Ahead Media Myanmar

  • Home
  • Ahead Media Myanmar

Ahead Media Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ahead Media Myanmar, Media/News Company, .

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၃) မြို့နယ်တွင် ဆက်သွယ်ရေးဝန်...
01/07/2025

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၃) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

ရန်ကုန် ဇူလိိုင်

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ တိုက်ကြီး၊ လှည်းကူး နှင့် ကော့မှူးမြို့နယ်များတွင် ‌ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်ပြီးနည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပသည်။

အဆိုပါ ယာယီပြတ်တောက်မှု သည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်သည်။ အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။

MPT က အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အဖြစ် "TeamFit: Unite & Move" ဒုတိယအကြိမ်မြောက် ယောဂ ကျန်းမာရေးလှုပ်ရှားမှုကို...
24/06/2025

MPT က အပြည်ပြည်ဆိုင်ရာ ယောဂနေ့ အထိမ်းအမှတ်အဖြစ် "TeamFit: Unite & Move" ဒုတိယအကြိမ်မြောက် ယောဂ ကျန်းမာရေးလှုပ်ရှားမှုကို နိုင်ငံတစ်ဝန်းရှိ MPT ရုံးများတွင် ဆောင်ရွက်

ရန်ကုန်၊ ဇွန်လ ၂၁ ရက်

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် ၎င်း၏ ရည်မှန်းချက်ဖြစ်သော သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်သော ဆက်သွယ်ရေးဝန်ဆောင်မှုများ ပေးအပ်ခြင်း၊ လူမှုအသိုက်အဝန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးမှုနှင့်အတူ ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။ MPT သည် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အဖြစ် နိုင်ငံတစ်ဝန်းမှ ဝန်ထမ်းများပါဝင်မှုဖြင့် "TeamFit: Unite & Move" ဒုတိယအကြိမ်မြောက် ယောဂ ကျန်းမာရေး လှုပ်ရှားမှုကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၃) ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။ ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်မှ ဝန်ထမ်း ၃၀၀ ကျော် ကိုယ်တိုင်နှင့် အွန်လိုင်းမှတစ်ဆင့် ပါဝင်ခဲ့ကြပါသည်။ အဆိုပါလှုပ်ရှားမှုသည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှုကို အားပေးသည့်အပြင် အဖွဲ့အစည်းအတွင်း စည်းလုံးညီညွတ်မှုနှင့် အကောင်းမြင်စိတ် တို့ကိုလည်း မြှင့်တင်ပေးခဲ့သည်။

အဆိုပါ ယောဂ ကျန်းမာရေးလှုပ်ရှားမှုသည် အဖွဲ့အစည်းအတွင်း ပူးပေါင်းဆောင်ရွက်မှု၊ အပြုသဘော ဆောင်သော အလုပ်နှင့်ဘဝ မျှတမှုနှင့် ကျန်းမာတက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက် လျက်ရှိသော “TeamFit: Unite & Move” လှုပ်ရှားမှုအစီအစဉ်၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ MPT သည် ၂၀၂၄ ခုနှစ်မှ စတင်ကာ ဝန်ထမ်းများပါဝင်သည့် ယောဂ၊ Zumba နှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကဲ့သို့သော လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ပြီး အဆိုပါဆောင်ရွက်မှုများသည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် MPT ၏ ထားရှိသည့် ကတိကဝတ်အား အလေးထား ဖော်ပြနေသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki Shimane က “ဝန်ထမ်းတွေရဲ့ ကျန်းမာကြံ့ခိုင်ရေးဟာ ကောင်းမွန်တဲ့ လုပ်ငန်းခွင်နဲ့ နေ့စဉ်လုပ်ငန်းဆောင်ရွက်မှုတွေအတွက် အလွန်အရေး ကြီးပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နိုင်ငံတစ်ဝန်းက ဝန်ထမ်းတွေ တက်ကြွစွာ ပါဝင်နိုင်တဲ့ “TeamFit: Unite & Move” အစီအစဉ်ကို ၂၀၂၄ ခုနှစ်ကတည်းက စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ပထမအကြိမ် ယောဂကျန်းမာရေးလှုပ်ရှားမှုမှာ ကောင်းမွန်တဲ့ တုံ့ပြန်ချက်တွေရရှိခဲ့ပြီးနောက် ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းတွေရဲ့ ကိုယ်စိတ် ကျန်းမာကြံ့ခိုင်ရေးကို အထောက်အပံ့ဖြစ်စေဖို့အတွက် ယောဂကျန်းမာရေးလှုပ်ရှားမှုကို ဒုတိယအကြိမ် ဆောင်ရွက်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဖြစ်မြောက်အောင် ပံ့ပိုးပေးတဲ့ ကျွန်တော်တို့ရဲ့ ယောဂ နည်းပြဆရာမ ဝတ်ရည်မိုး (Ashtanga Yoga Shala YGN) ကိုလည်း ကျေးဇူးအထူးတင်ရှိသလို ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။” ဟု ပြောသည်။

MPT အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး ခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ်ရန်အတွက် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးနှင့် ကျန်းမာတက်ကြွသော လူနေမှုပုံစံ၏ အရေးပါမှုမှာ အရေးကြီးကြောင်း ယုံကြည်ထားကာ ယင်းကတစ်ဆင့် အပြုသဘောဆောင်သော လုပ်ငန်းခွင်ကို ဖန်တီးနိုင်စေပြီး သုံးစွဲသူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးအပ်နိုင်စေမည် ဖြစ်ပါသည်။
MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့်လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ကြောင်းသိရသည်။

KBZMS General Insurance နှင့် iMyanmarHouse (မြန်မာနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေလုပ်ငန်းကြီး)၊ CarsDB တို့ ပူးပေါင်းဆောင်...
24/06/2025

KBZMS General Insurance နှင့် iMyanmarHouse (မြန်မာနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေလုပ်ငန်းကြီး)၊ CarsDB တို့ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ် ချုပ်ဆို

ရန်ကုန် ဇွန်

စီးပွားရေးလုပ်ငန်းရှင်များအား တစ်ဖက်တစ်လမ်းမှ ကူညီပံ့ပိုးနိုင်ရန် KBZMS General Insurance (မြန်မာနိုင်ငံ၏ ထိပ်တန်း အထွေထွေ အာမခံကုမ္ပဏီ)နှင့် iMyanmarHouse (မြန်မာနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေလုပ်ငန်းကြီး) ၊ CarsDB (မြန်မာနိုင်ငံ၏ ထိပ်တန်း ကား အရောင်းအဝယ် လုပ်ငန်းကြီး) တို့သည် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ် (MOU) ချုပ်ဆိုခြင်းကို
ဇွန် ၂၄ ရက်နံနက်ပိုင်းက ရန်ကုန်မြို့ Strand Square တွင်ပြုလုပ်ခဲ့သည်။

