Paing Efootball

  • Home
  • Paing Efootball

Paing Efootball Dia/Uc တွေ ဝယ်ယူလို့ရပါတယ် နောက်ပိုင်း Game stream ဘက်ဦးစားပေးပါမယ်�

ဒီနေ့အတွက် tip လေးကတော့ Low lofted pass အကြောင်းဖြစ်ပါတယ်Low Lofted Pass ကို မြန်မာလိုဘာသာပြန်ရင်တော့ သာသာလေး မတင်ပြီးတေ...
24/03/2025

ဒီနေ့အတွက် tip လေးကတော့ Low lofted pass အကြောင်းဖြစ်ပါတယ်

Low Lofted Pass ကို မြန်မာလိုဘာသာပြန်ရင်တော့ သာသာလေး မတင်ပြီးတော့ ပေးလိုက်တဲ့ Pass တွေကိုဆိုလိုချင်တာပါ ကွင်းလယ်လူတွေနဲ့ နောက်တန်းတွေမှာ မပါမဖြစ်ထည့်ထားသင့်တဲ့ Important Skill အမျိုးအစားတစ်ခုဖြစ်ပါတယ်

Low Lofted pass ဟာ တကယ်ကြီး Cheat ထားတယ်လို့ဘာလို့ပြောရတာလဲဆိုရင်

Low Lofted Pass နဲ့ ဘောလုံးကို အသာလေး မပေးလိုက်မယ်ဆိုရင် ပြိုင်ဘက်ကစားသမားက တက်မလုရင်တောင် နောက်ခံလူတွေက အဲ့ဘောလုံးကို လုဖို့အတွက် Auto တက်လာတဲ့အတွက် နေရာလွတ်တွေအများကြီးရှာနိုင်တာဖြစ်ပါတယ်

ပြိုင်ဘက်ကစားသမားတစ်ယောက် Pressing ဖိလာရင်လည်း Low lofted pass ဟာ လုံးဝအသုံးဝင်ပါတယ်

ပုံမှန် Low pass / Lofted pass တွေဟာ ပြိုင်ဘက်ကစားသမား Match Up ထောက်ပြီး Pass ကိုတားလို့ရနိုင်ပေမယ့် Low lofted pass ကိုတော့ အဲ့လိုတားမယ်ဆိုရင် နေရာလွတ်ပဲပေးရဖို့ ရှိပြီး လုလို့ရမှာမဟုတ်ပါဘူး

Low lofted pass သုံးပြီး နေရာလွတ်တွေဖန်တီးနိုင်ကြပါစေ ညီကိုတို့ ….

Comment မှာတော့ ကျွန်တော့်ရဲ့ Youtube Channel လေးချပေးထားမှာဖြစ်ပြီး Gameplay Video အများစုတင်ဖြစ်သွားမှာပါ ။

Defender တွေကြားမှာ Space အပြည့်အဝရှာပေးမယ့် Fake Shotsဒီနေ့ ပြောပြပေးမယ့် Combo လေးကတော့ ✅Fake Shot + Pass✅Fake shot + ...
19/03/2025

Defender တွေကြားမှာ Space အပြည့်အဝရှာပေးမယ့်
Fake Shots

ဒီနေ့ ပြောပြပေးမယ့် Combo လေးကတော့

✅Fake Shot + Pass
✅Fake shot + Shot
✅Fake Shot + Cut Behind and Turn

Fake shot + Passက Attacking Midfield area မှာ သုံးရတာ အသုံးတည့်ပါတယ် ပြိုင်ဘက်နောက်တန်းတွေ မထင်မှတ်ထားတဲ့ဘက်ကို တစ်ချက်ဖိန့်လိုက်ပြီး နေရာလွတ်တွေဆီကို Pass ပေးရတာ တော်တော်လေးအဆင်ပြေသွားပါတယ်

Fake Shot + Shot က တော့ Gk တွေ နောက်ခံလူတွေကို အငိုက်ချပြီး ဆွဲကန်တဲ့သဘောမျိုးဖြစ်ပါတယ် Fake shot နဲ့ ပလေယာရဲ့မျက်နှာဦးတည်ရာဘက်ကို တစ်ချက်ဆွဲလိုက်ပြီး ကန်မယ်ဆိုရင် ပုံမှန်ကန်နေကျထက် ဂိုးသမားရဲ့ ထောင့်ကျဉ်းတွေ ကိုသွင်းရတာလည်း သိသိသာသာကြီးကို လွယ်လာပါလိမ့်မယ်

Fake Shot + Cut Behind and Turn ကတော့ နေရာလွတ်ရှာလို့ရတဲ့ Combo ဖြစ်ပြီး တစ်ယောက်ချင်းဖြတ်ကျော်ရာမှာ အတော်လေးကိုအသုံးတည့်ပါတယ်
ပုံမှန်အားဖြင့် Musiala Foden Neymar တို့လို Dribbling ကောင်းမွန်တဲ့ ကစားသမားတွေနဲ့ သုံးမယ်ဆိုရင် Double Booster နောက်တန်းတွေပါ Tackling လုပ်မရတာကိုတွေ့ရပါတယ်

