Motion Diary Myanmar

  • Home
  • Motion Diary Myanmar

Motion Diary Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Motion Diary Myanmar, Digital creator, Shwe Kyat Hpa Street, .

ဆိုရှယ်မီဒီယာအတွက် ဆွဲဆောင်မှုရှိတဲ့ Motion Graphics ဗီဒီယိုများ၊ ကြော်ငြာဗီဒီယိုများ၊ မင်္ဂလာဆောင်နဲ့ Vlog တည်းဖြတ်မှုများကို ပရော်ဖက်ရှင်နယ်အဆင့်နဲ့ ဖန်တီးပေးပါတယ်။

10/01/2026

JOY Auto Detailing မှာရေဆေးပါ

12/10/2020

Post လေးတွေ မတင်ဖြစ်တာတောင် ကြာပြီ Photoshop group တွေ ၊ သင်္ခန်းစာ page တွေ အများကြီးပေါ်လာတာတွေ့တော့ ဝမ်းသာပါတယ် သူတို့ကပိုတောင် update ဖြစ်တာတွေ့တော့ ကိုယ်သိထားတာ ဘာမှ မဟုတ်မှန်း သိလာတယ် 😊
နောက်နေ့မှ တစ်ခုခုတော့ တင်ပေးပါဦးမယ် အားလုံးကျန်းမာကြပါစေ။

ဟိုတစ်နေ့က PSD group ထဲမှာ မပြင်နိုင်တော့လို့ဆိုပြီး တင်ထားတဲ့ ပုံလေး Detail မပျောက်အောင် အတတ်နိုင်ဆုံး ပြင်ပေးလိုက်တယ် ...
21/06/2020

ဟိုတစ်နေ့က PSD group ထဲမှာ မပြင်နိုင်တော့လို့ဆိုပြီး တင်ထားတဲ့ ပုံလေး Detail မပျောက်အောင် အတတ်နိုင်ဆုံး ပြင်ပေးလိုက်တယ် မပြင်တာကြာတော့ Timing တောင်လွဲချင်နေပြီ။
1__ပထမဆုံး Layer အလျင်ခွဲပါ .
2__Colour and brightness ချိန်ပါ.
3__Patch Tool သုံးပြီး အစက်အပြောက်တွေ တတ်နိုင်သလောက် ရှင်းပါ.
4__Matt Paper ဖြစ်တဲ့အတွက် Grips တွေများပါတယ် ဒီအတိုင်း ချောလိုက်လျင် ဒုက္ခ ရောက်ပါလိမ့်မယ် ၊ ဒါကြောင့် Blur Tool သုံးပြီး မျက်နှာ၊ လက်၊ ခြေထောက် အစရှိတဲ့ ချောမယ့်နေရာတွေကို လိုက်ပွက်ပါ၊ Blur Strength ကိုတော့ 20 လောက်ပဲထားပါ။
5__Clone Stamp Tool သုံးပြီး လိုက်ချောပါ ၊ ကိုယ်က လက်တစ်အားမငြိမ်သေးတာဖြစ်ဖြစ်၊ Opacity မထိန်းနိုင်သေးတာပဲဖြစ်ဖြစ် အမှားခံနိုင်တဲ့ Opacity 30 ၊ Flow 50 လောက်ပဲထားပြီးချောပါ။ (Opacity သဘောက မိမိ ကလစ်ထောက်လိုက်တဲ့နေရာကို copy ယူပေးတာပါ၊ Flow ကတော့ အဲ့ copy ကို မိမိထားချင်တဲ့နေရာမှာ ချထားပေးတဲ့ နှုန်းလို့ပဲ အကြမ်းဖျင်းသိထားလျင်ရပါတယ်၊ နောက်ကျွမ်းကျင်လာတဲ့အခါတော့ ကိန်းဂဏန်းတွေကို လိုသလိုကစားကြည့်ပေါ့.
6__နောက်ဆုံးအဆင့်‌အနေနဲ့ colour ထပ်ချိန်ပါ၊ အဆင့်တိုင်းမှာ Layer ထပ်ထပ်ပွားဖို့တော့မမေ့ပါနဲ့ ဒါမှ မကြိုက်တဲ့ အဆင့်က Layer ကို အလွယ် ဖျက်နိုင်မှာပါ၊ နို့မို့ အစကနေပြန်လုပ်နေရပ်လိမ့်မယ်။

