19/11/2023
📢🔔📢
*ကျွန်တော်တို့ရဲ့ ဒီPageလေးပြန်ရပါပီခင်ဗျာ*
အကြောင်းအမျိုးမျိုးကြောင့် ပြည်သူများနှင့် ဝေးကွာနေခဲ့ပေမယ့် ကျနော်တို့ရဲဘော်ညီကိုအားလုံး ဒီတော်လှန်ရေးထဲမှာ တည်ရှိနေလျက်၊လုပ်ဆောင်နေလျက်ပါဗျ။ လုပ်ဆောင်ချက်လေးတွေကို ချမပြနိုင်တာကိူလည်း နားလည်ပေးကြပါလို့ အထူးမေတ္တာရပ်ခံလိုပါတယ်။ ဒီpageလေးအဆင်မပြေလို့ အောက်ပါpageလေးနဲ့ အသုံးပြုခဲ့ရပီး ဆက်လက်ပီးလည်း ဒီpageနှစ်ခုနှင့်သာ mission များကိုလည်း ဖော်ပြသွားမည်ဖြစ်ကြောင်း အသိပေးလိုပါတယ်ခင်ဗျ။ ဝေးကွာနေတဲ့ ကာလတွင်းမှာ ရဲဘော်ညီကိုများသည်လည်း တခြားသောနေရာတခုမှာ မိုင်းပညာသင်ယူခြင်း၊သင်တန်းတက်ရောက်ခြင်း၊ထုတ်လုပ်ရေး၊ ရိက္ခါထောက်ပို့ပိုင်းနှင့် တခြားသော ထောက်ပို့လုပ်ငန်းအသီးသီးမှာ တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဆက်လက်၍လည်း ပြည်သူနှင့်တသားထည်းတည်ရှိရပ်တည်ပီး တိုက်ပွဲဝင်သွားမည် ဖြစ်ပါကြောင်း၊ ဆက်လက်အားပေးကူညီနိုင်ပါစေကြောင်း သတင်းပါးရင်းနှင့်အတူ
* အောင်ဆန်းသွေး၊အောင်ဆန်းစိတ်ဓာတ်နှင့်
ပြည်သူ့အတွက် A.B.C.D.F *
* တိုက်ပွဲသတင်းထုတ်ပြန်ချက် *
ကြေငြာချက်အမှတ်။ ။၃/၂၀၂၂
၂၈ ရက်၊ ဒီဇင်ဘာလ၊ ၂၀၂၂ ခုနှစ်
=========================
၂၇ရက်၊ ၁၂ လ၊ ၂၀၂၂ ခုနှစ် နံနက် ၁ နာရီ ၅၄ မိနစ် အချိန် မန္တလေးတိုင်း မြင်းခြံမြို့နယ် စစ်ကောင်စီ တပ်သားများ၏ ကြည်းတပ် ရေတပ် တည်ရှိရာ ဆီမီးခုံမြို့၏ အရှေ့ဘက်ရှိ လက်နက်ကိုင် ပျူရွာတစ်ရွာဖြစ်သော ဆုံရွာ ကျေးရွာကို အလစ်အငိုက် ဝင်ရောက်၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် ပစ်ခက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ကောင်ေ-သဆုံး ခဲ့ပြီး ဒဏ်ရာ ရရှိမှုအရေအတွက် အများအပြားရှိခဲ့ကြောင်း အတွင်းသတင်း အတည်ပြုနိုင်ခဲ့သည်။
တိုက်ပွဲအတွင်း မိမိတို့ ရဲဘော်များထဲမှ ဒဏ်ရာရရှိသူ တစ်ယောက်(မစိုးရိမ်ရ)ရှိခဲ့ပီး ရဲဘော်အားလုံး ဘေးကင်းလုံခြုံစွာဖြင့် ပြန်လည်ဆုတ်ခွာ နိုင်ခဲ့သည်။
အထက်ပါ စစ်ဆင်ရေးတွင်နယ်မြေခံတပ်ဖွဲ့ဖြစ်သော
မိမိတို့ Aungsan's Blood Civillian Defense Force - ABCDF နှင့်အတူ
မြင်းခြံခရိုင်တပ်ရင်းအမှတ် (၆) တပ်ခွဲ(၁)
နောင်ရိုးအထူးပြောက်ကျားတပ်-NYSGF
မြင်းခြံခရိုင် တပ်ရင်း (၂) MGN Tiger
MGN Tiger II
MyinGyan Twenty One Guerrilla Force
MyinGyan MP.9
The Value of Young Men
Yso. ISA (ရေလယ်ကျွန်း ပြောက်ကျားတပ်ဖွဲ့ )
Wolf Brother PDF
Liberation Army of Central Region (LACR)စသည့်
ညီနောင် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ခြင်းဖြစ်ပါသည်။
သွေးကြွေးမှာ ဆွေးနွေးစရာမရှိ
အရေးတော်ပုံ မုချ အောင်ရမည်။ ✊
#မြင်းခြံ
#ဆီမီးခုံ
's Blood