Aung Engineering

Aung Engineering construction and decoration

27/11/2025

Tv panel design beautiful ❤️❤️❤️

15/11/2025

Kitchen partition design beutifull ♥️♥️♥️

15/11/2025

Tv unit design beutifull ♥️♥️♥️

05/11/2025
06/10/2025

သီတင်းကျွတ်အလင်းတိုင်မီးတွေလိုပဲ
မိတ်‌ေဆွတို့ဘဝမှာပင် ပျော်ရွှင်တောက်ပစွာ
အေးချမ်းသာယာပါစေ။
သီတင်းကျွတ်မီးထွန်းပွဲအခါ၊
မီးအလင်းတိုင်အတိုင်း မိတ်‌ေဆွတို့ဘဝလည်း
အေးချမ်းသက်သာပြီး မင်္ဂလာအောင်မြင်ပါစေ။
သီတင်းကျွတ်အလင်းတိုင်မီးနဲ့အတူ
မိတ်‌ေဆွတို့ဘဝလမ်းလျှောက်ရာတိုင်း
အလင်းအဖြာဖြာဖြင့် တောက်ပနေပါစေကြောင်း
အိမ်အလှဆင်လုပ်ငန်းမှဆုမွန်ကောင်းတောင်းအပ်ပါတယ်ခင်ဗျာ။



Aung Engineering မှ လူကြီးမင်းတို့ အိမ်ယာ၊ တိုက်ခန်း၊ဆိုင်ခန်းများအတွက် -🏗️ Ceiling Design Works (မျက်နှာကျက်) အလှဆင်လုပ...
29/09/2025

Aung Engineering မှ လူကြီးမင်းတို့ အိမ်ယာ၊ တိုက်ခန်း၊ဆိုင်ခန်းများအတွက် -
🏗️ Ceiling Design Works (မျက်နှာကျက်) အလှဆင်လုပ်ငန်းများ ပြုလုပ်ခြင်း
🏗️Wall Painting (နံရံများအား) ဆေးသုတ်ခြင်း
🏗️Drywall Partation ဖြင့် အခန်းကန့် အခန်းဖွဲ့ခြင်း
🏗️ Aluminium & Glass Work အလူမီနီယမ်/မှန်အမျိုးမျိုး တပ်ဆင်ခြင်း
🏗️Laminate / Vinyl / SPC Flooring ကြမ်းခင်းခြင်း
🏗️ Tiling ကြွေပြားကပ်ခြင်း
🏗️ Advertising ကြော်ငြာဆိုင်းဘုတ်များ တပ်ဆင်ခြင်း
🏗️ Electrical & Plumbing မီး နှင့် ရေပိုက်လုပ်ငန်းများ ပြုလုပ်ခြင်း
🏗️ Roller Shutter လိပ်တံခါးတင်ဆင်ခြင်း (Motor/Manual)
🏗️ Air Con တပ်ဆင်ခြင်း
🏗️CCTV Installation တင်ဆင်ခြင်း
🏗️ကုန်ကျစရိတ်တွက်ချက်ပေးခြင်း
များကို ဝန်‌ဆောင်မှုပေး
တစ်သက်တာအတွက် အရွေးမမှားရအောင် ကျွန်တော်တို့ Aung Engineering နှင့် လက်တွဲလုပ်ဆောင်လိုရင်တော့ ဖုန်းနံပါတ် - 09967932180 ကို အခုဘဲ ဆက်သွယ်လိုက်ပါ။

Taungoo
ဖုန်း ☎️ : 09967932180,09428187137
Mail : [email protected]

တောင်ငူ V**e Bar အတွက် finiture စင်လေးလုပ်ပေးဖြစ်တာလေးပါ    09967932180,09428187137
09/09/2025

တောင်ငူ V**e Bar အတွက် finiture စင်လေးလုပ်ပေးဖြစ်တာလေးပါ


09967932180,09428187137

ယနေ့ v**e bar taungoo ဆိုင်ဆင်ဝင်ရှေ့ မျက်နှာကျက် နဲ့ လိတ်တံခါးလေး ပြုပြင် ပြီးဆီး ပုံလေးမျက်နှာကျက် composite နဲ့ပြောင်...
03/08/2025

