Family Life

Family Life This page is for family life.

မျှော်မှန်းချက်ချက်။ မိသားစုတိုင်းအပြန်အလှန်နားလည်မှု၊ ငြိမ်းချမ်းမှု၊ မေတ္တာထားမှုနှင့်လေးစားမှု၊ ကလေးများ၏စိတ်ပိုင်းဆိုင်ရာ၊လူမှုရေးဆိုင်ရာ၊ဝိညာဉ်ရေးဆိုင်ရာ၊ စိတ်နေစိတ်ထားဆိုင်ရာ၌ကြီးထွားတိုးတက်မှု၌ခိုင်မာသောအခြေခံအုတ်မြစ်တည်ဆောက်ရေး။

17/08/2025

Send a message to learn more

အိမ်ထောင်ရေး ပြိုကွဲစေနိုင်တဲ့ အဓိက အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။၁။  ဆက်သွယ်ရေး ပြဿနာများ:   * ပွင့်လင်းစွာ ပြ...
27/07/2025

အိမ်ထောင်ရေး ပြိုကွဲစေနိုင်တဲ့ အဓိက အချက်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ ဆက်သွယ်ရေး ပြဿနာများ:
* ပွင့်လင်းစွာ ပြောဆိုဆက်ဆံမှု မရှိခြင်း။
* တစ်ဦးကိုတစ်ဦး နားမထောင်ခြင်း။
* အပြန်အလှန် လေးစားမှု မရှိခြင်း။
* အော်ဟစ် ရန်ဖြစ်ခြင်း။

၂။ စိတ်ပိုင်းဆိုင်ရာ ပြဿနာများ:
* စိတ်ဖိစီးမှုနှင့် စိတ်ဓာတ်ကျခြင်း။
* ဒေါသကို မထိန်းချုပ်နိုင်ခြင်း။
* စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ။

၃။ငွေရေးကြေးရေး ပြဿနာများ:
* ငွေကြေးစီမံခန့်ခွဲမှု မတူညီခြင်း။
* အကြွေးများလွန်းခြင်း။
* ငွေရေးကြေးရေး ဖောက်ပြန်မှုများ။

၄။ သစ္စာဖောက်ခြင်း:
* အိမ်ထောင်ရေး ဖောက်ပြန်ခြင်း။
* ယုံကြည်မှုပျက်ပြားခြင်း။

၄။ လိင်ပိုင်းဆိုင်ရာ ပြဿနာများ:
* လိင်ပိုင်းဆိုင်ရာ လိုအပ်ချက် မတူညီခြင်း။
* လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ

၅။ မိသားစုဝင်များနှင့် ပြဿနာများ:
* မိဘများ ဝင်ရောက်စွက်ဖက်ခြင်း။
* ဆွေမျိုးများကြောင့် ပြဿနာဖြစ်ခြင်း။

၆။ အလွဲသုံးစားမှုများ:
* ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ။
* စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားမှုများ။

၇။* တန်ဖိုးထားမှုများ မတူညီခြင်း:
* ဘဝကို ဖြတ်သန်းပုံ မတူညီခြင်း။
* အနာဂတ်အတွက် ရည်မှန်းချက်များ မတူညီခြင်း။

၈။ အချိန်မပေးခြင်း:
* အလုပ်များခြင်းကြောင့် တစ်ဦးကိုတစ်ဦး အချိန်မပေးနိုင်ခြင်း။
* အခြားအရာများအတွက် အချိန်ပေးပြီး အိမ်ထောင်ဖက်ကို မေ့လျော့ခြင်း။

ဒီအချက်တွေဟာ အိမ်ထောင်ရေးကို ပြိုကွဲစေနိုင်တဲ့ အဓိက အကြောင်းအရင်းတွေ ဖြစ်ပါတယ်။ ဒီပြဿနာတွေကို ဖြေရှင်းဖို့အတွက် အိမ်ထောင်ဖက်နှစ်ဦးစလုံးရဲ့ နားလည်မှု၊ သည်းခံမှု၊ ညှိနှိုင်းမှုနဲ့ ပြောင်းလဲလိုစိတ်တွေ လိုအပ်ပါတယ်။ လိုအပ်ပါက အိမ်ထောင်ရေး အတိုင်ပင်ခံများ၏ အကူအညီကို ရယူသင့်ပါသည်။
#ကံကောင်းစာပေမှမေတ္တာဖြင့်မျှဝေသည်

