ဗဟုသုတ-Gabar

  • Home
  • ဗဟုသုတ-Gabar

ဗဟုသုတ-Gabar ဗဟုသုတ များမျှဝေရာ...

နေပူထဲဖိနပ်ကမပါ ဆီလေးတစ်ဘူးရဖိုရာ ဘဝတွေက ခါးလိုက်တာ တဝက်စျေးနှင့်ဝယ်ရတာ အလကားမရပါ။Photo Credit
06/10/2025

နေပူထဲဖိနပ်ကမပါ ဆီလေးတစ်ဘူးရဖိုရာ ဘဝတွေက ခါးလိုက်တာ

တဝက်စျေးနှင့်ဝယ်ရတာ အလကားမရပါ။

Photo Credit

ဓာတု ရူပ ဇီ၀ သုံးဘာသာပဲ ပါလို့သူ့ခမျာစိတ်မကောင်းဖြစ်နေတာ အကောင်းဆုံးရိုးသားစွာကြိုးစားထားလို့ ရလဒ်ကသန့်ရှင်းပါတယ်တော်ပါတ...
29/07/2025

ဓာတု ရူပ ဇီ၀ သုံးဘာသာပဲ ပါလို့သူ့ခမျာစိတ်မကောင်းဖြစ်နေတာ အကောင်းဆုံးရိုးသားစွာကြိုးစားထားလို့ ရလဒ်ကသန့်ရှင်းပါတယ်
တော်ပါတယ်သားရေ အဖေ အမေအတွက်
အကောင်းဆုံးလုပ်နိုင်ခဲ့လို့ ကျန်တဲ့ဘာသာတွေလဲဂုဏ်ထူးမှတ်နီးနီးပဲဖြစ်မှာ ဂုဏ်ပြုတယ်နော🤝

ကြောင်တွေသူစိမ်းအနံ့နဲ့ပိုင်ရှင်ကိုဘယ်လိုခွဲခြားသိလဲ
29/07/2025

ကြောင်တွေသူစိမ်းအနံ့နဲ့ပိုင်ရှင်ကိုဘယ်လိုခွဲခြားသိလဲ

ကြောင်တွေသူစိမ်းအနံ့နဲ့ပိုင်ရှင်ကိုဘယ်လိုခွဲခြားသိလဲ

အညာသားတွေရှိလား
21/06/2025

အညာသားတွေရှိလား

အနုပညာချစ်မြတ်နိုးသူများအတွက် တင်ဆက်ပေးလိုက်ပါသည်။ #မြန်မာ #အသံဇာတျလမျးမြား #အညာမိသွားသောအညာသားလေး #ကတ်ဆက်....

ပြေတီဦး   သားနေတိုး       သားမြင့်မြတ်    သားဘယ်သူ့ သား က ပိုပီး ချစ်စရာကောင်းပါသလဲဘယ်သူ့   သား က ပိုပီး  လှတယ်ထင်ပါသလဲ...
18/06/2025

ပြေတီဦး သား
နေတိုး သား
မြင့်မြတ် သား
ဘယ်သူ့ သား က ပိုပီး ချစ်စရာကောင်းပါသလဲ
ဘယ်သူ့ သား က ပိုပီး လှတယ်ထင်ပါသလဲ

ကွန့်မာန့်မှာ မှတ်ချက်ပေးနိုင်ပါသည်

Fighting 🥹🥹
18/06/2025

Fighting 🥹🥹

ချစ်စရာကောင်းတဲ့ သားအမိပုံလေး happy birthday
17/06/2025

ချစ်စရာကောင်းတဲ့ သားအမိပုံလေး happy birthday

ဟင်းကောင်းကောင်းစားရရင်တိုးတိုးတိတ်တိတ် စားပါ ထမင်းနပ်မမှန်တဲ့သူတွေရှိတယ်-- မိသားစုတွေဆုံပြီး ပျော်ရင်တိုးတိုးတိတ်တိတ် ပ...
17/06/2025

ဟင်းကောင်းကောင်းစားရရင်
တိုးတိုးတိတ်တိတ် စားပါ
ထမင်းနပ်မမှန်တဲ့သူတွေရှိတယ်--

မိသားစုတွေဆုံပြီး ပျော်ရင်
တိုးတိုးတိတ်တိတ် ပျော်ပါ
လူမစုံတော့တဲ့ မိသားစုတွေရှိတယ်...