02/06/2020

ဓါတ်ပုံတစ်ပုံကို ပြုပြင်တော့မယ်ဆို သို့မဟုတ် Colour ချိန်တော့မယ်ဆို သဘာဝ နဲ့အနီးစပ်ဆုံး အလျင်စဉ်းရပါတယ် ။ ပု ဟောင်းတွေပြင်တဲ့အခါ ပိုသတိထားရပါတယ် ။ နဂိုရှိပြီးသား Detail ( အထူးသဖြင့် မျက်နှာ ပြင် အချိုင့်၊ အဖေါင်း ၊ အရိပ်ကျရာနေရာ မျက်ရစ် ၊ ပါးစပ်အရစ် ၊ နှာခေါင်း ပုံစံ၊ အမွှေးအမှင်များ၊မှဲ့ ) တွေ မပျောက် အောင်ဂရုစိုက်ရပါတယ်။ ပန်းချီ ဆွဲသလိုပါပဲ အခုပြောထားတဲ့နေရာတွေမှာ မထင်မရှားဖြစ်နေလျင် အမဲ ရောင်ပါးပါးလေး ကို ဆွဲပေးရပါမယ် ပြီးမှ အဲ့တာကို နဂို အသား‌အရောင် အတိုင်းဖြစ်အောင်ပြုပြင်ယူရပါတယ်။အလျင်ခေတ်က အဖြူအမည်းပုံတွေ ပြုပြင် ရင် အများဆုံး ကြုံရပါတယ် ။ အဲ့ခေတ်က အများစုက Matt paper photo တွေလေ။ scan လည်းဖတ်ပြီး screen ပေါ်တင်လိုက်ရော အကုန်ရောထွေးသွားတော့တာပဲ။ Colour ချိန်လျင်လည်း ဆံပင်နဲ့ မျက်ခုံးကို သိပ်သတိထားရပါတယ်။ Lighting နဲ့ Contract မညီမျှလျင် Detail တွေပျောက်ပြီး အမဲ ပိတ်ပိတ်ချည်းဖြစ်သွားတတ်ပါတယ်။ ကျွန်တော်တို့ ပုံတွေစပြင်ကာစ ခဏခဏ ဖြစ်ပါတယ် ။ ပုံတွေက မျက်နှာတွေ တအားချောပစ်ပြီး design တစ်အားဆန်သွားတာတွေ အလုပ်ရှင် အစ်ကိုက မကြာခဏသတိပေးရပါတယ် ။ Photography ဆန်အောင်ပဲလုပ်ဖို့နဲ့ ရုပ်လုံးကြွနေဖို့။ " ကျွမ်းကျင်မှုဆိုတာ အလေ့အကျင့်ပါပဲ များများလေ့ကျင့်ပြီး များများကျွမ်းကျင်ကြပါစေ" စိတ်ဓါတ်မကျပါနဲ့ ဘယ်သူမှ သူ့အလိုလို တတ်မလာပါဘူး။

05/05/2020

စာလေးတွေ မရေးဖြစ်တာတောင်ကြာပေါ့ အလုပ်ကလည်းမအား တော့ ကြာသွားတယ် နောက်နေ့ ပုံ တစ်ပုံကို Clone stamp သုံးပြီး Smooth ဖြစ်သွားအောင် လုပ်ပြပါမယ် ။ သူ့သဘောတစ်ရားလေးတွေသိလျင်မခက်ခဲပါဘူး စိတ်ရှည်ဖို့တော့ လိုမှာပေါ့။

25/02/2020

Photo ကို grid ထနေသောပုံ မှ Smooth ဖြစ်အောင် Clone stamp အသုံးပြု၍ ပြုပြင်ချင်သောသူများ ဘယ်ဖက်လက်မှ Alt ခလုတ်နှင့် ညာဘက်လက်မှ mouse click ကို စည်းချက်ကျအောင်လေ့ ကျင့်ကြပါကုန် သို့မှသာ ပုံတွင် ကြည့်၍ကောင်းပေမည်။

17/12/2019

Contract
ဒါလေးကလည်း colour ချိန်တဲ့အထဲ မပါမဖြစ်လေးပေါ့ သူက ဆားလိုပဲ မပါလျင်ပေါ့တယ် များရင် ငံတယ်ဆိုသလိုပေါ့ contract တစ်အားနည်းလွန်းလျင်လည်း ပုံက ဖွယ်ဖွယ် ဖွေးဖွေးကြီးဖြစ်နေတတ်လို့ ကြည့်မကောင်း contract များသွားပြန်လျင်လည်း image detail တွေက မည်းနက်ပြီးရောထွေးကာပျောက်သွားလို့ ခံစားလို့မရ ဖြစ်တတ်ပါတယ်။ ဒါကြောင့် contract ကို လည်း အလေးထားပြီး ချိန်ညှိကြရပါတယ် ဒါ ကလည်း မိမိအသုံးပြုမည့် Screen brightness ပေါ်အများကြီးမူတည်လို့ Screen မှာ colour ချိန်ခဲ့သလိုပဲ မိမိ စက်က ထွက်လာတဲ့ (စက်ဆိုသည်မှာ colour ချိန်စဉ် အသုံးပြုခဲ့သော mornitor ကိုဆိုလိုသည်) ပုံကိုကြည့်ပြီး လိုအပ်သလို adjustလုပ်ယူရမှာပါ mornitor colour ကို။