17/07/2025

အိမ်ထောင်မပြုရသေးတဲ့ အမျိုးသမီးလေးတွေ အတွက်ပါတဲ့

"လင်မယားတွေက ဘာကြောင့်အိမ်ထောင်ရေးကိုငြီးငွေ့လာကြသလဲ?"              အိမ်ထောင်ရေးဆိုတာ လင်နဲ့မယားဟာ ဘယ်ညာတစ်စုံလို အရာရာမ...
07/07/2025

"လင်မယားတွေက ဘာကြောင့်အိမ်ထောင်ရေးကိုငြီးငွေ့လာကြသလဲ?"
အိမ်ထောင်ရေးဆိုတာ လင်နဲ့မယားဟာ ဘယ်ညာ
တစ်စုံလို အရာရာမှာ ဟန်ချက်ညီနေမှ အဆင်ပြေတာဖြစ်ပါ
တယ်။ကျွန်မတို့ ပတ်ဝန်းကျင်က အိမ်ထောင်ရေးတွေကို
ကြည့်လိုက်ရင် လင်နဲ့မယားတစ်ယောက်ယောက်က
ဒီအိမ်ထောင်ရေးအပေါ် ငြီးငွေ့တာ/စိတ်ကုန်လာတာ/မပျော်
ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ကွဲလည်း မကွဲနိုင်နဲ့ နေနေကြတာမျိုး အများကြီးတွေ့နေရပါတယ်။ဘာကြောင့်လဲဆိုရင်
အိမ်ထောင်ကွဲပြီး ကြုံရမဲ့ အခက်အခဲဒုက္ခတွေထက်စာရင်
ဒီအတိုင်း "ပိုနေမြဲကျားနေမြဲ"နေနေတာက သူတို့အတွက်
ပို အဆင်ပြေတယ်လို့ ခံယူထားကြလို့ပါ။
လင်နဲ့မယား တစ်ယောက်ယောက်က ဒီအိမ်ထောင်ရေး
ကို ငြီးငွေ့နေ/စိတ်ကုန်နေရတဲ့ အခြေခံအကြောင်းရင်းတွေ
ကတော့
(၁)သူ ဂရုမစိုက်ဘူးဆိုတဲ့ခံစားမှုကနေဖြစ်လာတဲ့ အချစ်မရှိ
တော့ဘူးလို့ တွေးမိလာခြင်း။
(၂)တစ်မိသားစုလုံးအတွက် တစ်ယောက်တည်း တစ်ဖက်သတ်ကြိုးစားနေရတယ်လို့ ခံစားလာခြင်း။
(၃)စိတ်ပိုင်းဆိုင်ရာအရ ဝေးကွာနေပြီလို့ ထင်လာခြင်း။(တစ်အိမ်တည်းအတူနေပေမဲ့ စိတ်ချင်းဝေးနေတာမျိုး)။
(၄)ဘယ်လောက်ကြိုးစားကြိုးစား အသိအမှတ်ပြုမှု
ပြန်မရခြင်း။
(၅)ပြောလိုက်ရင် စကားများရမယ်ထင်တယ်ဆိုတဲ့စိတ်နဲ့
အရာရာ မြိုသိပ်နေရခြင်း/ဥပေက္ခာပြုရခြင်း။