အပျော်ခရီးထွက်ရရင်
တိုးတိုးတိတ်တိတ် သွားပါ
အိမ်မရှိတော့တဲ့သူတွေရှိတယ်...

သင့်ရဲ့ပြည့်စုံချမ်းသာမှုကို
တိုးတိုးတိတ်တိတ် ကျေနပ်ပါ
ဘဝပျက်သွားတဲ့သူတွေရှိတယ်...

တိုးတိုးတိတ်တိတ်ဆိုတာ
ခိုးကြောင်ခိုးဝှက်လို့ အဓိပ္ပါယ်မရပါဘူး
ကိုယ်ချင်းစာတရားကို ကိုယ်စားပြုပါတယ်...😥

ရန်ကုန်က မိတ်ဆွေများ ဖျားနာ၍ သံသယရှိလျှင် ပုဂ္ဂလိက ဆေးရုံများကို မသွားကြပဲ 🙅🙅 မြို့နယ်အသီးသီးရှိ Fever Clinic များကို သွ...
16/06/2025

ရန်ကုန်က မိတ်ဆွေများ ဖျားနာ၍ သံသယရှိ
လျှင် ပုဂ္ဂလိက ဆေးရုံများကို မသွားကြပဲ 🙅🙅 မြို့နယ်အသီးသီးရှိ Fever Clinic များကို သွားပါ။

1. တာမွေမြို့နယ်
အချိန် ..... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
နေရာ..... အမှတ်၃၇/၃၇ ဦးထွန်းမြတ်လမ်း၊ဗညားဒလလမ်းထောင့်(ရတနာမြိုင်ကွန်ဒို)
ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
တာဝန်ခံ ဆရာဝန်- ဒေါက်တာကျော်မင်းထွန်း( 095127449)

2. မင်္ဂလာတောင်ညွန့်မြို့နယ်
အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ
နေရာ........ မြယာကုန်းလမ်းမပေါ် ရှိ ဧရာဝတီဘဏ်ဘေး၊ အရင် 21st Century City Mart ရှေ့၊ ကျန်းမာရေးဌာန ၊မင်္ဂလာတောင်ညွန့်မြို့နယ်၊ရန်ကုန်။
ဆေးခန်းဖွင့်ရက်.... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
တာဝန်ခံ ဆရာဝန် - ဒေါက်တာကိုကိုထွေး( 09253999600)

3. ဗိုလ်တထောင်မြို့နယ်
အချိန်...... ၂၄ နာရီ
နေရာ...... အရှေ့ပိုင်းဆေးရုံ(ဂန္ဒီဆေးရုံ)
တာဝန်ခံ ဆရာဝန် -ပါမောက္ခ ဒေါက်တာတက်ထွန်းချစ်၊ ဒေါက်တာနေမင်းထက်( 095044868)

4. လှိုင်သာယာမြို့နယ်
အချိန်....... မနက် ၉ နာရီ မှ နေ့လည် ၁၁ နာရီ
ဆေးခန်းဖွင့်ရက်... စနေ
နေရာ..... ဒေသန္တရဆေးခန်း မန္တလေးလမ်း ၁၂ရပ်ကွက် အထက ၂ကျောင်းအနီး
တာဝန်ခံ ဆရာဝန် - ဒေါက်တာနိုင်မင်းထွဋ်( 09963525140)

5. အင်းစိန်မြို့နယ်
အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ
နေရာ.... အင်းစိန်မြို့တော်ခန်းမ
ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊ကြာသပတေး၊သောကြာ
တာဝန်ခံ ဆရာဝန် - ပါမောက္ခဒေါက်တာဒေါ်မာမာကြည်၊ဒေါက်တာ သောင်းလင်း ( 09260206401)

6. အရှေ့ဒဂုံမြို့နယ်
အချိန်....... မနက် (၈) နာရီ မှ (၁၀) နာရီ
နေရာ........ ထ/၁၄ မင်းရဲကျော်စွာလမ်း ၇ ရပ်ကွက် ဒဂုံမြို့သစ် (အရှေ့ပိုင်း)မြို့နယ်
(ဂိတ်ဟောင်းမှတ်တိုင် နှင့် စျေးလမ်းမှတ်တိုင်ကြား)
ဆေးခန်းဖွင့်ရက်... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
တာဝန်ခံ ဆရာဝန် - ဒေါက်တာရဲညီညီထွဋ် ( 09972555220)

