09/09/2025
ယခု 2024, 2025 ထွက်ရှိပြီးခဲ့သော ပဲဒီစိမ်းမှာ ဈေးတန်းအမြင့်ဆုံးဖြစ်သောပဲရာသီကုန်ဆုံးခါနီးအချိန်တွင် ဝယ်လက်တရုတ်ပြည်မှ ပိုးသတ်ဆေးဓာတ်ကြွင်းကျန်သည်ဟုဆိုကာအနည်းငယ်ပြသနာရှိသွားခဲ့သည် ။ ယခုနောက်ပိုင်း လည်းကောင်းပိုးသတ်ဆေးဓာတ်ကြွင်းကျန်သောပဲအရေအတွက်များမှာcontainer အလုံး 550 ခန့်ရှိပြီး စေ့စပ်ညှိနှိုင်းမှုများအရ ကြားသိရသည်မှာ contanier တလုံးလျှင်မြန်မာကျပ်ငွေ သိန်း 200 ကျော်ခန့် ဆုံးရှုံးမည်ဟုသိရသည် ။ ထို့ကြောင့် နောင်နှစ်များတွင် ပဲဒီစိမ်းဝယ်လက်များမှာ ပဲဝယ်လျှင် ပိုးသတ်ဆေးဓာတ်ကြွင်းကျန် မကျန်စီစစ်ပြီးဝယ်မည် ထင်ရသည် ။ ပဲဒီစိမ်းရွှေဝါမှာလည်းတရုတ် ဝယ်လက်ကိုသာအားကိုးပြီး အိန္ဒိယဝယ်လက်မှာ အနိမ့်စကိုသာဝယ်သောကြောင့်ပဲဒီစိမ်းစိုက်လျှင် အတတ်နိုင်ဆုံး ပိုးသတ်ဆေး အနည်းငယ်မျှဖြင့်သာသုံးပြီးထွက်ရှိသော အထွက်နှုန်းကိုသာတန်ဖိုးထားရောင်းချသွားရမည်ဟုထင်မြင်မိပါသည်။