United Fan Myanmar

  • Home
  • United Fan Myanmar

United Fan Myanmar 𝗜𝗯𝗲𝘁 𝟳𝟴𝟵
𝟱𝟱𝟱 𝗺𝗶𝘅
𝗕𝗮𝘁𝗺𝗮𝗻 𝟲𝟴𝟴
𝗦𝗵𝗮𝗻 𝟮𝟯𝟰


𝟬𝟵 𝟳𝟳𝟳𝟳 𝟭𝟲𝟭𝟰𝟮

𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 𝗟𝗶𝗻𝗸 - https://t.me/ZKSport420

စိတ်နဲ့ချည်ထားတဲ့ မေတ္တာတွေပါ----------------ဘောလုံးအ‌ကြောင်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ အရာတွေကို လူငယ်တစ်ချို့အားတက်သရော စကား...
28/03/2025

စိတ်နဲ့ချည်ထားတဲ့ မေတ္တာတွေပါ
----------------
ဘောလုံးအ‌ကြောင်းနဲ့ ပတ်သက်ဆက်နွယ်တဲ့ အရာတွေကို လူငယ်တစ်ချို့အားတက်သရော စကားဖောင်ဖွဲ့ပြောဆိုနေကြတဲ့ အချိန်‌မျိုးတွေဆိုရင် ရှေးရိုးစွဲ လူကြီးသူမများက ခနော်ခနဲ့တတ်ကြပါတယ်။ ဒီလို ခနော်ခနဲ့မှုမျိုးနဲ့ ကြုံကြိုက်လာရင် လူငယ်ပီပီ မဟုတ်မခံစိတ်ကလေး အထွန့်တက် ပြန်ပြောခဲ့ရတဲ့ အခိုက်အတန့်လေး တစ်ချို့တစ်လေကလည်း လွမ်းဖွယ်ပါပဲ။

တကယ်တော့ ဘောလုံးဆိုတာ အနုပညာတစ်မျိုးပါ။ အားကစားတစ်ခုဆိုတာထက် ပိုပါတယ်။ ဘောလုံးလောက၊ ဘောလုံးပွဲ၊ ဘောလုံးအကြောင်းအရာတိုင်းနဲ့ ဆက်စပ်မှုတွေဟာ ရသတစ်မျိုးမဟုတ် တစ်မျိုးရှိ‌နေတတ်တာ မဟုတ်ပါလား။ ဘောလုံးအကြောင်းအကျိုးလေးပြောရင် ဂရုဏာရသက ထိပ်ဆုံးက ပါဝင်မှာပါပဲ။ အဘက်ဘက်က ယိုင်နဲ့နေတဲ့ တိုင်းပြည်တစ်ပြည်အတွက် ငလျင်ဒဏ်လို သဘာဝဘေးအန္တရာယ် ကပ်ဆိုးကြီးနဲ့ ကြုံလာတော့ ဥရောပရဲ့ ဒိတ်ဒိတ်ကြဲ ကလပ်အသင်းကြီးတွေက ဆုတောင်းမေတ္တာပို့သမှုတွေကို တွေ့ခဲ့ရပါတယ်။ အံ့ဩမှုနဲ့အတူ ဝမ်းသာပီတိလည်း ဖြစ်ခဲ့ရပါတယ်။ ဘောလုံးဟာ လူတန်းစားအလွှာအသီးသီးအတွက် တစ်သားတည်း ရပ်တည်ပေးတဲ့ သဘောကိုဆောင်တယ်ဆိုတာ အခါအခွင့်သင့်တိုင်း ပြောဖြစ်နေကြ စကားပဲ။