7. ရွှေပြည်သာ မြို့နယ်
အချိန်....... မနက် ၈ နာရီ မှ ၁၁ နာရီ
နေရာ....... ရွှေပြည်သာမြို့တော်ခန်းမ
ဆေးခန်းဖွင့်ရက်.... အင်္ဂါ၊ကြာသပတေး၊စနေ၊တနင်္ဂနွေ
တာဝန်ခံ ဆရာဝန် - ဒေါက်တာသစ်လွင်( 09450013533)

8. တောင်ဒဂုံ မြို့နယ်
အချိန်.....မနက် ၈ နာရီမှ ၁၁ နာရီထိ
နေရာ.....စု အသက်မွေးဝမ်းကျောင်းသိပ္ပံ(တောင်ဒဂုံ) အမှတ်(၁/က)ဇေယျာမြိုင်လမ်း(၅၄)ရပ်ကွက်၊
တောင်ဒဂုံမြို့နယ်
ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ-ဗုဒ္ဓဟူး-သောကြာ-တနင်္ဂနွေ
တာဝန်ခံ ဆရာဝန် - ဒေါက်တာ ဇော်လင်းဘို(
095086538)

9. တောင်ဥက္ကလာပမြို့နယ်
အချိန်.....မနက် ၉ နာရီမှ ၁၂ နာရီထိ
ဆေးခန်းလိပ်စာ........တောင်ဥက္ကလာ ၁၀ရပ်ကွက်
ဇေယျလမ်း ဟေမဝန်ဓမ္မာရုံဝင်းထဲ
ဆေးခန်းဖွင့်ရက်.... သောကြာ
တာဝန်ခံ ဆရာဝန် - ဒေါက်တာဉာဏ်လင်းမြင့်ထွန်း( 095198814)

10. ကြည့်မြင်တိုင်မြို့နယ်
အချိန်...... မနက် ၉ နာရီ မှ ၁၂ နာရီ ထိ
နေရာ....... မဟာပုညောပကာရဓမ္မာရုံ၊ကျောင်းကြီးလမ်း၊အိုးဘိုရပ်ကွက်၊ကြည့်မြင်တိုင်မြို့နယ်။
ဆေးခန်းဖွင့်ရက်... ဗုဒ္ဓဟူး၊စနေ
တာဝန်ခံ ဆရာဝန် - ဒေါက်တာ အောင်မွန်ကျော်( 09421137517)

11. မှော်ဘီ မြို့နယ်
အချိန်..... နံနက် ၉ နာရီ မှ ၁၁ နာရီထိ
နေရာ...... အားကစားခန်းမ၊မှော်ဘီ
ဆေးခန်းဖွင့်ရက်..... အပတ်စဉ်-အင်္ဂါ
တာဝန်ခံ ဆရာဝန်- ဒေါက်တာ ကျော်လင်းထွန်း
(09972021450)

12. ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်
ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။
တာဝန်ခံ ဆရာဝန် - ဒေါက်တာ ရဲမောင်
(09261957090)

13. ရန်ကင်း မြို့နယ်
အချိန်.... မနက် ၉:၃၀ မှ ၁၂ နာရီ ထိ
နေရာ.... မိုးကောင်းကျောင်းတိုက်ဝင်း၊ရန်ကင်း
ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ၊ဗုဒ္ဓဟူး၊စနေ
တာဝန်ခံ ဆရာဝန်....ဒေါက်တာ အိအိခိုင်
(09978807029)

14. လှိုင် မြို့နယ်
အချိန်.....မနက် ၈ နာရီ မှ ၁၁ နာရီ ထိ
နေရာ..... အမှတ် (၅) ရပ်ကွက် အပိုင်း(၂)၊ ခရေ(၄)လမ်း၊ဓမ္မပါလကျောင်းတိုက်ဘေး၊
အ.မ.က (၂၆) လှိုင်မြို့နယ်။
ဆေးခန်းဖွင့်ရက်.....အပတ်စဉ် - တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
ဆေးခန်း တာဝန်ခံ- ဒေါက်တာ အောင်မော်မင်း( 0943067059)

