ซื้อ-ขายโทรศัพท์ หลุดจำนำ มือสอง

  • Home
  • ซื้อ-ขายโทรศัพท์ หลุดจำนำ มือสอง

ซื้อ-ขายโทรศัพท์ หลุดจำนำ มือสอง zac gaming

12/09/2024

ဒိီနေ့ ကြာသပတေးနေ့ မှာ လူတွေကိုအမှားအမှန်လေးစဥ်းစားစေချင်လို့ ....

အမှန်တရားကို သိသွားတဲ့သူတစ်ယောက်က လူအများအကြိုက်မလိုက်တော့ဘူး

အမှန်တရားကို သိသွားတဲ့သူက ကြောက်စိတ်မရှိတော့ဘူး

အမှန်တရားကို သိသွားတဲ့သူများက ကိုယ်ထင်ရာလုပ်ရင်လုပ်မယ် သို့ပေမဲ့သူတစ်ပါးကိုဘယ်တော့မှနောက်ကြောဓားနဲ့မထိုးဘူး ထိုးရင်လည်းဒဲ့ပဲထိုးလိမ့်မယ်

အမှန်တရားကို လိုက်နာတဲ့သူတွေက လူမုန်းများတယ်

အမှန်တရားကို မြင်တဲ့သူတွေကမပြောရဲ ကြဘူး

အမှန်တရားကို အမှားလုပ်တဲ့သူများကဒီကမ္ဘာမှာပေါမှပေါ

အမှန်တရားကို ဟောခဲ့တဲ့ဘုရားရှင်လည်း အပြစ်မြင်တဲ့သူရှိတာပဲ

အမှန်တရားကို အမှားလို့မြင်တဲ့သူနဲ့ အမှားကိုအမှန်တရားလို့ မြင်တဲ့သူများလည်း ခုခေတ်မှာတော်တော်ပေါလာတယ်

အမှန်တရားကို သိတဲ့သူတွေကမပြောရဲကြဘူး နှုတ်ပိတ်နေကြတယ် အမှားလုပ်တဲ့သူတွေကသာ ပြသနာပွါးကြတယ် ဘာလို့ဆို အမှန်တရားကိုသိတဲ့သူတွေက ဘယ်တော့မှ ရှင်းပြစရာအကြောင်းမရှိပေ စကားအတင်းမပြောပေ

ပညာရှိနဲ့သူရုပ်မာဆိုတာ ဒီမှာကွာတာနော် စဥ်းစားစေချင်...

အနောက်နိုင်ငံတွေဘာလို့ တိုးတက်လည်းသိလား

နိုင်ငံတိုးတက်ဖို့က ဒီမိုကရေစီ လိုကောင်းလိုလိမ့်မယ်
သို့ပေမဲ့ ဒီမိုကရေစီဆိုတာ နိုင်ငံသားတစ်ယောက်ချင်းစီကစည်းကမ်းရှိခြင်းကို ဆိုတယ်

ပါးစပ်က ဒီမိုကရေစီအော်နေပီး တစ်ယောက်ချင်းစီက စည်းစနစ်မရှိရင် နိုင်ငံခေါင်းဆောင်က ဒီမိုကရေစီပေးခဲ့ရင်တောင် ဒီမိုကရေစီမရဘူး

မြန်မာနိုင်ငံက လူမျိုးအကုန်လုံးက အချင်းချင်းဝိုင်းမကူတဲ့အပြင် လှံနဲ့ထိုးနေမှတော့ အတ္တတွေကြီးနေမှတော့ မနာလိုမှု့တွေများနေမှတော့ ဒီနိုင်ငံက ဘယ်တော့မှတိုးတက်မှာမဟုတ်ဘူး

စာဖက်တိုင်းလည်း လူကောင်းမဖစ်နိုင်သလို

စာဖက်ပီးပညာတက်လူကောင်းဖစ် သွားတဲ့သူများကလည်း ဒီနိုင်ငံမှာမရှိကြတော့ဘူး

ဒီနိုင်ငံအရမ်းသနားဖို့ကောင်းတယ် ဒီနိုင်ငံမှာနေတဲ့လူမျိုးတွေအရမ်းသနားဖို့ကောင်းတယ်

အမိနိုင်ငံတော်ကြီး အဖနိုင်ငံတော်ကြီး လုနေသရွေ့ဒီမိုကရေစီဆိုတာဘယ်တော့မှမရဘူးမှတ်

ဒီအရာကလည်းမိဘတွေနဲ့ဆိုင်တယ် လူကြီးတွေနဲ့ဆိုင်တယ် လူငယ်တွေဘဝပျက်နေတာကိုယ့်အရင်မွေးလာတဲ့လူကြီးတွေကြောင့်ဆိုရမယ်

ရှေ့ကနွားက ဖြောင့်တန်းစွာမသွားရင် နောက်ကလိုက်တဲ့နွားပေါက်တွေကလည်း ဖြောင့်တန်းနေမှာမဟုတ်ဘူး

လူကြီးတွေအတ္တကြီးနေသရွေ့ လူငယ်တွေလည်းအတ္တကြီးပီး အမှန်အမှားခွဲခြားနိုင်တော့မှာမဟုတ်တော့ဘူး

လူကြီးတွေရဲ့ အိမ်ထောင်ရေးဖောက်ပြန်မှု့တစ်ခုကြောင့်
သားသမီးတွေရဲ့ဘဝဘယ်တော့မှမနိမ့်ကျပါစေနဲ့ မပျက်စီးပါစေနဲ့

ဘယ်အရာမှ ထာဝရမရှိနိုင်ဘူး
အတ္တတွေ မရှိစေနဲ့
အမုန်းတရားတွေမရှိစေနဲ့
ကလဲ့စားချေလိုတဲ့စိတ်တွေမရှိစေနဲ့
တစ်ယောက်နဲ့တစ်ယောက် အပြိုင် စကားအတင်းတွေမရှိစေနဲ့
အတိတ်တွေက အတိတ်မှာပဲ ရှိပါစေ
ယခုဖစ်နေတဲ့လူ့အဖွဲ့အစည်းထဲ မရှိစေနဲ့

အာ့လိုမှမြန်မာနိုင်ငံက သာယာပီး လူအများ နိုင်ငံအများချစ်ခင်မှု့ကို ခံရမယ်
အပြင်မှာတော့ ပြုံးပြပီး အချင်းချင်းအတ္တတွေကြီးနေသမျှ ဒီနိုင်ငံက သမိုင်းလှတော့မည်မဟုတ်ပေ။

ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုမချစ်ရင် ဒီမိုကရေစီဆိုတာ အနောက်နိုင်ငံတွေမှာတောင်ပေါ်မလာဘူး ။

မှားတာရှိရင် Sorry .....

Address


Telephone

+959755177584

Website

Alerts

Be the first to know and let us send you an email when ซื้อ-ขายโทรศัพท์ หลุดจำนำ มือสอง posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Address
  • Telephone
  • Alerts
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share