ယနေ့ v**e bar taungoo ဆိုင်ဆင်ဝင်ရှေ့ မျက်နှာကျက် နဲ့ လိတ်တံခါးလေး ပြုပြင် ပြီးဆီး ပုံလေး
မျက်နှာကျက် composite နဲ့ပြောင်းလဲပြီး လိတ်တံခါးအဖွင့်အပိတ် အဆင်ပြေသွားအောင်လုပ်ပေးခဲ့ရတာလေးပါ
လိုအပ်ရင်ဆက်သာသွယ်လိုက်ဗျာ Aung Engineering က အဆင်ပြေ‌ေအာင်လုပ်ပေးမယ်
09967932180
**ebar
Before. After

23/07/2025

အမိုးဧရိယာတွက်နည်း

〽️အမိုးဧရိယာ တွက်တဲ့အခါ အဓိကကတော့ အမိုးမိုးမဲ့ ခေါင်မိုးရဲ့ Projection Area ကိုသိဖို လိုအပ်ပါတယ်၊ Projection Area ဆိုတာက အမိုးအနားတွေ ရေးဆွဲထားတဲ့ မြေကြီးပေါ်က အတိုင်းအတာ ဧရိယာဖြစ်ပြီးတော့ ရေပြင်ညီ ဧရိယာလိုလည်း တချိုကခေါ်ကြပါတယ်။
ဥပမာ။ ။ ပေ ၂၀ ပေ ၃၀ အဆောက်အဦး အတွက် အမိုး ၂ ပေခွဲ လိုအပ်မည်ဆိုပါက အမိုးရဲ့ Projection Area က ၂၄ ပေ ၃၄ပေ = ၈၁၆ စတုရန်းပေရှိပါတယ်။
(Floor Plan ရှိရင် တွက်ချက်ရ ပိုပြီးတော့ လွယ်ကူပါတယ်)
〽️နောက်ထပ် ခေါင်မိုးနဲ့ ပတ်သက်ပြီး သိထားရမဲ့ အချက် အလက်တွေကတော့ Roof Pitch, Degree နှင့် Slope Factor တိုပဲဖြစ်ပါတယ်။
〽️ Roof Pitch ဆိုတာက ခေါင်မိုးရဲ့ အစောင်းကို ပြင်ညီ ၁၂လက်မမှာ အစောင်း ဘယ်နှစ်လက်မ တတ်သွား သလဲဆိုတာ ကို သတ်မှတ်ခြင်း ဖြစ်ပါတယ်။
ဥပမာ။ ။ 1:12,2:12,3:12,....... စသဖြင့်
〽️ Trigonometry အရ ပြင်ညီ အလျားက Adjacent နီးစပ်အနား ခေါင်အမြင့်က Opposite မျက်နှာချင်းဆိုင် အနားဖြစ်ပါတယ်၊ အသုံးများတဲ့ 22.5 Degree တို 30 Degree တိုဆိုတာတွေက 5:12 နှင့် 7:12 တွေပဲဖြစ်ပါတယ်။
〽️O A O A H H /H H A O A O သီအိုရီဆိုအရ 5:12 သည် မျက်နှာချင်းဆိုင်ထောင့် ၂၂.၅ ဒီဂရီ လောက် ရပါတယ်၊ ထိုအတူ 7:12 သည်လည်း Calculator မှာ SHIFT >tan-1 နှင့် 7/12 ကို လျာလိုက်ရင် ၃၀ ဒီဂရီလောက် ရပါတယ်၊ ဒါတွေကတော့ ခေါင်မိုးရဲ့ စောင်းထောင့် Degree တွေပဲဖြစ်ပါတယ်။
〽️ နောက်ထပ်လိုအပ်တာကတော့ Slope Factor ဖြစ်ပါတယ်၊ ရေပြင်အညီ ဘယ်လောက်ရှိရင် ခေါင်မိုးစောင်း ဘယ်လောက်ရှိသလဲဆိုတဲ့ မြောက်ဖော်ကိန်း ကို Slope Factor လိုခေါ်ပါတယ်။
〽️ ထောင့်မှန်ခံအနားကို နီးစပ် အနားနှင့် စားခြင်းဖြင့် Secant အချိုးရပါတယ်၊ Secant ဆိုတာက Cosine နှင့် Reciprocal ဖြစ်ပါတယ်၊ Reciprocal ဆိုသည်မှာ ၁ ကို အဲဒီ့ တန်ဖိုးနှင့် စားခြင်းကို ခေါ်ဆိုခြင်းဖြစ်ပါတယ်၊ Calculator အရ ဆိုလျှင် Cosine ရဲ့ Reciprocal ရှာရပါတယ်။
ဥပမာ။ ။ ခေါင်မိုး အစောင်း ၃၀ ဒီဂရီ မှာ Roof Projection Area က 816 sq.ft ရှိတယ်ဆိုရင် cos 30 က 0.866 ဖြစ်ပါတယ်။
〽️ Secant 30 လိုချင်ရင်တော့ cos 30 ရဲ့ Reciprocal အပြန် အလှန် ကိန်းက 1.1547 ရပါမယ်၊ အခု တွက်ထားပေးတာကတော့ 30 Decreer Slope Roof ရဲ့ Slope Factor ပဲဖြစ်ပါတယ်၊ 8181.1547 = 942.2356 sq.ft ရတဲ့ အမိုးစောင်း ဧရိယာကို Yellow Book မှာ ကြည့်လိုက်လျှင် အမိုးပြား၊ အမိုးရိုက်သံ၊ လက်သမားနှင့် အလုပ်သမား စတာတွေကို ရပါလိမ့်မယ်။
〽️ အသုံးများတဲ့ အမိုးတွေကတော့ Gable Roof မြင့်မိုရ်ပိတ်ပါတဲ့ ၂ ဖက်ချ ခေါင်နှင့် Hip Roof လေး ဘက်ချ ခေါင်တိုဖြစ်ပါတယ်၊ Gable ဖြစ်ဖြစ် Hip ပဲဖြစ်ဖြစ် ပုံစံမတူပေမဲ့ ခေါင်းမိုး Pitch (သိုမဟုတ်) Degree တူလျှင် ဧရိယာ အတူတူပဲဖြစ်ပါတယ်။
Credit