ယခု ပူးပေါင်း​ဆောင်ရွက်ခြင်းသည် iMyanmarHouse နှင့် CarsDB တို့ရဲ့ Customer များအတွက် အိမ်ခြံမြေ ဝယ်ယူသည့် အခါတွင်ဖြစ်စေ ၊ ကား အရောင်းအဝယ် ပြုလုပ်သည့် အခါတွင်ဖြစ်စေ ဝယ်ယူသူများအတွက် စိတ်အေးချမ်းသာမှုကို ပေးစွမ်းနိုင်ရန်ရည်ရွယ်ပြီး သဘာဝဘေး အန္တရာယ် အမျိုးမျိုးတို့မှ ကာကွယ်ပေးနိုင်ရန်နှင့် အခြေအနေ အရပ်ရပ်တွင် တွေ့ကြုံခံစားရနိုင်သည့် ဘေးအန္တရာယ်အမျိုးမျိုးတို့မှ ကာကွယ်ပေးနိုင်ရန်အတွက် KBZMS General Insurance (မြန်မာနိုင်ငံ၏ ထိပ်တန်း အထွေထွေ အာမခံကုမ္ပဏီ) နှင့် ယခုလိုမျိုး ပေါင်းဆောင်ရွက်မှု သဘောတူညီမှု စာချုပ် (MOU) ချုပ်ဆိုခြင်း ဖြစ်ပါတယ် “ ဟု iMyanmarHouse နှင့် CarsDB တို့၏ Group of CEO “ဦးနေမင်းသူ” မှ ပြောသည်။

KBZMS General Insurance သည်KBZ GI Holding Company နှင့် ဂျပန်Mitsui Sumitomo Insurance တို့၏ ပူးပေါင်းလုပ်ငန်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပထမဆုံးလိုင်စင်ရ ပုဂ္ဂလိက အာမခံကုမ္ပဏီအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ နိုင်ငံတစ်ဝှမ်းတွင် ရုံးခွဲပေါင်း (၂၃) ခုရှိပြီး စက်မှုလုပ်ငန်းနှင့် ဆောက်လုပ်ရေးပိုင်းဆိုင်ရာ အန္တရာယ်ကာကွယ်ရေးဝန်ဆောင်မှုများကို အထူးကူညီဖြေရှင်းပေးခြင်းဖြင့် လူနေမှုအရည်အသွေးတိုးတက်ကောင်းမွန်စေရန် ရည်ရွယ်ကာ သင့်တော်သော အာမခံဖြေရှင်းချက်များ ပံ့ပိုးပေးရန် ကြိုးပမ်းအားထုတ်လျက်ရှိသည်။

iMyanmarHouse (မြန်မာနိုင်ငံ၏ ထိပ်တန်း အိမ်ခြံမြေလုပ်ငန်းကြီး) သည် ၂၀၁၃ ခုနှစ်တွင် အင်တာနက်ပေါ် တွင် စတင်လွှင့်တင်ခဲ့ပြီး
အိမ်ခြံမြေ ရောင်းချင်သူ၊ ဝယ်ချင်သူ၊ ငှားချင်သူများကို ချိတ်ဆက်ပေးသော ဝန်ဆောင်မှုပေးသည့် ဝက်ဆိုက်တစ်ခု ဖြစ်သည်။

ရဟန်းတော်များဆိုင်ရာ ပဋိစ္စသမုပ္ပါဒ်အခြေခံသော ဘက်စုံ သာသနာပြုစွမ်းရည်မြှင့် သင်တန်းဆင်းပွဲကျင်းပရန်ကုန် ဇွန်            ...
24/06/2025

ရဟန်းတော်များဆိုင်ရာ ပဋိစ္စသမုပ္ပါဒ်အခြေခံသော ဘက်စုံ သာသနာပြုစွမ်းရည်မြှင့် သင်တန်းဆင်းပွဲကျင်းပ
ရန်ကုန် ဇွန်

သာသနာတော်ထွန်းကားပြန့်ပွားစေရန်နှင့်သာသနာပြုလုပ်ငန်းများအဆင်ပြေစွာဆောင်ရွက်နိုင်စေရန်ရည်ရွယ်ဖွင့်လှစ်သည့်
( စတုတ္ထ )အကြိမ်မြောက် ရဟန်းတော်များဆိုင်ရာ ပဋိစ္စသမုပ္ပါဒ်အခြေခံသော ဘက်စုံ သာသနာပြုစွမ်းရည်မြှင့် ( ၁၀ )ရက်အထူးသင်တန်းဆင်းပွဲကို ဇွန် ၂၂ ရက်မွန်းလွဲ ၁နာရီက ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ရွာသာကြီး၊ (၁၄ဝ)ရပ်ကွက်ရှိကာယကံမေတ္တာဖောင်ဒေးရှင်းကျောင်းတိုက်တွင်ကျင်းပသည်။

ရှေးဦးစွာနမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့ဖွင့်လှစ်ပြီး ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်သံဃနာယဥက္ကဌဆရာတော်
ဘဒ္ဒန္တကောဝိဒ ထံမှ သင်တန်းဆင်ဆရာတော်များနှင့်ဧည့်ပရိတ်သတ်များက သြဝါဒကထာခံယူခဲ့ကြသည်။

ယင်းနောက် ဧည့်ပရိတ်သက်များက ကြွရောက်တော်မူလာကြသည့်ပင့်သံဃာတော်များအားလှူဖွယ်ပစ္စည်းများဆပ်ကပ်ခဲ့ကြပြီးသင်တန်းဆင်းဆရာတော်များအား ဆရာတော်ဒေါက်တာအရှင်သုဝဏ္ဏ( ရွှေသုဝဏ်မိုးကုတ်ဝိပဿနာသင်တန်းကျောင်း)နှင့်သာသနဓဇဓမ္မာစရိယ၊ဝိနယဝိဒူ၊ဒီဃနိကာယဝိဒူ၊ပြည်တွင်း/ပြည်ပသာသနာပြု နယ်လှည့်ဓမ္မကထိက၊ကာယကံမေတ္တာဖောင်ဒေးရှင်းဆရာတော် အရှင်ကုသလ
တို့ ကသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြသည်။

"ဆရာတော်တို့ကာယကံမေတ္တာဖောင်ဒေးရှင်းအနေဖြင့်တရားဟောစွမ်းရည်မြင့်မားလာစေရန်နှင့်သာနာပြုလုပ်ငန်းတွေမှာအထောက်အကူဖြစ်စေရန်းအတွတ်နှစ်စဥ် ၁နှစ်တစ်ကြိမ်ပုံမှန်ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါတယ်၊ရှင်သာမဏေပြုစုစောင့်ရှောက်ခြင်းလုပ်ငန်းတွေအပြင်၊ယဥ်ကျေးလိမ္မာသင်တန်းတွေ၊အခမဲ့ကျန်းမာစောင့်ရှောက်ခြင်းလုပ်ငန်းတွေကိုလည်းဆောင်ရွက်လျက်ရှိပါတယ်"ဟု သာသနဓဇဓမ္မာစရိယ၊ဝိနယဝိဒူ၊ဒီဃနိကာယဝိဒူ၊ပြည်တွင်း/ပြည်ပသာသနာပြု နယ်လှည့်ဓမ္မကထိက၊ကာယကံမေတ္တာဖောင်ဒေးရှင်းဆရာတော် အရှင်ကုသလမိန့်တော်မူသည်။

ဘက်စုံ သာသနာပြုစွမ်းရည်မြှင့် သင်တန်းတွင်
ဒေါက်တာအရှင်သုဝဏ္ဏ (ရွှေသုဝဏ်မိုးကုတ်ဝိပဿနာသင်တန်းကျောင်း)၊အရှင်ရေဝတ (မင်းဘူး) ပဋိစ္စသမုပ္ပါဒ်သင်တန်းနည်းပြ(မကွေး)၊သာသနဓဇဓမ္မာစရိယ၊ဝိနယဝိဒူ၊ဒီဃနိကာယဝိဒူ၊ပြည်တွင်း/ပြည်ပသာသနာပြု နယ်လှည့်ဓမ္မကထိက၊ကာယကံမေတ္တာဖောင်ဒေးရှင်းဆရာတော် အရှင်ကုသလနှင့်စာပေပညါရှင်များကဟောပြောပို့ချပေးခဲ့ကြကြောင်းသင်တန်းသို့ အနယ်နယ်အရပ်ရပ်မှ ဆရာတော် (၆၀)နှင့်သာသနာ့နွယ်ဝင် သီလရှင်တစ်ပါးတက်ရောက်ရောက်ခဲ့ကြောင်းသိရသည်။