15. သာကေတမြို့နယ်
အချိန်...... မနက် ၉ နာရီ မှ ၁၁ နာရီ ထိ
နေရာ.... မိုးလုံလေလုံ အားကစားရုံ၊သာကေသမြို့နယ် ဘောလုံးကွင်း(စာတိုက်မှတ်တိုင် အနီး)
ဆေးခန်းဖွင့်ရက်....အပတ်စဉ်-အင်္ဂါ၊စနေ
တာဝန်ခံဆရာဝန်....ဒေါက်တာ မြတ်မိုးလွင်
(09425306298)

16. မြောက်ဥက္ကလာပ မြို့နယ်
အချိန်....မနက် ၉ နာရီ မှ ၁၁ နာရီ ထိ
နေရာ.... မြောက်ဥက္ကလာပြည်သူ့ဆေးရုံကြီး
ဆေးခန်းဖွင့်ရက်....အပတ်စဉ်-တနင်္လာ မှ သောကြာ
တာဝန်ခံ ဆရာဝန် - ဒေါက်တာစိုးဝေဖြိုး( 09960197369)

17. မရမ်းကုန်းမြို့နယ်
အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
ဆေးခန်းဖွင့်ရက်..... အင်္ဂါ၊စနေ
နေရာ... ကျိုက်ဝိုင်းဘုရား ၊ဘောလုံးကွင်း
အမှတ်(၃) ရပ်ကွက်၊မရမ်းကုန်းမြို့နယ်၊ရန်ကုန်။
တာဝန်ခံဆရာဝန်- ဒေါက်တာရဲလင်းစိုး( 09773030870)

18. တွံတေးမြို့နယ်
အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၁၂ နာရီ ထိ
ဆေးခန်းဖွင့်ရက်..... တနင်္လာ၊ဗုဒ္ဓဟူး၊သောကြာ
နေရာ... သာသနာ့ဗိဗ္မာန် တွံတေးမြို့
တာဝန်ခံဆရာဝန်- ဒေါက်တာကျော်ဇင်ဦး(0943083337)

19. ခရမ်းမြို့နယ်
ခေတ္တယာယီ ပိတ်ထားပါသည်။လိုအပ်ပါကပြန်လည်ဖွင့်လှစ်သွားပါမည်။
တာဝန်ခံ ဆရာဝန်..... ဒေါက်တာ ဇော်ဝင်း(09965530919)

20. သန်လျင်မြို့နယ်
အချိန်.... မနက် ၉ နာရီ မှ နေ့လည် ၃ နာရီ
နေရာ.... သန်လျင်ပြည်သူ့ဆေးရုံကြီး
တာဝန်ခံဆရာဝန်.... ဒေါက်တာမြကြေးမုံ(09452293526)
မုလပိုင်ရှင်အား
Crd
အားလုံး ချမ်းသာသုခ ရကြပါစေ

မေလရောက်ခါနီးပြီဆိုရင်တုတ်ကွေးကာကွယ်ဆေးလေးထိုးထားကြနော်

ကွမ်းရွက်၏ အသုံးဝင်ပုံကွမ်းပင်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ ကပ်ပါးနွယ်ပင်တစ်မ...
16/06/2025

ကွမ်းရွက်၏ အသုံးဝင်ပုံ

ကွမ်းပင်များသည် မြန်မာနိုင်ငံအနှံ့အပြားတွင် ပေါက်ရောက်သော အပင်တစ်မျိုးဖြစ်ပါသည်။ ကပ်ပါးနွယ်ပင်တစ်မျိုးဖြစ်သည်။ ပင်စည်လုံးသေးသွယ်ပြောင်ချောပြီး မွှေးသောအနံ့ရှိသည်။ ကွမ်းပင်တွင် အနုစား၊ အလတ်စား၊ အကြမ်းစား၊ အရိုင်းစားဟူ၍ (၄)မျိုးခန့်ခွဲထားသည်။ ပန်းပွင့်အလွန်သေးငယ် သည်။ အဖိုပင်၊ အမပင် ဟူ၍ နှစ်မျိုးရှိပါသည်။ အသီးသည် အလွန်သေးငယ်ပြီး လုံးဝိုင်း၍ တစ်စေ့သီး မျိုးပင်ဖြစ်ပင်သည်။