22/07/2025
ပေါ်လစ်အကြောင်း သိကောင်းစရာ *************************ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ ...
19/07/2025

ပေါ်လစ်အကြောင်း သိကောင်းစရာ
*************************

ပထမဆုံးအနေနဲ့ ပေါ်လစ်ပုံးတွေရဲ့ အောက်ခြေက စာတွေရေးထားတာကိုကြည့်ပါ။ အမျိုးအစားတူမှသာ အသုံးပြုရတာ လွယ်ကူမှာ ဖြစ်ပါတယ်။

နိုင်ငံခြားပေါလစ်ဆေးတွေမှာတော့ လုပ်ငန်း (၃) ရပ်ရှိတယ်လို့ လေ့လာမိပါတယ်။

1️⃣ ဖီလာ (Filler)

ဖီလာကတော့ အရောင်အတွက်ဖြစ်ပြီးတော့ အရောင်‌အတော်များများ ရှိတတ်ပါတယ်။ သူ့ကို အသုံးပြုမယ်ဆိုရင် သင်နာ (Thinner) နဲ့ ဖျော်ရပါတယ်။

2️⃣ ဆီလာ (Sealer)

ဆီလာမှာလည်း အများကြီး သိဖို့တော့ မလိုပါဘူး လေးမျိုးလောက် သိထားရင်ကို အဆင်ပြေနေပါပြီ။

(၁) NC ဆီလာ နဲ့ PC ဆီလာ
=====================

ဒီနှစ်မျိုးကတော့ အသုံးပြုပုံနဲ့ ဆေးအာနိသင် သိပ်မကွဲလှပါဘူး။

NC/PC ၁ဆ+သင်နာ၂ဆ
ဒီအချိုးအတိုင်း ဖျော်စပ်သုတ်ရပါတယ်။

ဒါမှ သစ်ကြော ပိတ်တာ မပိတ်တာကို သုတ်ကြည့်ရင်းနဲ့ သိနိုင်မှာပါ။ အရည်အသွေး နည်းနည်းနိမ့်တဲ့ ဆီလာထဲမှာ ပါပါတယ်။

(၂) AC ဆီလာ
==========

AC ဆီလာကတော့ အက်စစ်ပါတဲ့ ဆီလာအကြည်ဖြစ်ပါတယ်။ ရုပ်ထွက်ကောင်းတယ်၊ ကြည်လင်တယ်၊ ရှင်းသန့်တယ်၊ အလယ်အလတ် တန်းစား
ဆီလာ လို့သိထားရင်ရပါတယ်။

AC ဆီလာမှာတော့ ဟာဒနာ ပါဝင်လာပါတယ်။ ဟာဒနာဆိုတာကတော့ ခြောက်သွေ့မြန်‌စေတဲ့ ဆေးဖြစ်ပါတယ်။ ဆီလာတွေက သူပါမှသာ ခြောက်သွေ့မှာဖြစ်ပါတယ်။

