31/12/2025
ခရစ်သက္ကရာဇ် ၂၀၂၆ ခုနှစ် ဖြစ်သည့် နှစ်သစ်၌
စိတ်လည်းချမ်းသာ ကိုယ်လည်းကျန်းမာ၍
စည်းစိမ်ဥစ္စာများ ဆထက်တိုးပွားခြင်း၊
ကြံစည်၊ တွေးတော၊
လုပ်ကိုင်ဆောင်ရွက်သမျှကိစ္စတိုင်းအောင်မြင်၍
တောင့်တတိုင်း ပြည့်စုံစေခြင်း၊
အလှူရေစက်လက်နှင့်မကွာ လှူနိုင်တန်းနိုင်သည်အထိ လာဘ်လာဘ ပေါများကြွယ်ဝခြင်း၊
ရန်သူမျိုးငါးပါးနှင့်
ကပ်ကြီးသုံးပါးဘေး အပါအဝင်
ဘေးရန် အန္တရာယ်ဟူသမျှတို့မှထာဝရကင်းဝေးခြင်း၊
စသည့် ကောင်းကျိုးမှန်သမျှနှင့်ပြည့်စုံပါစေကြောင်း
မြင်တွေ့ ဖတ်မိသူအပေါင်းနှင့်
မိတ်ဆွေ၊ သူငယ်ချင်း၊ မောင်ရင်း နှမလို
ခင်မင်ရသူ အားလုံးအတွက်
နှစ်ဦးဆုမွန်ကောင်း တောင်းပေးအပ်ပါတယ်၊
ပျော်ရွှင်စရာ
မင်္ဂလာနှစ်သစ်ဖြစ်ပါစေခင်ဗျာ။ ။
မင်းသစ်ထွန်း