MPT က ကမ္ဘာ့သွေးလှူရှင်များများနေ့ အထိမ်းအမှတ်အဖြစ်  တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် (၁၆) ကြိမ်မြောက် စုပေါင်းသွေး...
21/06/2025

MPT က ကမ္ဘာ့သွေးလှူရှင်များများနေ့ အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇) ခုတွင် (၁၆) ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲကို ဆောင်ရွက်

ရန်ကုန်၊ ဇွန်လ ၂၀

ဇွန်လ (၁၄) ရက်တွင် ကျရောက်သည့် ကမ္ဘာ့သွေးလှူရှင်များနေ့ အထိမ်းအမှတ်အဖြစ် MPT က ပုံမှန်ပြုလုပ်နေကျဖြစ်သည့် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုကို ဇွန်လ (၂၀) ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုသည် MPT ၏ (၁၆) ကြိမ်မြောက် သွေးလှူဒါန်းခြင်း လှုပ်ရှားမှုဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၀) ရက်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၇)ခုရှိ MPT ဝန်ထမ်းများ နှင့် စေတနာသွေးလှူရှင် စုစုပေါင်း (၂၃၀) ကျော် သွေးလှူဒါန်းခဲ့ကြသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ၏ ဖော်ပြချက်အရ ပထမဆုံးအကြိမ် ကမ္ဘာ့သွေးလှူရှင်များနေ့ကို ၂၀၀၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် ကျင်းပသော (၅၈) ကြိမ်မြောက် ကမ္ဘာ့ကျန်းမာရေးညီလာခံ၌ အဆိုပါ နေ့ကို နှစ်စဉ်ကျင်းပသော ကမ္ဘာလုံးဆိုင်ရာအခမ်းအနားအဖြစ် တရားဝင် သတ်မှတ်ခဲ့ပသည်။ သွေးလှူဒါန်းခြင်း၏ အရေးပါပုံကို အသိပညာပေးရန် နှင့် အသက်ပေါင်းများစွာကို ကယ်တင်ခြင်းနှင့် ကျန်းမာရေး ပိုမိုတိုးတက်ကောင်းမွန်ရေးအတွက် စေတနာ့ဝန်ထမ်း သွေးလှူရှင်များ၏ တန်ဖိုးကြီးမားလှသော ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုရန် ရည်ရွယ်ချက်ဖြင့် ယခုအခါ ကမ္ဘာ့သွေးလှူရှင်များနေ့ကို ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် ဇွန်လ ၁၄ ရက်တိုင်း ကျင်းပလျက်ရှိသည်။

အဆိုပါ ရည်ရွယ်ချက်နှင့်အညီ MPT သည် မြန်မာပြည်သူ ပြည်သားများ၏ အသက်များကို ကယ်တင်ရန်နှင့် ကျန်းမာရေးကို မြှင့်တင်ပေးနိုင်ရန်အတွက် ယခုကဲ့သို့ မွန်မြတ်သော သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို MPT ဝန်ထမ်းများနှင့် စေတနာသွေးလှူရှင်များ ပါဝင်မှုဖြင့် ၂၀၁၇ ခုနှစ်မှစတင်ကာ (၄) လတစ်ကြိမ် ဆောင်ရွက်လျက် ရှိသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki SHIMANE က “MPT ရဲ့ စုပေါင်းသွေးလှူဒါန်းခြင်းလှုပ်ရှားမှုဟာ အရေးပေါ် သွေးသွင်းဖို့ လိုအပ်နေသူတွေအတွက် တကယ့်ကို အကျိုးရှိစေပြီး လူမှုအသိုက်အဝန်းကို အထောက်အပံ့ဖြစ်စေတဲ့ မွန်မြတ်တဲ့ အစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းတွေနဲ့ စေတနာသွေးလှူရှင်တွေ ပူးပေါင်းပါဝင်မှုနဲ့အတူ ဒီလိုမွန်မြတ်တဲ့ သွေးလှူဒါန်းခြင်းလှုပ်ရှားမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လာခဲ့တာ အခုဆိုရင် (၁၆) ကြိမ်ကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီနေ့အထိ နိုင်ငံတစ်ဝန်းက ဆေးရုံတွေနဲ့ အမျိုးသားသွေးဌာနတွေကို သွေးအိတ်ပေါင်း (၉,၂၀၀) ကျော်ကို လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။ ဒီနေ့ဆောင်ရွက်တဲ့ စုပေါင်းသွေးလှူဒါန်းခြင်း လှုပ်ရှားမှုမှာ ပါဝင်လှူဒါန်းခဲ့ကြတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် အသီးသီးက ဝန်ထမ်းတွေ စေတနာသွေးလှူရှင် တွေအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မိမိတို့ရဲ့ ကိုယ်ကျိုးမဖက်ဘဲ အခုလို လိုအပ်တဲ့ သွေးလှူဒါန်း ပံ့ပိုးပေးခဲ့မှုတွေဟာ တခြားသူတွေရဲ့ ကျန်းမာရေးပိုမိုတိုးတက်ကောင်းမွန်ဖို့အတွက် တကယ့်ကို အရေးပါပြီး တန်ဖိုးမဖြတ်နိုင်တဲ့ အရာတွေပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

MPT သည် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ကျန်းမာရေး၊ ပညာရေးနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းငယ်များ အပါအဝင် ကဏ္ဍအသီးသီးတွင် လူမှုအကျိုးပြုလုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါသည်။ MPT သည် နိုင်ငံတစ်ဝန်း စုပေါင်းသွေးလှူဒါန်းခြင်းနှင့် စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများအပါအဝင် အမျိုးမျိုးသော လှုမှုအကျိုးပြုလုပ်ငန်းဆောင်ရွက်မှုများစွာတွင် ထဲထဲဝင်ဝင် ပါဝင်လျက်ရှိပြီး လူမှုအသိုက်အဝန်းအား ကူညီပံ့ပိုးပေးမှုအပေါ် ခိုင်မာသော ကတိကဝတ်ကို ပြသလျက်သည်။
သွေးလှူဒါန်း၍ လူအများ၏အသက်ကို မည်သို့ကယ်တင်နိုင်မည်ကို ပိုမိုလေ့လာနိုင်ရန် https://www.donatebloodmyanmar.org/ တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်း များနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်သည်။

MPT က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရေရှ...
17/06/2025

MPT က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် “စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းဖြင့် ရေရှည်ပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ်ကို ဆက်လက်ဆောင်ရွက်

ရန်ကုန်၊ ဇွန်လ – MPT က ၎င်း၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှု အစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ ၁၄ ရက်နေ့က တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄) ခုတွင် တစ်ပြိုင်နက်တည်း အောင်မြင်စွာ ဆောင်ရွက်ခဲ့သည်။