မန်ချက်စတာ ယူနိုက်တက်၊ မန်ချက်စတာစီးတီး၊ ဘရန့်ဖို့ဒ်၊ ပီအက်စ်ဂျီ၊ စပါးတို့က မြန်မာပြည် ငလျင်ဒဏ်အတွက် ဆုတောင်းပေးခဲ့ပါသတဲ့ ယောက်ဖရေ။ သူတို့ချည်းပဲလားဆိုတော့ အားကစားသတင်းထောက် အကျော်အမော် ရိုမာနိုနဲ့ လာလီဂါအဖွဲ့အစည်းလည်း ပါတယ်လို့ ပြောရပါမယ်။ နောက်ထပ် ဘယ်သူတွေ ဘယ်အသင်းတွေဆုတောင်းပေးကြပါဦးမလဲ သိချင်မိပါရဲ့။ ဘောလုံးကမ္ဘာဆိုတာ ချစ်ခြင်း၊ မုန်းခြင်း အလျဉ်းမရှိတဲ့ ရပ်ဝန်းပါ။ မေတ္တာရေစီးကြောင်းမှာ သူ့မေတ္တာ၊ ကိုယ့်မေတ္တာ ကိုယ်တတ်နိုင်သလောက်လေးနဲ့ အသိအမှတ်ပြု ဆုတောင်းစကားလေးတစ်ခွန်းကလည်း အားတစ်ခုပဲ မဟုတ်ပါလား။ ဒါတွေဟာ စိတ်နဲ့ ချည်ထားတဲ့မေတ္တာတွေပါ။ ဒါကို ချစ်ရသူတွေကပဲ သိပါလိမ့်မယ်။

ဘယ်ပုံလေးကို ပိုအမှတ်ရကြလဲ။ တစ်ယောက်တစ်ခွန်းစီ ပြောခဲ့ကြပါဦး။ မင်မင်ကတော့ ဒီကာတွန်း ဗားရှင်းလေးတွေကို အတော်လေး သဘောကျမိန...
28/03/2025

ဘယ်ပုံလေးကို ပိုအမှတ်ရကြလဲ။ တစ်ယောက်တစ်ခွန်းစီ ပြောခဲ့ကြပါဦး။ မင်မင်ကတော့ ဒီကာတွန်း ဗားရှင်းလေးတွေကို အတော်လေး သဘောကျမိနေပါတယ်။

ယူနိုက်တက်အသင်းရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာက  ဒီကနေ့မှာ လှုပ်ခတ်သွားတဲ့ မြန်မာငလျင်ဒဏ်နဲ့ပတ်သက်ပြီး အခုလို ဆုမွန်ကောင်...
28/03/2025

ယူနိုက်တက်အသင်းရဲ့ တရားဝင် ဖေ့စ်ဘုတ်စာမျက်နှာက ဒီကနေ့မှာ လှုပ်ခတ်သွားတဲ့ မြန်မာငလျင်ဒဏ်နဲ့ပတ်သက်ပြီး အခုလို ဆုမွန်ကောင်းတောင်းပေးသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ ကာတွန်း ဗားရှင်းတစ်ချို့ဖြစ်ပါတယ်။
27/03/2025

ယူနိုက်တက်အသင်းရဲ့ ကာတွန်း ဗားရှင်းတစ်ချို့ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်က ချီးမြှင့်မယ့် မတ်လတစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က ဆန်ခါတင်စာရင်းဝင်ထာ...
27/03/2025

ပရီးမီးယားလိဂ်က ချီးမြှင့်မယ့် မတ်လတစ်လတာအကောင်းဆုံးကစားသမားဆုအတွက် ယူနိုက်တက်ကွင်းလယ်လူ ဖာနန်ဒက်စ်က ဆန်ခါတင်စာရင်းဝင်ထားသလို တစ်လတာအကောင်းဆုံးနည်းပြဆုအတွက် အမ်မိုရင်လည်း ဆန်ခါတင်စာရင်းဝင်ထားခဲ့ပါတယ်။

ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ယူနိုက်တက်တောင်ပံကစားသမား ဒီယာလိုဟာ လက်ရှိမှာ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် ဧပြီလမှာကစား...
26/03/2025

ဒဏ်ရာပြဿနာကြောင့် အနားယူနေရတဲ့ ယူနိုက်တက်တောင်ပံကစားသမား ဒီယာလိုဟာ လက်ရှိမှာ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် ဧပြီလမှာကစားမယ့် အသင်းရဲ့ ပွဲစဉ်တွေမှာ ပြန်လည် ပါဝင်လာနိုင်တော့မယ်လို့သိရပါတယ်။ အသင်းဘုတ်အဖွဲ့ကလည်း ကစားသမားရဲ့ ဒဏ်ရာဟာ မျှော်မှန်းထားတာထက် မြန်မြန်သက်သာလာခဲ့တာကြောင့် လာမယ့်ပွဲစဉ်တွေအတွက် တိုက်စစ်ပိုင်းမှာ အားပိုရှိလာနိုင်တယ်လို့ ပြောဆိုမှုတွေ ပြုလုပ်ထားခဲ့ပါတယ်။