ကွမ်းရွက်ကိုညှစ်၍ရသော သတ္တုအရည်၊ ဂျင်းပြုတ်ရည်နှင့် ဆားအနည်းငယ်ကို အချိုးကျ သောက်သုံးပါက ပန်းနာရင်ကျပ်၊ ရင်အောင့်ရင်ကပ်၊ ကြက်ညှာချောင်းဆိုးရောဂါများကို ပျောက်ကင်း စေကြောင်းသိရပါသည်။ ကလေးငယ်များ လေပွခြင်း၊ အစာမကြေဖြစ်ခြင်း၊ ဝမ်းသွားခြင်း၊ ဖျားနာခြင်း များတွင်လည်း ကွမ်းရွက်အရည်နှင့် ပျားရည်ကိုရော၍တိုက်ကျွေးလျှင် ရောဂါပျောက်ကင်းစေနိုင် ကြောင်းသိရပါသည်။ မျက်စိပူခြင်း၊ ယားခြင်း၊ နာခြင်းများတွင်လည်း ကွမ်းရွက်ကို ကပ်ပေးပါက ရောဂါများကိုသက်သာစေပါသည်။ သွေးတိုးသမားများအနေနှင့်လည်း သွေးတက်သည့်အခါ ကွမ်းရွက်ရည် ကိုသောက်သုံးပါက သက်သာစေမည်ဖြစ်သည်။ ကွမ်းသည် ခံတွင်းကျန်းမာရေးကိုကောင်းစေသလို အသက်ရှုလမ်းကြောင်းနှင့် ဆိုင်သောရောဂါများကိုကာကွယ်ပေးနိုင်သည့်စွမ်းရှိသောကြောင့် ကွမ်းရွက်သည် ကျန်းမာရေး အတွက်များစွာအသုံးဝင်ကြောင်း လေ့လာသိရှိရပါသည်။

DOCA(ရှမ်း)

ဘ၀အတွက်ခြေလှမ်း{၈}လှမ်း၁။ ခင်ဗျားရဲ့ ဖြစ်နိုင်စွမ်းကို ဖြည့်ဆည်းပါ ။လူငယ်ဟူသည် ကလေးဘ၀မှ လူကြီးဘ၀သို့ ဖြတ်သန်းသော အဆင့်တစ...
16/06/2025

ဘ၀အတွက်ခြေလှမ်း{၈}လှမ်း

၁။ ခင်ဗျားရဲ့ ဖြစ်နိုင်စွမ်းကို ဖြည့်ဆည်းပါ ။

လူငယ်ဟူသည် ကလေးဘ၀မှ လူကြီးဘ၀သို့ ဖြတ်သန်းသော အဆင့်တစ်ဆင့်မျှသာ မဟုတ်ချေ။
ထို့ကြောင့် ကြားဘူတာတစ်ခုအဖြစ် မတွေးလိုက်ပါနှင့်။
ခင်ဗျားဘ၀ ဤအချိန်များသည် ကျန်ဘ၀ကာလ၏ အရည်အသွေးနှင့် ဦးတည်ရာကို အဆုံးဖြတ်ပေးလိမ့်မည်ဟု ပြောခြင်းမှာ လွန်လွန်ကဲကဲ ပြောခြင်းမဟုတ်ချေ။ ဘ၀ဟူသည် သူနှင့်အတူ အကောင်းအဆိုး၊ အဖြစ်အပျက်၊ မျှော်လင့်ချက်နှင့် စိတ်ပျက်စရာတို့ကို သယ်ရသည်။

ခင်ဗျားလူငယ်ဘ၀ကို ဘယ်လိုကုန်သလဲဆိုတာက ခင်ဗျားဘယ်ကိုသွားမလဲဆိုတာကို အဆုံးအဖြတ်ပေး၏။