MPT ဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းပေါင်း (၇၀၀) ကျော်တို့ ပူးပေါင်းပါဝင်ကာ ပျိုးပင်ပေါင်း (၁,၄၀၀) ကျော်ကို စိုက်ပျိုးခဲ့ကြပြီး အဆိုပါ အစီအစဉ်က သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့ခိုင်မြဲရေးအပေါ် MPT ၏ မယိမ်းယိုင်သော ကတိကဝတ်ကို ပိုမိုခိုင်မာစေခဲ့ပါသည်။ “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း သစ်ပင်စိုက်ပျိုးခြင်း လှုပ်ရှားမှုများကို နေပြည်တော်ကောင်စီ နယ်မြေ၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း၊ မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ပဲခူးတိုင်း ဒေသကြီး (အရှေ့ပိုင်း နှင့် အနောက်ပိုင်း)၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီး တို့တွင် ဆောင်ရွက်ခဲ့သည်။

MPT ၏ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလှုပ်ရှားမှုအစီအစဉ် တစ်စိတ်တစ်ပိုင်း အနေဖြင့် နိုင်ငံတစ်ဝန်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုကို စိုက်ပျိုးရာဒေသရှိ အများပြည်သူတို့ အရိပ်ရရှိနိုင်စေရန်၊ လေထုအရည်အသွေး မြှင့်တင်ပေးနိုင်ရန်နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အပံ့ ဖြစ်စေနိုင်ရန် စသည့် အကျိုးအမြတ်ကောင်းများ ရစေနိုင်ရန် အထူးရည်ရွယ်သည့် ပျိုးပင်အမျိုးအစားများကို ရွေးချယ် စိုက်ပျိုးခြင်းဖြစ်ပါသည်။အဆိုပါ ဆောင်ရွက်ချက်များကို မြှင့်တင်ပေးခြင်းအပြင် “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်း စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းလှုပ်ရှားမှုအစီအစဉ်သည် ပိုမိုစိမ်းလန်းသောပတ်ဝန်းကျင်ကို မြှင့်တင်ရန်၊ လူနေမှုဘဝ အရည်အသွေးကို မြှင့်တင်ရန်နှင့် ဖန်လုံအိမ်ဓာတ်ငွေ့များ လျှော့ချခြင်းဖြင့် သဘာဝဘေးအန္တရာယ် များနှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို လျှော့ချရန် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်သည်။

MPT သည် ၂၀၁၇ ခုနှစ်မှစတင်ကာ ယနေ့အထိ မြန်မာနိုင်ငံတစ်ဝန်းတွင် သစ်ပင်ပေါင်း ၂၀,၀၀၀ ကျော်ကို စိုက်ပျိုးခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် အဓိပ္ပာယ်ပြည့်ဝသော ပံ့ပိုးကူညီမှုတစ်ခု အဖြစ် ဆောင်ရွက်လျက်ရှိသည်။

MPT ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Naoki Shimane က “ ကျွန်တော်တို့အနေနဲ့ အမျိုးမျိုးသော လူမှုအကျိုးပြုလှုပ်ရှားမှုတွေကတစ်ဆင့် လူမှုအသိုက်အဝန်းကို နှစ်ပေါင်းများစွာ တက်တက်ကြွကြွပံ့ပိုး ကူညီခဲ့ပြီး သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ကျွန်တော်တို့ရဲ့ လေးနက်တဲ့ ကတိကဝတ်ကို ဖော်ပြနေပါတယ်။ ကျွန်တော်တို့အနေနဲ့ “ စိမ်းလန်းစေဖို့ ရှေ့ဆက်စို့” နိုင်ငံတစ်ဝန်းသစ်ပင် စိုက်ပျိုးခြင်း အစီအစဉ်ကို ဆောင်ရွက်လာတာ အခုဆိုရင် သတ္တမအကြိမ်မြောက်ကို ရောက်ရှိလာပြီ ဖြစ်ပြီး နိုင်ငံတစ်ဝန်းမှာ သစ်ပင်ပေါင်း ၂၀,၀၀၀ ကျော်ကို အောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုက သစ်ပင်စိုက်ပျိုးခြင်းသက်သက် မဟုတ်ဘဲ ပိုမိုစိမ်းလန်းပြီး ကောင်းမွန်တဲ့ မြန်မာနိုင်ငံ ဖြစ်စေဖို့အတွက် ကျွန်တော်တို့ရဲ့ ရေရှည်မျှော်မှန်းချက်ကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့ရဲ့ အစီအစဉ်က ရေရှည်တည်တံ့ပြီး ပိုမို ကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ရာမှာ တစ်ဦးချင်းစီ ဖြစ်စေ၊ အဖွဲ့အစည်းလိုက်ဖြစ်စေ ပူးပေါင်းပါဝင်လာစေဖို့အတွက် တိုက်တွန်းနိုင်လိမ့်မယ်လို့မျှော်လင့် မိပါတယ်။” ဟုပြောသည်။

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လှုပ်ရှားမှုများအပြင် MPT သည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ၂၄ နာရီ (၇) ရက်ပတ်လုံး စဉ်ဆက်မပြတ် ပေးအပ်နိုင်ရန် ဆောင်ရွက်နေစဉ် နိုင်ငံတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများအတွက် လိုအပ်သော ပံ့ပိုး ကူညီမှုများအဖြစ် ကျန်းမာရေး၊ ပညာရေး၊ စွန့်ဦးတီထွင်နှင့် စီးပွားရေးလုပ်ငန်းငယ်များ ဖွံ့ဖြိုး တိုးတက်ရေး အပါအဝင် အခြားသောနယ်ပယ်များတွင်လည်း လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက် လျက်ရှိပါသည်။ MPT ၏ လူမှုအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ http://mpt.com.mm/mm/about-home/csr-activities-mm/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်းသိရသည်။

MPT က TikTok Dance Challenge နှင့်အတူ“နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ထပ်မံ သက်တမ်း တိုးလိုက်ရန်ကုန်...
27/05/2025

MPT က TikTok Dance Challenge နှင့်အတူ“နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ထပ်မံ သက်တမ်း တိုးလိုက်

ရန်ကုန်၊ မေ

မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော MPT သည် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်မှ မေလ ၃၁ ရက်အထိ ဆောင်ရွက်ပေးလျက်ရှိပါသည်။ သုံးစွဲသူများ၏ ကောင်းမွန်သော တုံ့ပြန်မှုများနှင့် စိတ်ကျေနပ်မှုများကြောင့် MPT က TikTok Dance Challenge နှင့်အတူ “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃၁ ရက်အထိ (၂) လ ထပ်မံ သက်တမ်းတိုးလိုက်ပြီ ဖြစ်ကြောင်း
မေလ ၂၆ ရက်က သတင်းထုတ်ပြန် ကြေညာခဲ့သည်။

MPT သည် မတ်လ ၁၁ ရက်မှ မေလ ၁၉ ရက်အထိ (၁၀) ပတ်တာကာလအတွင်း အပတ်စဉ်ဆုများဖြစ်သည့် ပြန်အမ်းငွေလက်ဆောင် (၁၀၀,၀၀၀) ကျပ် နှင့် 100GB ဒေတာဆု ကံထူးရှင် စုစုပေါင်း (၂၀၀) ဦး ကိုရွေးချယ်ခဲ့ပြီး ဆုရရှိသူများကို MPT ၏ ဆိုရှယ်မီဒီယာများတွင် ကြေညာခဲ့ပြီး ဖြစ်ရာ အထူးဆု ငွေသားဆု ကျပ်သိန်း (၁,၀၀၀) ဆု (၁) ဆုနှင့် သိန်း (၁၀၀) ဆု (၅) ဆု ပါဝင်သည့် စုစုပေါင်း ငွေသားဆု ကျပ်သိန်း (၁,၅၀၀) ဆုကို သြဂုတ်လတွင် တိုက်ရိုက်ထုတ်လွှင့်ရွေးချယ်သွားမည် ဖြစ်ပါသည်။ အဆိုပါအစီအစဉ်သည် အပတ်စဉ်ဆုများဖြစ်သည့် ပြန်အမ်းငွေလက်ဆောင် (၁၀၀,၀၀၀) ကျပ် နှင့် 100GB ဒေတာဆုများကိုလည်း ပေးအပ်သွားမည် ဖြစ်သည်။