ဒါပေမယ့် ဒီမှာ အချိုးအစား အများကြီး မသုံးထားပါဘူး။ AC ဆီလာ ၁၀ဆ+ ACဟာဒနာ ၁ဆ + AC သင်နာ ၅ ဆ ပေါင်းစပ်ဖျော်ရပါတယ်။ သုံးမျိုးပေါင်း ဆီလာတွေပါ။ ပရိဘောဂအတွက် အသုံးပြုတာပိုအဆင်ပြေပါတယ်။

(၃)PU ဆီလာ
==========
PU ဆီလာက‌ သစ်ဆီအများဆုံး ပါဝင်တဲ့ ဆီလာဖြစ်ပါတယ်။ ဆီလာသား နည်းနည်းနောက်တယ်၊ အိတယ်၊ ချောမွေ့တယ်၊ ပြောင်တင်းတယ်။

ဆီလာတွေထဲ အမြင့် စာရင်းဝင်သလို
ကြမ်းခင်းပိုင်း၊ လှေခါးပိုင်းလို အနင်းပိုင်းတွေအတွက် သင့်တော်ပါတယ်။
ဈေးလည်း မြင့်ပါတယ်။ ဆေးအချိုးအစားမှာ ဟာဒနာ အသုံးပြု့မှုပိုများလာပါတယ်။

PU ဆီလာ ၁၀ဆ+PU ဟာဒနာ၅ဆ+PU သင်နာ ၅ဆ သုံးမျိုးပေါင်းစပ် ဖျော်သုတ်ရပါတယ်။

3️⃣ Lacquer နဲ့ Topcoat

တတိယ လုပ်ငန်း ဖြစ်တဲ့ ... Lacquer နဲ့ Topcoat ရဲ့ တူမလိုလိုနဲ့ မတူတဲ့ အကြောင်းလေးကို ပြောပြပေးပါမယ်။

Lacquer ‌လိုက်ကာ တွေဟာ NC/PC (ဆီလာ) နဲ့ မျိုးနွယ် နေသလိုရှိပါတယ်။

သူ့ကို သင်နာ နဲ့ ပေါင်းစပ် ပြီး နှစ်မျိုးထဲ သုံးလာတာ တွေ့ရပါတယ်။ 2k တစ်ချို့မှာ ဟာဒနာပါတယ်။ UT လို့ရေထားရင် လက်ဆွဲသုတ်လို့ကောင်းပါတယ်။

ခြောက်ချိန်နှေးတယ်၊ သင်နာ အမျိုးအစားရွေးတယ်၊ ကြည်လင်တယ်၊ အသန့်ကြိုက်တယ်၊ ရုပ်ထွက်ကောင်းတယ်၊ %ရာခိုင်နုန်းနဲ့ပြောရင် 90%လောက် ထိကြည်လင်တယ်၊ ပြောင်တယ်။

T အမျိုးအစားတွေကတော့ စုတ်ဆွဲအား သိပ်မကောင်းချင်ဘူး၊ ခြောက်သွေ့မြန်တယ်၊ သင်နာ အချိုး လိုက်ကာနဲ့ ဆတူလောက်ထိ သုံးခွင့်ရှိတယ်။ 80% နှုန်း လောက်ထိပြောင်လက်ပါတယ်။

ဒီအမျိုးအစားထဲမှာ အမှိန်တွေ လာတတ်ပါတယ်။
အမှိန်လိုက်ကာတွေက ပိုပြီးဆေးပျစ်တယ် သင်နာအချိုးပိုသုံးရတတ်ပါတယ်။
ဒါတွေကတော့ Lacquer လိုက်ကာ အပိုင်းဖြစ်ပါတယ်။

Topcoat ကို‌တော့ ဆီလာတွေနဲ့ သီးသန့် တွဲဖက်အသုံးပြုရတဲ့ လိုက်ကာများလို့ပဲ နားလည်ထားပါတယ်။

NC /PC topcoat
AC / Topcoat
PU / Topcoat
စသဖြင့် မူလ ဆီလာတွေရဲ့ ဆေးအချိုး
အစားအတိုင်း အသုံးပြု့ပေးရမှာဖြစ်ပါတယ်။

နိုင်ငံခြားပေါ်လစ်ရဲ့ အခြေခံအချက်အားလုံးက အတူတူပဲမို့ ဒီနည်းအတိုင်း ဖျော်စပ် အသုံးပြုလို့ ရပါတယ်။

Crd: Original Uploader






Address

Taungoo

Website

Alerts

Be the first to know and let us send you an email when Aung Engineering posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share