
12/01/2023
Htay Htay Myint
ရှိလား ...... ?
မှားသည်ဖြစ်စေ မှန်သည် ကိုယ့်ဘေးမှာ ရပ်တည်နေပေးမယ့် သူငယ်ချင်း ...မျိုး
အဆင့်အတန်းတွေ မညိဘူး တန်းတူပေါင်းတဲ့ သူငယ်ချင်း... မျိုး
သူငယ်ချင်း အသစ်တွေ ဘယ်လောက်ရရ ကိုယ့်ကို မေ့မသွားမဲ့ သူငယ်ချင်းမျိုး.. ။
တလောကလုံး မုန်းနေရင်တောင် အမြဲပုံးနေပေးမဲ့ သူငယ်ချင်းမျိုး... ။
ကိုယ်မှားတဲ့အခါ ဆုံးမပေး ရန်ဖြစ်တဲ့အခါဆို လိုက်ချပေးတဲ့ သူငယ်ချင်း... ။
စိတ်ညစ်စရာရှိတိုင် ရင်ဖွင့်လို့ရတဲ့ သူငယ်ချင်း.. ။
အားနည်းချက်ကို မလှောင်ဘူး အောက်ဖဲမလှန်ဘူးဆိုတဲ့ သူငယ်ချင်း... မျိုး။
Post တင်လိုက်တိုင်း just now ဆိုရင်နဲ့ first react နဲ့ ပေါက်ကရတွေ မန့်သွားတတ်တဲ့ သူငယ်ချင်း ။
ပိုက်ဆံရှိမရှိ လဲ ပေါင်းတဲ့သူငယ်ချင်း.... ဘာမှမလိုဘူး ရင်ဘတ်ကြီးနဲ့ခင်တာပါဆိုတဲ့ သူငယ်ချင်း..။
အပြင်သွားဖို့ရှိတိုင်း "မင်းအားလား ငါလာခေါ်ရမလား" ဆိုပြီး ဖုန်းဆက်ပီးလှမ်းခေါ်တဲ့ သူငယ်ချင်း ... ။
စိတ်ဓာတ်ကျတိုင်း အားပေးစကားလာပြောပေးတဲ့ သူငယ်ချင်း ... ။
လဲပြိုနေတဲ့အခါ ထားမသွားဘဲ တွဲခေါ်ပေးတဲ့ သူငယ်ချင်း... ။
ကိုယ့်အကြောင်း မကောင်းပြောရင် သည်းမခံတတ်တဲ့ သူငယ်ချင်း... ။
အ့လို သူငယ်ချင်းတွေ ရှိပြီလား... ။ရှိရင် တန်ဖိုးထားပါ..။လေးစားပါ..။ချစ်ပါ...။
သူငယ်ချင်းအစစ်တွေက ဘာနဲ့မှ လဲမရတဲ့ ဘုရားပေးတဲ့ ဆုလာဒ်ကြီးပါ...။
ငါ့အတွက်ကို ... အမြဲဦးစားပေးတဲ့ သူငယ်ချင်းရေ..
ကျေးဇူးတင်တယ် ငါ့တွက်အမြဲရှိနေပေးလို့
ခင်မင်မှုတွေလဲ အကြာကြီးတည်တံချင်ပါတယ် ..။
ဘာကြောင့်မှ ငါတို့ကြား သံယောဇဉ်တွေကို မဖျက်ကြဖို့ ကတိပေးပါ..။
ထာဝရအတွက် best friend တွေ ဖြစ်ကြမယ်...။