သုံးစွဲသူများသည် မည်သည့်နည်းလမ်းဖြင့်မဆို ကြိုက်နှစ်သက်ရာ ပက်ကေ့ချ် (စာတို၊ ဖုန်းခေါ်ဆိုမှု၊ ဒေတာ၊ ထပ်ဆောင်းဝန်ဆောင်မှုများ အစရှိသည်)တို့ကို လွယ်ကူစွာ ဝယ်ယူပြီး ကံထူးဆုများကို ရရှိနိုင်မည် ဖြစ်ရာသက်တမ်း ထပ်တိုးလိုက်သည့် “နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” ကံစမ်းမဲအစီအစဉ်နှင့် အတူ အကဝါသနာရှင် များအနေဖြင့် မေလ ၂၆ ရက်မှ ဇူလိုင်လ ၃၁ ရက်အတွင်း “တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ” အစီအစဉ်တွင် ပါဝင်ကာ ငွေသားဆုများနှင့် တယ်လီကွန်းဆုများကိုလည်း ထပ်မံ ကံထူးနိုင်မည် ဖြစ်သည်

ကံထူးဆုများမှာ Best Engagement Prize ဆု ၂ ဆုအတွက် တစ်ဦးလျှင် (၅၀၀,၀၀၀) ကျပ် (ဇွန်လအတွက် (၁) ဆုနှင့် ဇူလိုင်လ အတွက် (၁) ဆု)၊ Best Dance Contribution Reward ဆု (၃၀) ဆုအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ် (ဇွန်လအတွက် (၁၅)ဆု နှင့် ဇူလိုင်လအတွက် (၁၅) ဆု)၊Follower Supporting Reward ဆုအတွက် (၁၀,၀၀၀) ကျပ်တန် MPT ငွေဖြည့်ကတ် (အပတ်စဉ်တိုင်းအတွက် ၁၀ ဆု) တို့ ဖြစ်သည်။

“တူတူကပါ TikTok မှာ နှစ်သစ်မင်္ဂလာ သိန်းထောင့်ငါးရာ’” အစီအစဉ်နှင့် ပတ်သက်သည့် စည်းကမ်းသတ်မှတ်ချက်များကို https://bit.ly/MPT1500Dance တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်​ပြီး MPT သည် ငွေသားဆုလက်ဆောင်ကံထူးရှင်များ ၎င်းတို့၏ ဆုများ ထုတ်ယူနိုင်ရန်အတွက် တိုက်ရိုက် ဆက်သွယ် ပေးသွားမည်ဖြစ်ပြီး တယ်လီကွန်းဆုကံထူးသူများကိုလည်း ၎င်းတို့၏ အကောင့်ထဲသို့ တိုက်ရိုက်ထည့်သွင်း ပေးမည် ဖြစ်သည်။

Samsung Myanmar မှ သဘာဝငလျင်ဘေးဒဏ် ခံစားခဲ့ရသောဒေသများအတွက် ငွေကျပ် သိန်း ၁,၄၀၀ တန်ဖိုးရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းများလှ...
26/05/2025

Samsung Myanmar မှ သဘာဝငလျင်ဘေးဒဏ် ခံစားခဲ့ရသောဒေသများအတွက် ငွေကျပ် သိန်း ၁,၄၀၀ တန်ဖိုးရှိ အိမ်သုံးလျှပ်စစ်ပစ္စည်းများလှူဒါန်း

ရန်ကုန် ​မေ

Samsung Myanmar အနေနဲ့ မြန်မာနိုင်ငံအလယ်ပိုင်းမှာ ပြင်းထန်စွာလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ဒဏ် ခံစားခဲ့ရသော ဒေသများအတွက် ပြန်လည်ထူထောင်ရေးအထောက်အပံ့များ ပေးအပ်ကူညီနိုင်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာယခုအခါမှာလည်း စုစုပေါင်း ငွေကျပ် သိန်းပေါင်း ၁,၄၀၀ တန်ဖိုးရှိ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော် နှင့် အင်းလေးတို့မှ လိုအပ်တဲ့ အဖွဲ့အစည်းတွေကို လှူဒါန်းပေးခဲ့​ ကြောင်းမေလ ၂၃ ရက်ကထုတ်ပြန်ခဲ့သည်။

Samsung Myanmar သည်TV၊ ရေခဲသေတ္တာ၊ အဝတ်လျှော်စက်၊ Aircon စတဲ့ Samsung အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို ပြည်သူ့ဆေးရုံများ၊ ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ ဘုရားစေတီများ၊ လူမှုကူညီကယ်ဆယ်ရေး စင်တာများ နဲ့ လေဆိပ် စတဲ့ အဖွဲ့အစည်း၊ နေရာများမှာ လိုက်လံ တပ်ဆင်လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်။

Samsung Myanmar သည် ဧပြီလကလည်း မန္တလေးနဲ့ နေပြည်တော်တို့မှာ ငလျင်ဘေးဒဏ်အတွင်း ထိခိုက်ခဲ့တဲ့ Samsung မိုဘိုင်းဖုန်းများနှင့် အိမ်သုံးလျှပ်စစ်ပစ္စည်းများကို ပြန်လည်စစ်ဆေးပြီး "လက်ခ" အခမဲ့ ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုတွေလည်း ပြုလုပ်ပေးခဲ့ပြီး အခုလက်ရှိလည်းစစ်ကိုင်း၊ နေပြည်တော် နှင့် အင်းလေးဒေသခံတွေရဲ့ အခြေခံရေသန့်လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်ရန်အတွက်ရည်ရွယ်ပြီး ဆိုလာစနစ်သုံး ရေသန့်စက်အဆောက်အဦးများကိုလည်း ပြုလုပ်လှူဒါန်းလျက်ရှိကြောင်းသိရသည်။

ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း (ရန်ကုန်) တွေ့ဆုံပွဲကျင်းပရန်ကုန်၊   မေ ၂၄ကုန်းဘောင်ဆက် ဘုရင့်ဆွေတော်မျိုးတော်မျ...
24/05/2025

ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း (ရန်ကုန်) တွေ့ဆုံပွဲကျင်းပ

ရန်ကုန်၊ မေ ၂၄

ကုန်းဘောင်ဆက် ဘုရင့်ဆွေတော်မျိုးတော်များအသင်း (ရန်ကုန် )က ကြီးမှူးကျင်းပသည့် ဆွေတော်မျိုးတော်များတွေ့ဆုံပွဲ အခမ်းအနားကို မေ ၂၄ ရက် နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ကန်တော်ကြီး ၊ကရဝိတ်နန်းတော်၌ကျင်းပသည်။

အခမ်းအနားကို စတင်ဖွင့်လှစ်ပြီးနောက် ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း ဥက္ကဌ မိတ္တီလာ တော်ထွေးထွေးသိန်း က အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် အသင်း ဒုဥက္ကဌ မင်းတပ်နေမျိုးဦး က ဆွေတော်မျိုးတော်များအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။