23/11/2019

Colour အကြောင်းနည်းနည်းပြောရအောင်

ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ မြင်နေ တဲ့အရောင်တွေကို Screen ပေါ်မှာ မြင်ရတဲ့အခါ အနည်းငယ်ကွဲလွဲမှုရှိနိုင်ပါတယ်။ ဒါကြေင့် ဘယ်အရာကိုမှတော့ အမှန်မယူစေချင်ပါဘူး ကွဲလွဲနိုင်လို့ပါ။ အများ အားဖြင့် တော့ Photoshop မှာ RGB colour သုံးပြီး ချိန်ကြပါတယ် Red, Green, Blue ပေါ့ဗျာ။ ဒီတော့က အမည်းရောင် အတွက်က အမှန်မရတော့ပါဘူး Printer နဲ့ထုတ်တဲ့ပုံတွေမှာ သိသာပါတယ် ဒါကြောင့် offset သမားတွေက CMYK ဆိုတဲ့ အရောင် 4 ရောင်ချိန်တဲ့နည်းကိုသုံးပါတယ် အခုနောက်ပိုင်း Printer တွေမှာလည်း 4 ရောင်ပါတာရွေးချယ်လို့ရနေပါပြီ။ အလျင်ကတော့ ကုန်ကျစရိတ်ကြောင့် RGB printer တွေသုံးတာများပါတယ်။ Cyan, Margenda, Yellow, Black ဆိုပြီး အမည်းရောင်အတွက်သီးသန့်ပါလာတာပါ။ အပြင်ဘက်မြင်ရတဲ့အရောင်တွေနဲ့ထပ်တူနီးပါမျှညီပါတယ်။ ဒါကြောင့် မိမိ Screen မှာ အရောင်အမှန်မပေါ်တိုင်း စိတ်တိုင်းမကျမဖြစ်ပါနဲ့ ကိုယ်ပိုင် printer ဆိုလျှင်နမူနာပုံ ထုတ်ကြည့်ပါ ပြီးမှထွက်လာတဲ့ result အရ Screen colour ချိန်ပါ။ အပြင်စက်ကြီးတွေမှာဆိုလည်း အတူတူပါပဲ အရောင်စုံတဲ့ တစ်ပုံ ကို မိမိ စိတ်ကြိုက် colour ချိန်ပြီး ထုတ်ကြည့်ပါ ပြီးမှ လိုတာ ပိုတာ တွေ မိမိ screen မှာ အတိုးအလျှော့လုပ်ပါ။

မရေးတာလဲ နည်းနည်းကြာသွားပြီ အလုပ်ကမအားလို့ပါ ဒီနေ့တော့ Colour ချိန်နည်းလေးအကြောင်း အရိုးရှင်ဆုံး ချဉ်းကပ်ကြည့်ရအောင်ပါ။ ...
21/10/2019

မရေးတာလဲ နည်းနည်းကြာသွားပြီ အလုပ်ကမအားလို့ပါ ဒီနေ့တော့ Colour ချိန်နည်းလေးအကြောင်း အရိုးရှင်ဆုံး ချဉ်းကပ်ကြည့်ရအောင်ပါ။ ဦးစွာ Photoshop ပေါ်တွင်ပုံအလျင်ဖွင့်ပါ။ Ctrl+B နှိပ်ပါ။ ( auto colour ချိန်လိုပါက Ctrl+Shift+B တွဲနှိပ်ပါ)။ အဆိုပါ colour Balance box ကျလာလျင် လိုသလိုချိန်ညှိနိုင်ပါပြီ

ဒါကတော့ Photoshop windows ပါ ဘယ်ဘက်မှာ က Tool box ပါ။  ညာဘက်က Layer box ပါ ဟိုတစ်နေ့က အသုံးများတဲ့ Tools လေးတွေနဲ့မိတ်ဆက...
31/08/2019

ဒါကတော့ Photoshop windows ပါ ဘယ်ဘက်မှာ က Tool box ပါ။ ညာဘက်က Layer box ပါ ဟိုတစ်နေ့က အသုံးများတဲ့ Tools လေးတွေနဲ့မိတ်ဆက်ပေးပြီးပါပြီ ကျန်တာတွေက အသုံးနည်တော့ လက်တွေ့ သုံးရတဲ့အချိန်မှပဲ ပြောကြတာပေါ့ ။ ဒီနေ့ Layer အကြောင်း နည်းနည်းပြောပါမယ်။ Layer box ကို windows tap ထဲကနေ ခေါ်လို့ ရပါတယ်။ ပုံတစ်ပုံကို စပြင်တော့မယ်ဆိုလျင် Layer ပွားထားတာ အကောင်းဆုံးပါ ။ဒါမှ ပြင်နေရင်းနဲ့ မှားသွားတာပဲဖြစ်ဖြစ် မကြိုက်လို့ပဲ ဖြစ်ဖြစ် ကိုယ်လက်ရှိပြုပြင်နေတဲ့ Layer ကို ဖျက်လိုက်လျင် မူရင်းပုံ ပြန်ရပါတယ် ။ အလုပ်မရှုပ်ရတော့ဘူးပေါ့။ Background ပြောင်းတာတွေ Effect ထည့်တာတွေ အကုန် ဒီ layer ပေါ်မှာလုပ်ပါတယ်။

Address

Shwe Kyat Hpa Street

05061

Telephone

+959979700631

Website

Alerts

Be the first to know and let us send you an email when Motion Diary Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Motion Diary Myanmar:

  • Want your business to be the top-listed Media Company?

Share