Cine Wei

Cine Wei Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cine Wei, Digital creator, Kawlia, .

22/12/2024

အမှောင်ထုရဲ့မင်းသား

19/12/2024

ကမ္ဘာ့အထီးကျန်ဆုံးမြို့

Content Idea ပျောက်ဆုံးနေသူတစ်ဦး
19/12/2024

Content Idea ပျောက်ဆုံးနေသူတစ်ဦး

05/12/2024

Highland Cow ဒါမှမဟုတ် အီမိုနွား

Breaking Newsတောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရ...
03/12/2024

Breaking News

တောင်ကိုရီးယားသမ္မတ အရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာ

တောင်ကိုရီးယားနိုင်ငံမှာ သမ္မတ Yoon Suk Yeol က မြောက်ကိုရီးယားလိုလားတဲ့ အတိုက်အခံတွေက လွှတ်တော်ကိုထိန်းချုပ်ထားပြီး၊ နိုင်ငံတော်ကိုဆန့်ကျင်နှောင့်ယှက်တဲ့ လုပ်ရပ်တွေလုပ်နေတဲ့အတွက် ဆိုပြီး ဒီကနေ့ အင်္ဂါနေ့မှာဘဲ တိုင်းပြည်ကိုအရေးပေါ် စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။

သမ္မတ Yoon Suk Yeol က တိုင်းပြည်ကိုရုပ်မြင်သံကြားကနေမိန့်ခွန်းပြောကြားခဲ့ပြီး မြောက်ကိုရီးယားလိုလားတဲ့ အင်အား စုတွေကိုရှင်းလင်းဖယ်ရှားဖို့နဲ့ ဖွဲ့စည်းပုံစည်းမျဉ်းအရ ပြဌာန်းထားတဲ ဒီမိုကရေစီအခွင့်အရေးတွေကို ကာကွယ်ဖို့ဖြစ်တယ်လို့ ပြောဆိုပါတယ်။
ပြီးခဲ့တဲ့လပိုင်းတွေစပြီး လူထုထောက်ခံမှုကျဆင်းလာတဲ့ သမ္မတ Yoon Suk Yeol ဟာ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ လွှတ်တော်မှာ သူ ၂၀၂၂ ခုနှစ်အာဏာရလာကတည်းက သူ့ရဲ့အစီစဉ်တွေ တင်သွင်းမှုအောင်မြင်ဖို့ အခက်အခဲ တွေနဲ့ရင်ဆိုင် နေရတာပါ။
သမ္မတ Yoon Suk Yeol ဦးဆောင်တဲ့ ရှေးရိုးစွဲ People Power Party က လွှတ်တော်မှာတင်သွင်းတဲ့ နောက်နှစ် အစိုးရအသုံးစရိတ်တင်သွင်းတောင်းခံမှုဟာ အတိုက်အခံ လွတ်လပ်တဲ့အယူအဆရှိတဲ့ ဒီမိုကရက်ပါတီကို မကျော်လွန်နိုင်ဘဲ အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

ဒါ့အပြင် သူ့ရဲ့ဇနီးသည်နဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေပါဝင်ပတ်သက်တဲ့ အဂတိလိုက်စားမှုပတ်သက်ပြီး စွပ်စွဲခံရတဲ့ကိစ္စကိုလွတ်လပ်တဲ့စုံစမ်းမှုတွေလုပ်ဖို့ကိုလည်း သူကပယ်ချထားပါတယ်။
သမ္မတ Yoon Suk Yeol က အခုလိုရေးပေါ်အခြေအနေကြေညာပြီးနောက် အတိုက်အခံ ဒီမိုကရက်ပါတီ လွှတ်တော်ကိုယ်စားလှ ယ်တွေက အရေးပေါ်အစည်းအဝေးခေါ်ယူထားပါတယ်။

Credit to VOA Burmese

New Content On the Way 🐮
02/12/2024

New Content On the Way 🐮

01/12/2024

အာရှတိုက်မှာအဆင်းရဲဆုံး မြို့ကြီး၅ မြို့ 🤯

❤️
15/11/2024

❤️

Baywatch(2017)မစ်ချ်ကတော့ Emerald Bayလို့ခေါ်တဲ့ ကမ်းခြေမှာ Lifeguard တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။သူ့ရဲ့အလုပ်အပေါ်ကျွမ်းကျ...
08/11/2024

Baywatch(2017)

မစ်ချ်ကတော့ Emerald Bayလို့ခေါ်တဲ့ ကမ်းခြေမှာ Lifeguard တာဝန်ထမ်းဆောင်နေသူတစ်ဦးပါ။သူ့ရဲ့အလုပ်အပေါ်ကျွမ်းကျင်မှုကြောင့်ပဲ ကမ်းခြေကိုလာလည်သူတွေအကြားpopularဖြစ်ပါတယ်။တစ်နေ့မှာတော့ သူ့ကမ်းခြေမှာကလေးတစ်ယောက်မူးယစ်ဆေးဝါးတစ်ထုပ်ကိုကိုင်ရင်းသေချာကြည့်နေတာကိုတွေ့သွားပါတယ်။မစ်ချ်လည်း ကလေးကိုမေးကြည့်တော့ ရေထဲကနေမျောပါလာတာလို့ပြောပါတယ်။အဲ့ဒါနဲ့ပဲ မစ်ချ်က သူ့ကမ်းခြေမှာတရားမဝင်ဆေးရောင်းဆေးဝယ်လုပ်နေတာကို သတိထားမိသွားပါတော့တယ်။ဒီလိုနဲ့ပဲ မစ်ချ်တစ်ယောက် အဲ့ဆေးတွေဘယ်ကလာတာလဲ။ဘယ်သူကဆေးတွေဖြန့်တာလဲ။သူတို့ ကမ်းခြေက Hotel ကြီးကရော ဘာတွေထူးဆန်းနေလဲဆိုတာကို Comedy/Action ပုံစံနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်။