“ကျွန်တော်တို့ ဆွေတော်မျိုးတော်များအသင်း(ရန်ကုန်)က ကြီးမှူးကျင်းပတဲ့ပွဲဖြစ်ပါတယ်၊ ရန်ကုန်မှာရှိတဲ့ အိမ်တော်(၄၇)အိမ်က ဆွေတော်မျိုးတော်များ မိတ်ဆုံစားပွဲဆိုရင်လည်း မမှားပါဘူး၊ နောက်ပြီး ဝါဆိုသင်္ကန်းကပ် လှူမယ်၊ သက်ကြီးပူဇော်ပွဲကျင်းပမယ်စတဲ့အစီအစဉ်တွေကို ကြိုတင်တိုင်ပင် ဆွေးနွေးကြမှာဖြစ်ပါတယ်”ဟု အသင်း ဒုဥက္ကဌ ဦးနေမျိုးဦး ကပြောသည်။

ထို့နောက် အိမ်တော်အသီးသီးမှ တက်ရောက် လာကြသည့် ဆွေတော်မျိုးတော်များက အသင်း၏ လုပ်ဆောင်ချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ ထို့အပြင် ကုန်းဘောင်ဆက် ဆွေတော်မျိုးတော်များအသင်း (ရန်ကုန်) မှ ကြီးမှူး၍ နှစ်စဉ် ဝါဆိုသင်္ကန်းကပ်လှူခြင်းနှင့် အသက်ခုနှစ်ဆယ်နှင့်အထက် အဘိုး၊ အဘွား သက်ကြီး ဝါကြီး ဆွေတော်မျိုးတော်များကို မြေးတော်မြစ်တော်အနွယ်တော်များက ပူဇော်ကန်တော့ပွဲကို ရန်ကုန်မြို့၌ နှစ်စဉ် ကျင်းပလေ့ရှိသည်။ ဘုရင့်ဆွေတော်မျိုးတော်များအသင်း(ရန်ကုန်)ကို ကိုလိုနီခေတ်ကတည်းက အိမ်အမှတ်(၁၅) ရှမ်းလမ်းတွင် မင်းတုန်းမင်း၏မြေးတော် မင်းတပ်ထိပ်ခေါင်တင်က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အက်တမ် (ATOM)သည် အနာဂတ်လူငယ်များ၏ အရည်အချင်းကို ပံ့ပိုးမြှင့်တင်ရန် ထိပ်တန်း ပညာရေးအဖွဲ့အစည်းလေးခုနှင့် အလုပ်သင်အစီအစဉ်အ...
23/05/2025

အက်တမ် (ATOM)သည် အနာဂတ်လူငယ်များ၏ အရည်အချင်းကို ပံ့ပိုးမြှင့်တင်ရန် ထိပ်တန်း ပညာရေးအဖွဲ့အစည်းလေးခုနှင့် အလုပ်သင်အစီအစဉ်အား ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီမှုကို လက်မှတ်ရေးထိုးခဲ့

ရန်ကုန်၊ မေလ

မြန်မာနိုင်ငံ၏ အကောင်းဆုံး 4.5G VoLTE ဝန်ဆောင်မှု ပေးအပ်လျက်ရှိသည့် အက်တမ် (ATOM)သည် ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ်ကဏ္ဍများတွင် လူငယ်ပညာရှင်များ ပိုမိုပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်ဖြင့် ရေရှည်အလုပ်သင်အစီအစဉ်ကို ထိပ်တန်း ပညာရေးအဖွဲ့အစည်း လေးခုဖြစ်သည့် Gusto College၊ Matrix College၊ Chindwin College၊ Strategy First Education Group တို့နှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။

လက်မှတ်ရေးထိုးပွဲအခမ်းအနားကို မေ၂၂ကကျင်းပခဲ့ပြီး အက်တမ် (ATOM)၏ အမှုဆောင်အရာရှိများ၊ တက္ကသိုလ်ကျောင်းများ၏ ကိုယ်စားလှယ်များနှင့် သက်ဆိုင်ရာဌာနမှ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ Gusto College၊ Matrix College၊ Chindwin College နှင့် Strategy First Education Group တို့မှ အကြီးအကဲများလည်း တက်ရောက်ခဲ့ကြပြီး လုပ်ငန်းနယ်ပယ်နှင့် ပညာရေးအကြား လက်တွဲဆောင်ရွက် မှုများကို ပိုမိုမြှင့်တင်ရန်နှင့်၊ ကျောင်းသားများ၏ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်မှုကို အားပေး ထောက်ခံကြောင်း ကတိကဝတ်ပြုခဲ့ကြသည်။
အက်တမ် (ATOM) ၌ (၃) လကြာအလုပ်သင်ယူခွင့်အစီအစဉ်ကို နောက်ဆုံးနှစ်ကျောင်းသားများ သို့မဟုတ် ဘွဲ့ရပြီးခါစလူငယ် စုစုပေါင်း ၁၂ ဦးတို့အတွက် လမ်းဖွင့်ပေးသွားမည်ဖြစ်သည်။ အလုပ်သင်များကို သတ်မှတ် ထားသော အရည်အချင်းပြည့်မီမှု စံနှုန်းများအပေါ် အခြေခံ၍ ရွေးချယ်မည်ဖြစ်ပြီး အဆိုပါ အလုပ်အကိုင် အခွင့်အလမ်းမှတဆင့် တန်ဖိုးရှိသော လက်တွေ့သင်ယူမှု အတွေ့အကြုံများကို ရရှိနိုင်မည်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ထိပ်တန်းတယ်လီကွန်းကုမ္ပဏီတစ်ခုဖြစ်တဲ့ အက်တမ် (ATOM) အနေနဲ့ ယုံကြည်လက်ခံ ထားတာတစ်ခုက လူငယ်တွေအပေါ်ရင်းနှီးမြှုပ်နှံတာက အားလုံးအတွက် အနာဂတ်ကောင်း တစ်ခုပိုင်ဆိုင်ဖို့ ရင်းနှီးမြှုပ်နှံတယ် ဆိုတာပါပဲ။ ဒီအစီအစဉ်က မြန်မာနိုင်ငံရဲ့ အရည်အချင်းရှိလူငယ်တွေနဲ့ အနာဂတ် လုပ်ငန်းခွင် ကျွမ်းကျင်ပညာရှင် အင်အားတိုးပွားရေးအပေါ်ထားရှိတဲ့ အက်တမ် (ATOM) ရဲ့ ကတိကဝတ် ကိုလည်း ကိုယ်စားပြုပါတယ်။ ဒီအလုပ်သင်အစီအစဉ်က အနာဂါတ်မျိုးဆက်သစ် ခေါင်းဆောင် တွေကို ပံ့ပိုးပေးရာ ရောက်ပြီး မြန်မာနိုင်ငံရဲ့ ဒစ်ဂျစ်တယ်အနာဂတ်ကို ပုံဖော်တဲ့ အက်တမ်(ATOM)ရဲ့ ရည်ရွယ်ချက်ကို ထင်ဟပ်စေပါတယ်။ ကျွန်တော်တို့အနေနဲ့ ကျောင်းသားတွေအတွက် အခုလိုအဓိပ္ပါယ်ရှိတဲ့ အခွင့်အလမ်းတွေ ဖော်ဆောင်ပေးအပ်နိုင်ဖို့ ပညာရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက် မိပါတယ်။” ဟု အက်တမ်(ATOM) ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Ahmad Abdallah က ပြောသည်။