၂။။ အိပ်မက်တွေရှိ။

သမိုင်းကို အိပ်မက်သူများ ပိုင်သည်။ အိပ်မက်နှင့်လူထု ၊ အိပ်မက်ကို အကောင်အထည်ဖော်သောလူထု ၊ အိပ်မက်များကိုမျှဝေတတ်ကြသော လူထုရှိသည့် နိုင်ငံသည် ကမ္ဘာ့သမိုင်း၏ ခေါင်းဆောင်ဖြစ်နိုင်သည်။
ခင်ဗျားအိပ်မက်များသည် နွေဦးရေလို သန့်လည်းသန့် ၊ ကြည်လည်းကြည်နေရမည်။ ပြီးတော့ ဤအိပ်မက်များသည် ကြီးကြီးကျယ်ကျယ်အိပ်မက်များ ဖြစ်ရမည်။ ခင်ဗျားနဲ့အတူ ခင်ဗျားနှလုံးသားထဲမှာ စကြ၀ဠာကြီး သယ်သွားရမည်။

ခင်ဗျားအိပ်မက်တွေက စကြ၀ဠာကြီးလောက် ကြီးရပေမည်။ အိပ်မက်မဲ့လူငယ်သည် စိတ်ဓာတ်ရေးရာအရ ကိုယ့်ကိုယ်ကို သတ်သေခြင်းနှင့် အတူတူပင်ဖြစ်သည်ဟု တွေးခေါ်ရှင်တစ်ဦးက တစ်ခါက ပြောဖူး၏။ ဒါကြောင့် သန့်လည်းသန့်၊ တောက်လည်းတောက်ပ၊ ကြီးလည်းကြီးကျယ်သော အိပ်မက်များကိုမက်ပါ။

၃။ထိုးထွင်းတီထွင် စဉ်းစားပါ။

သမိုင်းကို ထိုးထွင်းတီထွင် စဉ်းစားသူများ၊ ထိုးထွင်းတီထွင်ပုဂိုလ်များက ဦးဆောင်၏။ ထိုးထွင်းတီထွင်ခြင်းနှင့် ဖြစ်မြောက်အောင် ကြံဆောင်နိုင်သော သတ္တိကို အားပေးသော လူ့အဖွဲ့အစည်းသည် ဘယ်တော့မှ မကျဆုံးချေ။ ဖြစ်ရမယ်ဟု စဉ်းစားလျှင် အင်အားများ ရှိလာ၏။ ထိုအင်အားများကို ခင်ဗျားပိုင်ဆိုင်သည်။ ထို့ကြောင့် ကိစ္စအပေါင်းကို အပြစိတ်နှင့် စလေ…။ အကောင်းဘက်ရှု၍ စလေ…။ သည်လိုလုပ်လျှင် လမ်းကြောင်းကို ခင်ဗျား ဦးဆောင်နိုင်လိမ့်မည်။

၄။ စိန်လိုက်ဟေ့ … ။

သတ္တိနှင့် စိန်ခေါ်ရင်း သမိုင်းသည် တိုးတက်ရသည်။ စိမ်ခေါ်ဝံ့သူသည် အောင်မြင်သောသူ ဖြစ်လာ၏။ လူငယ်သည်စွန့်စားရတာကြိုက်၏။ ကျရှုံးမှာကို မစိုးရွံ့။ စိုးရွံ့စိတ်ဖြင့် ကိစ္စများကို စသောသူသည် သူ့လူငယ်ဘ၀ကို ဆုံရှုံးခဲ့ပြီးဖြစ်သည်။ ခင်ဗျားမှာ ဖြစ်မြောက်အောင်လုပ်လိုသောဆန္ဒ တငြီးငြီး တောက်လောင်နေသင့်၏။ ကိုယ့်ကိုယ်ကိုယ် စဉ်ဆက်မပြတ် တိုးတက်အောင်တည်ဆောက်။ ဖြစ်မြောက်လိုသော ဆန္ဒပြည့်၀ဖို့ အမြင့်အမြင့်တွေကို တက်လှမ်း။

၅။ ကိုယ်ကျိုးစွန့်။

သမိုင်းသည် ကိုယ်ကျိုးစွန့်၍ ကြီးထွားလာရသည်။ နောက်မျိုးဆက် ဝေစည်ဖို့ ရှေ့မျိုးဆက်သည် ကိုယ်ကျိုးစွန့်ရ၏။

