီမီးကို
ခိုင်ဖြီးသဒ္ဓါ ၊ လှူပြီးကာမျှ
ငါ့မှာကောင်းကျိုး ၊ အလွန်တိုးဟု
ယုံကိုးစိတ်ထဲ ၊ မရောင့်ရဲနှင့်။

မစဲ ည,နေ့ ၊ ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိူး ၊ မြဲရှိခိုး၍
ကောင်းကျိုးပွားစည် ၊ ကြီးလှပြီဟု
ယုံကြည်အားရ ၊ စိတ်မချနှင့်။

ဓါရဏနှင့် ၊ ဓမ္မစကြာ
မေတ္တာ ပဋ္ဌာန်း ၊ ရွတ်နိူင်စွမ်းကြောင့်
ရွှင်လန်းပီတိ ၊ ဂွမ်းဆီထိကာ
ကြီးမည့်တေဇော် ၊ မစောင့်မျှော်နှင့်။

ဂုဏ်တော်ပုတီး ၊ သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ ၊ ငြိမ်သက်စွာဖြင့်
သဒ္ဓါကြည်ယုံ ၊ စိတ်ပြီးရုံဖြင့်
လုံလောက်လှပြီ ၊ မရပ်တည်နှင့်။

ရေကြည်သစ်သီး ၊ ဆီမီးလှူမျိုး
ရှိခိုးဝတ်ရွတ် ၊ စေလွှတ် မေတ္တာ
တစ်ရာ့ ရှစ်သီး ၊ စိပ်ပုတီးကို
မငြီးဆင့်ကဲ , စိပ်မြဲစိပ်ပါ ၊
မဖြတ်ပါနှင့်။

ဆက်ကာတစ်မျိုး ၊ ရှေ့သို့တိုး၍
အကျိုး နိဗ္ဗာန် ၊ မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား,ကျင့်တရားသာ
သံသရာဝဋ် ထွက်လွတ်စေကြောင်း
လမ်းမှန်ကောင်းဟု
ညွတ်ပျောင်းစိတ်ထဲ ၊ ယုံကြည်စွဲလျှက်
အမြဲနေ့ည,ဝိပဿနာ ၊ ဘာဝနာကို
ခိုင်မာဆန္ဒ ၊ ကြိုးလုံ့လမှ
ဗုဒ္ဓခေတ်မြတ် ၊ တွေ့ကျိုးနပ်မည်
ကြပ်ကြပ် သတိ ရှိပါစေ။

းအောင်သိမ်း
#မဟာသဒ္ဓမ္မဇောတိကဓဇ၊
#မင်္ဂလာဗျုဟာအသင်း_ဥက္ကဋ္ဌ၊

Photo Crd:

09/10/2025

အမှောင်လွင့်ဖို့
အရောင်လွှင့်နေသော အလင်းတန်းများ၊

_   ညခင်းရဲ့ လမင်း ပုံပြင်   _လမင်းကညခင်းရဲ့ အဖေါ်မွန်ပါ၊အပျော်လွန်ကာ ခရီးထွက်ဖို့နှုတ်ဆက် နေရှာ။ညခင်း ခမျာလမင်း မသာမှာက...
07/10/2025

_ ညခင်းရဲ့ လမင်း ပုံပြင် _

လမင်းက
ညခင်းရဲ့ အဖေါ်မွန်ပါ၊

အပျော်လွန်ကာ ခရီးထွက်ဖို့
နှုတ်ဆက် နေရှာ။

ညခင်း ခမျာ
လမင်း မသာမှာကို စိုးရိမ်ကဲ၊

အမြဲတမ်း
မခွဲစတမ်း အတူနေချင်ပေမဲ့
အလည်လွန်သူ ဖိုးရွှေလရယ်ကြောင့်
ကျ မျက်ရည်ဝဲ။ ။

#မင်းသစ်ထွန်း


#ကိုယ်တိုင်ရေးကဗျာ

Address

ရှမ်းပြည်နယ်
Taunggyi

Website

Alerts

Be the first to know and let us send you an email when Min Thit Htun posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share