အခုလိုပြောလို့လည်း Fake shot ဟာ အရမ်းပြည့်စုံနေတာတော့မဟုတ်ပါဘူး

-Fake shot ရဲ့အားနည်းချက်တွေက ကိုယ်ဖိန့်လိုက်တဲ့ Direction မှာ ပြိုင်ဘက်လူတစ်ယောက်ရှိနေတာမျိုး

-Fake shot လုပ်လိုက်တဲ့ကစားသမားက ဟန်ချက်ပျက်နေတာမျိုး ၊ ဘောလုံးအထိန်းအသိန်းညံ့တဲ့ကစားသမားဖြစ်နေတာမျိုး

-Shot ခလုတ်ပဲနှိပ်မိပြီး Joystick မပါပဲ လွတ်ထွက်သွားတာမျိုးတွေမှာ ဘောလုံးကို အလွယ်တကူဆုံးရှုံးရနိုင်ပါတယ်

လက်တွေ့ကျကျ လေ့လာချင်တယ်ဆိုရင်တော့ Comment မှာ Fake shot tutorial လေးတွေကို Youtube ကနေရှာပေးထားပါမယ်ဗျ ကိုယ်တိုင်လုပ်ထားတာရှိပေမယ့် Editing လုပ်ဖို့အချိန်မရသေးလို့ Link လေးတွေပဲစုပေးထားပါဦးမယ်ခင်ဗျာ

Efootball ရဲ့ အကောင်းဆုံး Combo ဆိုတာ  *မြန်မာပြည်မှာ လူသိနည်းတဲ့ ဒီ Combo လေးကိုတော့တစ်ကမ္ဘာလုံးမှာရှိတဲ့ eFootball Pro...
18/03/2025

Efootball ရဲ့ အကောင်းဆုံး Combo ဆိုတာ *

မြန်မာပြည်မှာ လူသိနည်းတဲ့ ဒီ Combo လေးကိုတော့တစ်ကမ္ဘာလုံးမှာရှိတဲ့ eFootball Professional Player တွေ Youtuber တွေ Division Top Rank Player တွေအကုန်လုံးနီးပါးသုံးကြပါတယ်

ပုံမှန်အားဖြင့်တော့ 4222 ကစားသမားတွေ အသုံးများကြပြီး Long Ball Counter ကစားကွက်နဲ့ အဓိကတွဲသုံးလေ့ရှိပါတယ်

ဒီ Combo ရဲ့ အဓိက အသက်သွေးကြောကတော့ Double touch ဖြစ်ပြီး One Touch pass ဟာလည်း Second Priority အနေနဲ့ မပါမဖြစ်ပါရှိသင့်ပါတယ်

One Touch Pass ရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ ဘောလုံးကိုတစ်ချက်ထိ အမြန်ပေးရာမှာ ပုံမှန်ထက်ပိုပြီးတိကျအောင် ပေးပို့နိုင်တာဖြစ်တာမလို့ CF to CF Passing ပေးရင် တကယ်ကိုအရေးကြီးပါတယ်

Heel Trick က ကောင်းလို့လား ?
Heel Trick ဟာလည်း ဒီ Combo ရဲ့ အကောင်းဆုံး ကဏ္ဍတစ်ခုအနေနဲ့ပါဝင်ပါတယ်
ဘောလုံးကို နောက်ပေါက်နဲ့ ပြန်ပြီးပေးနိုင်တာဖြစ်တာမလို့ မိမိ Double Touch နဲ့ကန်မယ့် CF ဘက်ကို ကျောပေးပြီး Pass တဲ့နေရာမှာ တော်တော်လေး အသုံးတည့်ပါတယ်

အကျဉ်းချုပ်အနေနဲ့ပြောရရင် ဒီ Combo ကိုသုံးတတ်တဲ့အခါ
⚽️ဂိုးတစ်ဂိုးရဖို့ မခက်ခဲတော့ဘူး
⚽️Pay To Win Defense ကို ဖောက်ထွင်းရပိုလွယ်တယ်
⚽️ဂိုးဧရိယာ အစပ်နားကနေ ဂိုးတွေရဖို့ လွယ်လာတယ်

ဒီ Combo လေးကို ပိုပြီးသေချာနားလည်သွားချင်တယ်ဆိုရင်တော့ Youtube မှာ Efootball Double Touch + Shot ဆိုပြီး ရှာကြည့်လိုက်ရင် တော်တော်လေးရှင်းသွားမယ်ထင်ပါတယ်

မြန်မာပြည် အင်တာနက်လိုင်းကြောင့် သိပ်မသုံးကြတာဆိုပေမယ့် ပြည်တွင်းက ပြိုင်ပွဲဝင်ကစားသမား အနည်းစုကတော့ ဒီ Combo ကို တော်တော်လေး အသုံးပြုနိုင်တာတွေ့ရပါတယ်

ကဲ ဒီနေ့အတွက်တော့ ဒိလောက်ပါပဲခင်ဗျာ
Page လေးကို Like and Follow လုပ်ပေးကြပါဦး

19/02/2024

Come back from three goals down

14/02/2024

Efootball 2024

Friendly Match Highlights
Hope you Enjoy the video Guys ✌🏼

Address


Telephone

+959797237491

Website

Alerts

Be the first to know and let us send you an email when Paing Efootball posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Paing Efootball:

Shortcuts

  • Address
  • Telephone
  • Alerts
  • Contact The Business
  • Claim ownership or report listing
  • Want your business to be the top-listed Media Company?

Share