၆။ စေတနာ ထား။

လူများသည် အတူတူနေကြရ၏။ ဘယ်သူမှ အထီးတည်းမနေရ။ အတ္တဗဟိုဝါဒသည် မကောင်း။ ထို့ကြောင့် ပုဂ္ဂိုလ်ရေး လောက၊ အတ္တဗဟိုစွဲများဖြင့် ခင်ဗျားကိုယ်ခင်ဗျား မညစ်ညမ်းစေရ။ ခင်ဗျားကိုယ်ခင်ဗျား မစဉ်းစားမီ အုပ်စုအတွက်စဉ်းစားပါ။ ကိုယ်ကျိုးမစဉ်းစားမီ လူထုအကျိုးစဉ်းစားပါ။ ပုဂ္ဂိုလ်ရေးလောဘ၊ အတ္တဗဟိုစိတ်ဓာတ်တို့နှင့် မညစ်ညမ်းလာပါစေနှင့်။ ယုံကြည်၊ မေတ္တာစိတ်ဖြင့် မနက်ဖြန်ကို အတူတကွ တိုး၀င်ပါလေ … ။

၇။ ခင်ဗျားကိုယ် ခင်ဗျားသစ္စာရှိ။

ကျနော်တို့ကိုယ်ကျနော်တို့ သစ္စာရှိဖို့ ဘယ်လောက်ပဲ ကြိုးစားခဲ့ ကြိုးစားခဲ့၊ မိသားစုနှင့်အလုပ်နှောင်ဖွဲ့မှုကြောင့်ခက်ခဲ့ရပေသည်။ တစ်ခါတရံ မလုပ်ချင်ဘဲနှင့် အခြေအနေအရ ပြောလိုက်ရ လုပ်လိုက်ရလေသည်။ သို့သော် ဒါကိုခင်ဗျားတွေးနေဖို့မလို။ ထောင်ချောက်ထဲ မဆင်းမိစေဖို့ အနှောင်အဖွဲ့မှာ ကျော့ကွင်းမမိစေဖို့ အားထုတ်ပါ။

ခင်ဗျားလုပ်ချင်တာကို တစိုက်မတ်မတ်လုပ်ခြင်းသည် ခင်ဗျားကိုယ်ခင်ဗျား အကြီးမားဆုံး သစ္စာရှိခြင်းဟု ယူဆပါလေ။

၈။ မ၀င့်ဝါပါနှင့်။

တိုးတက်ဖွံ့ဖြိုးခြင်းသည် သင်ယူခြင်းမှလာသည်။ ခင်ဗျားကိုယ်ခင်ဗျား တကယ်အရေးကြီးသည် ထင်လိုက်သည်နှင့်တိုးတက်မှု ရပ်လေ၏။ တစ်စုံတစ်ရာ ခင်ဗျားသိပြီဟု ထင်လိုက်သည်နှင့် တိုးတက်မှုရပ်ပြီ။ တိုးတက်ဖွံ့ဖြိုးခြင်းသည်ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချရာမှလာ၏။ တတ်နိုင်သလောက် သင်ယူနိုင်အောင် အားထုတ်ပါလေ။

အရိုးများသန်လာလေလေ ခေါင်းငိုက်ထားရလေပင်။ လယ်သမား၏ မျက်ခုံးပေါ်မှ ချွေးသီးများမှ ခင်ဗျားသင်ယူနိုင်သည်။ အရုဏ်ကျင်းလု အမှောင်ထဲမှာ နံနက်စာပြင်နေသော မိဘတစ်ဦး၏ အထိအတွေ့မှ ခင်ဗျားသင်ယူနိုင်သည်။ ခင်ဗျားပတ်၀န်းကျင်မှာရှိ သော အသံများနှင့် မြင်ကွင်းများသို့ ခင်ဗျားမျက်လုံးနှင့်နားကို ဖွင့်ထားပါလေ…။ ခင်ဗျားကိုယ်ခင်ဗျား နှိမ့်ချပါ။ အားထုတ်ကြိုးပမ်းလေ့လာပါ။

( Every Street Is Paved With Gold by Kim Woo-Choong |
(တင်မောင်သန်း) စာအုပ်မှ ထုတ်နှုတ်သည်။

Address


Alerts

Be the first to know and let us send you an email when ဗဟုသုတ-Gabar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဗဟုသုတ-Gabar:

  • Want your business to be the top-listed Media Company?

Share