အဆိုပါကာလအတွင်း အလုပ်သင်များသည် အရှိန်အဟုန်နှင့်ရွေ့နေသော လုပ်ငန်းခွင် ပတ်ဝန်းကျင်၏ လက်တွေ့လုပ်ငန်းအတွေ့အကြုံများ၊ ဆက်သွယ်ရေးဝန်ဆောင်မှုနှင့် ဒစ်ဂျစ်တယ် ဆန်းသစ်တီထွင်မှု ကဏ္ဍများအကြောင်းကို လေ့လာခွင့်ရကြမည် ဖြစ်သည်။ ၎င်းတို့အား ဌာနအသီးသီးမှ လုပ်သက်ရင့်ပညာရှင်များက လမ်းညွှန်သင်ကြားပေးမည်ဖြစ်ပြီး ကုမ္ပဏီ၏ အခမ်းအနားများ၊ သင်တန်းများနှင့် အသိပညာမျှဝေပွဲများသို့လည်း တက်ရောက်ခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် ဤအစီအစဉ်သည် အလုပ်သင်များအတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ ကွန်ရက်များကို တည်ဆောက်ရန်အတွက် လမ်းကြောင်းတစ်ခု ချမှတ်ပေးသွားမည်ဖြစ်သည်။ အဆိုပါ program အပြီးတွင် တစ်ဦးစီအား အလုပ်သင် တက်ရောက် ပြီးမြောက်ကြောင်း လက်မှတ် ချီးမြှင့်သွားမည်ဖြစ်ပြီး တစ်ဦးချင်းစီ၏ လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ အနာဂတ် အလုပ်အကိုင် အခွင့်အလမ်းများလည်း ပေးအပ်သွားမည် ဖြစ်သည်။

"ကျွန်တော်တို့ရဲ့ Internship program က အက်တမ် (ATOM) ရဲ့ အရည်အချင်း ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ မျှော်မှန်းချက်နဲ့အညီ နည်းစနစ်ကျပြီးတော့ အကျိုးသက်ရောက်မှု ကောင်းတွေရှိတဲ့ သင်ယူမှုတွေ ပေးအပ်နိုင်ဖို့ ဆောင်ရွက်ထားပါတယ်။ အလုပ်သင်တွေကို ကြိုဆိုရင်း သူတို့အတွက် လုပ်ငန်းကျွမ်းကျင်မှု အရည်အချင်းတွေ ဖော်ဆောင်ပေးဖို့ အဆင်သင့်ဖြစ်နေပါပြီ" ဟု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သော အက်တမ် (ATOM) ၏ လူ့စွမ်းအားအရင်းအမြစ် အရာရှိချုပ်ဖြစ်သူ ကိုဇာနည်ထွန်းက ပြောကြားသည်။

အက်တမ် (ATOM) ၏ အလုပ်သင်အစီအစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ပြီး လုပ်ကိုင်ရည် ထူးချွန်သော လူငယ်ပညာရှင်များ ပြုစုပျိုးထောင်ရေး နှင့် အဓွန့်ရှည်သော အလုပ်အကိုင်များ ရှာဖွေလုပ်ကိုင် နိုင်ရေး ဟူသည့်ကတိကဝတ်များမှနှင့်အညီ ဆက်လက်ဆောင်ရွက် လာခဲ့ခြင်းဖြစ်သည်။ အလုပ်သင် အစီအစဉ်တွင် ATOM ၏ အခြားသောဌာနများနှင့် ပညာရေးအဖွဲ့အစည်းများ ပိုမိုပါဝင်လာစေရန်နှင့် နည်းစနစ် ကျသော အလုပ်သင်မှ ဝန်ထမ်းအဖြစ် တိုက်ရိုက်ခန့်အပ်နိုင်သည့် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရန် ဆက်လက် တိုးချဲ့​ဆောင်ရွက်သွားမည် ဖြစ်​ကြောင်းသိရသည်။

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၄) မြို့နယ်တွင် ဆက်သွယ်ရေးဝန်...
23/05/2025

MPT က ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ မြို့နယ် (၄) မြို့နယ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှုများအား အဆင့်မြှင့်တင်ဆောင်ရွက်သွားမည်

ရန်ကုန်၊ မေ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) အနေဖြင့် ပိုမိုကောင်းမွန်သည့် အရည်အသွေး နှင့် ခေတ်မီဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီးရှိ ရွှေနံ့သာမြို့သစ်၊ ကျောက်တန်း၊ မှော်ဘီ နှင့် သန်လျင်မြို့နယ်များတွင် ဖိုင်ဘာအင်တာနက် (FTTH) ၊ ဖိုင်ဘာအင်တာနက် ဖုန်းလိုင်း ဝန်ဆောင်မှု (VoIP)၊ ကြိုးဖုန်းဝန်ဆောင်မှုနှင့် စီးပွားရေးသုံး (B2B) ဝန်ဆောင်မှုများအား ပိုမိုကောင်းမွန်သော ဖန်ကြိုးမျှင်အသုံးပြုတယ်လီဖုန်းစနစ် (OLT) အိတ်ချိန်းများဖြင့် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မေ ၂၃ ရက်က
ပြန်ကြေညာလိုက်ပါသည်။ အဆိုပါ နည်းပညာအဆင့်မြှင့်တင်မှုသည် MPT ၏ ကတိကဝတ်ဖြစ်သည့် သုံးစွဲသူများအား ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုအရည်အသွေးပေးအပ်ရန်နှင့် ကွန်ရက်တည်ငြိမ်မှုကို မြှင့်တင်ရန် ဆောင်ရွက်ခြင်း ဖြစ်သည်။

နည်းပညာအဆင့်မြှင့်တင်မှုလုပ်ငန်း ဆောင်ရွက်နေစဉ်ကာလအတွင်း အဆိုပါနေရာများရှိ သုံးစွဲသူများအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ယာယီပြတ်တောက်မှု ကြုံတွေ့နိုင်မည်ဖြစ်ပါသည်။ အဆိုပါ ယာယီပြတ်တောက်မှု သည် အဆင့်မြှင့်တင်မည့် နေရာနှင့် ရက်စွဲပေါ်မူတည်၍ (၁၅) မိနစ် မှ (၂) နာရီခန့်အထိ အချိန်အနည်းငယ်မျှ ကြာမြင့်နိုင်မည် ဖြစ်သည်။

အဆင်မပြေမှုဖြစ်ပေါ်ရသည့်အတွက်လည်း သည်းခံပေးနိုင်ပါရန် လေးစားစွာ မေတ္တာ ရပ်ခံအပ်ပါသည်။ MPT အနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ပိုမို ခိုင်ခံ့ကောင်းမွန်သော ကွန်ရက်တည်ငြိမ်မှုနှင့် ပိုမိုကောင်းမွန်သည့် ဆက်သွယ်‌ရေးဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက 106 Call Center (သို့မဟုတ်) ၀၉၄၂၃၀၀၆၇၉၅ သို့ ခေါ်ဆိုမေးမြန်းနိုင်ကြောင်းသိရသည်။

TikTok ၏ အခမဲ့ Trending Songs Tool ကို အသုံးပြု၍ ပိုမိုလူကြိုက်များမည့် ဗီဒီယိုများကို ဖန်တီးနိုင်မည်ရန်ကုန်     မေTikTo...
23/05/2025