ရက်ခ်ျဖို့ဒ်ကို ထရင်ကာအိုနဲ့ အစားထိုးချင်တဲ့ အမ်မိုရင်--------------------ယူနိုက်တက်နည်းပြဖြစ်သူ အမ်မိုရင်ဟာ အက်စ်တွန်ဗီ...
26/03/2025

ရက်ခ်ျဖို့ဒ်ကို ထရင်ကာအိုနဲ့ အစားထိုးချင်တဲ့ အမ်မိုရင်
--------------------
ယူနိုက်တက်နည်းပြဖြစ်သူ အမ်မိုရင်ဟာ အက်စ်တွန်ဗီလာအသင်းကို အငှားချထားတဲ့ တောင်ပံတိုက်စစ်ကစားသမား ရက်ခ်ျဖို့ဒ်ရဲ့နေရာကို စပို့တင်းလစ္စဘွန်း တောင်ပံကစားသမား ထရင်ကာအိုနဲ့ အစားထိုးချင်နေတယ်လို့သိရပါတယ်။

ယူနိုက်တက်ဟာ အသင်းရဲ့ တောင်ပံကစားသမားတွေဖြစ်တဲ့ ဆန်ချို၊ အန်တိုနီနဲ့ ရက်ခ်ျဖို့ဒ်တို့ကို အခြားအသင်းတွေမှာ အသီးသီး အငှားချထားတာဖြစ်ပြီး လာမယ့်နွေမှာ အပြီးသတ်ရောင်းထုတ်ဖွယ်လည်း ရှိနေတာဖြစ်ပါတယ်။

ဆာဂျင်ရက်ကလစ်ဖ်ကလည်း အမ်မိုရင်လိုချင်တဲ့ ကစားသမားတွေ ဝယ်ယူနိုင်ဖို့ ငွေထုတ်ပေးသွားဖို့ရှိကြောင်း ပြောဆိုထားတာကြောင့် လာမယ့် နွေမှာတော့ ဘယ်ကစားသမားတွေရောင်းထုတ်ပြီး ဘယ်ကစားသမားတွေက အသင်းဆီရောက်လာမလဲ ရင်ခုန်ချင်စရာကောင်းနေပါတယ်။

ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ဖို့အတွက် ဆော်ဒီကလပ်အသင်းတစ်ချို့က စိတ်ဝင်စားမှုတွေရှိနေတယ်လို့...
26/03/2025

ယူနိုက်တက်အသင်းရဲ့ ပွဲထွက်ဂိုးသမား အိုနာနာကို ခေါ်ယူနိုင်ဖို့အတွက် ဆော်ဒီကလပ်အသင်းတစ်ချို့က စိတ်ဝင်စားမှုတွေရှိနေတယ်လို့ သိရပါတယ်။

အိုနာနာဟာ ယူနိုက်တက်ကို စရောက်တည်းက လက်စွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်ခဲ့ရသလို မီဒီယာတွေနဲ့ ပရိသတ်တွေကြားမှာလည်း အတော်လေးဝေဖန်ခံနေခဲ့ရသူဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ အိုနာနာအပြောင်းအရွှေ့အတွက် လက်ခံဆွေးနွေးသွားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ဘယ်လောက်တောင်းသွားမလဲဆိုတာကသာ စိတ်ဝင်စားစရာကောင်းနေတာပါ။

ယူနိုက်တက်အသင်းဟာ လာမယ့်နွေဈေးကွက်မှာ အသင်းရဲ့နောက်ခံလူ မတ်ဂွိုင်းယားကို ရောင်းထုတ်သွားမှာဖြစ်ပြီး သူ့နေရာကိုတော့ အဲ့ဗာတ...
25/03/2025