(၆)အိမ်ထောင်ရေးကို တာဝန်တစ်ခုလို သဘောထားလာခြင်း။
(၇)ငွေကြေးစီမံခန့်ခွဲမှုမရှိဘဲ သူရှာသူသုံး./ကိုယ်ရှာ တစ်
အိမ်လုံး သုံး ဖြစ်နေခြင်း။
(၈)သူ မဟုတ်တဲ့ ဇနီး/ခင်ပွန်းသည်/သားသမီးတွေအားလုံးရဲ့ အပြုအမူနဲ့အကျင့်တွေကို စိတ်တိုင်းမကျခြင်း။ပြောရဆို
ရ ခက်ခဲတယ်လို့ ခံစားလာခြင်း။ စတဲ့ အသေးအဖွဲလို့ထင်
ရတဲ့ အရာလေးတွေ နှလုံးသားထဲမှာ ဆယ်စုနှစ်တစ်ခုစာလောက် စုပုံလာတဲ့အခါ ဒီ အိမ်ထောင်ရေးကို ငြီးငွေ့လာတဲ့
အထိ ထုထည်ကြီးမားလာတတ်ပါတယ်။ဒါကြောင့် အိမ်
ထောင်သည်တွေအနေနဲ့ ဒီလို မပျော်ရွှင်ရတဲ့ အိမ်ထောင်ရေးမှာ ဘဝကို ငြီးငွေ့စွာ မဖြတ်သန်းချင်ဘူး
ဆိုရင်
(၁)လင်နဲ့မယား အချိန်ပေးကြပါ။နေ့တိုင်း အချိန်ယူစကားပြောပါ။တစ်နေ့တာကို ဘယ်သွားမယ်/ဘယ်လာမယ်
မေးမြန်း အသိပေးတာမျိုးလုပ်ပါ။
(၂)အချင်းချင်း ကျေးဇူးတင်တဲ့စိတ်နဲ့ ကျေးဇူးတင်ပါတယ်
လို့ ပြောဖို့ မမေ့ပါနဲ့။(သူမင်းကိုလုပ်ပေးတာ သူ့တာဝန်ပဲ
လို့ မတွေးပါနဲ့။)
(၃)ကိုယ့်အိမ်ထောင်ဖက်ကို စကားချိုချိုနဲ့ဖော်ရွေစွာပြောဆိုဆက်ဆံပေးပါ။(သူစိမ်းတွေအပေါ် ပဲ သုံးရမယ်လို့
သဘောမထားပါနဲ့။)
(၄)သင့်တင့်တဲ့ချစ်ခြင်းကို ပြသပေးကြပါ။(ခံစားမှုနဲ့
ထိအတွေ့)
(၅)မိသားစုထဲမှာ Happy time ပျော်စရာ/ရယ်စရာမောစရာ
အချိန်လေးတွေ ဖန်တီးပေးပါ။
(၆)အမှားလုပ်မိရင် ချက်ချင်းတောင်းပန်ပါ။ ဒီခြောက်ချက် ကို လင်မယားနှစ်ယောက်လုံး လက်တွေ့ကျင့်သုံးမယ်ဆိုရင်
လင်မယားကြားက အချစ်တွေဟာ ကြာလေ/တန်ဖိုးရှိလေ
ရှင်သန်ရတာ အဓိပ္ပာယ်ရှိလေ ဖြစ်လာပါလိမ့်မယ်ရှင်။
(Heart ထိရင် ပြုပြင်ကြပါလို့။)
ညနေမိုး(ကလေး)
-Kalay
Sang
&USA