မင်းသားကြီး Dwayne Johnson,Zac Efron မျက်လုံးပြာလေးတွေနဲ့ Alexandra Daddario တို့ကဒီကားထဲမှာပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်
တစ်ချို့ဟာသတွေကR rated ဖြစ်တာကြောင့် မိသားစုနဲ့ကြည့်လို့မသင့်တော်ပါဘူးခင်ဗျာ။


Get Out (2017)Jordan Peele ကိုသိတဲ့လူတွေရှိသလိုမသိတဲ့လူတွေလဲရှိမှာပါ။မသိတဲ့လူများကလည်း နာမည်နဲ့လူ မတွဲမိကြတာများပါတယ် တစ...
06/11/2024

Get Out (2017)

Jordan Peele ကိုသိတဲ့လူတွေရှိသလိုမသိတဲ့လူတွေလဲရှိမှာပါ။မသိတဲ့လူများကလည်း နာမည်နဲ့လူ မတွဲမိကြတာများပါတယ် တစ်ကယ်တော့ Jordan Peele က Comedian တစ်ယောက်ပါ အရင်ကသူဟာ Keegan Micheal-Key လို့ခေါ်တဲ့လူနဲ့ ဟာသvideo တွေကို facebookပေါ်မှာပလူပျံနေအောင်တူတူရိုက်ခဲ့သူပါ။ဒီလောက်ပါပဲ။သူ့အကြောင်းကတော့ နောက်မှ contentတစ်ခုသပ်သပ်လုပ်ပေးပါမယ်။

အခုကတော့ Get Out လို့ခေါ်တဲ့ သူ့ရဲ့ Debut Film အကြောင်းပါ။2017 မှာထွက်ရှိခဲ့ပြီးတော့ Peele ကိုလဲ Oscar ဆုရရှိစေခဲ့တဲ့ကားဆိုလဲမမှားပါဘူး။ဇာတ်လမ်းကတော့ Thriller/Mystery/Racism အမျိုးအစားဖြစ်ပြီး Horror ဆန်ဆန်ကိုမှ Jumpscare လုံးဝမပါသလောက်ကိုရိုက်ပြထားတာပါ။Jumpscare တွေပြွတ်သိပ်မနေပဲ Mystery ဆန်ဆန် ဦးနှောက်ကိုအလုပ်ပေးရမယ့် Horror ကားတွေကိုကြိုက်ရင်တော့ ဒီကားကိုကြည့်ကြည့်ဖို့အကြံပေးပါတယ်။

ဇာတ်လမ်းအကျဉ်း - Chris Washington ကတော့လူမည်းဓာတ်ပုံဆရာတစ်ယောက်ပါ။Rose Armitage ကတော့ Chris ရဲ့ရည်းစားဖြစ်ပြီးတော့ Chris ကိုအရမ်းချစ်တဲ့ကောင်မလေးတစ်ယောက်ပေါ့။Rose ဖက်ကချမ်းသာတဲ့အသိုင်းအဝိုင်းဖြစ်ပြီးတော့ တစ်နှစ်တစ်ခါဆိုသလို မိသားစု တွေစုပြီး Party လုပ်လေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အဲ့ဒီပါတီကိုChris တစ်ယောက်Roseနဲ့အတူတူသွားဖို့ဖြစ်လာခဲ့ပါတယ်။ Party ကတော့
Rose မိဘတွေအိမ်မှာဖြစ်ပြီးတော့ အိမ်ရောက်သွားတဲ့အခါမှာ အိမ်ကလူတွေက ထူးဆန်းနေတာကို Chris သတိပြုမိသွားပါတယ်။Rose မိဘတွေက Chris ကိုလိုတာထက်ပိုဖော်ရွေပြနေပေမယ့်လူမည်းအိမ်ဖော်နှစ်ယောက်ကတော့ Chris ကိုကြိုဆိုနေတဲ့ပုံစံမပြပါဘူး။စကားတွေသွားပြောပေမယ့်လဲ အသက်မပါတဲ့မျက်လုံးတွေနဲ့ ပေါက်ကရတွေပဲပြောပြောလွှတ်လိုက်တာကြောင့်စိတ်ထဲတစ်မျိုးဖြစ်နေပါတယ် ။ပါတီချိန်ရောက်လာတဲ့အခါ လူလတ်ပိုင်းလူမည်းတစ်ယောက်နဲ့ အဖွားကြီးတစ်ယောက်ကလင်မယားတွေဆိုတာကိုမသင်္ကာလို့မေးကြည့်ရာကနေ ရုန်းရင်းဆန်ခတ်တွေဖြစ်သွားပြီး အဲ့လူအကြောင်းပြန်တွေးကြည့်တဲ့အခါမှာတော့ အဲ့လူဟာ ဘယ်လိုလူလဲ Chris နဲ့ဘယ်လိုပတ်သက်နေမလဲ
မိဘနဲ့ ရည်းစားကြား Rose တစ်ယောက်ဘယ်လို ဗျာ များမလဲဆိုတာကတော့…..

Presented by Burma Ent.

Address

Kawlia

Alerts

Be the first to know and let us send you an email when Cine Wei posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Media Company?

Share