ယူနိုက်တက်အသင်းဟာ လာမယ့်နွေဈေးကွက်မှာ အသင်းရဲ့နောက်ခံလူ မတ်ဂွိုင်းယားကို ရောင်းထုတ်သွားမှာဖြစ်ပြီး သူ့နေရာကိုတော့ အဲ့ဗာတန်ကစားသမား ဘရန့်ဝိတ်နဲ့ အစားထိုးသွားဖွယ်ရှိတယ်လို့ သိရပါတယ်။

ဘရန့်ဝိတ်နဲ့ ယူနိုက်တက်တို့ကြားမှာ ဒီနှစ်ဘောလုံးရာသီမစခင်ကတည်းက ကစားသမားနဲ့ အသင်းကြား နှစ်ဦးနှစ်ဖက်သဘောတူညီမှု ရရှိခဲ့ပေမယ့် အဲဗာတန်ဘက်က ပေါင်သန်း ၇၀ ထိတောင်းဆိုခဲ့တာကြောင့် အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတာဖြစ်ပါတယ်။

ကစားသမားကလည်း ယူနိုက်တက်ကို ပြောင်းရွှေ့ကစားခွင့်ရဖို့ စိတ်အားထက်သန်နေသေးတယ်လို့ သိရပါတယ်။

နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်ကို ယူနိုက်တက်နဲ့အပြိုင် ခေါ်ယူခွင့်ရဖို့ ကြိုးစားနေတဲ့ ပီအက်စ်ဂျီဟာ လက်ရှိမှာ အိုဆင်ဟမ်ကို...
25/03/2025

နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်ကို ယူနိုက်တက်နဲ့အပြိုင် ခေါ်ယူခွင့်ရဖို့ ကြိုးစားနေတဲ့ ပီအက်စ်ဂျီဟာ လက်ရှိမှာ အိုဆင်ဟမ်ကိုခေါ်နိုင်ဖို့အတွက် အပြင်းအထန်ကြိုးပမ်းတော့မှာ မဟုတ်ဘူးလို့သိရပါတယ်။

ပီအက်စ်ဂျီနည်းပြဖြစ်သူ အင်းနရစ်က လက်ရှိအသင်းမှာရှိ‌တဲ့ တိုက်စစ်ကစားသမားတွေနဲ့ အသင်းဟာ အံဝင်နေတာကြောင့် အိုဆင်ဟမ်ကိုခေါ်ဖို့ အလောတကြီး ကြိုပမ်းမှာ မဟုတ်ဘူးလို့လည်း ဆိုထားပါတယ်။

ဒါကြောင့် အိုဆင်ဟမ်ကို ခေါ်ယူသွားနိုင်ဖို့ ယူနိုက်တက်က ရာခိုင်နှုန်းပိုများနေခဲ့ပြီဖြစ်ကာ လာမယ့်နွေမှာ အရခေါ်ယူနိုင်ခြေရှိတယ်လို့လည်း သတင်းရင်းမြစ်တချို့က ဖော်ပြထားပါတယ်။

အသင်းရဲ့ အရံဂိုးသမား တွမ်ဟီတန်နဲ့ နောက်ခံလူ အီဗန်တို့ဟာ ဒီရာသီအကုန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ သိရပါတယ်။ဒီကစားသ...
25/03/2025

အသင်းရဲ့ အရံဂိုးသမား တွမ်ဟီတန်နဲ့ နောက်ခံလူ အီဗန်တို့ဟာ ဒီရာသီအကုန်မှာ ကစားသမားဘဝက အနားယူဖွယ်ရှိတယ်လို့ သိရပါတယ်။

ဒီကစားသမားနှစ်ယောက်နဲ့ပတ်သက်တဲ့ အမှတ်တရတွေရှိရင် ပြောခဲ့ကြပါဦး။

ရော့ထန် ဘာလို့အောင်မြင်တာလဲ။အဖြေက.....
24/03/2025

ရော့ထန် ဘာလို့အောင်မြင်တာလဲ။

အဖြေက.....

Address


Telephone

+959777716142

Website

Alerts

Be the first to know and let us send you an email when United Fan Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share