
08/07/2025
ပြည်နယ်/ပြည်မ တပြိုင်တည်းချဖို့လိုနေပြီ(ဆောင်းပါး)
မဟာဗျူဟာမရှိတဲ့တို_က်ပွဲတွေ မြို့နယ်တခုလုံး လွှမ်းခြုံနိုင်တဲ့ တို_က်ပွဲမဟုတ်ရင် အဲဒီတို_က်ပွဲတွေက တော်လှန်ရေးကို ဝန်ပိစေတာကလွဲပြီး ဘာမှဖြစ်လာမှာမဟုတ်ပါဘူး
ဆရာလုပ်တာမဟုတ်ပါဘူး EROs ဖြစ်ဖြစ် NUG ဖြစ်ဖြစ် PDF LDF ဖြစ်ဖြစ် ဒီသဘောတရားကို အခုထိတိုင် နားမလည်ပဲ တို_က်ပွဲဖော်ဆောင်နေရင် ရေကုန်ပြီး ပဲပြဲမှာမဟုတ်သလို စစ်စရိတ်ကုန်ကျမှုသာ များလာမှာဖြစ်တယ်
ဒီနောက်ပိုင်းမှာ ဘယ်တို_က်ပွဲမှာ စစ်သား ဘယ်နှစ်ယောက် ေ_သ_သွားလဲဆိုတာ စစ်တပ်အတွက် ထွေထူးကြီး သက်ရောက်မှုရှိစေမှာမဟုတ်ပါဘူး စစ်တပ်က တိုင်းပြည်ထဲ လူငယ် လူရွယ် အကုန်လုံးကို ခြံထဲက ကြ_က်တွေလို သဘောထားပြီး စစ်တပ်ရဲ့လူစွမ်းအားရင်းမြစ်အတွက် ယူသုံးနေမှာဖြစ်တယ်
နေရာတခု စခန်းတခုကို ရေရှည် ထိန်းသိမ်းထားဖို့ မဖြစ်နိုင်ပဲ လ_က်နက်လေးစုလိုက် ကျ_ည်လေးစုလိုက် သွားတို_က်လိုက် လုပ်နေတာတွေက တော်လှန်ရေးကို ကုန်ကျစရိတ် များစေမှာဖြစ်ပြီး တော်လှန်ရေးဝန်ပိစေမှာသာဖြစ်တယ်
တကယ်တော့ NUG အနေနဲ့ ဖြစ်စေချင်တာတခုက သူ့ရဲ့ပင်မ အင်အားစုက ဘယ်ဒေသကို အခြေပြုမှာလဲ အဲဒီဒေသကနေ တဖြည်းဖြည်း မြို့နယ်တခုခြင်း ဒေသတခုခြင်း တို_က်ပွဲဖော်ဆောင်ပြီး ထိန်းချုပ်နယ်မြေတွေ တိုးယူလာဖို့ အချိန်တန်နေပြီဖြစ်တယ်
ဆိုလိုတာ EROs တွေက သူတို့ပြည်နယ်တခုလုံးကို တဖြည်းဖြည်းခြင်းသိမ်းယူနိုင်ဖို့ တို_က်ပွဲဖော်ဆောင်နေသလို NUG ကနေ ဘယ်ဒေသကနေ အခြေပြုပြီး ပြည်မတခုလုံးကို သိမ်းယူမလဲ သူတို့ရဲ့ အဓိက ပင်မ စစ်မျက်နှာက ဘယ်ဒေသမှာ အခြေပြုပြီး ဒေသတခုလုံး သိမ်းယူမှာလဲ NUG ရဲ့ မဟာဗျူဟာ တို_က်ပွဲဖော်ဆောင်မှုနယ်မြေ ရှိသင့်နေပြီဖြစ်တယ်
ဒီလိုမှမဟုတ်နေပဲ EROs တွေနဲ့အတူ ပေါင်းတို_က်ရင်း ပြည်မကို မျှခြေတခုမှာထားပြီး EROs ဒေသတွေ အလုံးစုံ သိမ်းပိုက်နိုင်မှပဲ ပြည်မထဲမှာ တို_က်ပွဲကြီး စမယ်ဆိုရင်တော့ တော်လှန်ရေးက အချိန်တွေ အများကြီး ထပ်ယူနေရအုံးမှာသာဖြစ်တယ်
ဘယ်လိုပဲ မိုတီတွေ လျှောက်ရေးရေး ေ_သ_ချာတာတခု ပြောရရင် စစ်တပ်က ရပ်နေတာမဟုတ်ပါဘူး စစ်တပ်က စစ်ရှုံးလာလေ သူတို့လုပ်နိုင်တာ အားလုံးလုပ်ပြီး သူတို့အင်အား ပြန်ဖြည့်တင်းလာလေဖြစ်တယ်
စစ်တပ်ဟာ နယ်မြေတွေ တပ်စခန်းတွေ လက်လွတ်နေရပေမယ့် နည်းပညာပိုင်း စစ်လ_က်နက်ပိုင်း လူအင်အားပိုင်းတွေမှာ အလုံးအထည် လျော့သွားတာ မရှိပါဘူး ပိုလို့တောင် အင်အား တောင့်တင်းလာတာ တွေ့နေရတယ်
ေ_သ_ချာပါတယ် ပြည်နယ်နဲ့ ပြည်မ တပြိုင်တည်းစစ်ရေး မစတင်နိုင်ရင် EROs နဲ့ NUG ကြား နိုင်ငံရေး သဘောတူချက် မရှိရင် EROs PDF LDF တွေ အမိန့်တခုတည်းအောက် စစ်ရေး မစနိုင်ရင် ငွေကြေး စစ်လ_က်နက်ရင်းမြစ်တွေကို ကျစ်ကျစ်လစ်လစ် အသုံးချနိုင်ရင် ဒီတော်လှန်ရေးက အချိန်တခု ယူနေရအုံးမှာသာ ဖြစ်တယ်
စစ်ကောင်စီကတော့ ၂၀၂၅ ဒီဇင်ဘာမဟုတ်ရင် ၂၀၂၆ ဇန်နဝါရီမှာ ရွေးကောက်ပွဲ လုပ်မယ်လို့ မင်းအောင်လှိုင်က ထုတ်ပြောသွားတယ် လုပ်ဖြစ်လား မလုပ်ဖြစ်လား စောင့်ကြည့်ရမှာဖြစ်ပေမယ့် လုပ်ဖြစ်ရင်တော့ အကျိုးဆက်မသေးပါဘူး
ဒါကြောင့် NUG EROs အပါအဝင် တော်လှန်ရေး နိုင်ငံရေးခေါင်းဆောင်တွေဟာ အချိန်ဆွဲနေလို့မကောင်းပဲ လူထုကို မိုတီပေးနေယုံမဟုတ်ပဲ လက်တွေ့ကျတဲ့ ပြည်နယ် ပြည်မ တပြိုင်တည်းစစ်ရေး စတင်နိုင်ဖို့ နိုင်ငံရေးသဘောတူညီချက်ရဖို့ ပူးပေါင်းဆောင်ရွက်ချိန်တန်ပြီလို့ မြင်မိတယ်
#သာယာဝတီခရိုင်pdfnews