TikTok ၏ အခမဲ့ Trending Songs Tool ကို အသုံးပြု၍ ပိုမိုလူကြိုက်များမည့် ဗီဒီယိုများကို ဖန်တီးနိုင်မည်

ရန်ကုန် မေ

TikTok သည် တီထွင်ဖန်တီးနိုင်စွမ်းကို လှုံ့ဆော်ပေးခြင်း၊ အချင်းချင်း ထိတွေ့ဆက်ဆံမှုကို တွန်းအားပေးခြင်းနှင့် TikTok ကမ္ဘာ့အသိုင်းအဝိုင်း၏ တက်ကြွသော ယဉ်ကျေးမှုကို ထင်ဟပ်စေသည့် Tool များနှင့် Data Insight ကို ပံ့ပိုးပေးခြင်းဖြင့် အသုံးပြုသူများကို ခွန်အားဖြည့်ပံ့ပိုးရန် ကတိပြုထားသည်။

ထို့ကြောင့် မြန်မာနိုင်ငံတွင် တီထွင်ဖန်တီးနိုင်မှု တိုးတက်လာပြီး Content များ လျင်မြန်စွာ တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ မြန်မာနိုင်ငံ၏ ကြီးထွားလာနေသော Creator များနှင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာ Tool များနှင့် အရင်းအမြစ်များကို အသိပေးဖော်ပြလျက်ရှိပါသည်။ ယခု ဖော်ပြသွားမည့် Tool မှာ TikTok Creative Center ရှိ Trending Songs Tool (ခေတ်စားနေသော သီချင်းများ) ဖြစ်ပါသည်။ အဆိုပါ Tool ကို သုံးပြီး မြန်မာနိုင်ငံတွင်း အသုံးပြုသူများ၏ အာရုံကို ဖမ်းစားနိုင်သော သီချင်းများနှင့် ခေတ်စားနေသော သီချင်းများကို လေ့လာနိုင်ကာ Creator များနှင့် စီးပွားရေးလုပ်ငန်းများသည် ဒေသတွင်းပရိသတ်များကို နားလည် ချိတ်ဆက်နိုင်မည့် ရလဒ်ကောင်းသည့် အကြောင်းအရာဗီဒီယိုများကို ဖန်တီးနိုင်မည်ဖြစ်သည်။

TikTok Creative Center သည် Creator များနှင့် လုပ်ငန်းများအတွက် Tools အမျိုးအစားများစွာနှင့် Insights များကို အခမဲ့ အသုံးပြုနိုင်မည့် Browser-based Platform တစ်ခုဖြစ်ပါသည်။ အဆိုပါ Tool များစွာထဲမှ တစ်ခုဖြစ်သည့် Trending Songs သည် မြန်မာအသိုင်းအဝန်း အသုံးပြုနိုင်သော အဓိက Tool များထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံအတွင်း မည်သည့်သီချင်းများ လူကြိုက်များနေသည်နှင့် ပတ်သက်၍ အဖိုးတန်သော Insight များကို ဖော်ပြပေးနေပါသည်။
ဂီတသည် TikTok ၏ အကြောင်းအရာဗီဒီယိုဖန်တီးမှုနှင့် ထိတွေ့ဆက်ဆံမှုတွင် ကြီးမားသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ လိုက်ဖက်ညီသော သီချင်းကို သုံးထားသည့် ဗီဒီယိုများသည် လူကြိုက်ပိုများပြီး Viral Trend များတွင် ပါဝင်မှုကို တိုးလာစေနိုင်သကဲ့သို့ For You feed ပေါ်သို့ ရောက်ရှိပြီး အသုံးပြုသူများထံ ပိုမိုရောက်ရှိနိုင်ခြေကို တိုးတက်စေနိုင်ပါသည်။ Trending Songs တွင် ပြည်တွင်း Creator များသည် လူကြိုက်အများဆုံး သို့မဟုတ် Break Out သီချင်းများကို ရွေးချယ်စစ်ထုတ်ခြင်းဖြင့် ခေတ်စားနေသော သီချင်းသံစဥ်များကို လေ့လာသိရှိနိုင်ပါသည်။ ၎င်းတို့ကို ၇ ရက်၊ ရက် ၃၀ သို့မဟုတ် ရက် ၁၂၀ စသဖြင့် မတူညီသော အချိန်သုံးခုအောက်တွင် ရွေးချယ်၍ ဗီဒီယိုအကြောင်းအရာကို ဖန်တီးနိုင်သည်။

ထို့အပြင် စီးပွားဖြစ်အသုံးပြုနိုင်သော သီချင်းများကိုလည်း ရွေးချယ်နိုင်ပါသည်။ ထိုသို့ ရွေးချယ်ခြင်းဖြင့် စီးပွားရေးလုပ်ငန်းများသည် ခေတ်စားနေသော သီချင်းကို Marketing Campaign များတွင် လွယ်ကူယုံကြည်စွာ အသုံးပြုနိုင်မည်ဖြစ်ပါသည်။ သီချင်း List တစ်ခုစီတွင် အောက်ပါ Key Analytics များကို ပံ့ပိုးပေးထားပါသည်။
• ဆက်စပ်ဗီဒီယိုများ - စိတ်ကြိုက်ရွေးထားသည့်အချိန်ဘောင်အတွင်း အဆိုပါ သီချင်းကို အသုံးပြုထားသည့် ထိပ်တန်း ဆက်စပ်ဗီဒီယိုများကို ကြည့်နိုင်ပါသည်။
• Audience Insights - အဆိုပါ သီချင်းကို ထိတွေ့အသုံးပြုထားသူများ၏ အသက်အပိုင်းအခြားနှင့် ၎င်းတို့စိတ်ဝင်စားသည့်အရာများကို ရှာဖွေနိုင်ပါသည်။
• ဒေသအလိုက် လူကြိုက်များမှု - မြန်မာနိုင်ငံအတွင်းသာမကာ ကမ္ဘာတစ်၀န်းဒေသအလိုက် အဆိုပါ သီချင်းရေပန်းစားနေသည့် နေရာများကို ကြည့်နိုင်သည်။

TikTok သည် မြန်မာနိုင်ငံတွင် ဆက်လက်ကြီးထွားလာသည်နှင့်အမျှ Trending Songs ကဲ့သို့သော Tool များသည် Creator များကို လက်တွေ့ကျကျ တီထွင်ဖန်တီးနိုင်စေရန် ပံ့ပိုးပေးပါသည်။ အိုင်ဒီယာရယူရာတွင်၊ Campaign ဖန်တီးရာတွင် သို့မဟုတ် ခေတ်ရေစီးကြောင်းကို လေ့လာရာတွင် မရှိမဖြစ် လိုအပ်သော Tool တစ်ခုဖြစ်ကာ မိမိပရိတ်သတ်အကြိုက်တွေ့မည့် အကြောင်းအရာဗီဒီယိုဖန်တီးလိုသူတိုင်း အသုံးပြုသင့်ပါသည်။
ထို့ကြောင့် TikTok Creative Center သို့ ၀င်ရောက်ပြီး မြန်မာနိုင်ငံတွင် ခေတ်စားနေသော သီချင်းများကို ရှာဖွေကာ လူကြိုက်များမည့် အကြောင်းအရာဗီဒီယိုများကို ဖန်တီးနိုင်မည်ဖြစ်သည်။

Address


Alerts

Be the first to know and let us send you an email when Ahead Media Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Ahead Media Myanmar:

Shortcuts

  • Address
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share