23/04/2025

လင်ရဖို့ အရေးမကြီးဘူး
ရတဲ့လင် စိတ်ဓာတ်ကောင်းဖို့ပဲ အရေးကြီးတယ်
မကောင်းတဲ့လင် ယူမိရင် ထမင်းလည်းငတ်နိုင်တယ်
အရိုက်လည်း ခံရနိုင်တယ်
လင်ယုတ်ရဲ့ လက်ထဲကနေ ပြန်ရုန်းထွက်ရတာက
တစ်ကိုယ်တည်းရပ်တည်ရတာထက် အဆပေါင်းများစွာ ခက်ခဲတယ်
ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုမယ်ဆို
လင်မကောင်းရင် အချိန်မရွေး ရဲတိုင်
ကွာရှင်း ကိုယ့်ထမင်းကိုယ်စားပြီး ပျော်ပျော်ကြီး
နေနိုင်လောက်အောင် မိသားစုက ပံ့ပိုးနိုင်မှ ယူသင့်တယ်
မဟုတ်ရင် ကိုယ့်ဘာသာ ကောင်းကောင်းရပ်တည်နိုင်ပြီး
ဘာမဆို ရှင်းနိုင်တဲ့ အရွယ်ရောက်မှ ယူကြ
ကွာရှင်းဖို့က လွယ်နေရင်တောင်
ကွာပြီးသားလင်က အမြဲ လာနှောင့်ယှက်နေတာကို
ရဲတိုင်ဖမ်းချုပ်နိုင်လောက်အောင် အင်အားမကြီးရင် ဘာမှမထူးဘူး
အပြင်ပန်းလူကောင်းပုံပေါက်ရင်တောင်
လူမသိအောင် နှိပ်စက်တာ ချုပ်ချယ်တာ နှိမ်ချိုးတာတွေ လုပ်တတ်တဲ့
လူယုတ်မာဗီဇတွေ တစ်နှစ်မပြည့်ခင် ပေါ်လာလို့
ကလေးတစ်ယောက်နဲ့ ရပ်တည်ဖို့ ခက်ခဲကုန်ကြတာ မျက်မြင်တွေ များလှပြီ
မယူသေးဘူးလား မေးတဲ့လူတွေက
အာချောင်ရုံသက်သက်ပဲ လာကူညီမယ့်သူ တစ်ယောက်မှ မပါဘူး
ဦးနှောက်သုံးဖို့ပြောတာ အလကား မဟုတ်ဘူး ညီမလေး
ဒူး နဲ့ မျက်ရည် သုတ်ပြီးမှ နောင်တ မရစေချင်ဘူး
ဒီကနေ့ ကိုယ့်ယောက်ျား
ပိုက်ဆံ ဘယ်လောက်နဲ့
အိမ်ပြန်လာတယ်ဆိုတာကိုပဲ
စိတ် မဝင်စားပါနဲ့ ..
ကိုယ့်ယောက်ျား ဘေးအသီရန်မခပဲ
ကောင်းမွန်စွာ အိမ်ပြန်ရောက်လာ
နိုင်တာကိုလည်း ကျေးဇူးတင်
ဝမ်းသာတတ်ပါစေ..
************
အိမ်ကမိန်းမဟာ အရင်တုန်းကလို
နုနယ် ပျိုမျစ်ခြင်းတွေ မရှိတော့တာကို
အပြစ်မြင် စိတ်မကုန်ပါနဲ့ ..
သူမ ခေတ် သူမ အခါတုန်းက
ယောက်ျားအများရဲ့စိတ်ဝင်စားမှုကို
သင် တစ်ယောက်နဲ့ လဲလှယ်ခဲ့တဲ့
ကျေးဇူးကို မမေ့လိုက်ပါနဲ့ ..
*************
သူများယောက်ျားနဲ့
ကိုယ့်ယောက်ျားကို နှိုင်းယှဉ်ပြီး
အပြစ် မမြင်မိပါစေနဲ့..
မိမိဘုန်းကံရှိသလောက်သာ
စံစားရတတ်တယ်ဆိုတာ
လက်ခံတတ်ပါစေ ..
*************
မိမိအမျိုးသမီးကို အိမ်တွင်းပုန်းစေ
အိမ်အလုပ်တွေ လုပ်ခိုင်းထားပြီး
သူများတွေလို ငွေမရှာတတ်တာ
ခေတ်မမီ မဝင်ဆန့်တော့တာကို
အပြစ်မမြင်မိပါစေနဲ့..
သူမ ရှိနေလို့သာ ဒီအိမ် ဒီမိသားစု
အတိုင်းအတာ တခုထိ
အဆင်ပြေနေတာကိုလည်း
အသိအမှတ်ပြုပေးတတ်ပါစေ..
************
•သင်လည်း သင့်အလုပ်မှာ
ဖိအားတွေ စိတ်ဖိစီးမှုတွေ
အဆင်မပြေမှုတွေရှိနေသလို..
သင့် အိမ်ထောင်ဖက်မှာလည်း
သင် မသိတဲ့ အခက်အခဲတွေ
သင် မတွေးမိတဲ့ စိတ်ဖိစီးမှုလေးတွေ
ရှိနေမယ် ဆိုတာ အပြန်အလှန်
ကိုယ်ချင်းစာ နားလည်တတ်ကြ
မယ်ဆိုရင်..
•သင့်လည်း ပြီးပြီးစုံနေသူ မဟုတ်သလို
မိမိအိမ်ထောင်ဘက်ရဲ့ အပြစ်
အနာအဆာတွေကိုလည်း အပြန်အလှန်
ဖြည့်တွေးပေးတတ်ကြမယ်ဆိုရင်
•အချင်းချင်း
အပြစ်ဖို့နေကြမယ့်အစား
ပြဿနာကို အဖြေရှာ အချင်းချင်း
ဖေးမကူညီတတ်ကြမယ်ဆိုရင်..
************
ကိုယ့်အတိုင်းအတာနဲ့ကိုယ်
အဆင်ပြေနေပျော်တဲ့ မိသားစု
တစ်စုဖြစ်နေမှာပါ ..
# #

Send a message to learn more

Address

Pridi 26

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959420132434

Website

Alerts

Be the first to know and let us send you an email when Family Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Family Life:

  • Want your business to be the top-listed Media Company?

Share